အင်းတကော်မြို့တွင် တွဲကား နှင့် HIJET ကားတို့တိုက်မိခဲ့ရာ မိသားစုဝင် (၃)ဦး ပွဲချင်းပြီးသေဆုံး

 1797

သန့်ဇင် (NP News) - မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့တွင် တွဲကားနှင့် HIJET ကားတို့တိုက်မိခဲ့ရာ မိသားစုဝင်(၃)ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(မေလ ၁၂ ရက်) မွန်းလွဲပိုင်းအချိန်ခန့်က အင်းတကော်မြို့နယ်၊ ဘူးလယ်အင်းကျေးရွာအနီး ဆယ်မိုင်ကုန်းအဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခွေးဘီလူးလေးက ရန်ကုန်ဘက်ကနေ ပဲခူးဘက်ကိုလာတာ။ တွဲကားက တော့ ပဲခူးကိုရန်ကုန်ဘက်ကိုအသွားပေါ့။ အဲဒီမှာ ခွေးဘီလူးက အရှိန်လွန်ပြီး လမ်းလယ်က ကျွန်းကိုဝင်တိုက်ပြီး တစ်ဖက်ကားလမ်းကိုရောက်သွားတော့ ရန်ကုန်ဘက်သွားတဲ့ တွဲကားကထပ်တိုက်မိတာ”ဟု မေတ္တာရွှေစင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် HIJET ကားပေါ်တွင်လိုက်ပါလာသည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးအပြင် အသက် (၂၀)ကျော် အမျိုးသမီးတစ်ဦးတို့သည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ခွေးဘီလူးက မိသားစု(၃)ယောက်လုံးသေတယ်။ အကုန်လုံး အုတ်ဇတ်ပွင့်သွားတာ။ အဲဒီနေရာက ခဏခဏဖြစ်လေ့ရှိတဲ့နေရာပေါ့။ ဖြစ်ရင်လည်း အသက်ဆုံးရှုံးတဲ့ထိဖြစ်တာတွေရှိတယ်။ အဲဒါကြောင့် အဲဒီနေရာရောက်ရင် ဂရုစိုက်မောင်းစေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းတေကာ္ၿမိဳ႕တြင္ တြဲကား ႏွင့္ HIJET ကားတို႔တိုက္မိခဲ့ရာ မိသားစုဝင္ (၃)ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ေမ ၁၃

ပဲခူးတိုင္းေဒသႀကီး၊ အင္းတေကာ္ၿမိဳ႕တြင္ တြဲကားႏွင့္ HIJET ကားတို႔တိုက္မိခဲ့ရာ မိသားစုဝင္(၃)ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေ႐ႊေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ေမလ ၁၂ ရက္) မြန္းလြဲပိုင္းအခ်ိန္ခန႔္က အင္းတေကာ္ၿမိဳ႕နယ္၊ ဘူးလယ္အင္းေက်း႐ြာအနီး ဆယ္မိုင္ကုန္းအဆင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေခြးဘီလူးေလးက ရန္ကုန္ဘက္ကေန ပဲခူးဘက္ကိုလာတာ။ တြဲကားက ေတာ့ ပဲခူးကိုရန္ကုန္ဘက္ကိုအသြားေပါ့။ အဲဒီမွာ ေခြးဘီလူးက အရွိန္လြန္ၿပီး လမ္းလယ္က ကြၽန္းကိုဝင္တိုက္ၿပီး တစ္ဖက္ကားလမ္းကိုေရာက္သြားေတာ့ ရန္ကုန္ဘက္သြားတဲ့ တြဲကားကထပ္တိုက္မိတာ”ဟု ေမတၱာေ႐ႊစင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ HIJET ကားေပၚတြင္လိုက္ပါလာသည့္ အသက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦးအျပင္ အသက္ (၂၀)ေက်ာ္ အမ်ိဳးသမီးတစ္ဦးတို႔သည္ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေခြးဘီလူးက မိသားစု(၃)ေယာက္လုံးေသတယ္။ အကုန္လုံး အုတ္ဇတ္ပြင့္သြားတာ။ အဲဒီေနရာက ခဏခဏျဖစ္ေလ့ရွိတဲ့ေနရာေပါ့။ ျဖစ္ရင္လည္း အသက္ဆုံးရႈံးတဲ့ထိျဖစ္တာေတြရွိတယ္။ အဲဒါေၾကာင့္ အဲဒီေနရာေရာက္ရင္ ဂ႐ုစိုက္ေမာင္းေစခ်င္တယ္” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းကို လူမႈကူညီေရးအသင္းမ်ားက ပဲခူးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.