တရုတ်နိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ဥယျာဉ်မှာ ကျားအကောင်ရေ ၂၀ ကျော် သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

 1180

ရောင်နီ (NP News) - မေ ၁၆

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ တောရိုင်းတိရစ္ဆာန်ဥယျာဉ်တစ်ခု Fuyang Wildlife Park မှာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဆိုက်ဘေးရီးယား ကျားကောင်ရေ ၂ဝ သေဆုံးခဲ့တာကြောင့် ၎င်းကို စုံစမ်းစစ်ဆေးနေပါတယ်။

အဆိုပါကျားတွေဟာ နိုင်ငံရဲ့ပထမအဆင့် ကာကွယ်ရေးတိရစ္ဆာန်များအဖြစ် စာရင်းသွင်းခံထားရတဲ့ မျိုးစိတ်တွေဖြစ်ပြီး ၎င်းတို့လိုပဲ တိရစ္ဆာန်ရုံအတွင်း အာဖရိကခြင်္သေ့နှစ်ကောင်၊ သစ်ကုလားအုတ် ၃ ကောင် နဲ့ မျောက်ဝံများစွာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ တိရစ္ဆာန်ရုံရဲ့ပေါ့ဆမှုကြောင့်သာဖြစ်တယ်လို့ Fuyang Wildlife Park က ဆိုပါတယ်။ အဆိုပါ တိရစ္ဆာန်ရုံဟာ ပုဂ္ဂလိက တိရစ္ဆာန်ရုံဖြစ်ပြီး ဥပဒေအရ ကာကွယ်ထားတဲ့မျိုးစိတ်တွေကို တရားမဝင် မွေးမြူခြင်း၊ လိုင်စင်မဲ့ တိရစ္ဆာန်များ ရောင်းချခြင်းနဲ့ ကြမ်းတမ်းတဲ့အခြေအနေမှာ တိရစ္ဆာန်တွေကို ထိန်းသိမ်းထားခြင်းတို့အတွက် တရားစွဲ ခံရနိုင်ချေ ရှိနေပါတယ်။

စစ်ဆေးချက်အစီရင်ခံစာတွေအရ တိရစ္ဆာန်ရုံဟာ ကျားတွေကို သဘာဝအလင်းရောင် အနည်းငယ်သာရှိတဲ့ လှောင်အိမ်တွေမှာ ထားရှိလေ့ရှိတယ်လို့ သိရပါတယ်။ ဒါအပြင် တိရစ္ဆာန်ရုံမှာ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် တိရစ္ဆာန်တွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့အချက်ကိုလည်း အစီရင်ခံစာမှာ တွေ့ရှိခဲ့ပါတယ်။

သတင်းဌာနတစ်ခုရဲ့အဆိုအရ အဆိုပါပန်းခြံဟာ ယခင်က ဆိုက်ဘေးရီးယားကျားတွေ မွေးမြူဖို့ လိုင်စင်လျှောက်ထားရာမှာ ကြိမ်ဖန်များစွာ လျှောက်ထားခဲ့ပေမယ့် လုံလောက်တဲ့အထောက်အပံ့ မရှိတာကြောင့် ငြင်းပယ်ခံထားရသူလည်း ဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် အခုအချိန်မှာတော့ ပန်းခြံကို မေလ ၁၃ ရက်မှ ၁၅ ရက်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရွိ ေတာ႐ိုင္းတိရစာၦန္ဥယ်ာဥ္မွာ က်ားအေကာင္ေရ ၂၀ ေက်ာ္ ေသဆုံးမႈအတြက္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေန
ေရာင္နီ (NP News) - ေမ ၁၆

တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းရွိ ေတာ႐ိုင္းတိရစာၦန္ဥယ်ာဥ္တစ္ခု Fuyang Wildlife Park မွာ လြန္ခဲ့တဲ့ ငါးႏွစ္အတြင္း ဆိုက္ေဘးရီးယား က်ားေကာင္ေရ ၂ဝ ေသဆုံးခဲ့တာေၾကာင့္ ၎ကို စုံစမ္းစစ္ေဆးေနပါတယ္။

အဆိုပါက်ားေတြဟာ ႏိုင္ငံရဲ႕ပထမအဆင့္ ကာကြယ္ေရးတိရစာၦန္မ်ားအျဖစ္ စာရင္းသြင္းခံထားရတဲ့ မ်ိဳးစိတ္ေတြျဖစ္ၿပီး ၎တို႔လိုပဲ တိရစာၦန္႐ုံအတြင္း အာဖရိကျခေသၤ့ႏွစ္ေကာင္၊ သစ္ကုလားအုတ္ ၃ ေကာင္ နဲ႔ ေမ်ာက္ဝံမ်ားစြာ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာ တိရစာၦန္႐ုံရဲ႕ေပါ့ဆမႈေၾကာင့္သာျဖစ္တယ္လို႔ Fuyang Wildlife Park က ဆိုပါတယ္။ အဆိုပါ တိရစာၦန္႐ုံဟာ ပုဂၢလိက တိရစာၦန္႐ုံျဖစ္ၿပီး ဥပေဒအရ ကာကြယ္ထားတဲ့မ်ိဳးစိတ္ေတြကို တရားမဝင္ ေမြးျမဴျခင္း၊ လိုင္စင္မဲ့ တိရစာၦန္မ်ား ေရာင္းခ်ျခင္းနဲ႔ ၾကမ္းတမ္းတဲ့အေျခအေနမွာ တိရစာၦန္ေတြကို ထိန္းသိမ္းထားျခင္းတို႔အတြက္ တရားစြဲ ခံရႏိုင္ေခ် ရွိေနပါတယ္။

စစ္ေဆးခ်က္အစီရင္ခံစာေတြအရ တိရစာၦန္႐ုံဟာ က်ားေတြကို သဘာဝအလင္းေရာင္ အနည္းငယ္သာရွိတဲ့ ေလွာင္အိမ္ေတြမွာ ထားရွိေလ့ရွိတယ္လို႔ သိရပါတယ္။ ဒါအျပင္ တိရစာၦန္႐ုံမွာ ေရနဲ႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြေၾကာင့္ တိရစာၦန္ေတြ ငတ္မြတ္ေခါင္းပါးမႈနဲ႔ရင္ဆိုင္ေနရတယ္ဆိုတဲ့အခ်က္ကိုလည္း အစီရင္ခံစာမွာ ေတြ႕ရွိခဲ့ပါတယ္။

သတင္းဌာနတစ္ခုရဲ႕အဆိုအရ အဆိုပါပန္းၿခံဟာ ယခင္က ဆိုက္ေဘးရီးယားက်ားေတြ ေမြးျမဴဖို႔ လိုင္စင္ေလွ်ာက္ထားရာမွာ ႀကိမ္ဖန္မ်ားစြာ ေလွ်ာက္ထားခဲ့ေပမယ့္ လုံေလာက္တဲ့အေထာက္အပံ့ မရွိတာေၾကာင့္ ျငင္းပယ္ခံထားရသူလည္း ျဖစ္တယ္လို႔ သိရပါတယ္။ စစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္ေနတာေၾကာင့္ အခုအခ်ိန္မွာေတာ့ ပန္းၿခံကို ေမလ ၁၃ ရက္မွ ၁၅ ရက္အထိ ပိတ္ထားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.