တောင်ကိုရီးယားနိုင်ငံမှာတည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး ရှေ့ပြေးနမူနာပုံစံရေပေါ်မြို့တော် OCRANIX Busan အကြောင်း

 697

Pika (NP News) - မေ ၁၂

UN-Habitat အေဂျင်စီ၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့နှင့် OCEANIX ကုမ္ပဏီတို့ သည် ကမ္ဘာ့ပထမဆုံး ရှေ့ပြေးနမူနာပုံစံရေရှည် တည်တံ့မည့် ရေပေါ်မြို့တော် OCEANIX Busan ၏ဒီဇိုင်းကို ထုတ်ပြန်ပြသခဲ့ကြောင်းသိရသည်။

OCEANIX Busan ရေပေါ်မြို့တော်သည် ရာသီဥတုဖောက်ပြန်မှုများကြောင့် အန္တရာယ်များ ရင်ဆိုင်နေရသော ကမ်းရိုးတန်းမြို့များအတွက် ဆန်းသစ်သော တီထွင်ဖန်တီးမှုနည်းပညာကို ပံ့ပိုးပေး နိုင်ရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်သည်။ ထို့ပြင် OCEANIX Busan ရေပေါ်မြို့တော်ကို ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း တည်ဆောက်ရန် စီစဉ်ထားကြောင်း လည်းသိရသည်။ ကမ္ဘာပေါ်ရှိ လူ(၅)ဦးလျှင် (၂)ဦး သည် ကမ်းရိုးတန်းနှင့် ကီလိုမီတာ(၁၀ဝ)အကွာအတွင်း နေထိုင်ကြပြီး ကမ္ဘာတစ်ဝန်းရှိ မြို့ကြီး များ၏ (၉၀)ရာခိုင်နှုန်းသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို ခံနိုင်စွမ်းမရှိကြောင်းလည်းသိရ သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသော ရေကြီးမှုများသည် အမေရိကန် ဒေါ်လာဘီလျံချီ တန်ဖိုးရှိ သော အခြေခံအဆောက်အအုံများကို ဖျက်ဆီးပစ်နိုင်ပြီး သန်းနှင့်ချီသော လူများ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးရန် တွန်းအားပေးလျက်ရှိသည်။ မြို့ကိုချဲ့ထွင်ရန်နေရာများ မရှိမှုနှင့်အတူ မြို့ပြလူဦးရေ လျင်မြန်စွာ တိုးလာခြင်းတို့က လူများကို ရေနှင့်နီးသော နေရာများ အထိတွန်းပို့ခဲ့ပြီး အိမ်ရာတည်ဆောက်မှု အတွက် ကုန်ကျမှုများကို ပိုမို မြင့်တက်လာ စေခဲ့ကြောင်း သိရသည်။ OCEANIX ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဖီးလစ်ဟော့ဖ်မန်း က ‘‘ရာသီဥတု ပြောင်းလဲမှုဒဏ်တွေကိုခံနေရတဲ့ ကျွန်းနိုင်ငံတွေနဲ့ ကမ်းရိုးတန်း မြို့တွေအတွက် ဒီနေ့မှာ ထုတ်ပြန်ပြသ ခဲ့တဲ့အရာက အဓိကမှတ်တိုင်တစ်ခုဖြစ်လာပါပြီ။ OCEANIX Busan ရေပေါ်မြို့တော် ကိုတည်ဆောက်ဖို့နဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနဲ့အတူ လိုက်လျောညီထွေဖြစ်စေပြီး ပင်လယ်ထဲကို ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ချဲ့ထွင်ဖို့ကြိုးပမ်းနေတဲ့ ကမ်းရိုးတန်းမြို့တွေအတွက် နေရာအသစ် တစ်ခုကို ဖန်တီးပေးဖို့ လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ရောက် နေပါပြီ”ဟု ပြောဆို ခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်သော OCEANIX ကုမ္ပဏီသည် ရေလွှမ်းမိုးမှု ဒဏ်ခံနိုင်သော ရှေ့ပြေး နမူနာပုံစံ ကို ဒီဇိုင်းဆွဲရန် အတွက် ကမ္ဘာ့အကောင်းဆုံး ဒီဇိုင်နာများ၊ အင်ဂျင် နီယာများနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ကို ဦးဆောင်သော ကုမ္ပဏီ တစ်ခုလည်း ဖြစ်သည်။ ထို့ပြင် BIG-Bjarke Ingels Group နှင့် SAMOO (Samsung Group) တို့သည် OCEANIX Busan ရေပေါ်မြို့တော်၏ ဦးဆောင်ဗိသုကာ ပညာရှင်များ ဖြစ်ကြောင်းလည်း သိရသည်။ ဘူဆန်မြို့တော်ဝန် Park Heong-joon ‘‘ ဘူဆန်မြို့ရဲ့ မြို့တော်ဝန် တစ်ယောက် အနေနဲ့ ‘The First to the Future’ ဆိုတဲ့ ကတိကဝတ်ကို ကျွန်တော်တကယ်အလေးထားပါတယ်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုနဲ့အတူ ကမ်းရိုးတန်းမြို့ တွေအပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်ရနိုင် တာကြောင့် ပထမဆုံးရှေ့ပြေးနမူနာပုံစံ ရေရှည်တည်တံ့မယ့် ရေပေါ်မြို့တော်ကို တည်ဆောက်ဖို့ အတွက် OCEANIX ကုမ္ပဏီ၊ UN-Habitat အေဂျင်စီတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ ”ဟု ပြော ဆိုခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲကို အစိုးရဝန်ကြီးများ၊ မြို့တော်ဝန်များ၊ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂ အဆင့်မြင့် အရာရှိများ တက် ရောက်ခဲ့ကြကြောင်း UN-Habitat အေဂျင်စီ အမှုဆောင်ဒါရိုက်တာ Maimunah Mohd Sharif က ပြောကြားခဲ့သည်။ Maimunah Mohd Sharif က ‘‘ ဒီနေ့မှာဖြစ်တဲ့ ပြဿနာတွေကို မနေ့ကအရာတွေနဲ့ ဖြေရှင်းလို့မရပါဘူး။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ဆန်းသစ် တဲ့ တီထွင်မှုတွေကို ကျွန်မတို့လိုအပ်ပါတယ်။ ကမ္ဘာ တစ်ဝန်းက မြို့ကြီးတွေ၊ နိုင်ငံတွေကနေ လာ ရောက် စုဝေးကြတဲ့ ရေရှည်တည်တံ့မယ့် မြို့ပြတည်ဆောက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး မတိုင်မီ ဒီဆွေးနွေးပွဲကို ကျင်းပရတဲ့အတွက် ကျွန်မတကယ်ဝမ်းသာမိပါတယ် ” ဟု ပြောဆိုခဲ့သည်။

ရာသီဥတုပြောင်းလဲမှုများကြောင့် အကျိုးသက်ရောက်မှုများကိုခံနေရသော ကမ်းရိုးတန်း နေရာများအတွက် OCEANIX Busan ရေပေါ်မြို့တော်သည် ရေရှည်တည်တံ့မည့် ရှေ့ပြေးနမူနာပုံစံ တစ်ခု ဖြစ်လာမည်လည်းဖြစ်သည်။ ထို့အပြင် မြို့နှင့်ပင်လယ်ကမ်းစပ်ကြား ချိတ်ဆက်မှုကို ဖန်တီး ခြင်းဖြင့် OCEANIX Busan ရေပေါ်မြို့တော်သည် ပင်လယ်ပြင်ထဲတွင် နေထိုင်နိုင်ရန်အထိ ချဲ့ထွင် သွားနိုင်လိမ့် မည်ဟု BIG-Bjarke Ingels Grou စတည်ထောင်သူနှင့်ဖန်တီးမှု ဒါရိုက်တာ Bjarke Ingels က ပြောကြားခဲ့သည်။ OCEANIX Busan ရေပေါ်မြို့တော်သည် ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့သော ရေပေါ်အသိုင်းအဝိုင်း၏ ကမ္ဘာ့ပထမဆုံး ရှေ့ပြေးနမူနာပုံစံလည်းဖြစ်သည်။ ထို့ပြင် လူပေါင်း(၁၂၀ဝဝ) ခန့် နေထိုင်နိုင်ရန်အတွက် (၆ဒသမ၃)ဟက်တာရှိသည့် ရပ်ကွက်များကို ဆက်သွယ်ချိတ်ဆက်ထားမည် လည်းဖြစ်သည်။ ရပ်ကွက် တစ်ခုချင်းစီတိုင်းသည် နေထိုင်မှု၊ သုတေသနနှင့် တည်းခိုနေထိုင်ရန် ရည်ရွယ်ချက်များအတွက် ဒီဇိုင်း ထုတ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ OCEANIX Busan ရေပေါ်မြို့တော်သည် အချိတ်အဆက်ရှိသော တံတားများနှင့်အတူ ကုန်းမြေနှင့် လည်းဆက်ထား မည်ဖြစ်သည်။ ထို့ပြင် OCEANIX Busan ရေပေါ်မြို့တော်သည် အချိန်နှင့်အမျှ သဘာဝကျကျ ပြောင်းလဲကာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

နေထိုင်သူနှင့် ခရီးသွား စုစုပေါင်း(၁၂၀ဝဝ)ခန့်နှင့်အတူ ပလက်ဖောင်း(၃)ခုနှင့်စတင်မည့် OCEANIX Busan ရေပေါ်မြို့တော်သည် နောက်ပိုင်းတွင် ပလက်ဖောင်းအခု(၂၀)ကျော်အထိ ချဲ့ထွင်သွားမည့် အလားအလာများလည်းရှိနေသည်။ ထို့ပြင် OCEANIX Busan ရေပေါ်မြို့တော်တွင် အချိန်နဲ့အမျှ ကျုံ့နိုင်၊ ချဲ့ထွင်နိုင်မည့် photovoltaic panels များ၊ ဖန်လုံအိမ်များနှင့်အတူ ဒါဇင်နှင့်ချီသော ထုတ်ကုန်စခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ OCEANIX Busan တွင် ပေါင်းစပ်စနစ် ခြောက်ခုပါရှိမည်ဖြစ်ပြီး စွန့်ပစ်ပစ္စည်းများမရှိဘဲ လည်ပတ်မည့်စနစ်၊ အပိတ်ကွင်းဆက်ရေစနစ်၊ အစားအစာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဆန်းသစ်သော ရွေ့လျားနိုင်မှုနှင့် ကမ်းရိုးတန်းနေထိုင်ရာ နေရာများ ပြန်လည်ရှင်သန်ခြင်းတို့ဖြစ်ကြောင်းသိရသည်။ ထို့ပြင် အပြန်အလှန်ချိတ်ဆက်ထားသော စနစ်များသည် ရေပေါ်နှင့်အမိုးပေါ်ရှိ photovoltaic panels များမှတစ်ဆင့် လိုအပ်သောလည်ပတ်မှုစွမ်းအင်(၁၀ဝ) ရာခိုင်နှုန်းကို ထုတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ရပ်ကွက်တစ်ခုချင်းစီသည် ကိုယ်ပိုင်ရေကို ပြန်လည်ဖြည့်တင်းသွားမည်ဖြစ်ပြီး အရင်းအမြစ်များကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြု ခြင်းတို့နှင့်အတူ ဆန်းသစ်သော မြို့ပြစိုက်ပျိုးရေးပုံစံကို ပံ့ပိုးပေးသွားနိုင်မည် ဟုလည်း သိရသည်။

OCEANIX သည် ပင်လယ်ပြင်တွင် လူသားများနေထိုင်နိုင်မည့် ရေပေါ်မြို့များကို တည်ဆောက် ရန်နှင့်ဒီဇိုင်းဆွဲရန်အတွက် ၂၀၁၈ ခုနှစ်တွင် Itai Madamombe နှင့် Marc Collins Chen တို့က တည် ထောင်ခဲ့သည့်ကုမ္ပဏီတစ်ခုဖြစ်သည်။ UN-Habitat အေဂျင်စီသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် အရ ရေရှည်တည်တံ့သော မြို့များနှင့် လူသားအခြေချနေထိုင်မှုများကို မြှင့်တင်ရန် လုပ်ဆောင်သည့် အေဂျင်စီတစ်ခုဖြစ်သည်။ ထို့ပြင် လူဦးရေ (၃ ဒသမ ၄) သန်းနေထိုင်သည့် ဘူဆန်မြို့သည် တောင်ကိုရီး ယားနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး (၂၁)ရာစု၏ အရေးအပါဆုံး ရေကြောင်း သွားလာရေးမြို့များထဲမှ တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ေတာင္ကိုရီးယားႏိုင္ငံမွာတည္ေဆာက္မယ့္ ကမာၻ႔ပထမဆုံး ေရွ႕ေျပးနမူနာပုံစံေရေပၚၿမိဳ႕ေတာ္ OCRANIX Busan အေၾကာင္း
Pika (NP News) - ေမ ၁၂

UN-Habitat ေအဂ်င္စီ၊ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕ႏွင့္ OCEANIX ကုမၸဏီတို႔ သည္ ကမာၻ႔ပထမဆုံး ေရွ႕ေျပးနမူနာပုံစံေရရွည္ တည္တံ့မည့္ ေရေပၚၿမိဳ႕ေတာ္ OCEANIX Busan ၏ဒီဇိုင္းကို ထုတ္ျပန္ျပသခဲ့ေၾကာင္းသိရသည္။

OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ အႏၲရာယ္မ်ား ရင္ဆိုင္ေနရေသာ ကမ္း႐ိုးတန္းၿမိဳ႕မ်ားအတြက္ ဆန္းသစ္ေသာ တီထြင္ဖန္တီးမႈနည္းပညာကို ပံ့ပိုးေပး ႏိုင္ရန္ ရည္႐ြယ္ထားျခင္းမ်ိဳးျဖစ္သည္။ ထို႔ျပင္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္ကို ၂၀၂၅ ခုႏွစ္မွ ၂၀၂၈ ခုႏွစ္အတြင္း တည္ေဆာက္ရန္ စီစဥ္ထားေၾကာင္း လည္းသိရသည္။ ကမာၻေပၚရွိ လူ(၅)ဦးလွ်င္ (၂)ဦး သည္ ကမ္း႐ိုးတန္းႏွင့္ ကီလိုမီတာ(၁၀ဝ)အကြာအတြင္း ေနထိုင္ၾကၿပီး ကမာၻတစ္ဝန္းရွိ ၿမိဳ႕ႀကီး မ်ား၏ (၉၀)ရာခိုင္ႏႈန္းသည္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈကို ခံႏိုင္စြမ္းမရွိေၾကာင္းလည္းသိရ သည္။ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈေၾကာင့္ ျဖစ္ေပၚလာေသာ ေရႀကီးမႈမ်ားသည္ အေမရိကန္ ေဒၚလာဘီလ်ံခ်ီ တန္ဖိုးရွိ ေသာ အေျခခံအေဆာက္အအုံမ်ားကို ဖ်က္ဆီးပစ္ႏိုင္ၿပီး သန္းႏွင့္ခ်ီေသာ လူမ်ား ၎တို႔၏ေနအိမ္မ်ားကို စြန႔္ခြာထြက္ေျပးရန္ တြန္းအားေပးလ်က္ရွိသည္။ ၿမိဳ႕ကိုခ်ဲ႕ထြင္ရန္ေနရာမ်ား မရွိမႈႏွင့္အတူ ၿမိဳ႕ျပလူဦးေရ လ်င္ျမန္စြာ တိုးလာျခင္းတို႔က လူမ်ားကို ေရႏွင့္နီးေသာ ေနရာမ်ား အထိတြန္းပို႔ခဲ့ၿပီး အိမ္ရာတည္ေဆာက္မႈ အတြက္ ကုန္က်မႈမ်ားကို ပိုမို ျမင့္တက္လာ ေစခဲ့ေၾကာင္း သိရသည္။ OCEANIX ကုမၸဏီ အမႈေဆာင္ အရာရွိခ်ဳပ္ ဖီးလစ္ေဟာ့ဖ္မန္း က ‘‘ရာသီဥတု ေျပာင္းလဲမႈဒဏ္ေတြကိုခံေနရတဲ့ ကြၽန္းႏိုင္ငံေတြနဲ႔ ကမ္း႐ိုးတန္း ၿမိဳ႕ေတြအတြက္ ဒီေန႔မွာ ထုတ္ျပန္ျပသ ခဲ့တဲ့အရာက အဓိကမွတ္တိုင္တစ္ခုျဖစ္လာပါၿပီ။ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္ ကိုတည္ေဆာက္ဖို႔နဲ႔ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာမႈနဲ႔အတူ လိုက္ေလ်ာညီေထြျဖစ္ေစၿပီး ပင္လယ္ထဲကို ေကာင္းမြန္တဲ့ နည္းလမ္းေတြနဲ႔ခ်ဲ႕ထြင္ဖို႔ႀကိဳးပမ္းေနတဲ့ ကမ္း႐ိုးတန္းၿမိဳ႕ေတြအတြက္ ေနရာအသစ္ တစ္ခုကို ဖန္တီးေပးဖို႔ လမ္းေၾကာင္းေပၚမွာ ကြၽန္ေတာ္တို႔ေရာက္ ေနပါၿပီ”ဟု ေျပာဆို ခဲ့သည္။ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ အေျခစိုက္ေသာ OCEANIX ကုမၸဏီသည္ ေရလႊမ္းမိုးမႈ ဒဏ္ခံႏိုင္ေသာ ေရွ႕ေျပး နမူနာပုံစံ ကို ဒီဇိုင္းဆြဲရန္ အတြက္ ကမာၻ႔အေကာင္းဆုံး ဒီဇိုင္နာမ်ား၊ အင္ဂ်င္ နီယာမ်ားႏွင့္ ကြၽမ္းက်င္သူမ်ား ပါဝင္သည့္ အဖြဲ႕ကို ဦးေဆာင္ေသာ ကုမၸဏီ တစ္ခုလည္း ျဖစ္သည္။ ထို႔ျပင္ BIG-Bjarke Ingels Group ႏွင့္ SAMOO (Samsung Group) တို႔သည္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္၏ ဦးေဆာင္ဗိသုကာ ပညာရွင္မ်ား ျဖစ္ေၾကာင္းလည္း သိရသည္။ ဘူဆန္ၿမိဳ႕ေတာ္ဝန္ Park Heong-joon ‘‘ ဘူဆန္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ တစ္ေယာက္ အေနနဲ႔ ‘The First to the Future’ ဆိုတဲ့ ကတိကဝတ္ကို ကြၽန္ေတာ္တကယ္အေလးထားပါတယ္။ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္မႈနဲ႔အတူ ကမ္း႐ိုးတန္းၿမိဳ႕ ေတြအေပၚ ဆိုး႐ြားတဲ့အက်ိဳးသက္ေရာက္မႈေတြကို ရင္ဆိုင္ရႏိုင္ တာေၾကာင့္ ပထမဆုံးေရွ႕ေျပးနမူနာပုံစံ ေရရွည္တည္တံ့မယ့္ ေရေပၚၿမိဳ႕ေတာ္ကို တည္ေဆာက္ဖို႔ အတြက္ OCEANIX ကုမၸဏီ၊ UN-Habitat ေအဂ်င္စီတို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာပါ ”ဟု ေျပာ ဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဌာနခ်ဳပ္တြင္ က်င္းပခဲ့ေသာ ေဆြးေႏြးပြဲကို အစိုးရဝန္ႀကီးမ်ား၊ ၿမိဳ႕ေတာ္ဝန္မ်ား၊ သံအမတ္ႀကီးမ်ားႏွင့္ ကုလသမဂၢ အဆင့္ျမင့္ အရာရွိမ်ား တက္ ေရာက္ခဲ့ၾကေၾကာင္း UN-Habitat ေအဂ်င္စီ အမႈေဆာင္ဒါ႐ိုက္တာ Maimunah Mohd Sharif က ေျပာၾကားခဲ့သည္။ Maimunah Mohd Sharif က ‘‘ ဒီေန႔မွာျဖစ္တဲ့ ျပႆနာေတြကို မေန႔ကအရာေတြနဲ႔ ေျဖရွင္းလို႔မရပါဘူး။ ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈေတြကို ေျဖရွင္းဖို႔အတြက္ ဆန္းသစ္ တဲ့ တီထြင္မႈေတြကို ကြၽန္မတို႔လိုအပ္ပါတယ္။ ကမာၻ တစ္ဝန္းက ၿမိဳ႕ႀကီးေတြ၊ ႏိုင္ငံေတြကေန လာ ေရာက္ စုေဝးၾကတဲ့ ေရရွည္တည္တံ့မယ့္ ၿမိဳ႕ျပတည္ေဆာက္ေရးဆိုင္ရာ အဆင့္ျမင့္အစည္းအေဝး မတိုင္မီ ဒီေဆြးေႏြးပြဲကို က်င္းပရတဲ့အတြက္ ကြၽန္မတကယ္ဝမ္းသာမိပါတယ္ ” ဟု ေျပာဆိုခဲ့သည္။

ရာသီဥတုေျပာင္းလဲမႈမ်ားေၾကာင့္ အက်ိဳးသက္ေရာက္မႈမ်ားကိုခံေနရေသာ ကမ္း႐ိုးတန္း ေနရာမ်ားအတြက္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ ေရရွည္တည္တံ့မည့္ ေရွ႕ေျပးနမူနာပုံစံ တစ္ခု ျဖစ္လာမည္လည္းျဖစ္သည္။ ထို႔အျပင္ ၿမိဳ႕ႏွင့္ပင္လယ္ကမ္းစပ္ၾကား ခ်ိတ္ဆက္မႈကို ဖန္တီး ျခင္းျဖင့္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ ပင္လယ္ျပင္ထဲတြင္ ေနထိုင္ႏိုင္ရန္အထိ ခ်ဲ႕ထြင္ သြားႏိုင္လိမ့္ မည္ဟု BIG-Bjarke Ingels Grou စတည္ေထာင္သူႏွင့္ဖန္တီးမႈ ဒါ႐ိုက္တာ Bjarke Ingels က ေျပာၾကားခဲ့သည္။ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ ခံႏိုင္ရည္ရွိၿပီး ေရရွည္ တည္တံ့ေသာ ေရေပၚအသိုင္းအဝိုင္း၏ ကမာၻ႔ပထမဆုံး ေရွ႕ေျပးနမူနာပုံစံလည္းျဖစ္သည္။ ထို႔ျပင္ လူေပါင္း(၁၂၀ဝဝ) ခန႔္ ေနထိုင္ႏိုင္ရန္အတြက္ (၆ဒသမ၃)ဟက္တာရွိသည့္ ရပ္ကြက္မ်ားကို ဆက္သြယ္ခ်ိတ္ဆက္ထားမည္ လည္းျဖစ္သည္။ ရပ္ကြက္ တစ္ခုခ်င္းစီတိုင္းသည္ ေနထိုင္မႈ၊ သုေတသနႏွင့္ တည္းခိုေနထိုင္ရန္ ရည္႐ြယ္ခ်က္မ်ားအတြက္ ဒီဇိုင္း ထုတ္ထားျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ အခ်ိတ္အဆက္ရွိေသာ တံတားမ်ားႏွင့္အတူ ကုန္းေျမႏွင့္ လည္းဆက္ထား မည္ျဖစ္သည္။ ထို႔ျပင္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ အခ်ိန္ႏွင့္အမွ် သဘာဝက်က် ေျပာင္းလဲကာ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။

ေနထိုင္သူႏွင့္ ခရီးသြား စုစုေပါင္း(၁၂၀ဝဝ)ခန႔္ႏွင့္အတူ ပလက္ေဖာင္း(၃)ခုႏွင့္စတင္မည့္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္သည္ ေနာက္ပိုင္းတြင္ ပလက္ေဖာင္းအခု(၂၀)ေက်ာ္အထိ ခ်ဲ႕ထြင္သြားမည့္ အလားအလာမ်ားလည္းရွိေနသည္။ ထို႔ျပင္ OCEANIX Busan ေရေပၚၿမိဳ႕ေတာ္တြင္ အခ်ိန္နဲ႔အမွ် က်ဳံ႕ႏိုင္၊ ခ်ဲ႕ထြင္ႏိုင္မည့္ photovoltaic panels မ်ား၊ ဖန္လုံအိမ္မ်ားႏွင့္အတူ ဒါဇင္ႏွင့္ခ်ီေသာ ထုတ္ကုန္စခန္းမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ OCEANIX Busan တြင္ ေပါင္းစပ္စနစ္ ေျခာက္ခုပါရွိမည္ျဖစ္ၿပီး စြန႔္ပစ္ပစၥည္းမ်ားမရွိဘဲ လည္ပတ္မည့္စနစ္၊ အပိတ္ကြင္းဆက္ေရစနစ္၊ အစားအစာ၊ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္၊ ဆန္းသစ္ေသာ ေ႐ြ႕လ်ားႏိုင္မႈႏွင့္ ကမ္း႐ိုးတန္းေနထိုင္ရာ ေနရာမ်ား ျပန္လည္ရွင္သန္ျခင္းတို႔ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ အျပန္အလွန္ခ်ိတ္ဆက္ထားေသာ စနစ္မ်ားသည္ ေရေပၚႏွင့္အမိုးေပၚရွိ photovoltaic panels မ်ားမွတစ္ဆင့္ လိုအပ္ေသာလည္ပတ္မႈစြမ္းအင္(၁၀ဝ) ရာခိုင္ႏႈန္းကို ထုတ္ေပးမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ရပ္ကြက္တစ္ခုခ်င္းစီသည္ ကိုယ္ပိုင္ေရကို ျပန္လည္ျဖည့္တင္းသြားမည္ျဖစ္ၿပီး အရင္းအျမစ္မ်ားကို ေလွ်ာ့ခ်ျခင္း၊ ျပန္လည္အသုံးျပဳ ျခင္းတို႔ႏွင့္အတူ ဆန္းသစ္ေသာ ၿမိဳ႕ျပစိုက္ပ်ိဳးေရးပုံစံကို ပံ့ပိုးေပးသြားႏိုင္မည္ ဟုလည္း သိရသည္။

OCEANIX သည္ ပင္လယ္ျပင္တြင္ လူသားမ်ားေနထိုင္ႏိုင္မည့္ ေရေပၚၿမိဳ႕မ်ားကို တည္ေဆာက္ ရန္ႏွင့္ဒီဇိုင္းဆြဲရန္အတြက္ ၂၀၁၈ ခုႏွစ္တြင္ Itai Madamombe ႏွင့္ Marc Collins Chen တို႔က တည္ ေထာင္ခဲ့သည့္ကုမၸဏီတစ္ခုျဖစ္သည္။ UN-Habitat ေအဂ်င္စီသည္ လူမႈေရးႏွင့္ သဘာဝ ပတ္ဝန္းက်င္ အရ ေရရွည္တည္တံ့ေသာ ၿမိဳ႕မ်ားႏွင့္ လူသားအေျခခ်ေနထိုင္မႈမ်ားကို ျမႇင့္တင္ရန္ လုပ္ေဆာင္သည့္ ေအဂ်င္စီတစ္ခုျဖစ္သည္။ ထို႔ျပင္ လူဦးေရ (၃ ဒသမ ၄) သန္းေနထိုင္သည့္ ဘူဆန္ၿမိဳ႕သည္ ေတာင္ကိုရီး ယားႏိုင္ငံတြင္ ဒုတိယအႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး (၂၁)ရာစု၏ အေရးအပါဆုံး ေရေၾကာင္း သြားလာေရးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.