မရမ်းကုန်းမြို့နယ်ရှိ PAL Hotel ၌ လောင်ကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံသား အယောက်(၅၀)နီးပါးကို ဖမ်းဆီးရမိ

 13111

ယွန်း (NP News) - မေ ၁၂

မရမ်းကုန်းမြို့နယ်ရှိ PAL Hotel ၌ လောင်ကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံသား အယောက်(၅၀)နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ မေ(၁၁)ရက် ညပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေ(၁၀)ရက် နံနက်(၁)နာရီခွဲအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သီရိမွန်အိမ်ရာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel အား သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ်ဒုတိယထပ်တွင် လောင်းကစားဝိုင်းတည်ထောင်၍ စီမံခန့်ခွဲလုပ်ကိုင်နေ သူ Mr. Yang Jian အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား(၃)ဦး နှင့် မြန်မာနိုင်ငံသား အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား(၇)ဦး၊ အမျိုးသမီး(၂၄)ဦး နှင့် လောင်းကစားလာရောက်ကစားသူ တရုတ်နိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ(၅)ခုံ၊ ပဲကြားလော့လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ (၁)ခုံ၊ ငါးပစ်ဂိမ်းလောင်းကစားခုံ (၁)ခုံ၊ ဖဲထုပ် (၂၅၄)ထုပ်၊ ငွေကျပ် ၅၀၀မှ သိန်း(၁၀၀)ထိပါသည့် တိုကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈) လုံး၊ လက်တော့(၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ(၁)လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/ အပြောင်းပြုလုပ်ရာ၌ အသုံးပြုသည့် Bank Account နံပါတ်များရေးသားထားသည့် ကတ်ပြား(၁)ခု၊ ဖဲချပ်ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁)လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ Mr. Yang Jian အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသမီး(၁)ဦး ဝင်းမြင့်ထွန်း အပါအဝင် မြန်မာနိုင်ငံသား(၁၁)ဦး၊ အမျိုးသမီး(၂၇)ဦး စုစုပေါင်း(၄၇)ဦးကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မရမ္းကုန္းၿမိဳ႕နယ္ရွိ PAL Hotel ၌ ေလာင္ကစားဝိုင္း ဖြင့္လွစ္လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ ျမန္မာႏိုင္ငံသား အေယာက္(၅၀)နီးပါးကို ဖမ္းဆီးရမိ
ယြန္း (NP News) - ေမ ၁၂

မရမ္းကုန္းၿမိဳ႕နယ္ရွိ PAL Hotel ၌ ေလာင္ကစားဝိုင္း ဖြင့္လွစ္လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ ျမန္မာႏိုင္ငံသား အေယာက္(၅၀)နီးပါးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ေမ(၁၁)ရက္ ညပိုင္းတြင္ အသိေပး ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေမ(၁၀)ရက္ နံနက္(၁)နာရီခြဲအခ်ိန္တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မရမ္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ သီရိမြန္အိမ္ရာ၊ သီရိမြန္(၁၀)လမ္း၊ အမွတ္(၈)ရွိ PAL Hotel အား သတင္းအရ ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြစစ္ေဆးခဲ့ရာ အဆိုပါဟိုတယ္ဒုတိယထပ္တြင္ ေလာင္းကစားဝိုင္းတည္ေထာင္၍ စီမံခန႔္ခြဲလုပ္ကိုင္ေန သူ Mr. Yang Jian အပါအဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၃)ဦး ႏွင့္ ျမန္မာႏိုင္ငံသား အမ်ိဳးသား(၁)ဦး၊ အမ်ိဳးသမီး (၁)ဦး တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ ေလာင္းကစားဝိုင္း၌ အလုပ္လုပ္ကိုင္သူ ျမန္မာႏိုင္ငံသား အမ်ိဳးသား(၇)ဦး၊ အမ်ိဳးသမီး(၂၄)ဦး ႏွင့္ ေလာင္းကစားလာေရာက္ကစားသူ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၅)ဦး၊ အမ်ိဳးသမီး(၁)ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား(၃)ဦး၊ အမ်ိဳးသမီး(၂)ဦး တို႔ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၎တို႔ကို ေလာင္းကစားျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဘူႀကီးေလာင္းကစားခုံ(၅)ခုံ၊ ပဲၾကားေလာ့ေလာင္းကစားခုံ (၂)ခုံ၊ ကုလားသုံးေကာင္ ေလာင္းကစားခုံ (၁)ခုံ၊ ငါးပစ္ဂိမ္းေလာင္းကစားခုံ (၁)ခုံ၊ ဖဲထုပ္ (၂၅၄)ထုပ္၊ ေငြက်ပ္ ၅၀၀မွ သိန္း(၁၀၀)ထိပါသည့္ တိုကင္ျပားမ်ား၊ လက္ကိုင္ဖုန္း (၃၈) လုံး၊ လက္ေတာ့(၂)လုံး၊ Tablet (၁)လုံး၊ All in one ကြန္ပ်ဴတာ(၁)လုံး၊ ေလာင္းကစားျပဳလုပ္ရာတြင္ ေငြအလႊဲ/ အေျပာင္းျပဳလုပ္ရာ၌ အသုံးျပဳသည့္ Bank Account နံပါတ္မ်ားေရးသားထားသည့္ ကတ္ျပား(၁)ခု၊ ဖဲခ်ပ္ဖ်က္စက္(၁)လုံး၊ ေငြေရတြက္စက္(၁)လုံး၊ CCTV Recorder (၁)လုံး၊ ေလာင္းေၾကးေငြ ၃၀၁ သိန္းက်ပ္၊ ကား ၁၇ စီးတို႔ႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူ Mr. Yang Jian အပါအဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၈)ဦး၊ အမ်ိဳးသမီး(၁)ဦး ဝင္းျမင့္ထြန္း အပါအဝင္ ျမန္မာႏိုင္ငံသား(၁၁)ဦး၊ အမ်ိဳးသမီး(၂၇)ဦး စုစုေပါင္း(၄၇)ဦးကို မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ထားၿပီး တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.