ရွှေဈေး နှင့် ဒေါ်လာဈေးကြောင့် ကားဈေးအနည်းငယ်တက်နေပြီး ကျပ်သိန်း (၅၀ဝ) နှင့် (၁၀ဝဝ) ကြား ကားများ အရောင်းအဝယ်ပိုဖြစ်နေ

 7438

ယွန်း(NP News) - မေ ၁၃

ရွှေဈေးနှင့် ဒေါ်လာဈေးကြောင့် ကားဈေး အနည်းငယ်တက်နေပြီး ကျပ်သိန်း (၅၀ဝ)နှင့် (၁၀ဝဝ)ကြား ကားများ အရောင်းအဝယ်ပိုဖြစ်နေကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ သိရသည်။

သင်္ကြန်မတိုင်မီကာလတွင် ပြည်တွင်းရှိ ကားဈေးကွက်၌ ကားအရောင်းအဝယ်ကောင်းခဲ့ရာ သင်္ကြန်ပြီးကာလမှစ၍ ရွှေဈေးနှင့် ဒေါ်လာဈေးများကြောင့် ကားဈေးအနည်းငယ်တက်ခဲ့ပြီး လက်ရှိတွင် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင်ဈေးထက်စာရင် ရာခိုင်နှုန်း နည်းနည်းလေးတော့ တက်လာတာပေါ့။ အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပါပဲ။ ပုံမှန်လေး အရောင်းအဝယ်ဖြစ်နေတဲ့ ဒီလိုအချိန်လေးကတော့ အကောင်းဆုံးပါပဲ။ မနှစ်ကလည်း ဒီလိုပဲတက်ပါတယ်။ ဧပြီတစ်လလုံးမှာ ပုံမှန်အရောင်းအဝယ်ထက် ကျပ်သွားတာတွေ၊ လည်ပတ်မှုမရှိတာတွေ ရှိတယ်။ တစ်နိုင်ငံလုံးရဲ့ လှုပ်လှုပ်ရှားရှားနဲ့ အလုပ်လုပ်ကြတဲ့ လက ဇွန်လလောက်ဖြစ်တော့ ကားအရောင်းအဝယ်က အဲဒီအချိန်မှာစိပ်လာတယ်’’ ဟု မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NP News ကို ပြောသည်။

လတ်တလောကားဈေးကွက်တွင် ‌ငွေကျပ် သိန်း (၅၀ဝ) မှစ၍ ငွေကျပ်သိန်း (၁၀ဝဝ)အထိ ကားများ အရောင်းအဝယ်ပိုဖြစ်နေပြီး CBU ကား များသည် အရောင်းအ ဝယ်ပိုကောင်းနေကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ ကားဈေးမြင့်တက်ခြင်းသည် ဒေါ်လာဈေးမြင့်တက်မှုနှင့် တိုက်ရိုက် အချိုးကျနေပြီး ကားအသစ်များဈေးမြင့်တက်လာခြင်းကြောင့် ကားအဟောင်းဈေးများလည်း မြင့်တက်လာကြောင်း သိရသည်။

“ရွှေဈေးကြောင့် ကားဈေးတက်တာလည်း အနည်းငယ်တော့ရှိတယ်။ ဒေါ်လာဈေးကတော့ တိုက်ရိုက်အချိုးကျတာပေါ့။ ဒေါ်လာဈေးတက်ရင်တော့ ကားဈေးကတော့ အနည်းငယ်လိုက်တက် ရတာပေါ့။ SKD ပဲထုတ်ထုတ် CBU ပဲသွင်းသွင်း EV ပဲသွင်းသွင်း တိုက်ရိုက်အချိုးကျနေတယ်။ ဒေါ်လာ ဈေးမြင့်သွားတော့ လိုက်ပြီးတော့မြှင့်နေရတာပေါ့။ ကားအသစ်တွေဈေးတက်သွားတော့ ကားအ ဟောင်းတွေကလည်း အလိုလိုမြင့်သွားတယ်။ တိုက်ရိုက်အချိုးကျတယ်ဆိုတာ အဲဒီလိုပေါ့။ ဒေါ်လာ ဈေးတက်ရင် ကားဈေးတက်သွားတယ်ဆိုတာတော့ မြင်စေချင်တာပေါ့။ ရွှေဈေး၊ ဒေါ်လာ ဈေးပေါ်မှာ မူတည်ပြီးတော့ ကားဈေးတက်မလား ကျမလားဆိုတာကတော့ ရွှေ၊ ဒေါ်လာဈေး တက်လာသလို ကားဈေးကတော့ မတက်ရင်တောင် ကျဖို့မရှိဘူးလို့ပြောချင်ပါတယ်’’ဟု ဦးကျော်စွာထွန်းမြင့်က ဆိုသည်။

ပြည်တွင်း၌ SKD ထုတ်လုပ်သည့် စက်ရုံပေါင်း ပျမ်းမျှ(၁၀)ရုံ ထက်မနည်းရှိပြီး အဆိုပါ စက်ရုံများအပြင် အကြောင်းအမျိုးမျိုးကြောင့် မထုတ်လုပ်သည့် စက်ရုံများလည်း ရှိနေကြောင်း သိရသည်။ လာမည့် ၂၀၂၅ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်ပမှ အပြီးအစီး တပ်ဆင်ထုတ်လုပ်ပြီး အသင့် မောင်းရန် မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် CBU ကားများ၏ အခွန်နှုန်းထားများကို နှစ်စဉ်တိုး ကောက်မည့် အနေအထားရှိကြောင်း ကားလောက အသိုင်းအဝိုင်း၏သုံးသပ်မှုများလည်း ရှိနေသည်။

zawgyi version
ေ႐ႊေဈး ႏွင့္ ေဒၚလာေဈးေၾကာင့္ ကားေဈးအနည္းငယ္တက္ေနၿပီး က်ပ္သိန္း (၅၀ဝ) ႏွင့္ (၁၀ဝဝ) ၾကား ကားမ်ား အေရာင္းအဝယ္ပိုျဖစ္ေန
ယြန္း(NP News) - ေမ ၁၃

ေ႐ႊေဈးႏွင့္ ေဒၚလာေဈးေၾကာင့္ ကားေဈး အနည္းငယ္တက္ေနၿပီး က်ပ္သိန္း(၅၀ဝ)ႏွင့္ (၁၀ဝဝ)ၾကား ကားမ်ား အေရာင္းအဝယ္ပိုျဖစ္ေနေၾကာင္း ကားေရာင္းဝယ္ေရးလုပ္ငန္းရွင္မ်ား အသိုင္းအဝိုင္းထံမွ သိရသည္။

သၾကၤန္မတိုင္မီကာလတြင္ ျပည္တြင္းရွိ ကားေဈးကြက္၌ ကားအ ေရာင္းအဝယ္ေကာင္းခဲ့ရာ သၾကၤန္ၿပီးကာလမွစ၍ ေ႐ႊေဈးႏွင့္ ေဒၚလာေဈးမ်ားေၾကာင့္ ကားေဈးအနည္းငယ္တက္ခဲ့ၿပီး လက္ရွိတြင္ အေရာင္းအဝယ္ပုံမွန္ျဖစ္ေနေၾကာင္း သိရသည္။

“သၾကၤန္မတိုင္ခင္ေဈးထက္စာရင္ ရာခိုင္ႏႈန္း နည္းနည္းေလးေတာ့ တက္လာတာေပါ့။ အေရာင္းအဝယ္ကေတာ့ ပုံမွန္အတိုင္းပါပဲ။ ပုံမွန္ေလး အေရာင္းအဝယ္ျဖစ္ေနတဲ့ ဒီလိုအခ်ိန္ေလးကေတာ့ အေကာင္းဆုံးပါပဲ။ မႏွစ္ကလည္း ဒီလိုပဲတက္ပါတယ္။ ဧၿပီတစ္လလုံးမွာ ပုံမွန္အေရာင္းအဝယ္ထက္ က်ပ္သြားတာေတြ၊ လည္ပတ္မႈမရွိတာေတြ ရွိတယ္။ တစ္ႏိုင္ငံလုံးရဲ႕ လႈပ္လႈပ္ရွားရွားနဲ႔ အလုပ္ လုပ္ၾကတဲ့ လက ဇြန္လေလာက္ျဖစ္ေတာ့ ကားအေရာင္းအဝယ္က အဲဒီအခ်ိန္မွာစိပ္လာတယ္’’ ဟု ျမန္မာ့ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ဦးေက်ာ္စြာထြန္းျမင့္က NP News ကို ေျပာသည္။

လတ္တေလာကားေဈးကြက္တြင္ ‌ေငြက်ပ္ သိန္း (၅၀ဝ) မွစ၍ ေငြက်ပ္သိန္း(၁၀ဝဝ)အထိ ကားမ်ား အေရာင္းအဝယ္ပိုျဖစ္ေနၿပီး CBU ကား မ်ားသည္ အေရာင္းအဝယ္ပိုေကာင္းေနေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္း၌ ကားေဈးျမင့္တက္ျခင္းသည္ ေဒၚလာေဈးျမင့္တက္မႈႏွင့္ တိုက္႐ိုက္ အခ်ိဳးက်ေနၿပီး ကားအသစ္မ်ားေဈးျမင့္တက္လာျခင္းေၾကာင့္ ကားအေဟာင္းေဈးမ်ားလည္း ျမင့္ တက္လာေၾကာင္း သိရသည္။

“ေ႐ႊေဈးေၾကာင့္ ကားေဈးတက္တာလည္း အနည္းငယ္ေတာ့ရွိတယ္။ ေဒၚလာေဈးကေတာ့ တိုက္႐ိုက္အခ်ိဳးက်တာေပါ့။ ေဒၚလာေဈးတက္ရင္ေတာ့ ကားေဈးကေတာ့ အနည္းငယ္လိုက္တက္ ရ တာေပါ့။ SKD ပဲထုတ္ထုတ္ CBU ပဲသြင္းသြင္း EV ပဲသြင္းသြင္း တိုက္႐ိုက္အခ်ိဳးက်ေနတယ္။ ေဒၚလာ ေဈးျမင့္သြားေတာ့ လိုက္ၿပီးေတာ့ျမႇင့္ေနရတာေပါ့။ ကားအသစ္ေတြေဈးတက္သြားေတာ့ ကားအ ေဟာင္းေတြကလည္း အလိုလိုျမင့္သြားတယ္။ တိုက္႐ိုက္အခ်ိဳးက်တယ္ဆိုတာ အဲဒီလိုေပါ့။ ေဒၚလာ ေဈးတက္ရင္ ကားေဈးတက္သြားတယ္ဆိုတာေတာ့ ျမင္ေစခ်င္တာေပါ့။ ေ႐ႊေဈး၊ ေဒၚလာ ေဈးေပၚမွာ မူတည္ၿပီးေတာ့ ကားေဈးတက္မလား က်မလားဆိုတာကေတာ့ ေ႐ႊ၊ ေဒၚလာေဈး တက္လာသလို ကားေဈးကေတာ့ မတက္ရင္ေတာင္ က်ဖို႔မရွိဘူးလို႔ေျပာခ်င္ပါတယ္’’ဟု ဦးေက်ာ္စြာ ထြန္းျမင့္က ဆိုသည္။

ျပည္တြင္း၌ SKD ထုတ္လုပ္သည့္ စက္႐ုံေပါင္း ပ်မ္းမွ်(၁၀)႐ုံ ထက္မနည္းရွိၿပီး အဆိုပါ စက္႐ုံမ်ားအျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မထုတ္လုပ္သည့္ စက္႐ုံမ်ားလည္း ရွိေနေၾကာင္း သိရသည္။ လာမည့္ ၂၀၂၅ ခုႏွစ္ ေနာက္ပိုင္းမွစ၍ ျပည္ပမွ အၿပီးအစီး တပ္ဆင္ထုတ္လုပ္ၿပီး အသင့္ ေမာင္းရန္ ျမန္မာႏိုင္ငံသို႔ တင္သြင္းလာသည့္ CBU ကားမ်ား၏ အခြန္ႏႈန္းထားမ်ားကို ႏွစ္စဥ္တိုး ေကာက္မည့္ အေနအထားရွိေၾကာင္း ကားေလာက အသိုင္းအဝိုင္း၏သုံးသပ္မႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.