ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မဒေးကျွန်းပေါ်၌ ရေလှောင်ကန်(၂)ခုကို ငွေကျပ်(၄)ဘီလျံခန့်အသုံးပြုကာ တည်ဆောက်ရန် စီစဉ်နေ

3340

ယွန်း (NP News) - မေ ၁ဝ
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အသုံးပြုရန် ရခိုင်ပြည်နယ်၊ မဒေးကျွန်းပေါ်၌ ရေလှောင်ကန်(၂)ခုကို ငွေကျပ်(၄)ဘီလျံခန့် အသုံးပြုကာ တည်ဆောက်ရန် စီစဉ်နေကြောင်း ကျောက်ဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် အဆိုပါ ရေလှောင်ကန်ကြီးများကို မဒေးကျွန်းပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အစိုးရရန်ပုံငွေဖြင့် သုံးစွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မဒေးကျွန်းပေါ်မှာ အစိုးရရဲ့ရန်ပုံငွေ ၄ ဘီလျံ လောက်သုံးပြီးတော့ ရေလှောင်ကန်ကြီးတွေ ဆောက်ဖို့စီစဉ်နေ ကြတယ်။ SEZ ဆောက်မယ်ဆိုရင် ရေလိုတယ်လေ။ ရေလိုတော့ ရေလှောင်ကန်ကြီးတွေ ဆောက်ဖို့ အစိုးရကရန်ပုံငွေ ချပေးတယ်။ မဒေကျွန်းဆိုတာ SEZ တည်ဆောက်မယ့် တရုတ်တွေ ရေနံတင်ဆိပ်ကမ်းလုပ်နေတဲ့ နေရာပေါ့။ ရေလှောင်ကန်က နှစ်ခုဆောက်သွားမှာ ဘတ်ဂျက်လည်းချပေးလိုက်ပြီ”ဟု ကျောက်ဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် အဆိုပါရေလှောင်ကန်တည်ဆောက်မည့် မြေနေရာအတွက် မြေရာလျော်ကြေးပေးချေမှု အနေဖြင့် ငွေကျပ် ၆ ဘီလျံခန့်ကိုလည်း သက်ဆိုင်ရာ မြေပိုင်ရှင်များကို ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။ “မြေပိုင်ရှင်တွေကို မြေရာလျော်ကြေးပေးဖို့ တွေကိုလည်း ပြင်ဆင်နေကြပြီ။ မြေရာလျော်ကြေးက ပိုများတယ်။ ၆ ဘီလျံ လောက်ရှိတယ်။ မြေရာလျော် ကြေးပေးဖို့ကသတ်သတ် ရေလှောင်ကန်ဆောက်ဖို့က သတ်သတ်ပေါ့။ အသေးစိတ်စိစစ် တာတွေကို လုပ်နေတယ်။ အစိုးရရဲ့ ဘတ်ဂျက်နဲ့ပဲ ဆောက်မှာ။ ဘယ်အဖွဲ့က ဆောက်မှာလဲဆိုတာတော့ သူတို့ တင်ဒါ တွေဘာတွေ ခေါ်ကြမှာပေါ့”ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
အဆိုပါ မဒေးကျွန်းသည် တရုတ်ရေနံတင် ဆိပ်ကမ်းရှိရာကျွန်းတစ်ခုဖြစ်ပြီး ရေနံတန်ချိန် ၃၀ဝဝဝ၀ ဆန့်ရေနံတင်သင်္ဘောကြီးများဝင်ထွက်နိုင်ကြောင်းသိရသည်။ ထို့ပြင် ကွန်တိန်နာပေါင်း(၇)သန်း ကုန်တင်ကုန်ချပြုလုပ် နိုင်မည့် ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၏ construction (ဆောက်လုပ်ရေးလုပ်ငန်း)များကို ယခုနှစ် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန်လျာထားကြောင်း စီမံကိန်းနှင့် ပတ်သက်သည့် အသိုင်းအဝိုင်း၏ ပြောကြားချက်များလည်း ရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဒေသခံများအနေဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရန် ဆန္ဒရှိနေကြောင်း ဝန်ကြီး ဦးအောင်နိုင်ဦးက ထုတ်ဖော်ပြောဆိုထားဖူးသည်။

zawgyi version
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းအတြက္ မေဒးကြၽန္းေပၚ၌ ေရေလွာင္ကန္(၂)ခုကို ေငြက်ပ္(၄)ဘီလ်ံခန႔္အသုံးျပဳကာ တည္ေဆာက္ရန္ စီစဥ္ေန
ယြန္း (NP News) - ေမ ၁ဝ
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းတြင္ အသုံးျပဳရန္ ရခိုင္ျပည္နယ္၊ မေဒးကြၽန္းေပၚ၌ ေရေလွာင္ကန္(၂)ခုကို ေငြက်ပ္(၄)ဘီလ်ံခန႔္ အသုံးျပဳကာ တည္ေဆာက္ရန္ စီစဥ္ေနေၾကာင္း ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း တည္ေဆာက္ရာတြင္ အသုံးျပဳရန္အတြက္ အဆိုပါ ေရေလွာင္ကန္ႀကီးမ်ားကို မေဒးကြၽန္းေပၚတြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး အစိုးရရန္ပုံေငြျဖင့္ သုံးစြဲတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“မေဒးကြၽန္းေပၚမွာ အစိုးရရဲ႕ရန္ပုံေငြ ၄ ဘီလ်ံ ေလာက္သုံးၿပီးေတာ့ ေရေလွာင္ကန္ႀကီးေတြ ေဆာက္ဖို႔စီစဥ္ေန ၾကတယ္။ SEZ ေဆာက္မယ္ဆိုရင္ ေရလိုတယ္ေလ။ ေရလိုေတာ့ ေရေလွာင္ကန္ႀကီးေတြ ေဆာက္ဖို႔ အစိုးရကရန္ပုံေငြ ခ်ေပးတယ္။ မေဒကြၽန္းဆိုတာ SEZ တည္ေဆာက္မယ့္ တ႐ုတ္ေတြ ေရနံတင္ဆိပ္ကမ္းလုပ္ေနတဲ့ ေနရာေပါ့။ ေရေလွာင္ကန္က ႏွစ္ခုေဆာက္သြားမွာ ဘတ္ဂ်က္လည္းခ်ေပးလိုက္ၿပီ”ဟု ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ အဆိုပါေရေလွာင္ကန္တည္ေဆာက္မည့္ ေျမေနရာအတြက္ ေျမရာေလ်ာ္ေၾကးေပးေခ်မႈ အေနျဖင့္ ေငြက်ပ္ ၆ ဘီလ်ံခန႔္ကိုလည္း သက္ဆိုင္ရာ ေျမပိုင္ရွင္မ်ားကို ေပးေခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။ “ေျမပိုင္ရွင္ေတြကို ေျမရာေလ်ာ္ေၾကးေပးဖို႔ ေတြကိုလည္း ျပင္ဆင္ေနၾကၿပီ။ ေျမရာေလ်ာ္ေၾကးက ပိုမ်ားတယ္။ ၆ ဘီလ်ံ ေလာက္ရွိတယ္။ ေျမရာေလ်ာ္ ေၾကးေပးဖို႔ကသတ္သတ္ ေရေလွာင္ကန္ေဆာက္ဖို႔က သတ္သတ္ေပါ့။ အေသးစိတ္စိစစ္ တာေတြကို လုပ္ေနတယ္။ အစိုးရရဲ႕ ဘတ္ဂ်က္နဲ႔ပဲ ေဆာက္မွာ။ ဘယ္အဖြဲ႕က ေဆာက္မွာလဲဆိုတာေတာ့ သူတို႔ တင္ဒါ ေတြဘာေတြ ေခၚၾကမွာေပါ့”ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။
အဆိုပါ မေဒးကြၽန္းသည္ တ႐ုတ္ေရနံတင္ ဆိပ္ကမ္းရွိရာကြၽန္းတစ္ခုျဖစ္ၿပီး ေရနံတန္ခ်ိန္ ၃၀ဝဝဝ၀ ဆန႔္ေရနံတင္သေဘၤာႀကီးမ်ားဝင္ထြက္ႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ ကြန္တိန္နာေပါင္း(၇)သန္း ကုန္တင္ကုန္ခ်ျပဳလုပ္ ႏိုင္မည့္ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္းစီမံကိန္း၏ construction (ေဆာက္လုပ္ေရးလုပ္ငန္း)မ်ားကို ယခုႏွစ္ ၂၀၂၄ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ စတင္ႏိုင္ရန္လ်ာထားေၾကာင္း စီမံကိန္းႏွင့္ ပတ္သက္သည့္ အသိုင္းအဝိုင္း၏ ေျပာၾကားခ်က္မ်ားလည္း ရွိသည္။
လက္ရွိတြင္ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ရွိ ေဒသခံမ်ားအေနျဖင့္ ေရနက္ဆိပ္ကမ္းစီမံကိန္းကို အျမန္ဆုံးစတင္ႏိုင္ရန္ ဆႏၵရွိေနေၾကာင္း ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ထုတ္ေဖာ္ေျပာဆိုထားဖူးသည္။