ရွှေပြည်သာမြို့နယ်တွင် တွဲကားနှင့်ဘေးတွဲဆိုင်ကယ်တို့တိုက်မိပြီးနောက် ဘေးတွဲယာဉ်မောင်းကားကြိတ်ခံရ၍ပွဲချင်းပြီးသေဆုံး

 951

သန့်ဇင်(NP News) - မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် တွဲကားနှင့်ဘေးတွဲဆိုင်ကယ်တို့တိုက်မိပြီးနောက် ဘေးတွဲယာဉ်မောင်းကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်သည် ယနေ့(မေလ ၁၅ ရက်)၊ နံနက် ၇နာရီအချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ အုတ်ဖိုမှတ်တိုင်နှင့် သံဖြူဆိုင်မှတ်တိုင်ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရတာတော့ တွဲကားကဘေးတွဲကိုနောက်ကနေဝင်တိုက်မိတာပေါ့။ အဲဒီနားကကွေ့ကြောလေးလည်းဖြစ်နေတယ်။ စက်ရုံဖယ်ရီကားတွေနဲ့ ရှုပ်နေတော့ ကားသမားကလည်းလွတ်မယ်ထင်ပြီးကွေ့လိုက်တာမှာ တိုက်မိတာပေါ့။ တွဲကားရဲ့ချိုစောင်းနဲ့ တိုက်မိပြီး ဘေးတွဲသမားက ကားအောက်ရောက်သွားတော့ အကုန်ကြိတ်မိသွားတဲ့ သဘောပေါ့”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၅၈)နှစ်အရွယ် ဘေးတွဲယာဉ်မောင်း ဦးအောင်ဝင်းတွင် ကားကြိတ်ခံရသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားကြိတ်ခံရတဲ့ ဘေးတွဲသမားကတော့ ကန့်လန့်ဖြတ်ကြိတ်မိတော့အကုန်ပွင့်ထွက်ကုန်တာ။ တော်တော်ကိုဆိုးဆိုးရွားရွားဖြစ်သွားတဲ့အခြေအနေပေါ့။ အဲဒီနေရာကဖြစ်လေ့ရှိတယ်။ အရင်နှစ်ကလည်းဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ တြဲကားႏွင့္ေဘးတြဲဆိုင္ကယ္တို႔တိုက္မိၿပီးေနာက္ ေဘးတြဲယာဥ္ေမာင္းကားႀကိတ္ခံရ၍ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News) - ေမ ၁၅

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ တြဲကားႏွင့္ေဘးတြဲဆိုင္ကယ္တို႔တိုက္မိၿပီးေနာက္ ေဘးတြဲယာဥ္ေမာင္းကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သည့္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္သည္ ယေန႔(ေမလ ၁၅ ရက္)၊ နံနက္ ၇နာရီအခ်ိန္ခန႔္က ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၄)လမ္းမႀကီး၊ အုတ္ဖိုမွတ္တိုင္ႏွင့္ သံျဖဴဆိုင္မွတ္တိုင္ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိရတာေတာ့ တြဲကားကေဘးတြဲကိုေနာက္ကေနဝင္တိုက္မိတာေပါ့။ အဲဒီနားကေကြ႕ေၾကာေလးလည္းျဖစ္ေနတယ္။ စက္႐ုံဖယ္ရီကားေတြနဲ႔ ရႈပ္ေနေတာ့ ကားသမားကလည္းလြတ္မယ္ထင္ၿပီးေကြ႕လိုက္တာမွာ တိုက္မိတာေပါ့။ တြဲကားရဲ႕ခ်ိဳေစာင္းနဲ႔ တိုက္မိၿပီး ေဘးတြဲသမားက ကားေအာက္ေရာက္သြားေတာ့ အကုန္ႀကိတ္မိသြားတဲ့ သေဘာေပါ့”ဟု သြားေရာက္ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၆)ရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၅၈)ႏွစ္အ႐ြယ္ ေဘးတြဲယာဥ္ေမာင္း ဦးေအာင္ဝင္းတြင္ ကားႀကိတ္ခံရသည့္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ကားႀကိတ္ခံရတဲ့ ေဘးတြဲသမားကေတာ့ ကန႔္လန႔္ျဖတ္ႀကိတ္မိေတာ့အကုန္ပြင့္ထြက္ကုန္တာ။ ေတာ္ေတာ္ကိုဆိုးဆိုး႐ြား႐ြားျဖစ္သြားတဲ့အေျခအေနေပါ့။ အဲဒီေနရာကျဖစ္ေလ့ရွိတယ္။ အရင္ႏွစ္ကလည္းျဖစ္တယ္” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို လူမႈကူညီေရးအသင္းယာဥ္ျဖင့္ အင္းစိန္ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.