ဒူဘိုင်းမှာ ကမ္ဘာ့အကြီးဆုံး ကမ်းရိုးတန်းပြန်လည်ထူထောင်ရေးပရောဂျက်အတွက် ပြင်ဆင်နေ

794

ရောင်နီ (NP News) - မေ ၁၅
ဒူဘိုင်းမှာရှိတဲ့ ၇၀ ကီလိုမီတာ (၄၃ မိုင်) ကျော်ရှည်လျားတဲ့ ကမ်းရိုးတန်းဒေသကို ကမ္ဘာ့အကြီးဆုံး ကမ်းရိုးတန်း ပြန်လည်ထူထောင်ရေးစီမံကိန်းနေရာ "Dubai Mangroves" အဖြစ် ဖန်တီးမယ်လို့ သိရပါတယ်။
ဂေဟစနစ်တစ်ခုလုံးကို ပံ့ပိုးပေးနိုင်တဲ့ ကမ်းရိုးတန်း ရေပြင်မှာ အဓိကရှင်သန်နိုင်ကြတဲ့ သစ်ပင်၊ ချုံနွယ်ပေါင်း သန်း ၁၀၀ ကျော်ကို စီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် စိုက်ပျိုးမယ်လို့ ခန့်မှန်းထားပါတယ်။ ၎င်းဟာ တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ် (CO2) မက်ထရစ်တန်ချိန် ၁.၂ သန်းကျော်ထိ စုပ်ယူနိုင်လောက်အောင် လုံလောက်တာ ကြောင့် ဓာတ်ငွေ့သုံးကားအစီးရေ ၂၆၀,၀၀၀ ကို လမ်းမှ ဖယ်ရှားလိုက်ခြင်းနဲ့ ညီမျှတယ်လို့ မြို့ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ URB က ဆိုပါတယ်။
ဒီရေတောတွေဟာ ဒူဘိုင်း အပါအဝင် ကမ်းရိုးတန်းမြို့တိုင်းအတွက် အရေးကြီးတဲ့ စိုးရိမ်စရာဖြစ်နေပြီး ကမ်းရိုးတန်း တိုက်စားမှုနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို ဆန့်ကျင်တဲ့ သဘာဝကိုယ်ပိုင်ကာကွယ်ရေး စနစ် လည်း ဖြစ်တယ်" လို့ URB တည်ထောင်သူ၊ မြို့ပြစီမံကိန်းရေးဆွဲသူ ဘက်ဟာရက်ဘာဂါရီရန် က ဆိုပါတယ်။ ဒီပရောဂျက်အတွက် လောလောဆယ်တော့ သုတေသနပြုလုပ်နေဆဲဖြစ်ပြီး ဒီဇိုင်းတွေအတွက်လည်း အာရုံစိုက် စဉ်းစားနေဆဲဖြစ်ကာ စီမံကိန်းဟာလည်း ၂ဝ၄ဝ ပြည့်နှစ်လောက်မှ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဒူဘိုင်းမှာ စက်ဘီးလမ်းတွေကို ၂ဝ၄ဝ ပြည့်နှစ်မှာ ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) ကျော်ထိ တပ်ဆင်သွားဖို့ လည်း စဉ်းစားထားပြီး အဏ္ဏဝါသုတေသနနဲ့ ဂေဟဗေဒခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်စရာ Dubai Reefs ကျာက်တန်းအတုလည်း ဒီပရောဂျက်ထဲမှာ ထည့်သွင်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဒူဘိုင္းမွာ ကမာၻ႔အႀကီးဆုံး ကမ္း႐ိုးတန္းျပန္လည္ထူေထာင္ေရးပေရာဂ်က္အတြက္ ျပင္ဆင္ေန
ေရာင္နီ (NP News) - ေမ ၁၅
ဒူဘိုင္းမွာရွိတဲ့ ၇၀ ကီလိုမီတာ (၄၃ မိုင္) ေက်ာ္ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းေဒသကို ကမာၻ႔အႀကီးဆုံး ကမ္း႐ိုးတန္း ျပန္လည္ထူေထာင္ေရးစီမံကိန္းေနရာ "Dubai Mangroves" အျဖစ္ ဖန္တီးမယ္လို႔ သိရပါတယ္။
ေဂဟစနစ္တစ္ခုလုံးကို ပံ့ပိုးေပးႏိုင္တဲ့ ကမ္း႐ိုးတန္း ေရျပင္မွာ အဓိကရွင္သန္ႏိုင္ၾကတဲ့ သစ္ပင္၊ ခ်ဳံႏြယ္ေပါင္း သန္း ၁၀၀ ေက်ာ္ကို စီမံကိန္းရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ စိုက္ပ်ိဳးမယ္လို႔ ခန္႔မွန္းထားပါတယ္။ ၎ဟာ တစ္ႏွစ္ကို ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္ (CO2) မက္ထရစ္တန္ခ်ိန္ ၁.၂ သန္းေက်ာ္ထိ စုပ္ယူႏိုင္ေလာက္ေအာင္ လုံေလာက္တာ ေၾကာင့္ ဓာတ္ေငြ႕သုံးကားအစီးေရ ၂၆၀,၀၀၀ ကို လမ္းမွ ဖယ္ရွားလိုက္ျခင္းနဲ႔ ညီမွ်တယ္လို႔ ၿမိဳ႕ဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီ URB က ဆိုပါတယ္။
ဒီေရေတာေတြဟာ ဒူဘိုင္း အပါအဝင္ ကမ္း႐ိုးတန္းၿမိဳ႕တိုင္းအတြက္ အေရးႀကီးတဲ့ စိုးရိမ္စရာျဖစ္ေနၿပီး ကမ္း႐ိုးတန္း တိုက္စားမႈနဲ႔ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈကို ဆန႔္က်င္တဲ့ သဘာဝကိုယ္ပိုင္ကာကြယ္ေရး စနစ္ လည္း ျဖစ္တယ္" လို႔ URB တည္ေထာင္သူ၊ ၿမိဳ႕ျပစီမံကိန္းေရးဆြဲသူ ဘက္ဟာရက္ဘာဂါရီရန္ က ဆိုပါတယ္။ ဒီပေရာဂ်က္အတြက္ ေလာေလာဆယ္ေတာ့ သုေတသနျပဳလုပ္ေနဆဲျဖစ္ၿပီး ဒီဇိုင္းေတြအတြက္လည္း အာ႐ုံစိုက္ စဥ္းစားေနဆဲျဖစ္ကာ စီမံကိန္းဟာလည္း ၂ဝ၄ဝ ျပည့္ႏွစ္ေလာက္မွ ၿပီးစီးမယ္လို႔ ခန္႔မွန္းထားပါတယ္။
ဒါ့အျပင္ ဒူဘိုင္းမွာ စက္ဘီးလမ္းေတြကို ၂ဝ၄ဝ ျပည့္ႏွစ္မွာ ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင္) ေက်ာ္ထိ တပ္ဆင္သြားဖို႔ လည္း စဥ္းစားထားၿပီး အဏၰဝါသုေတသနနဲ႔ ေဂဟေဗဒခရီးသြားလုပ္ငန္းအတြက္ ဆြဲေဆာင္စရာ Dubai Reefs က်ာက္တန္းအတုလည္း ဒီပေရာဂ်က္ထဲမွာ ထည့္သြင္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။