ယခုဖြစ်ပွားနေသော တိုက်ပွဲများသည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးဖြစ် ထွန်းစေမှုမျိုးမရှိဟု နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူအချို့ ဝေဖန်

 14828

မြူနစ် (NP News) - မေ ၁၄

ယခုဖြစ်ပွားနေသော တိုက်ပွဲများသည် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမှုမျိုး မရှိကြောင်း နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက် ပွဲဝင်ခဲ့သူအချို့က ဝေဖန်သုံးသပ်ထားသည်။

ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့၊ PDF များကြား၌ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပိုမိုပြင်းထန်လာခဲ့ပြီး မြို့၊ ရွာအများအပြားသည်လည်း ပျက်စီးနေလျက်ရှိသည်။ လက်ရှိတွင် မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်သည် နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်လာပြီဖြစ်သော် လည်း မည်သည့်အဖွဲ့အစည်းမှ သိသာသော အကျိုးရလဒ်မျိုးရရှိခဲ့ခြင်းမရှိသည်ကို တွေ့ရှိရသည်။

“တစ်ယောက်မှ အကျိုးအမြတ်မရပါဘူး။ လုပ်တဲ့သူတွေလည်း သေကြတယ်။ ပစ်တဲ့သူတွေကလည်း သေကြတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်တယ်။ အိမ်တွေလည်း ပျက်စီးဆုံးရှုံးတယ်။ သွားလာဖို့ လမ်းတံတားတွေလည်း ပျက်စီးကုန်ပြီ။ အဖျက်အမှောင့်ပဲ လုပ်နေကြတာကိုး ဘယ်သူ့ အတွက်မှ အကျိုးရှိတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး အကျိုးယုတ်စေတဲ့ လုပ်ဆောင်ချက်တွေပဲလို့ အဲဒီလို မြင်တယ်”ဟု KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒို စောရွှေမောင်းက NP News ပြောသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများကြား ရလဒ်ထွက်သည့် တွေ့ဆုံဆွေးနွေးမှုမျိုး မရှိသေးသရွေ့ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက် လက် ဖြစ်ပွားနေမည်ဖြစ်ကြောင်းလည်း ပဒိုစောရွှေမောင်းက ဆိုသည်။

“တွေ့ဆုံဆွေးနွေးနိုင်မှုမရှိသေးသရွေ့တော့ ဒီအတိုင်းပဲ ဆက်သွားမှာပေါ့။ တချို့တွေက စစ်ရေးနဲ့အဖြေရှာချင်ကြတဲ့သူတွေလေ။ အဲဒီလိုနည်းနဲ့ သွားမယ်ဆိုရင် ပြည်သူလူထုက ဆင်းရဲသထက် ဆင်းရဲဒုက္ခရောက်သထက်ရောက်ပြီးတော့ မွဲပြာကျပြီးတော့ ဒီနိုင်ငံက ရစရာမရှိလောက်အောင်ဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် နှစ်ပေါင်း (၇၀)ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သော KNU-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်ကလည်း နှစ်ဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် အကျိုးဖြစ်ထွန်းစေခြင်းမျိုး မရှိသေးကြောင်းလည်း တစ်ဦးတည်းအမြင်ကို ထုတ်ဖော်ပြောဆိုထားသည်။

“တိုက်ပွဲနဲ့ပတ်သက်တဲ့ အကျိုးရလဒ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ကတော့ နှစ်ပေါင်း (၇၀)ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော်တစ်ယောက်ရဲ့ အမြင်ပါ။ ကျွန်တော်အမြင်ကတော့ လက်နက် ကိုင်အဖွဲ့ရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းအရပေါ့လေ တိုက်နေတဲ့ ဘက်နှစ်ဖက်က နိုင်ငံတော်အတွက် ဖြစ်စေ၊ ပြည်သူလူထုအတွက်ဖြစ်စေ အကျိုးဖြစ်တယ်ဆိုတာကိုတော့ သတိပြုမိတာတော့ မရှိပါဘူး။ သို့သော်လည်း ဒီအပေါ်မှာ တချို့က ကွဲလွဲကောင်း ကွဲလွဲနိုင်တယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် KNU အဖွဲ့၊ KIA အဖွဲ့၊ AA အဖွဲ့၊ ကရင်နီလက်နက် ကိုင်အဖွဲ့၊ ချင်းလက်နက်ကိုင်အဖွဲ့၊ PDF တို့ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

zawgyi version
ယခုျဖစ္ပြားေနေသာ တိုက္ပြဲမ်ားသည္ ႏိုင္ငံႏွင့္ ျပည္သူအတြက္ အက်ိဳးျဖစ္ ထြန္းေစမႈမ်ိဳးမရွိဟု ႏွစ္ေပါင္းမ်ားစြာ လက္နက္ကိုင္တိုက္ပြဲဝင္ခဲ့သူအခ်ိဳ႕ ေဝဖန္
ျမဴနစ္ (NP News) - ေမ ၁၄

ယခုျဖစ္ပြားေနေသာ တိုက္ပြဲမ်ားသည္ ႏိုင္ငံႏွင့္ျပည္သူအတြက္ အက်ိဳးျဖစ္ထြန္းေစမႈမ်ိဳး မရွိေၾကာင္း ႏွစ္ေပါင္းမ်ားစြာ လက္နက္ကိုင္တိုက္ ပြဲဝင္ခဲ့သူအခ်ိဳ႕က ေဝဖန္သုံးသပ္ထားသည္။

ကခ်င္ျပည္နယ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ တပ္မေတာ္ႏွင့္ တိုင္း ရင္းသား လက္နက္ကိုင္အဖြဲ႕၊ PDF မ်ားၾကား၌ တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။

တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲသည္ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္းတြင္ ပိုမိုျပင္းထန္လာခဲ့ၿပီး ၿမိဳ႕၊ ႐ြာအမ်ားအျပားသည္လည္း ပ်က္စီးေနလ်က္ရွိသည္။ လက္ရွိတြင္ ျမန္မာ ႏိုင္ငံ၏ ျပည္တြင္းစစ္သည္ ႏွစ္ေပါင္း (၇၀)ေက်ာ္ ၾကာျမင့္လာၿပီျဖစ္ေသာ္ လည္း မည္သည့္အဖြဲ႕အစည္းမွ သိသာေသာ အက်ိဳးရလဒ္မ်ိဳးရရွိခဲ့ျခင္းမရွိသည္ကို ေတြ႕ရွိရသည္။

“တစ္ေယာက္မွ အက်ိဳးအျမတ္မရပါဘူး။ လုပ္တဲ့သူေတြလည္း ေသၾကတယ္။ ပစ္တဲ့သူေတြကလည္း ေသၾကတယ္။ ျပည္သူေတြလည္း ဒုကၡေရာက္တယ္။ အိမ္ေတြလည္း ပ်က္စီးဆုံးရႈံးတယ္။ သြားလာဖို႔ လမ္းတံတားေတြလည္း ပ်က္စီးကုန္ၿပီ။ အဖ်က္အေမွာင့္ပဲ လုပ္ေနၾကတာကိုး ဘယ္သူ႔ အတြက္မွ အက်ိဳးရွိတာမဟုတ္ဘူး။ တစ္ႏိုင္ငံလုံး အက်ိဳးယုတ္ေစတဲ့ လုပ္ေဆာင္ခ်က္ေတြပဲလို႔ အဲဒီလို ျမင္တယ္”ဟု KNU ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ ပဒို ေစာေ႐ႊေမာင္းက NP News ေျပာသည္။

သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားၾကား ရလဒ္ထြက္သည့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ိဳး မရွိေသးသေ႐ြ႕ ယခုကဲ့သို႔ ပစ္ခတ္တိုက္ခိုက္မႈမ်ားမွာ ဆက္ လက္ ျဖစ္ပြားေနမည္ျဖစ္ေၾကာင္းလည္း ပဒိုေစာေ႐ႊေမာင္းက ဆိုသည္။

“ေတြ႕ဆုံေဆြးေႏြးႏိုင္မႈမရွိေသးသေ႐ြ႕ေတာ့ ဒီအတိုင္းပဲ ဆက္သြားမွာေပါ့။ တခ်ိဳ႕ေတြက စစ္ေရးနဲ႔အေျဖရွာခ်င္ၾကတဲ့သူေတြေလ။ အဲဒီလိုနည္းနဲ႔ သြားမယ္ဆိုရင္ ျပည္သူလူထုက ဆင္းရဲသထက္ ဆင္းရဲဒုကၡေရာက္သထက္ေရာက္ၿပီးေတာ့ မြဲျပာက်ၿပီးေတာ့ ဒီႏိုင္ငံက ရစရာမရွိေလာက္ေအာင္ျဖစ္သြားမွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ႏွစ္ေပါင္း (၇၀)ေက်ာ္ၾကာ လက္နက္ကိုင္တိုက္ပြဲဝင္ခဲ့ေသာ KNU-PC မွ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္ကလည္း ႏွစ္ဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ လူထုအတြက္ အက်ိဳးျဖစ္ထြန္းေစျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း တစ္ဦးတည္းအျမင္ကို ထုတ္ေဖာ္ေျပာဆိုထားသည္။

“တိုက္ပြဲနဲ႔ပတ္သက္တဲ့ အက်ိဳးရလဒ္ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ႏွစ္ေပါင္း (၇၀)ေက်ာ္ၾကာ လက္နက္ကိုင္တိုက္ပြဲဝင္လာတဲ့ အဖြဲ႕အစည္းေတြ ျဖစ္ၾကတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တစ္ေယာက္ရဲ႕ အျမင္ပါ။ ကြၽန္ေတာ္အျမင္ကေတာ့ လက္နက္ ကိုင္အဖြဲ႕ရဲ႕ ျဖတ္သန္းမႈသမိုင္းေၾကာင္းအရေပါ့ေလ တိုက္ေနတဲ့ ဘက္ႏွစ္ဖက္က ႏိုင္ငံေတာ္အတြက္ ျဖစ္ေစ၊ ျပည္သူလူထုအတြက္ျဖစ္ေစ အက်ိဳးျဖစ္တယ္ဆိုတာကိုေတာ့ သတိျပဳမိတာေတာ့ မရွိပါဘူး။ သို႔ေသာ္လည္း ဒီအေပၚမွာ တခ်ိဳ႕က ကြဲလြဲေကာင္း ကြဲလြဲႏိုင္တယ္”ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္း၌ တပ္မေတာ္ႏွင့္ KNU အဖြဲ႕၊ KIA အဖြဲ႕၊ AA အဖြဲ႕၊ ကရင္နီလက္နက္ ကိုင္အဖြဲ႕၊ ခ်င္းလက္နက္ကိုင္အဖြဲ႕၊ PDF တို႔ၾကားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။

Picture

My Mine

14/05/2024 16:22

ကျွန်တော်တို့...နိုင်ငံသားတွေက...မထူးဇာတ်ခင်းတတ်သော လူမိုက်စိတ် လူညံ့စိတ်ကမပျောက်ကြဘူးဖြစ်နေတယ်

Picture

march koko

15/05/2024 09:58

အကျိုးမရှိဘူးဆိုတာ ​ပြောတဲ့လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်စီးပွားရေးအကျိုးကိုပြောတာထင်တယ် သူ့အတွေးက မနိုင်နိုင်ဘူးလို့ထင်လို့ သူခေတ်တုန်းကလဲ စီးပွားရေးလက်နက်ကိုင်တဖြစ်လဲ နိုင်အောင်မတိုက်နိုင်ကြတော့ အရိုးစွဲနေကြလို့ဖြစ်မှာပါ

Related news

© 2021. All rights reserved.