အမေရိကန်က တရုတ်သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုအသစ်များချမှတ်

 1092

ALynn (NP News) - မေ ၁၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားစုနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်စေမည့် တရုတ်၏ လျှပ်စစ်ကားများ၊ ဘက်ထရီ၊ ဆိုလာ၊ စတီးလ်၊ အလူမီနီယံနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းထားအသစ်များ သတ်မှတ်ဖို့ ကြိုးပမ်းလာသည်။

ဘိုင်ဒင်က ပြည်တွင်းရှိ တရုတ်ကုမ္ပဏီများကြောင့် အမေရိကန်ကုမ္ပဏီများမှာ အကျိုးအမြတ်မရရှိဘဲ ကမ္ဘာ့ကုန်သွယ်ရေးတွင် မျှတမှုမရှိသလိုဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ပြိုင်ဆိုင်မှု မျှတသရွေ့ အမေရိကန်အလုပ်သ မားများသည် တရားမျှတမှုရှိစွာ အားသွန်ခွန်စိုက် ယှဉ်ပြိုင်နေဦးမည်ဖြစ် ကြောင်း၊ သို့သော် တရုတ်အစိုးရက နိုင်ငံတော်ပိုင်ငွေများကိုအသုံးပြု၍ တရုတ်ကုမ္ပဏီများကို လည်ပတ်စေသောကြောင့် တရားမျှတမှုမရှိသလိုဖြစ်နေကြောင်း”လည်း ပြောကြားခဲ့သည်။

အမေရိကန်၏ အခွန်တိုးမြှင့်သတ်မှတ်ခြင်းအပေါ် တရုတ်က ချက်ချင်း လက်တုံ့ပြန်မည်ဟု ကတိပြုခဲ့သည်။ အမေရိကန်၏ အခွန်စည်းကြပ်မှု တိုးမြှင့်ခြင်းကို တရုတ်ကဆန့်ကျင်ပြီး ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အမေရိကန်၏ အကောက်ခွန်နှုန်းအသစ်သည် သံမဏိနှင့် အလူမီနီယံ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ လျှပ်စစ်ကားများ၊ ဓာတ်သတ္တုများ၊ ဆိုလာဆဲလ်များနှင့် ကရိန်းများအပါအဝင် တရုတ်သွင်းကုန် ပစ္စည်းတန်ဖိုး ဒေါ်လာ ၁၈ ဘီလျံအပေါ် သက်ရောက်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ EV ကာများအပေါ် အခွန်တိုးမြှင့်သတ်မှတ်သော်လည်း အမေရိကန်သို့ တင်သွင်းသော တရုတ် EV အရေအတွက်မှာ အလွန်နည်းပါးသည့်အတွက် ယင်းမှာ နိုင်ငံရေးအရ သက်ရောက်မှုအတွက်သာ ပြုမူခြင်းဖြစ်သည်မှာ သိသာနေသည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ ဒေါ်လာ ၄၂၇ ဘီလျံဖိုးတင်သွင်းခဲ့ပြီး တရုတ်သို့ ဒေါ်လာ ၁၄၈ ဘီလျံဖိုးခန့်သာ ပြန်လည်တင်ပို့နိုင်ခဲ့သည်။ ထို့ကြောင့် ဆယ်စုနှစ်များစွာကြာ ကုန်သွယ်ရေးကွာဟမှု ဆက်လက်ဖြစ်ပေါ်နေသောကြောင့် အမေရိကန်အတွက် ကုန် သွယ်ရေးမှာ အကဲဆတ်သည့်အကြောင်းအရာဖြစ်လာကြောင်း သိရသည်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တရုတ်သည် အမေရိကန်၏ ဉာဏမူပိုင်ခွင့်ကို ခိုးယူခြင်းကြောင့် ယခုအခွန်စည်းကြပ်မှုအသစ်သည် တရားမျှတကြောင်း ပြောကြားခဲ့သည်။ သို့သော် Tai သည် နေရောင်ခြည်စွမ်းအင်သုံး စက်ကိရိယာ ၁၉ ခု အပါအဝင် တရုတ်နိုင်ငံမှ ရာနှင့်ချီသော စက်မှုစက်ပစ္စည်းတင်သွင်းမှု အမျိုးအစားများအတွက် အခွန်ကင်းလွတ်ခွင့်ကို အကြံပြုထားသည်။

zawgyi version
အေမရိကန္က တ႐ုတ္သြင္းကုန္မ်ားအေပၚ အခြန္စည္းၾကပ္မႈအသစ္မ်ားခ်မွတ္
ALynn (NP News) - ေမ ၁၅

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္သည္ ကမာၻ႔အႀကီးဆုံးစီးပြားေရးအင္အားစုႏွစ္ခုအၾကား ပြတ္တိုက္မႈျဖစ္ေစမည့္ တ႐ုတ္၏ လွ်ပ္စစ္ကားမ်ား၊ ဘက္ထရီ၊ ဆိုလာ၊ စတီးလ္၊ အလူမီနီယံႏွင့္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားအေပၚ အေကာက္ခြန္ႏႈန္းထားအသစ္မ်ား သတ္မွတ္ဖို႔ ႀကိဳးပမ္းလာသည္။

ဘိုင္ဒင္က ျပည္တြင္းရွိ တ႐ုတ္ကုမၸဏီမ်ားေၾကာင့္ အေမရိကန္ကုမၸဏီမ်ားမွာ အက်ိဳးအျမတ္မရရွိဘဲ ကမာၻ႔ကုန္သြယ္ေရးတြင္ မွ်တမႈမရွိသလိုျဖစ္ေနေၾကာင္း ေျပာၾကားခဲ့သည္။ ၿပိဳင္ဆိုင္မႈ မွ်တသေ႐ြ႕ အေမရိကန္အလုပ္သ မားမ်ားသည္ တရားမွ်တမႈရွိစြာ အားသြန္ခြန္စိုက္ ယွဥ္ၿပိဳင္ေနဦးမည္ျဖစ္ ေၾကာင္း၊ သို႔ေသာ္ တ႐ုတ္အစိုးရက ႏိုင္ငံေတာ္ပိုင္ေငြမ်ားကိုအသုံးျပဳ၍ တ႐ုတ္ကုမၸဏီမ်ားကို လည္ပတ္ေစေသာေၾကာင့္ တရားမွ်တမႈမရွိသလိုျဖစ္ေနေၾကာင္း”လည္း ေျပာၾကားခဲ့သည္။

အေမရိကန္၏ အခြန္တိုးျမႇင့္သတ္မွတ္ျခင္းအေပၚ တ႐ုတ္က ခ်က္ခ်င္း လက္တုံ႔ျပန္မည္ဟု ကတိျပဳခဲ့သည္။ အေမရိကန္၏ အခြန္စည္းၾကပ္မႈ တိုးျမႇင့္ျခင္းကို တ႐ုတ္ကဆန႔္က်င္ၿပီး ၎၏အက်ိဳးစီးပြားမ်ားကို ကာကြယ္ရန္ ေဆာင္႐ြက္သင့္သည္မ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎၏ ကူး သန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ အေမရိကန္၏ အေကာက္ခြန္ႏႈန္းအသစ္သည္ သံမဏိႏွင့္ အလူမီနီယံ၊ တစ္ပိုင္းလွ်ပ္ကူးပစၥည္း၊ လွ်ပ္စစ္ကားမ်ား၊ ဓာတ္သတၱဳမ်ား၊ ဆိုလာဆဲလ္မ်ားႏွင့္ ကရိန္းမ်ားအပါအဝင္ တ႐ုတ္သြင္းကုန္ ပစၥည္းတန္ဖိုး ေဒၚလာ ၁၈ ဘီလ်ံအေပၚ သက္ေရာက္သြားမည္ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ေျပာၾကားခဲ့သည္။ EV ကာမ်ားအေပၚ အခြန္တိုးျမႇင့္သတ္မွတ္ေသာ္လည္း အေမရိကန္သို႔ တင္သြင္းေသာ တ႐ုတ္ EV အေရအတြက္မွာ အလြန္နည္းပါးသည့္အတြက္ ယင္းမွာ ႏိုင္ငံေရးအရ သက္ေရာက္မႈအတြက္သာ ျပဳမူျခင္းျဖစ္သည္မွာ သိသာေနသည္။

အေမရိကန္သည္ ၂၀၂၃ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံမွ ကုန္ပစၥည္းမ်ား ေဒၚလာ ၄၂၇ ဘီလ်ံဖိုးတင္သြင္းခဲ့ၿပီး တ႐ုတ္သို႔ ေဒၚလာ ၁၄၈ ဘီလ်ံဖိုးခန႔္သာ ျပန္လည္တင္ပို႔ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ဆယ္စုႏွစ္မ်ားစြာၾကာ ကုန္သြယ္ေရးကြာဟမႈ ဆက္လက္ျဖစ္ေပၚေနေသာေၾကာင့္ အေမရိကန္အတြက္ ကုန္ သြယ္ေရးမွာ အကဲဆတ္သည့္အေၾကာင္းအရာျဖစ္လာေၾကာင္း သိရသည္။ အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ Katherine Tai က တ႐ုတ္သည္ အေမရိကန္၏ ဉာဏမူပိုင္ခြင့္ကို ခိုးယူျခင္းေၾကာင့္ ယခုအခြန္စည္းၾကပ္မႈအသစ္သည္ တရားမွ်တေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္ Tai သည္ ေနေရာင္ျခည္စြမ္းအင္သုံး စက္ကိရိယာ ၁၉ ခု အပါအဝင္ တ႐ုတ္ႏိုင္ငံမွ ရာႏွင့္ခ်ီေသာ စက္မႈစက္ပစၥည္းတင္သြင္းမႈ အမ်ိဳးအစားမ်ားအတြက္ အခြန္ကင္းလြတ္ခြင့္ကို အႀကံျပဳထားသည္။

Related news

© 2021. All rights reserved.