ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ စတင်ဖွင့်လှစ်

 1122

Pearl (NP News) - မေ ၁၅

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

သင်တန်း အမှတ်စဉ် (၂) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယမန်နေ့ (မေလ ၁၄)ရက်က သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ သင်တန်းအမှတ်စဉ်(၂) ဆက်လက်ဖွင့်လှစ်ရန်အတွက် ပြီးခဲ့သည့် မေလ (၆)ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်ကာ ဆင့်ခေါ်ထားသူများကို ဆေးစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ကိုလည်း ပြီးခဲ့သည့် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းအမှတ် (၁)ကို မိမိဆန္ဒအရ စစ်မှုထမ်းလိုသူများက တက်ရောက်ကာ စစ်ပညာသင်ယူနေခြင်းဖြစ် ကြောင်း နစကဘက်က ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့်ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်၍ အသက်ဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်တစ်ခုလျှင် သင်တန်းသား (၅၀ဝဝ)ဝန်းကျင်ကို လစဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအားလုံးသည် ဥပဒေကို ကျော်လွန်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ဥပဒေထက်ကျော်ပါက တရားဝင်တိုင်ကြားနိုင်ကြောင်းလည်း နစက ဘက်မှပြောကြားထားဖူးသည်။

zawgyi version
ျပည္သူ႔စစ္မႈထမ္း အမွတ္စဥ္ (၂) သင္တန္းကို တိုင္းစစ္ဌာနခ်ဳပ္အသီးသီး၌ စတင္ဖြင့္လွစ္

Pearl (NP News) - ေမ ၁၅

ျပည္သူ႔စစ္မႈထမ္း အမွတ္စဥ္ (၂) သင္တန္းကို တိုင္းစစ္ဌာနခ်ဳပ္အသီးသီး၌ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သင္တန္း အမွတ္စဥ္ (၂) တြင္ ပါဝင္တက္ေရာက္ၾကမည့္ အရည္အခ်င္းကိုက္ညီသူမ်ားသည္ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားရွိ သင္တန္းေက်ာင္းအသီးသီးသို႔ေရာက္ရွိ၍ လိုအပ္သည့္ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ခဲ့ၾကၿပီး ယမန္ေန႔ (ေမလ ၁၄)ရက္က သက္ဆိုင္ရာ တိုင္းစစ္ ဌာနခ်ဳပ္မ်ားအလိုက္ နယ္ေျမခံသင္တန္းေက်ာင္းမ်ားတြင္သင္တန္းဖြင့္ပြဲ ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါ သင္တန္းအမွတ္စဥ္(၂) ဆက္လက္ဖြင့္လွစ္ရန္အတြက္ ၿပီးခဲ့သည့္ ေမလ (၆)ရက္က ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အက်ဳံးဝင္ကာ ဆင့္ေခၚထားသူမ်ားကို ေဆးစစ္ျခင္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း သိရသည္။ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၁)ကိုလည္း ၿပီးခဲ့သည့္ ဧၿပီ ၈ ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး အဆိုပါ သင္တန္းအမွတ္ (၁)ကို မိမိဆႏၵအရ စစ္မႈထမ္းလိုသူမ်ားက တက္ေရာက္ကာ စစ္ပညာသင္ယူေနျခင္းျဖစ္ ေၾကာင္း နစကဘက္က ဆိုသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒကို ၂၀၁၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ ဥပေဒအမွတ္ (၂၇/၂၀၁၀)ျဖင့္ျပ႒ာန္းခဲ့ၿပီး ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၀ ရက္တြင္ စတင္၍ အသက္ဝင္ေၾကာင္း ထုတ္ျပန္ခဲ့သည္။ ျပည္သူ႔စစ္မႈထမ္း သင္တန္းအမွတ္စဥ္တစ္ခုလွ်င္ သင္တန္းသား (၅၀ဝဝ)ဝန္းက်င္ကို လစဥ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍ လက္ရွိေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားအားလုံးသည္ ဥပေဒကို ေက်ာ္လြန္ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ဥပေဒထက္ေက်ာ္ပါက တရားဝင္တိုင္ၾကားႏိုင္ေၾကာင္းလည္း နစက ဘက္မွေျပာၾကားထားဖူးသည္။

Related news

© 2021. All rights reserved.