ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်ကို ယနေ့ခေတ် သတင်းဌာန အယ်ဒီတာချုပ်က ထိုင်းနိုင်ငံအထိသွား၍ တရားစွဲမည်ဟုဆို

 4191

NP News - မေ ၁၃

အခက်အခဲများကြား လုပ်ကိုင်နေရသည့် ပြည်တွင်းမီဒီယာ အားလုံးကို လုံးသုပ် ပြောကြားခဲ့သည့် ဧရာဝတီသတင်းဌာနအယ်ဒီတာချုပ် ဦးအောင်ဇော် ကို ယနေ့ခေတ်သတင်းဌာန အယ်ဒီတာချုပ် ဦးသက်ဇင်က ထိုင်းနိုင်ငံအထိ သွားရောက်တရားစွဲရန် ကနဦးစီစဉ်ထားကြောင်း စီစဉ်နေသူ ဦးသက်ဇင်က NP News ကို အတည်ပြုပြောကြားသည်။

မေလ ၃ရက်တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အတွက် VOA သတင်း ဌာနက တင်ဆက်သော အစီအစဉ်တစ်ခုတွင် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော် က မြန်မာနိုင်ငံအတွင်း ကျန်ရစ်ခဲ့သော မီဒီယာများမှာ တပ်မတော်ထောက်ခံသည့် မီဒီယာ၊ တပ်မ တော်က ထောက်ပံ့သည့် မီဒီယာ၊ တပ်မတော်ကမွေးထားသည့် မီဒီယာနှင့် ခရိုနီက မွေးထားသော မီဒီယာများသာဖြစ်သည်ဟု ပြောကြားချက်နှင့်ပတ် သက်၍ အသရေဖျက်မှုဖြင့်တရားစွဲရန်စီစဉ်ထားခြင်းဖြစ်သည်။

“ပြည်တွင်းမှာလုပ်တဲ့ စာနယ်ဇင်းသမား တစ်ယောက်မှမပါဘဲနဲ့ Exile မီဒီယာ သုံးခုကနေ စကားဝိုင်း ဆွေးနွေးပွဲ လုပ်တယ်။ ပြဿနာမရှိဘူး။ သူတို့လုပ်လို့ရပါတယ်။ လုပ်ကြပေါ့။ ဒါပေမဲ့ ပြဿနာက စကားဝိုင်းဆွေးနွေးပွဲ စစချင်းမှာ တကယ်ပြောရမှာက ပြည်တွင်းမှာ ရှိနေတဲ့ လူတွေက စာနယ် ဇင်း လွတ်လပ်ခွင့်ကို တကယ်ပိတ်ပင်ထားတာ မဟုတ်ရင်တောင်မှ စာပေစိစစ်ရေးတော့ မရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ ထောင်နှုတ်ခမ်း လမ်းလျှောက်နေရတယ်။ ဘယ်လိုရေးလိုက်ရင် ဘာဖြစ်သွား မလဲ၊ ဘယ်လို အကြောင်းအရာ ရေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ Self censor လုပ်ရတယ်။ အမြဲတမ်း စဉ်းစားရတယ်၊ အမြဲတမ်းကြည့်ရတယ်၊ ထိန်းကျောင်းရတယ် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကျွန်တော်တို့အသိဆုံး။ သူတို့က ဆဲချင်တာ ဆဲလို့ရတယ်။ ရေးချင်တာရေးလို့ရတယ်။ အကုန်လုပ်လို့ ရတယ်။ ဘဏ္ဍာရေး ထောက်ပံ့မယ့်သူ အပြည့်ရှိတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ လုပ်နေကိုင်နေတဲ့ လူတွေအကုန်လုံးကို တံဆိပ်ကပ်လိုက်တယ်။ သူတို့မှ ဒုက္ခရောက်တယ်။ သူတို့မှ စာနယ်ဇင်းလွတ်လပ် ခွင့်ကို ဆုံးရှုံးနေပါတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ နိုင်ငံကတကာကို ပြောချင်တာပေါ့ဗျာ။ Donor တွေကို ပိုက်ဆံ တောင်းချင်တာပေါ့။ မျက်ရည်ခံထိုးတာပေါ့”ဟု ဦးသက်ဇင်က ဆိုသည်။

ယခုကဲ့သို့ပြောခြင်းမှာ အချက်အလက်မပါဘဲ ဝါးလုံးချေးသုတ်ရမ်းခြင်း ဖြစ်ကြောင်း၊ လက်ရှိ အစိုးရက စောင့်ကြည့်နေသည့်အပြင် ပြည်သူကလည်း စောင့်ကြည့်နေသည့် အနေအထားတွင် လုပ်ကိုင်နေရခြင်းဖြစ်သည့် အတွက် ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေခြင်းဖြစ်ကြောင်း ဦးသက်ဇင်က ဆိုသည်။

“ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကာကွယ်မှရမယ်။ မဟုတ်ရင် နေရင်းထိုင်ရင်းနဲ့ကို သမိုင်းမှာ တံဆိပ်ကပ်ခံရတော့မယ်။ မဟုတ်လည်း မဟုတ်ဘူး။ အသရေဖျက်တာပဲ။ ထိုင်းမှာ ဘာလုပ်လို့ ရနိုင်မလဲ၊ သူတို့ကို တရားစွဲဖို့အတွက် ထိုင်းမှာရှိတဲ့ မိတ်ဆွေတွေကတစ်ဆင့် ရှေ့နေတွေကတစ်ဆင့် ချဉ်းကပ်မယ်။ ထိုင်းမှာ တရားစွဲလို့နိုင်လား။ သူပြောထားတာတွေကလည်း VOA က မဖြုတ်ချမချင်း သက်သေအနေနဲ့ ရှိနေမှာပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တရားစွဲမည့်ကိစ္စနှင့်ပတ်သက်၍ ကြိုက်သူနှင့် မကြိုက်သူများရှိနိုင်သော်လည်း လူမှု ကွန်ရက်တွင် တရားစွဲမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ပို့စ်တင်သည့်အခါ မီဒီယာလောကမှ စိတ်ဝင်စားမှုရှိနေကာ ပူးပေါင်းပါဝင်သူမရှိပါက တစ်ဦးတည်းလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိရပ်တည်နေရသည့် အခြေအ နေကို ကာကွယ်ခြင်း ဖြစ်သည့်အတွက် စိတ်ဝင်စားပါက ပြည်သူများကိုလည်း အကူအညီတောင်းခံရန် စီစဉ်ထားကြောင်း ဦးအောင်ဇော် လုပ်ခဲ့သည့်အကြောင်းအရာများနှင့်ပတ်သက်၍ သတင်းပေးမှုများ ရရှိနေကြောင်းလည်း ဦးသက်ဇင်က ဆိုသည်။

“မြန်မာပြည်ထဲမှာလည်း ဖျက်သိမ်းခံထားရတဲ့ မီဒီယာဖြစ်တယ်။ နောက်တစ်ခုကလည်း သူ ကိုယ်တိုင်လည်း မြန်မာနိုင်ငံသား မဟုတ်ဖို့များတယ်။ သူ့မီဒီယာကလည်း ဒီမှာမှတ်ပုံတင်ထားတာ မဟုတ်တဲ့အတွက် ဒီနိုင်ငံဥပဒေနဲ့ တရားစွဲရင် လုပ်ရကိုင်ရခက်မယ်။ သူကထိုင်းမှာ မှတ်ပုံတင် ထားတယ်။ ထိုင်းနိုင်ငံသား ဖြစ်မယ်ဆိုရင် တရားစွဲတာရင်မဆိုင်ရဲရင် ထိုင်းက ထွက်သွားမှရမယ်။ မဟုတ်ရင်တော့ ထိုင်းမှာ ရင်ဆိုင်ရမှာပေါ့။ ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ တရားစွဲတာတော့ စွဲမှာ။ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေက ကျွန်တော်နဲ့ပူးပေါင်းပြီး လုပ်ကြမလား။ ကျွန်တော် နာမည်ခံမယ်။ နောက်ကနေ Supporting လုပ်ကြမလား။ ဘယ်သူတွေက လုပ်ပေးမလဲပေါ့” ဟု ၎င်းက ဆိုသည်။

မာနနှင့်သိက္ခာကို ထိပါးသည့်အတွက်သာ လုပ်ဆောင်မည်ဟု ပြောခြင်းဖြစ်ပြီး တရားစွဲဆိုရန် အတွက် အခက်အခဲများစွာရှိနိုင်ကြောင်းနှင့် ဦးသက်ဇင်၏ သဘောထားနှင့်အတူတူပင်ဖြစ်ကြောင်း VOM သတင်းဌာနမှ အယ်ဒီတာချုပ် ဦးနေမျိုးလင်းက ဆိုသည်။

“တကယ်ကို စိတ်သန့်သန့်နဲ့ ပြောနေတာပဲ ဖြစ်မယ်။ အဓိကတော့ ပြည်တွင်းမီဒီယာတွေက ပုံမှန်လည်ပတ်ဖို့တောင် အင်အားတွေကတော်တော်ကိုရှိသမျှ အင်အားတွေ ဖျစ်ညှစ်ပြီးတော့ ရုန်းနေရ တာပေါ့ဗျာ။ သူတော်တော်ကြီး ဒေါသဖြစ်ပြီး မခံချင်စိတ်နဲ့ တခြားလူတွေရဲ့အကူအညီတွေရရင်တော့ စွဲ ကောင်းစွဲနိုင်ပါလိမ့်မယ်၊ အခက်အခဲတွေတော့ အများကြီးရှိဦးမှာပါ” ဟု ၎င်းက ဆိုသည်။

ဦးအောင်ဇော် ပြောကြားထားသည့်အထဲတွင် Independent ဆိုသည့် စကားလုံးလည်း ပါဝင်ခဲ့ရာ အဆိုပါ အကြောင်းကို ဝေဖန်မည်ဆိုပါက ဧရာဝတီသတင်းဌာနကို မည်သည့်ဝင်ငွေဖြင့် ရပ်တည်နေ သနည်းဆိုသော အချက်ကို မေးမြန်းရမည်ဖြစ်ကြောင်း Eleven Media Group မှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက ပြောသည်။

“ကျွန်တော်က ကိုအောင်ဇော်နဲ့ ခင်မင်ရင်းနှီးမှုလည်းမရှိဘူး၊ ဆုံလည်းမဆုံဖူးဘူး။ ကိုသက် ဇင်တို့၊ ကိုမင်းဇင်တို့ဆိုတာ သူ့အကြောင်း တော်တော်ရင်းရင်းနှီးနှီးသိတဲ့သူတွေဆိုတာတော့ ကျွန်တော် သိထားတယ်။ ကိုသက်ဇင်ရေးတဲ့အခါ ခရိုနီတွေနဲ့ ပတ်သက်ပြီးတော့ ကိုအောင်ဇော်ရဲ့အကြောင်း ပြော ထားတာတွေမှာ ၁၀ဝ ရာခိုင်နှုန်းမဟုတ်ရင်တောင် အဲဒီနီးပါး မှန်တယ်လို့ ကျွန်တော်သိထားတဲ့အချက် အလက်အရမြင်တယ်။ ကိုအောင်ဇော်နဲ့ပတ်သက်ရင်ဗျာ ထိပ်တန်းဘဏ်သူဌေးတွေရှိတယ်ဗျာ။ အထူးသဖြင့် ထိပ်တန်းဘဏ်လေးခုက ဘဏ်သူဌေးတွေနဲ့ ကိုအောင်ဇော် ပတ်သက်မှုရှိခဲ့သလား၊ သူတို့ဆီက အထောက်အပံ့တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ရဖူးသလား အဲဒီသူဌေးတွေကို အင်တာဗျူးလိုက်ရင် သိရ မယ်ဗျာ။ ဒါကြောင့် ကိုအောင်ဇော်အနေနဲ့ Independent အကြောင်းပြောမယ် ဒါနဲ့ပတ်သက်လို့ ဝေဖန်မယ်ဆိုရင် သူတို့ Irrawaddy သတင်းဌာနက ဘယ်ကရတဲ့ဝင်ငွေနဲ့ ရပ်တည်သလဲ အရင်ဖြေရ လိမ့်မယ်။ ကျွန်တော်တို့ Eleven ဆိုလည်း နှစ်ပေါင်း ၂၅ နှစ် ဝန်းကျင်ထဲ ရောက်လာတဲ့အချိန် ကျွန်တော် တို့ ဝင်ငွေကို အများပြည်သူကို ပြောလို့ရတယ်။ ကိုအောင်ဇော်တို့ ဧရာဝတီဆိုလည်း အဲဒီလို ပြောနိုင် လား၊ သူတို့ ပြောမလား။ အဲဒီလိုပြောနိုင်မှ Independent ဆိုတာ ဖြစ်မယ်။ Independent ဖြစ်ဖို့ဆိုရင် အမှီအခိုကင်းရတယ်။ အစိုးရတစ်ရပ်ရပ် အဖွဲ့အစည်းတစ်ရပ်ရပ်၊ လူပုဂ္ဂိုလ်တစ်ဦးဦးစတဲ့ ဘယ်က ဖြစ်ဖြစ် ဘဏ္ဍာရေး အမှီအခို ယူထားမိရင်တော့ ဘယ်လိုမှ Independent ဖြစ်မှာ မဟုတ်ဘူး။ ဝေဖန် လို့ရတယ်။ ကိုအောင်ဇော်ကို မေးချင်တာက ကျွန်တော်တို့လို ကိုယ့်ရဲ့ဝင်ငွေကို အမှန်အတိုင်း အများ ပြည်သူကို ချပြနိုင်သလား အရင်ဖြေဖို့လိုမယ်”ဟု ၎င်းက မေးခွန်းထုတ် ပြောကြားသည်။

ယခုနှစ် မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း မြန်မာနိုင်ငံပြည်ပတွင် အခြေစိုက်ကာ မြန်မာနိုင်ငံ အကြောင်းရေးသားနေသော မီဒီယာ ၈ ခုကို လေ့လာထားသည့် ဆန်းစစ်ချက်တစ်ခုအရ ဧရာဝတီသတင်းဌာနသည် အဆိုပါကာလအတွင်း သတင်းလွှင့်တင်ဖော်ပြမှု ၆၂၀ ပုဒ်ရှိရာတွင် အချက် အလက် မမှန်သည့် သတင်းဖော်ပြမှုမှာ ၃၆ ရာခိုင်နှုန်း အထိရှိကာ ခေတ်သစ်သတင်းဌာနထက် ၁ ရာခိုင်နှုန်း များ၍ အမြင့်ဆုံးဖြစ်ခဲ့ပြီး ပဋိပက္ခကို အားပေး၊ လှုံ့ဆော်သည့် သတင်းရေးသားမှု ၂၆ ရာခိုင်နှုန်း ရှိကာ NUG^PDF နှင့် သက်ဆိုင်သော သတင်းဖော်ပြမှု ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။

zawgyi version
ဧရာဝတီသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေအာင္ေဇာ္ကို ယေန႔ေခတ္ သတင္းဌာန အယ္ဒီတာခ်ဳပ္က ထိုင္းႏိုင္ငံအထိသြား၍ တရားစြဲမည္ဟုဆို
NP News - ေမ ၁၃

အခက္အခဲမ်ားၾကား လုပ္ကိုင္ေနရသည့္ ျပည္တြင္းမီဒီယာ အားလုံးကို လုံးသုပ္ ေျပာၾကားခဲ့သည့္ ဧရာဝတီသတင္းဌာနအယ္ဒီတာခ်ဳပ္ ဦးေအာင္ေဇာ္ ကို ယေန႔ေခတ္သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးသက္ဇင္က ထိုင္းႏိုင္ငံအထိ သြားေရာက္တရားစြဲရန္ ကနဦးစီစဥ္ထားေၾကာင္း စီစဥ္ေနသူ ဦးသက္ဇင္က NP News ကို အတည္ျပဳေျပာၾကားသည္။

ေမလ ၃ရက္တြင္ က်ေရာက္ေသာ ကမာၻ႔စာနယ္ဇင္း လြတ္လပ္ခြင့္ေန႔အတြက္ VOA သတင္း ဌာနက တင္ဆက္ေသာ အစီအစဥ္တစ္ခုတြင္ ဧရာဝတီသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေအာင္ေဇာ္ က ျမန္မာႏိုင္ငံအတြင္း က်န္ရစ္ခဲ့ေသာ မီဒီယာမ်ားမွာ တပ္မေတာ္ေထာက္ခံသည့္ မီဒီယာ၊ တပ္မ ေတာ္က ေထာက္ပံ့သည့္ မီဒီယာ၊ တပ္မေတာ္ကေမြးထားသည့္ မီဒီယာႏွင့္ ခ႐ိုနီက ေမြးထားေသာ မီဒီယာမ်ားသာျဖစ္သည္ဟု ေျပာၾကားခ်က္ႏွင့္ပတ္ သက္၍ အသေရဖ်က္မႈျဖင့္တရားစြဲရန္စီစဥ္ထားျခင္းျဖစ္သည္။

“ျပည္တြင္းမွာလုပ္တဲ့ စာနယ္ဇင္းသမား တစ္ေယာက္မွမပါဘဲနဲ႔ Exile မီဒီယာ သုံးခုကေန စကားဝိုင္း ေဆြးေႏြးပြဲ လုပ္တယ္။ ျပႆနာမရွိဘူး။ သူတို႔လုပ္လို႔ရပါတယ္။ လုပ္ၾကေပါ့။ ဒါေပမဲ့ ျပႆနာက စကားဝိုင္းေဆြးေႏြးပြဲ စစခ်င္းမွာ တကယ္ေျပာရမွာက ျပည္တြင္းမွာ ရွိေနတဲ့ လူေတြက စာနယ္ ဇင္း လြတ္လပ္ခြင့္ကို တကယ္ပိတ္ပင္ထားတာ မဟုတ္ရင္ေတာင္မွ စာေပစိစစ္ေရးေတာ့ မရွိဘူးေပါ့ဗ်ာ။ ဒါေပမဲ့ ေထာင္ႏႈတ္ခမ္း လမ္းေလွ်ာက္ေနရတယ္။ ဘယ္လိုေရးလိုက္ရင္ ဘာျဖစ္သြား မလဲ၊ ဘယ္လို အေၾကာင္းအရာ ေရးလိုက္ရင္ ဘယ္လိုျဖစ္သြားမလဲဆိုတာ Self censor လုပ္ရတယ္။ အၿမဲတမ္း စဥ္းစားရတယ္၊ အၿမဲတမ္းၾကည့္ရတယ္၊ ထိန္းေက်ာင္းရတယ္ စာနယ္ဇင္းလြတ္လပ္ခြင့္နဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္တို႔အသိဆုံး။ သူတို႔က ဆဲခ်င္တာ ဆဲလို႔ရတယ္။ ေရးခ်င္တာေရးလို႔ရတယ္။ အကုန္လုပ္လို႔ ရတယ္။ ဘ႑ာေရး ေထာက္ပံ့မယ့္သူ အျပည့္ရွိတယ္။ ကြၽန္ေတာ္တို႔ ျပည္တြင္းမွာ လုပ္ေနကိုင္ေနတဲ့ လူေတြအကုန္လုံးကို တံဆိပ္ကပ္လိုက္တယ္။ သူတို႔မွ ဒုကၡေရာက္တယ္။ သူတို႔မွ စာနယ္ဇင္းလြတ္လပ္ ခြင့္ကို ဆုံးရႈံးေနပါတယ္ ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ႏိုင္ငံကတကာကို ေျပာခ်င္တာေပါ့ဗ်ာ။ Donor ေတြကို ပိုက္ဆံ ေတာင္းခ်င္တာေပါ့။ မ်က္ရည္ခံထိုးတာေပါ့”ဟု ဦးသက္ဇင္က ဆိုသည္။

ယခုကဲ့သို႔ေျပာျခင္းမွာ အခ်က္အလက္မပါဘဲ ဝါးလုံးေခ်းသုတ္ရမ္းျခင္း ျဖစ္ေၾကာင္း၊ လက္ရွိ အစိုးရက ေစာင့္ၾကည့္ေနသည့္အျပင္ ျပည္သူကလည္း ေစာင့္ၾကည့္ေနသည့္ အေနအထားတြင္ လုပ္ကိုင္ေနရျခင္းျဖစ္သည့္ အတြက္ ဂုဏ္သိကၡာကိုလည္း ထိခိုက္ေစျခင္းျဖစ္ေၾကာင္း ဦးသက္ဇင္က ဆိုသည္။

“ကြၽန္ေတာ္တို႔ကိုယ္ ကြၽန္ေတာ္တို႔ ကာကြယ္မွရမယ္။ မဟုတ္ရင္ ေနရင္းထိုင္ရင္းနဲ႔ကို သမိုင္းမွာ တံဆိပ္ကပ္ခံရေတာ့မယ္။ မဟုတ္လည္း မဟုတ္ဘူး။ အသေရဖ်က္တာပဲ။ ထိုင္းမွာ ဘာလုပ္လို႔ ရႏိုင္မလဲ၊ သူတို႔ကို တရားစြဲဖို႔အတြက္ ထိုင္းမွာရွိတဲ့ မိတ္ေဆြေတြကတစ္ဆင့္ ေရွ႕ေနေတြကတစ္ဆင့္ ခ်ဥ္းကပ္မယ္။ ထိုင္းမွာ တရားစြဲလို႔ႏိုင္လား။ သူေျပာထားတာေတြကလည္း VOA က မျဖဳတ္ခ်မခ်င္း သက္ေသအေနနဲ႔ ရွိေနမွာပဲ” ဟု ၎က ဆိုသည္။

အဆိုပါ တရားစြဲမည့္ကိစၥႏွင့္ပတ္သက္၍ ႀကိဳက္သူႏွင့္ မႀကိဳက္သူမ်ားရွိႏိုင္ေသာ္လည္း လူမႈ ကြန္ရက္တြင္ တရားစြဲမည္ဟု ေဖ့စ္ဘြတ္ခ္တြင္ ပို႔စ္တင္သည့္အခါ မီဒီယာေလာကမွ စိတ္ဝင္စားမႈရွိေနကာ ပူးေပါင္းပါဝင္သူမရွိပါက တစ္ဦးတည္းလုပ္မည္ျဖစ္ေၾကာင္း၊ လက္ရွိရပ္တည္ေနရသည့္ အေျခအ ေနကို ကာကြယ္ျခင္း ျဖစ္သည့္အတြက္ စိတ္ဝင္စားပါက ျပည္သူမ်ားကိုလည္း အကူအညီေတာင္းခံရန္ စီစဥ္ထားေၾကာင္း ဦးေအာင္ေဇာ္ လုပ္ခဲ့သည့္အေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ သတင္းေပးမႈမ်ား ရရွိေနေၾကာင္းလည္း ဦးသက္ဇင္က ဆိုသည္။

“ျမန္မာျပည္ထဲမွာလည္း ဖ်က္သိမ္းခံထားရတဲ့ မီဒီယာျဖစ္တယ္။ ေနာက္တစ္ခုကလည္း သူ ကိုယ္တိုင္လည္း ျမန္မာႏိုင္ငံသား မဟုတ္ဖို႔မ်ားတယ္။ သူ႔မီဒီယာကလည္း ဒီမွာမွတ္ပုံတင္ထားတာ မဟုတ္တဲ့အတြက္ ဒီႏိုင္ငံဥပေဒနဲ႔ တရားစြဲရင္ လုပ္ရကိုင္ရခက္မယ္။ သူကထိုင္းမွာ မွတ္ပုံတင္ ထားတယ္။ ထိုင္းႏိုင္ငံသား ျဖစ္မယ္ဆိုရင္ တရားစြဲတာရင္မဆိုင္ရဲရင္ ထိုင္းက ထြက္သြားမွရမယ္။ မဟုတ္ရင္ေတာ့ ထိုင္းမွာ ရင္ဆိုင္ရမွာေပါ့။ ဆုံးျဖတ္ခ်က္ေတာ့ မခ်ရေသးဘူး။ တရားစြဲတာေတာ့ စြဲမွာ။ ျပည္တြင္းမွာရွိတဲ့ မီဒီယာေတြက ကြၽန္ေတာ္နဲ႔ပူးေပါင္းၿပီး လုပ္ၾကမလား။ ကြၽန္ေတာ္ နာမည္ခံမယ္။ ေနာက္ကေန Supporting လုပ္ၾကမလား။ ဘယ္သူေတြက လုပ္ေပးမလဲေပါ့” ဟု ၎က ဆိုသည္။

မာနႏွင့္သိကၡာကို ထိပါးသည့္အတြက္သာ လုပ္ေဆာင္မည္ဟု ေျပာျခင္းျဖစ္ၿပီး တရားစြဲဆိုရန္ အတြက္ အခက္အခဲမ်ားစြာရွိႏိုင္ေၾကာင္းႏွင့္ ဦးသက္ဇင္၏ သေဘာထားႏွင့္အတူတူပင္ျဖစ္ေၾကာင္း VOM သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ ဦးေနမ်ိဳးလင္းက ဆိုသည္။

“တကယ္ကို စိတ္သန႔္သန႔္နဲ႔ ေျပာေနတာပဲ ျဖစ္မယ္။ အဓိကေတာ့ ျပည္တြင္းမီဒီယာေတြက ပုံမွန္လည္ပတ္ဖို႔ေတာင္ အင္အားေတြကေတာ္ေတာ္ကိုရွိသမွ် အင္အားေတြ ဖ်စ္ညႇစ္ၿပီးေတာ့ ႐ုန္းေနရ တာေပါ့ဗ်ာ။ သူေတာ္ေတာ္ႀကီး ေဒါသျဖစ္ၿပီး မခံခ်င္စိတ္နဲ႔ တျခားလူေတြရဲ႕အကူအညီေတြရရင္ေတာ့ စြဲ ေကာင္းစြဲႏိုင္ပါလိမ့္မယ္၊ အခက္အခဲေတြေတာ့ အမ်ားႀကီးရွိဦးမွာပါ” ဟု ၎က ဆိုသည္။

ဦးေအာင္ေဇာ္ ေျပာၾကားထားသည့္အထဲတြင္ Independent ဆိုသည့္ စကားလုံးလည္း ပါဝင္ခဲ့ရာ အဆိုပါ အေၾကာင္းကို ေဝဖန္မည္ဆိုပါက ဧရာဝတီသတင္းဌာနကို မည္သည့္ဝင္ေငြျဖင့္ ရပ္တည္ေန သနည္းဆိုေသာ အခ်က္ကို ေမးျမန္းရမည္ျဖစ္ေၾကာင္း Eleven Media Group မွ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇာလင္းက ေျပာသည္။

“ကြၽန္ေတာ္က ကိုေအာင္ေဇာ္နဲ႔ ခင္မင္ရင္းႏွီးမႈလည္းမရွိဘူး၊ ဆုံလည္းမဆုံဖူးဘူး။ ကိုသက္ ဇင္တို႔၊ ကိုမင္းဇင္တို႔ဆိုတာ သူ႔အေၾကာင္း ေတာ္ေတာ္ရင္းရင္းႏွီးႏွီးသိတဲ့သူေတြဆိုတာေတာ့ ကြၽန္ေတာ္ သိထားတယ္။ ကိုသက္ဇင္ေရးတဲ့အခါ ခ႐ိုနီေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကိုေအာင္ေဇာ္ရဲ႕အေၾကာင္း ေျပာ ထားတာေတြမွာ ၁၀ဝ ရာခိုင္ႏႈန္းမဟုတ္ရင္ေတာင္ အဲဒီနီးပါး မွန္တယ္လို႔ ကြၽန္ေတာ္သိထားတဲ့အခ်က္ အလက္အရျမင္တယ္။ ကိုေအာင္ေဇာ္နဲ႔ပတ္သက္ရင္ဗ်ာ ထိပ္တန္းဘဏ္သူေဌးေတြရွိတယ္ဗ်ာ။ အထူးသျဖင့္ ထိပ္တန္းဘဏ္ေလးခုက ဘဏ္သူေဌးေတြနဲ႔ ကိုေအာင္ေဇာ္ ပတ္သက္မႈရွိခဲ့သလား၊ သူတို႔ဆီက အေထာက္အပံ့တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ရဖူးသလား အဲဒီသူေဌးေတြကို အင္တာဗ်ဴးလိုက္ရင္ သိရ မယ္ဗ်ာ။ ဒါေၾကာင့္ ကိုေအာင္ေဇာ္အေနနဲ႔ Independent အေၾကာင္းေျပာမယ္ ဒါနဲ႔ပတ္သက္လို႔ ေဝဖန္မယ္ဆိုရင္ သူတို႔ Irrawaddy သတင္းဌာနက ဘယ္ကရတဲ့ဝင္ေငြနဲ႔ ရပ္တည္သလဲ အရင္ေျဖရ လိမ့္မယ္။ ကြၽန္ေတာ္တို႔ Eleven ဆိုလည္း ႏွစ္ေပါင္း ၂၅ ႏွစ္ ဝန္းက်င္ထဲ ေရာက္လာတဲ့အခ်ိန္ ကြၽန္ေတာ္ တို႔ ဝင္ေငြကို အမ်ားျပည္သူကို ေျပာလို႔ရတယ္။ ကိုေအာင္ေဇာ္တို႔ ဧရာဝတီဆိုလည္း အဲဒီလို ေျပာႏိုင္ လား၊ သူတို႔ ေျပာမလား။ အဲဒီလိုေျပာႏိုင္မွ Independent ဆိုတာ ျဖစ္မယ္။ Independent ျဖစ္ဖို႔ဆိုရင္ အမွီအခိုကင္းရတယ္။ အစိုးရတစ္ရပ္ရပ္ အဖြဲ႕အစည္းတစ္ရပ္ရပ္၊ လူပုဂၢိဳလ္တစ္ဦးဦးစတဲ့ ဘယ္က ျဖစ္ျဖစ္ ဘ႑ာေရး အမွီအခို ယူထားမိရင္ေတာ့ ဘယ္လိုမွ Independent ျဖစ္မွာ မဟုတ္ဘူး။ ေဝဖန္ လို႔ရတယ္။ ကိုေအာင္ေဇာ္ကို ေမးခ်င္တာက ကြၽန္ေတာ္တို႔လို ကိုယ့္ရဲ႕ဝင္ေငြကို အမွန္အတိုင္း အမ်ား ျပည္သူကို ခ်ျပႏိုင္သလား အရင္ေျဖဖို႔လိုမယ္”ဟု ၎က ေမးခြန္းထုတ္ ေျပာၾကားသည္။

ယခုႏွစ္ မတ္လ ၂၁ ရက္မွ ဧၿပီလ ၂၀ ရက္အတြင္း ျမန္မာႏိုင္ငံျပည္ပတြင္ အေျခစိုက္ကာ ျမန္မာႏိုင္ငံ အေၾကာင္းေရးသားေနေသာ မီဒီယာ ၈ ခုကို ေလ့လာထားသည့္ ဆန္းစစ္ခ်က္တစ္ခုအရ ဧရာဝတီသတင္းဌာနသည္ အဆိုပါကာလအတြင္း သတင္းလႊင့္တင္ေဖာ္ျပမႈ ၆၂၀ ပုဒ္ရွိရာတြင္ အခ်က္ အလက္ မမွန္သည့္ သတင္းေဖာ္ျပမႈမွာ ၃၆ ရာခိုင္ႏႈန္း အထိရွိကာ ေခတ္သစ္သတင္းဌာနထက္ ၁ ရာခိုင္ႏႈန္း မ်ား၍ အျမင့္ဆုံးျဖစ္ခဲ့ၿပီး ပဋိပကၡကို အားေပး၊ လႈံ႕ေဆာ္သည့္ သတင္းေရးသားမႈ ၂၆ ရာခိုင္ႏႈန္း ရွိကာ NUG^PDF ႏွင့္ သက္ဆိုင္ေသာ သတင္းေဖာ္ျပမႈ ၂၅ ရာခိုင္ႏႈန္းရွိခဲ့သည္။

Picture

Blood Black

21/05/2024 17:30

👍👍👍

Related news

© 2021. All rights reserved.