မန္တလေးမြို့တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၃၆)လုံးမီးလောင်ပျက်စီးသွားခဲ့ပြီး မီးဘေးသင့်သူ (၂၀၀)ကျော်ရှိ

 2024

သန့်ဇင် (NP News) - မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် မီးသွေးမီဖိုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၃၆)လုံးမီးလောင်ပျက်စီးသွားခဲ့ပြီး မီးဘေးသင့်သူ (၂၀၀)ကျော်ရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(မေလ ၁၀ ရက်)၊ နံနက် ၁၁နာရီ ၂၁မိနစ်အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၉x၇၈လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင်းရှိ မီးသွေးမီးဖိုမှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်တွေတော်တော်များများလောင်သွားတယ်။ မီးလောင်တဲ့အချိန်က လေကလည်း တိုက်နေတော့ မီးလောင်ကလောင်အားကောင်းသွားတာပေါ့” ဟု နန်တော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်(၃၆)လုံးမီးလောင်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုမှ မီးဘေးသင့်ပြည်သူ့ အမျိုးသား(၁၀၅)ဦးနှင့် အမျိုး သမီး(၁၀၂)ဦး စုစုပေါင်း(၂၀၇)ဦးကို အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်ကွက်ရှိ အရိပ်မထွက်ဘုရားသို့ပို့ဆောင်ကာ နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(မန္တလေးတိုင်းဒေသကြီး)၊ အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့အပြင် အခြားအသင်း အဖွဲ့များက Level 2 အဆင့်ဖြင့် ထွက်ခွါမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၃၆)လုံးမီးေလာင္ပ်က္စီးသြားခဲ့ၿပီး မီးေဘးသင့္သူ (၂၀၀)ေက်ာ္ရွိ

သန႔္ဇင္ (NP News) - ေမ ၁၀

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ မီးေသြးမီဖိုမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၃၆)လုံးမီးေလာင္ပ်က္စီးသြားခဲ့ၿပီး မီးေဘးသင့္သူ (၂၀၀)ေက်ာ္ရွိခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ေမလ ၁၀ ရက္)၊ နံနက္ ၁၁နာရီ ၂၁မိနစ္အခ်ိန္ခန႔္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရဌာနီအေရွ႕ရပ္ကြက္၊ ၉x၇၈လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေနအိမ္တြင္းရွိ မီးေသြးမီးဖိုမွတစ္ဆင့္ စတင္မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အိမ္ေတြေတာ္ေတာ္မ်ားမ်ားေလာင္သြားတယ္။ မီးေလာင္တဲ့အခ်ိန္က ေလကလည္း တိုက္ေနေတာ့ မီးေလာင္ကေလာင္အားေကာင္းသြားတာေပါ့” ဟု နန္ေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူေနအိမ္(၃၆)လုံးမီးေလာင္ပ်က္စီးသြားခဲ့ၿပီး လူထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။ မီးေလာင္မႈမွ မီးေဘးသင့္ျပည္သူ႔ အမ်ိဳးသား(၁၀၅)ဦးႏွင့္ အမ်ိဳး သမီး(၁၀၂)ဦး စုစုေပါင္း(၂၀၇)ဦးကို ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေျမာက္ျပင္ရပ္ကြက္ရွိ အရိပ္မထြက္ဘုရားသို႔ပို႔ေဆာင္ကာ ေနရာခ်ထားေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မီးေလာင္မႈကို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕(မႏၲေလးတိုင္းေဒသႀကီး)၊ ေအာင္ေျမသာစံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕အျပင္ အျခားအသင္း အဖြဲ႕မ်ားက Level 2 အဆင့္ျဖင့္ ထြက္ခြါမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.