စစ်ပွဲရှောင်များကြောင့် ရန်ကုန်အိမ်ငှားဈေးကွက်၌ ကျပ် (၁၀)သိန်းအောက် တိုက်ခန်းများ အငှားပိုဖြစ်နေ

 3467

ယွန်း (NP News) - မေ ၁၄

အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် အေးစက်နေသော်လည်း စစ်ပွဲရှောင်များကြောင့် တိုက်ခန်းအငှားဈေးကွက်၌ ‌ငွေကျပ် (၂)သိန်းနှင့် (၁၀) သိန်းကြားရှိ တိုက်ခန်းများ အငှားပိုဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) MRESA ဥက္ကဋ္ဌက NP News ကိုပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ငြိမ်နေခဲ့ရာ လတ်တလောကာလတွင် ဒဂုံတောင်(ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်)၊ ဒဂုံမြောက်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့၌ အရောင်းအဝယ်ဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။

အိမ်ခြံမြေအရောင်းအဝယ်ငြိမ်နေသော်လည်း တစ်ဖက်ရှိ တိုက်ခန်းအငှားဈေးကွက်၌ ပုံမှန်အတိုင်း အငှားဖြစ်နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) MRESA ဥက္ကဋ္ဌက ဆိုသည်။

“အရောင်းအဝယ်ငြိမ်နေတယ်။ လွန်ခဲ့တဲ့သုံးလလောက်က ဈေးနှုန်းထက်ကို ဈေးအေးနေတယ်လို့ ပြောရမှာပေါ့။ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်းလိုမျိုး မြို့သစ်တွေမှာ ဈေးတွေကျနေတယ်။ အငှားဈေးကွက်ကလည်း တိုက်ခန်းတွေ၊ ကွန်ဒိုတွေကတော့ ပုံမှန်အတိုင်း အငှားတွေဖြစ်နေတယ်။ ဒါပေမဲ့ အင်းလျားလမ်းကလိုမျိုး လုံးချင်းတွေကတော့ ပိတ်ထားတာတွေ တော်တော်လေးများတယ်။ အဲဒါတွေက ဈေးနှုန်းလည်းကျတယ်။ အငှားလည်း နည်းနည်းပါးတယ်။ အိမ်ခြံမြေဈေးငြိမ်သွားတာက သင်္ကြန်မကျခင် မတ်လဆန်းလောက်ကတည်းက ငြိမ်သွားတာ။ အရောင်းအဝယ်လည်း ငြိမ်သွားတယ်။ အငှားဈေးကွက်ကတော့ ဈေးကျသွားတယ်လည်းမဟုတ်ဘူး။ တက်သွားတယ်လည်း မဟုတ်ဘူး။ ပုံမှန်အတိုင်းပဲသွားနေတယ်”ဟု MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောသည်။

အိမ်ခြံမြေအငှားဈေးကွက်၌ တိုက်ခန်းအငှား ဈေးကွက်မှာ ပုံမှန်အတိုင်းလည်ပတ်နေသော်လည်း နိုင်ငံခြားသားဝင်ရောက်မှုနည်းပါးခြင်းကြောင့် တစ်ဖက်ရှိ ကွန်ဒိုနှင့် လုံးချင်းငှားရမ်းမှုများတွင် ငှားရမ်းသူနည်းနေကြောင်းသိရသည်။

“နိုင်ငံခြားသားမရှိတော့ ပြည်တွင်းဈေးကွက်ပဲရှိတော့ သိပ်ပြီးလှုပ် လှုပ်ရှားရှားတော့မရှိပါဘူး။ အငှားကတော့ အဓိကတော့ မြေညီထပ်တွေကတော့ ဆိုင်ခန်းတွေအတွက် ငှားကြတာများတယ်။ နိုင်ငံခြားသား ဝင်ရောက်မှုသိပ်မရှိတော့ ကွန်ဒိုနဲ့လုံးချင်းတွေကတော့ အငှားနည်းသွားတာပေါ့။ တိုက်ခန်းအငှားကတော့ ပုံမှန်သွားနေရတယ်။ နယ်ကလာလုပ်တဲ့ သူတွေ၊ စက်ရုံမှာလာလုပ်တဲ့သူတွေ၊ ကုမ္ပဏီဖွင့် မယ့်လူတွေတော့ ငှားကြပါတယ်။ (၁၀)သိန်းအထက်မှာတော့ အငှားအများကြီးမရှိဘူး။ (၂)သိန်းနဲ့ (၁၀)သိန်းကြားမှာတော့ အငှားတွေဖြစ်နေကြတာပေါ့” ဟု ဒေါ်မို့မို့အောင်က ဆိုသည်။

ပြည်တွင်း၌ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေသော်လည်း မြန်မာနိုင်ငံမှ အိမ်ခြံမြေဝယ်ယူသူများအနေဖြင့် ထိုင်းနိုင်ငံရှိ ဖူးခက် နှင့် ချင်းမိုင်မြို့တို့တွင် လူနေတိုက်ခန်း ဝယ်ယူမှုများရှိနေကြောင်း သိရသည်။ ဒေါ်လာဈေးနှုန်း အပြောင်းအလဲ အပါအဝင် အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟချက်များကြောင့် အရောင်းအေးနေခြင်းဖြစ်ပြီး လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်လိုသူများသည် ရန်ကုန်သို့ လာရောက်နေထိုင်ကြခြင်းကြောင့် အငှားဈေးကွက် ပိုဖြစ်နေကြောင်း သိရသည်။

zawgyi version
စစ္ပြဲေရွာင္မ်ားေၾကာင့္ ရန္ကုန္အိမ္ငွားေဈးကြက္၌ က်ပ္ (၁၀)သိန္းေအာက္ တိုက္ခန္းမ်ား အငွားပိုျဖစ္ေန
ယြန္း (NP News) - ေမ ၁၄

အိမ္ၿခံေျမအေရာင္းအဝယ္ေဈးကြက္ ေအးစက္ေနေသာ္လည္း စစ္ပြဲေရွာင္မ်ားေၾကာင့္ တိုက္ခန္းအငွားေဈးကြက္၌ ‌ေငြက်ပ္ (၂)သိန္းႏွင့္ (၁၀) သိန္းၾကားရွိ တိုက္ခန္းမ်ား အငွားပိုျဖစ္ေနေၾကာင္း ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို) MRESA ဥကၠ႒က NP News ကိုေျပာသည္။

ၿပီးခဲ့သည့္ မတ္လဆန္းပိုင္းမွစ၍ အိမ္ၿခံေျမအေရာင္းအဝယ္ေဈးကြက္ၿငိမ္ေနခဲ့ရာ လတ္တေလာကာလတြင္ ဒဂုံေတာင္(ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕ နယ္)၊ ဒဂုံေျမာက္(ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္)ႏွင့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တို႔၌ အေရာင္းအဝယ္ေဈးႏႈန္းမ်ား က်ဆင္းေနေၾကာင္း သိရသည္။

အိမ္ၿခံေျမအေရာင္းအဝယ္ၿငိမ္ေနေသာ္လည္း တစ္ဖက္ရွိ တိုက္ခန္းအငွားေဈးကြက္၌ ပုံမွန္အတိုင္း အငွားျဖစ္ေနေၾကာင္း ျမန္မာႏိုင္ငံအိမ္ၿခံေျမ ဝန္ေဆာင္မႈအသင္း(ဗဟို) MRESA ဥကၠ႒က ဆိုသည္။

“အေရာင္းအဝယ္ၿငိမ္ေနတယ္။ လြန္ခဲ့တဲ့သုံးလေလာက္က ေဈးႏႈန္းထက္ကို ေဈးေအးေနတယ္လို႔ ေျပာရမွာေပါ့။ ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံဆိပ္ကမ္းလိုမ်ိဳး ၿမိဳ႕သစ္ေတြမွာ ေဈးေတြက်ေနတယ္။ အငွားေဈးကြက္ကလည္း တိုက္ခန္းေတြ၊ ကြန္ဒိုေတြကေတာ့ ပုံမွန္အတိုင္း အငွားေတြျဖစ္ေနတယ္။ ဒါေပမဲ့ အင္းလ်ားလမ္းကလိုမ်ိဳး လုံးခ်င္းေတြကေတာ့ ပိတ္ထားတာေတြ ေတာ္ေတာ္ေလးမ်ားတယ္။ အဲဒါေတြက ေဈးႏႈန္းလည္းက်တယ္။ အငွားလည္း နည္းနည္းပါးတယ္။ အိမ္ၿခံေျမေဈးၿငိမ္သြားတာက သၾကၤန္မက်ခင္ မတ္လဆန္းေလာက္ကတည္းက ၿငိမ္သြားတာ။ အေရာင္းအဝယ္လည္း ၿငိမ္သြားတယ္။ အငွားေဈးကြက္ကေတာ့ ေဈးက်သြားတယ္လည္းမဟုတ္ဘူး။ တက္သြားတယ္လည္း မဟုတ္ဘူး။ ပုံမွန္အတိုင္းပဲသြားေနတယ္”ဟု MRESA ဥကၠ႒ ေဒၚမို႔မို႔ေအာင္က ေျပာသည္။

အိမ္ၿခံေျမအငွားေဈးကြက္၌ တိုက္ခန္းအငွား ေဈးကြက္မွာ ပုံမွန္အတိုင္းလည္ပတ္ေနေသာ္လည္း ႏိုင္ငံျခားသားဝင္ေရာက္မႈနည္းပါးျခင္းေၾကာင့္ တစ္ဖက္ရွိ ကြန္ဒိုႏွင့္ လုံးခ်င္းငွားရမ္းမႈမ်ားတြင္ ငွားရမ္းသူနည္းေနေၾကာင္းသိရသည္။

“ႏိုင္ငံျခားသားမရွိေတာ့ ျပည္တြင္းေဈးကြက္ပဲရွိေတာ့ သိပ္ၿပီးလႈပ္ လႈပ္ရွားရွားေတာ့မရွိပါဘူး။ အငွားကေတာ့ အဓိကေတာ့ ေျမညီထပ္ေတြကေတာ့ ဆိုင္ခန္းေတြအတြက္ ငွားၾကတာမ်ားတယ္။ ႏိုင္ငံျခားသား ဝင္ေရာက္မႈသိပ္မရွိေတာ့ ကြန္ဒိုနဲ႔လုံးခ်င္းေတြကေတာ့ အငွားနည္းသြားတာေပါ့။ တိုက္ခန္းအငွားကေတာ့ ပုံမွန္သြားေနရတယ္။ နယ္ကလာလုပ္တဲ့ သူေတြ၊ စက္႐ုံမွာလာလုပ္တဲ့သူေတြ၊ ကုမၸဏီဖြင့္ မယ့္လူေတြေတာ့ ငွားၾကပါတယ္။ (၁၀)သိန္းအထက္မွာေတာ့ အငွားအမ်ားႀကီးမရွိဘူး။ (၂)သိန္းနဲ႔ (၁၀)သိန္းၾကားမွာေတာ့ အငွားေတြျဖစ္ေနၾကတာေပါ့” ဟု ေဒၚမို႔မို႔ေအာင္က ဆိုသည္။

ျပည္တြင္း၌ အိမ္ၿခံေျမေဈးကြက္ အေရာင္းအဝယ္ေအးေနေသာ္လည္း ျမန္မာႏိုင္ငံမွ အိမ္ၿခံေျမဝယ္ယူသူမ်ားအေနျဖင့္ ထိုင္းႏိုင္ငံရွိ ဖူးခက္ ႏွင့္ ခ်င္းမိုင္ၿမိဳ႕တို႔တြင္ လူေနတိုက္ခန္း ဝယ္ယူမႈမ်ားရွိေနေၾကာင္း သိရသည္။ ေဒၚလာေဈးႏႈန္း အေျပာင္းအလဲ အပါအဝင္ အိမ္ေဆာက္ပစၥည္းေဈးႏႈန္း ကြာဟခ်က္မ်ားေၾကာင့္ အေရာင္းေအးေနျခင္းျဖစ္ၿပီး လက္ရွိျဖစ္ပြားေနေသာတိုက္ပြဲမ်ားေၾကာင့္ တိုက္ပြဲေရွာင္လိုသူမ်ားသည္ ရန္ကုန္သို႔ လာေရာက္ေနထိုင္ၾကျခင္းေၾကာင့္ အငွားေဈးကြက္ ပိုျဖစ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.