အမေရိကန် နှင့် ဖိလစ်ပိုင်တို့က တောင်တရုတ်ပင်လယ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့

 584

ALynn (NP News) - မေ ၁ဝ

တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် တရုတ်တို့၏ ရေကြောင်းကျူးကျော်မှုကို တွန်းလှန်ရန်အတွက် အမေရိကန်နှင့် ဖိလစ်ပိုင်တို့မှ တပ်ဖွဲ့ဝင်များသည် Javelin ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ဖိလစ်ပိုင်ပြည်မကြီး၏ Ilocos ပြည်နယ်မြောက်ပိုင်းရှိ ကမ်းရိုးတန်းမြို့ လာအိုဂ်တွင် တစ်ပတ်တာ အပစ်အခတ်လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြသည်။ ဂျူနီယာ Ferdinand Marcos သမ္မတဖြစ်လာပြီးကတည်းက ဝါရှင်တန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား မူဝါဒအပြောင်းအလဲကို ခိုင်မြဲစေသည့် အကြီးဆုံးသော Balikatan (Balikatan) စစ်ရေးလေ့ကျင့်မှုကို ဆင်နွှဲခဲ့ကြသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော Balikatan ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရက်သတ္တပတ်များစွာကြာ ပစ်ခတ်လေ့ကျင့်မှုနှင့် လက်နက်အသစ်များ ဖြန့်ကျက်ပြီးနောက် သောကြာနေ့ (မေလ ၁၀ ရက်)တွင် အပြီးသတ်ခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောများနှင့် တရုတ် ကမ်းခြေစောင့်တပ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခြင်းကြောင့် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာခုံရုံးက ပယ်ချခဲ့သော nine-dash line တွင်ပါဝင်သော တောင်တရုတ်ပင်လယ်၏ ဧရိယာတစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက တောင်းဆိုထားသည်။
အမေရိကန်နှင့် ဖိလစ်ပိုင်စစ်တပ်များသည် ၎င်းတို့၏ပြိုင်ဖက်များကို အမည်မဖော်သော်လည်း ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအနီး ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ဘက်ကမ်းရိုးတန်းတဝိုက်တွင် အလေးပေးလုပ်ဆောင်ခဲ့ကြသည်။ စစ်ရေးလေ့ကျင့်မှုများကို ဖိလစ်ပိုင်နိုင်ငံ၏ ပိုင်နက်အပြင်ဘက် ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာရှိ ရေပြင်နှင့် မနီလာ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်ရှိ ရေမိုင် ၂၀၀ (၃၇၀ ကီလိုမီတာခန့်) တို့တွင်ပြုလုပ်ခဲ့ကြသည်။

Ilocos ပြည်နယ်သည် တရုတ်နိုင်ငံ၏ အရှေ့တောင်ဘက်နှင့် ထိုင်ဝမ်၏တောင်ဘက်တွင် တည်ရှိပြီး တောင်တရုတ်ပင်လယ်၏ အငြင်းပွားရေပိုင်နက်များနှင့် အနီးဆုံးသော ဗဟိုချက်တွင် တည်ရှိနေသည်။ လေ့ကျင့်မှုများအတွင်း အမေရိကန်နှင့် ဖိလစ်ပိုင်စစ်တပ်များသည် ဒုံးကျည်များ ပစ်ခတ်ခဲ့ကြပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် တပ်စွဲထားသော ဟောင်ဝစ်ဇာသေနတ်များကို အသုံးပြုကာ ကုန်းနေရေနှစ်သွယ် စစ်သင်္ဘောများတွင် တပ်စွဲထားသော တပ်စု ၅ စုကို နစ်မြုပ်စေခဲ့သည်။

အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့များသည် နိုင်ငံ၏မြောက်ဘက်စွန်းရှိ Itbayat ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ စစ်ဆင်ရေးလေ့ကျင့်မှုများအတွင်း တရုတ်နိုင်ငံ ထံမှ ပြင်းထန်သော တုံ့ပြန်မှုတစ်ခုကို ရယူနိုင်ခဲ့သည်။ သို့သော် မနီလာရှိ တရုတ်သံရုံးက အယ်လ်ဂျာဇီးရား၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိပေ။ ယင်းတုံ့ပြန်မှုမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် Itbayat အနီးတွင် တရုတ်စစ်သင်္ဘောတစ်စင်းနှင့် အခြားသင်္ဘော နှစ်စင်းကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဗုဒ္ဓဟူးနေ့ (မေလ ၇၈ ရက်) တွင် ပြောကြားခဲ့သည်။ ထို့နောက် ကမ်းခြေစောင့်တပ်ဖွဲ့က ရေဒီယိုမှ စိန်ခေါ်ချက်ထုတ်ပြီးနောက် သင်္ဘောများ ထွက်ခွာသွားကြောင်း သိရသည်။

zawgyi version
အေမရိကန္ ႏွင့္ ဖိလစ္ပိုင္တို႔က ေတာင္တ႐ုတ္ပင္လယ္အတြင္း အႀကီးမားဆုံး ပူးတြဲစစ္ေရး ေလ့က်င့္မႈကို ျပဳလုပ္ခဲ့
ALynn (NP News) - ေမ ၁ဝ

ေတာင္တ႐ုတ္ပင္လယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ တ႐ုတ္တို႔၏ ေရေၾကာင္းက်ဴးေက်ာ္မႈကို တြန္းလွန္ရန္အတြက္ အေမရိကန္ႏွင့္ ဖိလစ္ပိုင္တို႔မွ တပ္ဖြဲ႕ဝင္မ်ားသည္ Javelin ဒုံးက်ည္မ်ားကို ပစ္လႊတ္ခဲ့ၿပီး ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ျပဳလုပ္ခဲ့သည္။

တ႐ုတ္ႏိုင္ငံႏွင့္ အနီးကပ္ဆုံး ဖိလစ္ပိုင္ျပည္မႀကီး၏ Ilocos ျပည္နယ္ေျမာက္ပိုင္းရွိ ကမ္း႐ိုးတန္းၿမိဳ႕ လာအိုဂ္တြင္ တစ္ပတ္တာ အပစ္အခတ္ေလ့က်င့္မႈမ်ားကို ျပဳလုပ္ခဲ့ၾကသည္။ ဂ်ဴနီယာ Ferdinand Marcos သမၼတျဖစ္လာၿပီးကတည္းက ဝါရွင္တန္ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔အၾကား မူဝါဒအေျပာင္းအလဲကို ခိုင္ၿမဲေစသည့္ အႀကီးဆုံးေသာ Balikatan (Balikatan) စစ္ေရးေလ့က်င့္မႈကို ဆင္ႏႊဲခဲ့ၾကသည္။ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ Balikatan ပူးတြဲစစ္ေရးေလ့က်င့္မႈကို ရက္သတၱပတ္မ်ားစြာၾကာ ပစ္ခတ္ေလ့က်င့္မႈႏွင့္ လက္နက္အသစ္မ်ား ျဖန႔္က်က္ၿပီးေနာက္ ေသာၾကာေန႔ (ေမလ ၁၀ ရက္)တြင္ အၿပီးသတ္ခဲ့သည္။

ေတာင္တ႐ုတ္ပင္လယ္အတြင္း ဖိလစ္ပိုင္သေဘၤာမ်ားႏွင့္ တ႐ုတ္ ကမ္းေျခေစာင့္တပ္တို႔အၾကား ထိပ္တိုက္ရင္ဆိုင္မႈမ်ားျဖစ္ပြားျခင္းေၾကာင့္ တင္းမာမႈမ်ား ျမင့္တက္လာခဲ့သည္။ ၂၀၁၆ ခုႏွစ္တြင္ ႏိုင္ငံတကာခုံ႐ုံးက ပယ္ခ်ခဲ့ေသာ nine-dash line တြင္ပါဝင္ေသာ ေတာင္တ႐ုတ္ပင္လယ္၏ ဧရိယာတစ္ခုလုံးနီးပါးကို တ႐ုတ္ႏိုင္ငံက ေတာင္းဆိုထားသည္။
အေမရိကန္ႏွင့္ ဖိလစ္ပိုင္စစ္တပ္မ်ားသည္ ၎တို႔၏ၿပိဳင္ဖက္မ်ားကို အမည္မေဖာ္ေသာ္လည္း ယခုႏွစ္ စစ္ေရးေလ့က်င့္မႈကို ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ထိုင္ဝမ္ေရလက္ၾကားအနီး ဖိလစ္ပိုင္ ႏိုင္ငံ ေျမာက္ပိုင္းႏွင့္ အေနာက္ဘက္ကမ္း႐ိုးတန္းတဝိုက္တြင္ အေလးေပးလုပ္ေဆာင္ခဲ့ၾကသည္။ စစ္ေရးေလ့က်င့္မႈမ်ားကို ဖိလစ္ပိုင္ႏိုင္ငံ၏ ပိုင္နက္အျပင္ဘက္ ၁၉ ကီလိုမီတာ (၁၂ မိုင္) အကြာရွိ ေရျပင္ႏွင့္ မနီလာ၏ သီးသန႔္စီးပြားေရးဇုန္အျပင္ဘက္ရွိ ေရမိုင္ ၂၀၀ (၃၇၀ ကီလိုမီတာခန႔္) တို႔တြင္ျပဳလုပ္ခဲ့ၾကသည္။

Ilocos ျပည္နယ္သည္ တ႐ုတ္ႏိုင္ငံ၏ အေရွ႕ေတာင္ဘက္ႏွင့္ ထိုင္ဝမ္၏ေတာင္ဘက္တြင္ တည္ရွိၿပီး ေတာင္တ႐ုတ္ပင္လယ္၏ အျငင္းပြားေရပိုင္နက္မ်ားႏွင့္ အနီးဆုံးေသာ ဗဟိုခ်က္တြင္ တည္ရွိေနသည္။ ေလ့က်င့္မႈမ်ားအတြင္း အေမရိကန္ႏွင့္ ဖိလစ္ပိုင္စစ္တပ္မ်ားသည္ ဒုံးက်ည္မ်ား ပစ္ခတ္ခဲ့ၾကၿပီး ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္ တပ္စြဲထားေသာ ေဟာင္ဝစ္ဇာေသနတ္မ်ားကို အသုံးျပဳကာ ကုန္းေနေရႏွစ္သြယ္ စစ္သေဘၤာမ်ားတြင္ တပ္စြဲထားေသာ တပ္စု ၅ စုကို နစ္ျမဳပ္ေစခဲ့သည္။

အေမရိကန္ႏွင့္ ဖိလစ္ပိုင္တပ္ဖြဲ႕မ်ားသည္ ႏိုင္ငံ၏ေျမာက္ဘက္စြန္းရွိ Itbayat ကို ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့သည္။ ေတာင္တ႐ုတ္ပင္လယ္ရွိ စစ္ဆင္ေရးေလ့က်င့္မႈမ်ားအတြင္း တ႐ုတ္ႏိုင္ငံ ထံမွ ျပင္းထန္ေသာ တုံ႔ျပန္မႈတစ္ခုကို ရယူႏိုင္ခဲ့သည္။ သို႔ေသာ္ မနီလာရွိ တ႐ုတ္သံ႐ုံးက အယ္လ္ဂ်ာဇီးရား၏ မွတ္ခ်က္ေပးရန္ ေတာင္းဆိုခ်က္ကို တုံ႔ျပန္ျခင္းမရွိေပ။ ယင္းတုံ႔ျပန္မႈမွာ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ေနစဥ္ Itbayat အနီးတြင္ တ႐ုတ္စစ္သေဘၤာတစ္စင္းႏွင့္ အျခားသေဘၤာ ႏွစ္စင္းကို ေတြ႕ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္က ဗုဒၶဟူးေန႔ (ေမလ ၇၈ ရက္) တြင္ ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ကမ္းေျခေစာင့္တပ္ဖြဲ႕က ေရဒီယိုမွ စိန္ေခၚခ်က္ထုတ္ၿပီးေနာက္ သေဘၤာမ်ား ထြက္ခြာသြားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.