ဦးအောင်ကြည်ညွန့်နှင့် ဦးကျော်ထွေးအပါအဝင် NUG ပုဂ္ဂိုလ်အချို့ အမေရိကန်တွင် အိမ်ဝယ်ထားကြပြီဆိုသော သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော်လည်း သက်ဆိုင်သူများက နှုတ်ဆိတ်နေ

 20339

Iris (NP News) - မေ ၁၅

ဦးအောင်ကြည်ညွန့်၊ ဦးကျော်ထွေး၊ ဦးရည်မွန်၏သမီးအပါအဝင် တော်လှန်ရေးဘက်တော်သားဟု အမည်ခံထားသည့် ပြည်ပရောက် NUG ထိပ်ပိုင်းပုဂ္ဂိုလ်အများအပြားက အမေရိကန်တွင် အိမ်ဝယ်ယူနေထိုင်ကြသည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သော်လည်း သက်ဆိုင်သူများက ငြင်းချက်ထုတ်ခြင်းမရှိကြကြောင်း လေ့လာတွေ့ရှိရသည်။

NUG ဘက်တော်သား ထောက်ပို့လော်ဘီ တစ်ဦးဖြစ်သူ ပန်ဆယ်လို(အိမ့်ပိုးဥ)က အမေရိကန်တွင် ဒေါ်လာတစ်သန်းတန်သော အိမ်တစ်လုံးဝယ်ယူခဲ့ပြီးနောက် နှစ်ဆန်းတစ်ရက်နေ့က အိမ်တက်လုပ်ခဲ့ကြောင်း CDM ဆရာဝန်တစ်ဦးက အတိအလင်း ရေးသားဖော်ပြခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ တစ်ဦးပြီးတစ်ဦး အိမ်ဝယ်ကြောင်းသတင်းများ ဆက်တိုက်ထွက် လာနေခြင်းလည်းဖြစ်သည်။ အထူးသဖြင့် CDM ဆရာဝန်တစ်ဦးဖြစ်သူ သက္ကမိုးညိုက ၎င်း၏ဖေ့ဘွတ်မှတစ်ဆင့် အတိအလင်း စွပ်စွဲရေးသားခြင်းမျိုးဖြစ်ပြီး ၎င်း၏ရေးသားချက်များကိုလည်း လူပုဂ္ဂိုလ်အချို့က မှတ်ချက်ပြု၍ စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ သက္ကမိုးညိုက ပန်ဆယ်လိုနှင့်ပတ်သက်၍ အိမ်ဝယ်ခဲ့ကြောင်း အတိအလင်းရေးသားခဲ့သည့်တိုင် ပန်ဆယ်လိုဘက်က တိကျရှင်းလင်းသော အကြောင်းပြန်ချက်မျိုး တုံ့ပြန်မှုမရှိခဲ့ဘဲ ရောချရေးသားသည့် ရေးသားတုံ့ပြန်မှုမျိုးကိုသာ တွေ့ရသည်။ ပန်ဆယ်လို၏ အိမ်ဝယ်သည့်ဖြစ်စဉ်နောက်ပိုင်းတွင် CRPH မှ ဦးအောင် ကြည်ညွန့်၊ NLD ဦးကျော်ထွေးနှင့် ဦးရည်မွန်၏သမီး ဖြစ်သူတို့က အမေရိကန်တွင် အိမ်ဝယ်ထားပြီဖြစ်ကြောင်း ထုတ်ဖော်ရေးသားထားကိုတွေ့ရသည်။

ဦးအောင်ကြည်ညွန့်နှင့်ပတ်သက်၍ “ ဦးအောင်ကြည်ညွန့်လည်း နှစ်ဆန်းတစ်ရက်နေ့ကလုပ်တဲ့ အိမ်တက်မင်္ဂလာပေး မဖိတ်ဘူးနော်” ဟူ၍ လည်းကောင်း၊ ဦးကျော်ထွေးနှင့်ပတ်သက်၍ “ မင်နီဆိုးတားက အိမ်လေး၊ အမည်ပေါက်က တစ်ခြားဆိုပေမယ့် ဝယ်ပြီးသားပါနော် ကိုကျော်ထွေး” ဟူ၍ လည်းကောင်း သက္ကမိုးညိုက ရေးသားထားသည်။ ယင်းအပြင် “တောထဲလျှောက်သွားနေတဲ့ ဝန်ကြီးရဲ့သမီး တော်လေးနာမည်နဲ့ ဝယ်ချလိုက်တဲ့ ဒေါ်လာငါးသိန်းတန် စံနန်းတော်ကြီး၊ အိမ်ထဲမှာ ရေကူးကန်နဲ့ ဘာနဲ့။ ၂၀၂၂ ကမှ US ရောက်သူဆိုတော့ လူမှားစရာတော့ မရှိပါဘူး။ co-signed ထိုးတာက ကိုထင်ဝင်းတို့ချိတ်”ဟူ၍ ရေးသားထားသည်။ အဆိုပါဖော်ပြချက် နှင့် ပတ်သက်၍ သက်ဆိုင်သူများ ဘက်က မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းထားချက်များကို မေလ (၁၀) ရက်နေ့အထိ မတွေ့ရသေးပေ။ “ ဒီသတင်းတွေက ကြားနေရတာကြာပြီ။ သူတို့တွေ မြန်မာပြည်မှာတုန်းက အိမ်ဝယ်နိုင်လောက်အောင် ပိုက်ဆံတွေရှိကြတာလည်း မဟုတ်ဘူး။ ပြီးတော့ ထွက်ပြေးချိန်မှာလည်း အဲဒီလောက်များတဲ့ပိုက်ဆံတွေကို ဘယ်လိုသယ်သွားကြမလဲ။ ဘယ်ကရတဲ့ငွေတွေလဲ ဆိုတာ သေချာမရှင်းလင်းဘူး။ လွှတ်တော်ကိုယ်စား လှယ်ဘဝတုန်းကတောင် ဒီလောက် ငွေရလမ်းရှိခဲ့သူတွေ မဟုတ်ဘူးလေ။ ကိုကျော်ထွေးဆိုရင် ရန်ကုန်မှာ တိုက်ခန်းလေးမှာပဲ နေခဲ့ရတာ။ လွှတ်တော်ကိုယ်စား လှယ်ဖြစ်ချိန်မှာ နေပြည်တော်က စည်ပင်ရိပ်သာမှာ အခန်းလေး ငှားပြီး မိသားစုလိုက်စုပြီးနေခဲ့ကြတာ” ဟု ဝါရင့် NLD ပါတီဝင်တစ်ဦးက NP News ကို ပြောသည်။

အထူးသဖြင့် ဦးအောင်ကြည်ညွန့်၊ ဦးကျော်ထွေးနှင့် အချို့သော NUG ထိပ်ပိုင်း ပုဂ္ဂိုလ်အချို့၏ အိမ်ဝယ်သည့်သတင်းများနှင့် ပြည်သူ့ အလှူငွေများကို အလွဲသုံးစားလုပ်သည်ဆိုသော သတင်းများက NLD ပါတီဝင်များအကြားတွင် ကျယ်ကျယ်လောင်လောင် ပျံ့နှံ့နေခဲ့ပြီးသားဖြစ်ကြောင်း မဲဆောက် ရောက် NLD သတင်းရင်းမြစ် တစ်ဦးကလည်းပြောသည်။ ဦးအောင်ကြည်ညွန့်က အမေရိကန်တွင် အိမ်ဝယ်သည့်ကိစ္စ၌ ၎င်း၏အမည်ဖြင့် မဟုတ်ဘဲ အခြားသောမိသားစုဝင်တစ်ဦး၏ နာမည်ကို သုံးစွဲထားကြောင်း၊ ဦးကျော်ထွေးသည်လည်း အမေရိကန်သို့ရောက်ရှိသည့် လအနည်းငယ် အတွင်း မှာပင် ဒေါ်လာ(၄၀ဝဝဝ)ထက်မနည်းသော ကားအသစ်တစ်စီးကို ငွေသားချက်ခြင်းပေး၍ ဝယ် ယူခဲ့ကြောင်း မဲဆောက်သတင်းရင်းမြစ်ကပြောသည်။ “ ကိုကျော်ထွေး မိန်းမက မင်နီဆိုးတားကို ရောက်ပြီးတော့ မကြာခင်မှာ ဆေးရုံတစ်ခုက စားဖိုဆောင်မှာ အလုပ်လုပ်ရတယ်။ တစ်နာရီကို ဒေါ်လာ(၂၀)လောက် ရတယ်။ Tax ဖြတ်မယ်ဆိုရင် တစ်နာရီကို (၁၃)ဒေါ်လာလောက်ပဲရတယ်။ ကိုကျော်ထွေးကျတော့ သုံးလလောက် ပုန်းနေပြီးမှ ထွက်လာတယ်။ ထွက်လာချိန်မှာလည်း ဒေါ်လာ (၄၈၀ဝဝ)ကျော်တန် ကားတစ်စီးကို လက်ငင်းငွေသားချေပြီး ဝယ်လိုက်တယ်။ Uber Taxi မောင်းတယ်။ ပုံမှန်ဝင် ငွေကောင်းတဲ့အလုပ်မျိုးတော့ မဟုတ်ဘူး။ အဲဒီလိုလူက အိမ်ဝယ်မယ်ဆိုပြီး Down Payment အဖြစ် (၂၀) ရာခိုင်နှုန်းကို ချက်ခြင်းငွေချေခဲ့တယ်။ သူ့မိန်းမ နဲ့ သူနဲ့ရတဲ့ငွေက အိမ်အသုံးစရိတ်ဆိုရင် လောက်တောင် လောက်မယ့်သဘောမှာမရှိဘူး။ (၂၀)ရာခိုင်နှုန်း လက်ငင်းပေးချေဖို့ဆိုတာ သူတို့ လုပ်နေတဲ့ အလုပ်နဲ့က မဖြစ်နိုင်ဘူး။ ရန်ကုန်မှာတုန်းကလည်း သာကေတ က သူ့အိမ်က သူ့ညီမ တစ်ယောက် နာမည်နဲ့ လုပ်ထားတာ။ အဲဒီအိမ်ကိုရောင်းပြီး ဝယ်တာမျိုးဆိုရင်လည်း နစကနဲ့ လက်ဝါး ချင်း ရိုက်ပြီးရောင်းမှပဲ ရမယ်။ ဒီတော့ ဒေါ်လာ(၄၈၀ဝဝ)တန်ကားရယ်၊ ဒေါ်လာ(၄)သိန်းကျော်တန် တဲ့အိမ်ရဲ့ Down Payment (၂၀) ရာခိုင်နှုန်းကို သူက ဘယ်ကရတဲ့ငွေနဲ့ ပေးမလဲ။ အမေရိကား ရောက်တဲ့ အချိန်မှာ ကိုကျော်ထွေးက စစ်အာဏာရှင်တိုက်ထုတ်ဖို့ ခေါင်းစဉ်နဲ့ အလှူခံတာ တွေလုပ်ခဲ့ဖူးတာ ရှိ တယ်” ဟု အမေရိကန်တွင် နေထိုင်သည့် NLD ပါတီဝင်တစ်ဦးက ပြောသည်။

ရေကူးကန်ပါသည်ဆိုသော အိမ်ကိစ္စနှင့် ဦးအောင်ကြည်ညွန့်တို့၏ အိမ်ကိစ္စအတွက်လည်း “ ဦးအောင် ကြည်ညွန့်က အင်ဒီယားနားပလိစ်မြို့မှာနေပြီးတော့ အဖိုးကြီးအဖွားကြီး လင်မယား နှစ်ယောက် ဘာအလုပ်မှလည်း မလုပ်နိုင်တော့ဘူး။ အမေရိကန်အစိုးရကလည်း မထောက်ပံ့ဘူး။ လာတုန်းကလည်း ဘာမှ ဒီလောက်ပါလာတာ မဟုတ်ဘူး။ အဲဒီကြားထဲက အိမ်ဝယ်ထားနိုင်တယ်။ ရည်မွန်ရဲ့သမီးကလည်း ဆေးကျောင်းလည်း တက်နေတယ်။ အခုအထဲမှာ ရေကူးကန်ပါတဲ့ အိမ်ကို လွန်ခဲ့တဲ့ရက်ပိုင်းလေးကမှ ဝယ်လိုက်တယ်။ ဆေးကျောင်းလည်း ဘယ်ကရတဲ့ ပိုက်ဆံနဲ့တက်လည်း မသိဘူး။ အိမ်လည်း ဝယ်ထားလိုက်တယ်။ တော်လှန်ရေးငွေတွေကို ရှင်းတမ်းလုပ်ခိုင်းတဲ့ အခါမှာ ကျတော့ တော်တော်နဲ့ မရှင်းနိုင်ကြဘဲ အိမ်ကတော့ တစ်ယောက်ပြီးတစ်ယောက် ဝယ်နေကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ CDM ဆရာဝန် သက္ကမိုးညို၏ ရေးသားချက်များအောက်တွင် ပြည်သူငွေများဖြင့် ဝယ်ယူထားသော သွေးမျက်ရည်အိမ်များအဖြစ် မှတ်ချက်ပေးကြသကဲ့သို့ အိမ်ပြန် ကြမည်ဆိုသော ပုဂ္ဂိုလ်များက အမေရိကန်တွင် အိမ်ဝယ်နေခြင်းကြောင့် လူထုအားလိမ်လည်ကြသော ပုဂ္ဂိုလ်များအဖြစ်လည်းကောင်း ရေးသားမှုများ ရှိနေသည်။ မဲဆောက်ရောက် NLD ဘက်တော်သား အချို့၏ အဆိုအရ ဦးအောင်ကြည်ညွန့်၊ ဦးကျော် ထွေး၊ ဒေါ်ဖြူဖြူသင်း၊ ဦးမိုးဇော်ဦး၊ ဦးထင်လင်းအောင်၊ ဦးကျော်နီ၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးနေဘုန်းလတ် အစရှိသော ပုဂ္ဂိုလ်များက တစ်ဦးလျှင် ပုံစံတစ်မျိုးစီဖြင့် တော်လှန်ရေးအပေါ်မှ အမြတ်ထုတ်မှုများ ရှိနေသည်ဟု ဆိုသည်။ အဆိုပါ ပုဂ္ဂိုလ်များ ထက်ပို၍ အမြတ်အစွန်းရရှိထားသူမှာ ပန်ဆယ်လိုဖြစ်ပြီး မည်သည့်တာဝန်မှခံစရာမလိုဘဲ တော်လှန်ရေး အမြတ် အစွန်းထွက်နေသူဖြစ်ကြောင်း အသိပေးသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များဘက်ကမူ ၎င်းတို့အပေါ် စွပ်စွဲထားသော ငွေကြေးအဂတိကိစ္စအတွက် ရှင်းလင်းပြတ်သားသောစာရင်းစစ် ခံရဲမှုနှင့် လူထုအား တာဝန်ခံရှင်းပြမှုတို့ကို တိတိပပ တွေ့ရခြင်း မရှိသေးပေ။ “ ဒေါ်မေဝင်းမြင့်လည်း မကြာခင် အိမ်ဝယ်တော့မယ်တဲ့” ဟု အမေရိကန်ရှိ သတင်းရင်းမြစ်ကပြောသည်။ သို့သော်လည်း ၎င်းတို့ဝယ်ယူ ကြသည့် အိမ်များနှင့်ပတ်သက်၍ အမည်ပေါက်များကို ကိုယ်တိုင်နာမည်ဖြင့် မဟုတ်ဘဲ မိသားစုဝင် တစ်ဦးဦးကိုဖြစ်စေ၊ ယုံကြည်စိတ်ချရသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ အမည်ပေါက်ဝယ်ယူစေခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အကယ်၍သတင်းများ ယခုထက်ပို ကျယ်လောင်လာခဲ့ပါက ၎င်းတို့ နေထိုင်သော အိမ်များကို အငှားဖြင့်သာ နေရခြင်းဖြစ်ကြောင်း သို့မဟုတ် တိုးတိုးတိတ်တိတ် ပြန်လည် ရောင်းချခြင်းဖြင့်လည်းကောင်း လိမ်လည်ဖြေရှင်းကြလိမ့်မည်ဟု သတင်းရင်းမြစ်များက ပြောသည်။

zawgyi version
ဦးေအာင္ၾကည္ၫြန႔္ႏွင့္ ဦးေက်ာ္ေထြးအပါအဝင္ NUG ပုဂၢိဳလ္အခ်ိဳ႕ အေမရိကန္တြင္ အိမ္ဝယ္ထားၾကၿပီဆိုေသာ သတင္းမ်ား က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာေသာ္လည္း သက္ဆိုင္သူမ်ားက ႏႈတ္ဆိတ္ေန
Iris (NP News) - ေမ ၁၅

ဦးေအာင္ၾကည္ၫြန႔္၊ ဦးေက်ာ္ေထြး၊ ဦးရည္မြန္၏သမီးအပါအဝင္ ေတာ္လွန္ေရးဘက္ေတာ္သားဟု အမည္ခံထားသည့္ ျပည္ပေရာက္ NUG ထိပ္ပိုင္းပုဂၢိဳလ္အမ်ားအျပားက အေမရိကန္တြင္ အိမ္ဝယ္ယူေနထိုင္ၾကသည္ဆိုေသာ သတင္းမ်ား ဆက္တိုက္ထြက္ေပၚလာခဲ့ေသာ္လည္း သက္ဆိုင္သူမ်ားက ျငင္းခ်က္ထုတ္ျခင္းမရွိၾကေၾကာင္း ေလ့လာေတြ႕ရွိရသည္။

NUG ဘက္ေတာ္သား ေထာက္ပို႔ေလာ္ဘီ တစ္ဦးျဖစ္သူ ပန္ဆယ္လို(အိမ့္ပိုးဥ)က အေမရိကန္တြင္ ေဒၚလာတစ္သန္းတန္ေသာ အိမ္တစ္လုံးဝယ္ယူခဲ့ၿပီးေနာက္ ႏွစ္ဆန္းတစ္ရက္ေန႔က အိမ္တက္လုပ္ခဲ့ေၾကာင္း CDM ဆရာဝန္တစ္ဦးက အတိအလင္း ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ပိုင္းတြင္ ယခုကဲ့သို႔ တစ္ဦးၿပီးတစ္ဦး အိမ္ဝယ္ေၾကာင္းသတင္းမ်ား ဆက္တိုက္ထြက္ လာေနျခင္းလည္းျဖစ္သည္။ အထူးသျဖင့္ CDM ဆရာဝန္တစ္ဦးျဖစ္သူ သကၠမိုးညိဳက ၎၏ေဖ့ဘြတ္မွတစ္ဆင့္ အတိအလင္း စြပ္စြဲေရးသားျခင္းမ်ိဳးျဖစ္ၿပီး ၎၏ေရးသားခ်က္မ်ားကိုလည္း လူပုဂၢိဳလ္အခ်ိဳ႕က မွတ္ခ်က္ျပဳ၍ စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကသည္။ သကၠမိုးညိဳက ပန္ဆယ္လိုႏွင့္ပတ္သက္၍ အိမ္ဝယ္ခဲ့ေၾကာင္း အတိအလင္းေရးသားခဲ့သည့္တိုင္ ပန္ဆယ္လိုဘက္က တိက်ရွင္းလင္းေသာ အေၾကာင္းျပန္ခ်က္မ်ိဳး တုံ႔ျပန္မႈမရွိခဲ့ဘဲ ေရာခ်ေရးသားသည့္ ေရးသားတုံ႔ျပန္မႈမ်ိဳးကိုသာ ေတြ႕ရသည္။ ပန္ဆယ္လို၏ အိမ္ဝယ္သည့္ျဖစ္စဥ္ေနာက္ပိုင္းတြင္ CRPH မွ ဦးေအာင္ ၾကည္ၫြန႔္၊ NLD ဦးေက်ာ္ေထြးႏွင့္ ဦးရည္မြန္၏သမီး ျဖစ္သူတို႔က အေမရိကန္တြင္ အိမ္ဝယ္ထားၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေရးသားထားကိုေတြ႕ရသည္။

ဦးေအာင္ၾကည္ၫြန႔္ႏွင့္ပတ္သက္၍ “ ဦးေအာင္ၾကည္ၫြန႔္လည္း ႏွစ္ဆန္းတစ္ရက္ေန႔ကလုပ္တဲ့ အိမ္တက္မဂၤလာေပး မဖိတ္ဘူးေနာ္” ဟူ၍ လည္းေကာင္း၊ ဦးေက်ာ္ေထြးႏွင့္ပတ္သက္၍ “ မင္နီဆိုးတားက အိမ္ေလး၊ အမည္ေပါက္က တစ္ျခားဆိုေပမယ့္ ဝယ္ၿပီးသားပါေနာ္ ကိုေက်ာ္ေထြး” ဟူ၍ လည္းေကာင္း သကၠမိုးညိဳက ေရးသားထားသည္။ ယင္းအျပင္ “ေတာထဲေလွ်ာက္သြားေနတဲ့ ဝန္ႀကီးရဲ႕သမီး ေတာ္ေလးနာမည္နဲ႔ ဝယ္ခ်လိုက္တဲ့ ေဒၚလာငါးသိန္းတန္ စံနန္းေတာ္ႀကီး၊ အိမ္ထဲမွာ ေရကူးကန္နဲ႔ ဘာနဲ႔။ ၂၀၂၂ ကမွ US ေရာက္သူဆိုေတာ့ လူမွားစရာေတာ့ မရွိပါဘူး။ co-signed ထိုးတာက ကိုထင္ဝင္းတို႔ခ်ိတ္”ဟူ၍ ေရးသားထားသည္။ အဆိုပါေဖာ္ျပခ်က္ ႏွင့္ ပတ္သက္၍ သက္ဆိုင္သူမ်ား ဘက္က မဟုတ္မွန္ေၾကာင္း ျပန္လည္ေျဖရွင္းထားခ်က္မ်ားကို ေမလ (၁၀) ရက္ေန႔အထိ မေတြ႕ရေသးေပ။ “ ဒီသတင္းေတြက ၾကားေနရတာၾကာၿပီ။ သူတို႔ေတြ ျမန္မာျပည္မွာတုန္းက အိမ္ဝယ္ႏိုင္ေလာက္ေအာင္ ပိုက္ဆံေတြရွိၾကတာလည္း မဟုတ္ဘူး။ ၿပီးေတာ့ ထြက္ေျပးခ်ိန္မွာလည္း အဲဒီေလာက္မ်ားတဲ့ပိုက္ဆံေတြကို ဘယ္လိုသယ္သြားၾကမလဲ။ ဘယ္ကရတဲ့ေငြေတြလဲ ဆိုတာ ေသခ်ာမရွင္းလင္းဘူး။ လႊတ္ေတာ္ကိုယ္စား လွယ္ဘဝတုန္းကေတာင္ ဒီေလာက္ ေငြရလမ္းရွိခဲ့သူေတြ မဟုတ္ဘူးေလ။ ကိုေက်ာ္ေထြးဆိုရင္ ရန္ကုန္မွာ တိုက္ခန္းေလးမွာပဲ ေနခဲ့ရတာ။ လႊတ္ေတာ္ကိုယ္စား လွယ္ျဖစ္ခ်ိန္မွာ ေနျပည္ေတာ္က စည္ပင္ရိပ္သာမွာ အခန္းေလး ငွားၿပီး မိသားစုလိုက္စုၿပီးေနခဲ့ၾကတာ” ဟု ဝါရင့္ NLD ပါတီဝင္တစ္ဦးက NP News ကို ေျပာသည္။

အထူးသျဖင့္ ဦးေအာင္ၾကည္ၫြန႔္၊ ဦးေက်ာ္ေထြးႏွင့္ အခ်ိဳ႕ေသာ NUG ထိပ္ပိုင္း ပုဂၢိဳလ္အခ်ိဳ႕၏ အိမ္ဝယ္သည့္သတင္းမ်ားႏွင့္ ျပည္သူ႔ အလႉေငြမ်ားကို အလြဲသုံးစားလုပ္သည္ဆိုေသာ သတင္းမ်ားက NLD ပါတီဝင္မ်ားအၾကားတြင္ က်ယ္က်ယ္ေလာင္ေလာင္ ပ်ံ႕ႏွံ႔ေနခဲ့ၿပီးသားျဖစ္ေၾကာင္း မဲေဆာက္ ေရာက္ NLD သတင္းရင္းျမစ္ တစ္ဦးကလည္းေျပာသည္။ ဦးေအာင္ၾကည္ၫြန႔္က အေမရိကန္တြင္ အိမ္ဝယ္သည့္ကိစၥ၌ ၎၏အမည္ျဖင့္ မဟုတ္ဘဲ အျခားေသာမိသားစုဝင္တစ္ဦး၏ နာမည္ကို သုံးစြဲထားေၾကာင္း၊ ဦးေက်ာ္ေထြးသည္လည္း အေမရိကန္သို႔ေရာက္ရွိသည့္ လအနည္းငယ္ အတြင္း မွာပင္ ေဒၚလာ(၄၀ဝဝဝ)ထက္မနည္းေသာ ကားအသစ္တစ္စီးကို ေငြသားခ်က္ျခင္းေပး၍ ဝယ္ ယူခဲ့ေၾကာင္း မဲေဆာက္သတင္းရင္းျမစ္ကေျပာသည္။ “ ကိုေက်ာ္ေထြး မိန္းမက မင္နီဆိုးတားကို ေရာက္ၿပီးေတာ့ မၾကာခင္မွာ ေဆး႐ုံတစ္ခုက စားဖိုေဆာင္မွာ အလုပ္လုပ္ရတယ္။ တစ္နာရီကို ေဒၚလာ(၂၀)ေလာက္ ရတယ္။ Tax ျဖတ္မယ္ဆိုရင္ တစ္နာရီကို (၁၃)ေဒၚလာေလာက္ပဲရတယ္။ ကိုေက်ာ္ေထြးက်ေတာ့ သုံးလေလာက္ ပုန္းေနၿပီးမွ ထြက္လာတယ္။ ထြက္လာခ်ိန္မွာလည္း ေဒၚလာ (၄၈၀ဝဝ)ေက်ာ္တန္ ကားတစ္စီးကို လက္ငင္းေငြသားေခ်ၿပီး ဝယ္လိုက္တယ္။ Uber Taxi ေမာင္းတယ္။ ပုံမွန္ဝင္ ေငြေကာင္းတဲ့အလုပ္မ်ိဳးေတာ့ မဟုတ္ဘူး။ အဲဒီလိုလူက အိမ္ဝယ္မယ္ဆိုၿပီး Down Payment အျဖစ္ (၂၀) ရာခိုင္ႏႈန္းကို ခ်က္ျခင္းေငြေခ်ခဲ့တယ္။ သူ႔မိန္းမ နဲ႔ သူနဲ႔ရတဲ့ေငြက အိမ္အသုံးစရိတ္ဆိုရင္ ေလာက္ေတာင္ ေလာက္မယ့္သေဘာမွာမရွိဘူး။ (၂၀)ရာခိုင္ႏႈန္း လက္ငင္းေပးေခ်ဖို႔ဆိုတာ သူတို႔ လုပ္ေနတဲ့ အလုပ္နဲ႔က မျဖစ္ႏိုင္ဘူး။ ရန္ကုန္မွာတုန္းကလည္း သာေကတ က သူ႔အိမ္က သူ႔ညီမ တစ္ေယာက္ နာမည္နဲ႔ လုပ္ထားတာ။ အဲဒီအိမ္ကိုေရာင္းၿပီး ဝယ္တာမ်ိဳးဆိုရင္လည္း နစကနဲ႔ လက္ဝါး ခ်င္း ႐ိုက္ၿပီးေရာင္းမွပဲ ရမယ္။ ဒီေတာ့ ေဒၚလာ(၄၈၀ဝဝ)တန္ကားရယ္၊ ေဒၚလာ(၄)သိန္းေက်ာ္တန္ တဲ့အိမ္ရဲ႕ Down Payment (၂၀) ရာခိုင္ႏႈန္းကို သူက ဘယ္ကရတဲ့ေငြနဲ႔ ေပးမလဲ။ အေမရိကား ေရာက္တဲ့ အခ်ိန္မွာ ကိုေက်ာ္ေထြးက စစ္အာဏာရွင္တိုက္ထုတ္ဖို႔ ေခါင္းစဥ္နဲ႔ အလႉခံတာ ေတြလုပ္ခဲ့ဖူးတာ ရွိ တယ္” ဟု အေမရိကန္တြင္ ေနထိုင္သည့္ NLD ပါတီဝင္တစ္ဦးက ေျပာသည္။

ေရကူးကန္ပါသည္ဆိုေသာ အိမ္ကိစၥႏွင့္ ဦးေအာင္ၾကည္ၫြန႔္တို႔၏ အိမ္ကိစၥအတြက္လည္း “ ဦးေအာင္ ၾကည္ၫြန႔္က အင္ဒီယားနားပလိစ္ၿမိဳ႕မွာေနၿပီးေတာ့ အဖိုးႀကီးအဖြားႀကီး လင္မယား ႏွစ္ေယာက္ ဘာအလုပ္မွလည္း မလုပ္ႏိုင္ေတာ့ဘူး။ အေမရိကန္အစိုးရကလည္း မေထာက္ပံ့ဘူး။ လာတုန္းကလည္း ဘာမွ ဒီေလာက္ပါလာတာ မဟုတ္ဘူး။ အဲဒီၾကားထဲက အိမ္ဝယ္ထားႏိုင္တယ္။ ရည္မြန္ရဲ႕သမီးကလည္း ေဆးေက်ာင္းလည္း တက္ေနတယ္။ အခုအထဲမွာ ေရကူးကန္ပါတဲ့ အိမ္ကို လြန္ခဲ့တဲ့ရက္ပိုင္းေလးကမွ ဝယ္လိုက္တယ္။ ေဆးေက်ာင္းလည္း ဘယ္ကရတဲ့ ပိုက္ဆံနဲ႔တက္လည္း မသိဘူး။ အိမ္လည္း ဝယ္ထားလိုက္တယ္။ ေတာ္လွန္ေရးေငြေတြကို ရွင္းတမ္းလုပ္ခိုင္းတဲ့ အခါမွာ က်ေတာ့ ေတာ္ေတာ္နဲ႔ မရွင္းႏိုင္ၾကဘဲ အိမ္ကေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ဝယ္ေနၾကတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။ CDM ဆရာဝန္ သကၠမိုးညိဳ၏ ေရးသားခ်က္မ်ားေအာက္တြင္ ျပည္သူေငြမ်ားျဖင့္ ဝယ္ယူထားေသာ ေသြးမ်က္ရည္အိမ္မ်ားအျဖစ္ မွတ္ခ်က္ေပးၾကသကဲ့သို႔ အိမ္ျပန္ ၾကမည္ဆိုေသာ ပုဂၢိဳလ္မ်ားက အေမရိကန္တြင္ အိမ္ဝယ္ေနျခင္းေၾကာင့္ လူထုအားလိမ္လည္ၾကေသာ ပုဂၢိဳလ္မ်ားအျဖစ္လည္းေကာင္း ေရးသားမႈမ်ား ရွိေနသည္။ မဲေဆာက္ေရာက္ NLD ဘက္ေတာ္သား အခ်ိဳ႕၏ အဆိုအရ ဦးေအာင္ၾကည္ၫြန႔္၊ ဦးေက်ာ္ ေထြး၊ ေဒၚျဖဴျဖဴသင္း၊ ဦးမိုးေဇာ္ဦး၊ ဦးထင္လင္းေအာင္၊ ဦးေက်ာ္နီ၊ ဦးရည္မြန္၊ ဦးလြင္ကိုလတ္၊ ဦးေနဘုန္းလတ္ အစရွိေသာ ပုဂၢိဳလ္မ်ားက တစ္ဦးလွ်င္ ပုံစံတစ္မ်ိဳးစီျဖင့္ ေတာ္လွန္ေရးအေပၚမွ အျမတ္ထုတ္မႈမ်ား ရွိေနသည္ဟု ဆိုသည္။ အဆိုပါ ပုဂၢိဳလ္မ်ား ထက္ပို၍ အျမတ္အစြန္းရရွိထားသူမွာ ပန္ဆယ္လိုျဖစ္ၿပီး မည္သည့္တာဝန္မွခံစရာမလိုဘဲ ေတာ္လွန္ေရး အျမတ္ အစြန္းထြက္ေနသူျဖစ္ေၾကာင္း အသိေပးသည္။ သက္ဆိုင္ရာပုဂၢိဳလ္မ်ားဘက္ကမူ ၎တို႔အေပၚ စြပ္စြဲထားေသာ ေငြေၾကးအဂတိကိစၥအတြက္ ရွင္းလင္းျပတ္သားေသာစာရင္းစစ္ ခံရဲမႈႏွင့္ လူထုအား တာဝန္ခံရွင္းျပမႈတို႔ကို တိတိပပ ေတြ႕ရျခင္း မရွိေသးေပ။ “ ေဒၚေမဝင္းျမင့္လည္း မၾကာခင္ အိမ္ဝယ္ေတာ့မယ္တဲ့” ဟု အေမရိကန္ရွိ သတင္းရင္းျမစ္ကေျပာသည္။ သို႔ေသာ္လည္း ၎တို႔ဝယ္ယူ ၾကသည့္ အိမ္မ်ားႏွင့္ပတ္သက္၍ အမည္ေပါက္မ်ားကို ကိုယ္တိုင္နာမည္ျဖင့္ မဟုတ္ဘဲ မိသားစုဝင္ တစ္ဦးဦးကိုျဖစ္ေစ၊ ယုံၾကည္စိတ္ခ်ရသည့္ အျခားသူတစ္ဦးဦးကိုျဖစ္ေစ အမည္ေပါက္ဝယ္ယူေစျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ အကယ္၍သတင္းမ်ား ယခုထက္ပို က်ယ္ေလာင္လာခဲ့ပါက ၎တို႔ ေနထိုင္ေသာ အိမ္မ်ားကို အငွားျဖင့္သာ ေနရျခင္းျဖစ္ေၾကာင္း သို႔မဟုတ္ တိုးတိုးတိတ္တိတ္ ျပန္လည္ ေရာင္းခ်ျခင္းျဖင့္လည္းေကာင္း လိမ္လည္ေျဖရွင္းၾကလိမ့္မည္ဟု သတင္းရင္းျမစ္မ်ားက ေျပာသည္။

Picture

Blood Black

21/05/2024 22:23

😲😲😲

Related news

© 2021. All rights reserved.