စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရ

 2912

ယွန်း(NP News) - မေ ၁၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုသည် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံခဲ့ရ ကြောင်း သတင်းရရှိသည်။

၎င်းကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၇၁/ ၂၀၂၄) အရ သိရသည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုအား ထုတ် ပယ်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြထားခြင်းမျိုး မရှိသည်ကိုလည်း တွေ့ရသည်။

NP News အနေဖြင့်လည်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရန်အတွက် စီးပွားကူးသန်းဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းနေသော်လည်း အဆက်အသွယ်မရရှိသေးပေ။

လက်ရှိတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ဦးအောင်ကိုကိုက ၂၀၂၄ ခုနှစ်၊ ဧပြီ (၁) ရက်မှစ၍ တာဝန်ယူလုပ်ကိုင်နေလျက်ရှိပြီး ၎င်းသည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စားသုံးသူရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ရောက်ရှိလာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

zawgyi version
စားသုံးသူေရးရာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ခ်ိဳ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ခံရ

ယြန္း(NP News) - ေမ ၁၅

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ခ်ိဳသည္ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ခံခဲ့ရ ေၾကာင္း သတင္းရရွိသည္။

၎ကို ၿပီးခဲ့သည့္ မတ္လ ၁၅ ရက္ေန႔မွစ၍ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္လိုက္ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အမိန႔္ေၾကာ္ျငာစာအမွတ္ (၇၁/ ၂၀၂၄) အရ သိရသည္။

အဆိုပါအမိန႔္ေၾကာ္ျငာစာတြင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ခ်ိဳအား ထုတ္ ပယ္ရသည့္ အေၾကာင္းအရင္းႏွင့္ပတ္သက္၍ ေရးသားေဖာ္ျပထားျခင္းမ်ိဳး မရွိသည္ကိုလည္း ေတြ႕ရသည္။

NP News အေနျဖင့္လည္း ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ခ်ိဳကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္လိုက္ျခင္းႏွင့္ ပတ္သက္၍ ေမးျမန္းရန္အတြက္ စီးပြားကူးသန္းဝန္ႀကီးဌာနကို ဆက္သြယ္ေမးျမန္းေနေသာ္လည္း အဆက္အသြယ္မရရွိေသးေပ။

လက္ရွိတြင္ စားသုံးသူေရးရာဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ကို ဦးေအာင္ကိုကိုက ၂၀၂၄ ခုႏွစ္၊ ဧၿပီ (၁) ရက္မွစ၍ တာဝန္ယူလုပ္ကိုင္ေနလ်က္ရွိၿပီး ၎သည္ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္မွ စားသုံးသူေရးရာဦးစီးဌာနသို႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာသူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

Picture

My Mine

15/05/2024 20:53

အဖားတော်သူတွေ လူကြီးအကူအညီနဲ့ နေရာလုသူတွေကို. .နာနာခန့်...တိုင်းပြည် က..ကင်ဆာနိုင်ငံဖြစ်နေပြီ....တနည်း.ပြောရရင်..ငွေကြေးပဲ ဦးစားပေးနေကြသူတွေပေါ့။ထုတ်လုပ်သူတွေနဲ့ တိုက်ရိုက်ဖုန်းပြောခြင်း ရှိနေရင် အဲဒီ ဝန်ထမ်း...ဖမ်းဆီးသင့်တယ်။အခု အလုပ်က သူဌေးကြီးတွေ ပါရဂူကြီးတွေကို ခန့်ရမှာ..ငွေကြေးမလိုအပ်သလောက်ပြည့်စုံသူတွေပေါ့။

Related news

© 2021. All rights reserved.