ဂျက်စတင်ဘီဘာတို့ စုံတွဲ ပထမဆုံး ရင်သွေးအတွက် ရင်ခုန်နေ

1319
ရောင်နီ (NP News) - မေ ၁၁
အသက် ၃ဝ နှစ်အရွယ် ဂျက်စတင်ဘီဘာ နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဟေလီဘီဘာ အသက် (၂၇)နှစ် တို့ စုံတွဲဟာ Instagram မှာ ဗီဒီယို၊ ပုံတွေနဲ့အတူ ၎င်းတို့မှာ ရင်သွေးဦးကို ရှိလာခဲ့ပြီဖြစ်ကြောင်း မေလ ၉ ရက်က အတည်ပြု အကြောင်းကြားလာခဲ့ပါတယ်။
ဒီအကြောင်းကို ဟေလီရဲ့ Follower ၅၁.၂ သန်းရှိတဲ့ အင်စတာဂရမ်အကောင့်မှ မေလ ၉ ရက်က ဟာဝိုင်အီမှာ ပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာ ရိုက်ကူးခဲ့တဲ့ စုံတွဲပုံနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပုံထဲမှာ ဟေလီက ဗိုက်ကို ပွေ့ပိုက်ကာ ရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီအတွက် ၎င်းတို့ရဲ့ fan တွေက ဝမ်းသာဂုဏ်ယူကြောင်း မှတ်ချက် ပေးထားတာ တွေ့ရပါတယ်။
ဂျက်စတင်နဲ့ ဟေလီတို့ဟာ အတိုချုံးစေ့စပ်ပြီးနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့လက်ထပ်ခဲ့ခြင်းအတွက် အစပိုင်းမှာ ဝေဖန်မှုတွေခံခဲ့ရပေမယ့် အခုတော့ အားကျသူများတဲ့ စုံတွဲတစ်တွဲ ဖြစ်လာခဲ့ပါတယ်။
Zawgyi Version;
ရောင်နီ (NP News) - မေ ၁၁