အနောက်ဘက်နယ်စပ်ကျွန်းစုတွေအတွက် ကာကွယ်ရေးစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားစစ်တပ် ပြုလုပ်

 269

Pika (NP News) - မေ ၁ဝ

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရာတွင် အဆင်သင့်ဖြစ်နေမှုကို မြှင့်တင်ရန် အနောက်ဘက် နယ်စပ်ကျွန်းစုများအတွက် ပူးတွဲကာကွယ်ရေးစစ်ရေးလေ့ကျင့်မှုများကို တောင်ကိုရီးယားစစ်တပ်က လုပ်ဆောင်ခဲ့ ကြောင်း မရိန်းတပ်ဖွဲ့က မေလ(၁၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၏ ကြည်းတပ်၊ ရေတပ်၊ လေတပ် နှင့် မရိန်းတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို Baengnyeong ကျွန်း အပါအဝင် ပင်လယ်ဝါအတွင်းရှိ နယ်စပ်ကျွန်းစုများတွင် မေလ(၈)ရက် နေ့က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ရေးစွမ်းရည်များကို မြှင့်တင်ရန် အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မရိန်းတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် UH-60 နှင့် CH-47 ရဟတ်ယာဉ်များ၊ F-15K နှင့် KF-16 တိုက်လေယာဉ်များ၊ ဖျက်သင်္ဘောများ၊ ဖရီးဂိတ်သင်္ဘောများ၊ ကမ်းတက်သင်္ဘောများ၊ ကုန်းရေနှစ်သွယ်ချေမှုန်းသင်္ဘောများက အမြောက်များဖြင့် ပစ်ခတ်မှုများ၊ အကြမ်းဖက်မှု တုံ့ပြန်ရေးစစ်ဆင်ရေးများ နှင့် ရေကြောင်းဆိုင်ရာလေ့ကျင့်ရေးများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြောက်ကိုရီးယားအစိုးရသည် ၎င်း၏ အနောက်ဘက်ကမ်းရိုးတန်းမှ ပင်လယ်ဝါအတွင်း ရှိ နှစ်နိုင်ငံကြားရေကြောင်းနယ်စပ် Northern Limit Lineအနီးကို အမြောက်ကျည်ရာချီပစ်လွှတ်ခဲ့ပြီးနောက် အနောက်ဘက်နယ်စပ်ကျွန်းစုများအနီးတွင် တင်းမာမှုများမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ ပိုင်နက်နယ်မြေကို တစ်လက်မခန့် ကျူးကျော်မည် ဆိုပါက စစ်ပွဲများဖြစ်ပွားလာနိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ပြီးခဲ့သည့်ဇန်နဝါရီလတွင် ခြိမ်းခြောက်ပြောခဲ့သည်။

Zawgyi Version;
အေနာက္ဘက္နယ္စပ္ကြၽန္းစုေတြအတြက္ ကာကြယ္ေရးစစ္ေရးေလ့က်င့္မႈကို ေတာင္ကိုရီးယားစစ္တပ္ ျပဳလုပ္
Pika (NP News) - ေမ ၁ဝ

ေျမာက္ကိုရီးယား၏ ၿခိမ္းေျခာက္မႈမ်ားကို ဆန႔္က်င္ရာတြင္ အဆင္သင့္ျဖစ္ေနမႈကို ျမႇင့္တင္ရန္ အေနာက္ဘက္ နယ္စပ္ကြၽန္းစုမ်ားအတြက္ ပူးတြဲကာကြယ္ေရးစစ္ေရးေလ့က်င့္မႈမ်ားကို ေတာင္ကိုရီးယားစစ္တပ္က လုပ္ေဆာင္ခဲ့ ေၾကာင္း မရိန္းတပ္ဖြဲ႕က ေမလ(၁၀)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေတာင္ကိုရီးယား၏ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္ ႏွင့္ မရိန္းတပ္ဖြဲ႕တို႔မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ သုံးရက္ၾကာ စစ္ေရးေလ့က်င့္မႈကို Baengnyeong ကြၽန္း အပါအဝင္ ပင္လယ္ဝါအတြင္းရွိ နယ္စပ္ကြၽန္းစုမ်ားတြင္ ေမလ(၈)ရက္ ေန႔က စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားသည္ ေတာင္ကိုရီးယားစစ္တပ္၏ ပူးတြဲစစ္ေရးစြမ္းရည္မ်ားကို ျမႇင့္တင္ရန္ အတြက္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း မရိန္းတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ အဆိုပါစစ္ေရးေလ့က်င့္မႈတြင္ UH-60 ႏွင့္ CH-47 ရဟတ္ယာဥ္မ်ား၊ F-15K ႏွင့္ KF-16 တိုက္ေလယာဥ္မ်ား၊ ဖ်က္သေဘၤာမ်ား၊ ဖရီးဂိတ္သေဘၤာမ်ား၊ ကမ္းတက္သေဘၤာမ်ား၊ ကုန္းေရႏွစ္သြယ္ေခ်မႈန္းသေဘၤာမ်ားက အေျမာက္မ်ားျဖင့္ ပစ္ခတ္မႈမ်ား၊ အၾကမ္းဖက္မႈ တုံ႔ျပန္ေရးစစ္ဆင္ေရးမ်ား ႏွင့္ ေရေၾကာင္းဆိုင္ရာေလ့က်င့္ေရးမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ ေျမာက္ကိုရီးယားအစိုးရသည္ ၎၏ အေနာက္ဘက္ကမ္း႐ိုးတန္းမွ ပင္လယ္ဝါအတြင္း ရွိ ႏွစ္ႏိုင္ငံၾကားေရေၾကာင္းနယ္စပ္ Northern Limit Lineအနီးကို အေျမာက္က်ည္ရာခ်ီပစ္လႊတ္ခဲ့ၿပီးေနာက္ အေနာက္ဘက္နယ္စပ္ကြၽန္းစုမ်ားအနီးတြင္ တင္းမာမႈမ်ားျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ေတာင္ကိုရီးယားႏိုင္ငံအေနျဖင့္ ေျမာက္ကိုရီးယား၏ ပိုင္နက္နယ္ေျမကို တစ္လက္မခန႔္ က်ဴးေက်ာ္မည္ ဆိုပါက စစ္ပြဲမ်ားျဖစ္ပြားလာႏိုင္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ၿပီးခဲ့သည့္ဇန္နဝါရီလတြင္ ၿခိမ္းေျခာက္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.