ပြည်မြို့တွင် လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ အမျိုးသားက ဇနီးဖြစ်သူကို ဓားဖြင့်ခုတ်ကာထွက်ပြေး

6629

သန့်ဇင် (NP News) - မေ ၁၆
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့တွင် လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ အမျိုးသားက ဇနီးဖြစ်သူကို ဓားဖြင့်ခုတ်ကာထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မေ ၁၆ ရက်)၊ နံနက် ၉နာရီအချိန်တွင် ပြည်မြို့နယ်၊ မီးကျောင်းရဲနယ်မြေ၊ ချင်းရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တော့အမျိုးသမီးကို ဓားဒဏ်ရာတွေနဲ့တွေ့ရတာ။ သိရတာတော့ လင်မယား(၂)ယောက်စကားများပြီး ယောက်ျားက မိန်းမကိုဓားနဲ့ခုတ်တာပေါ့။ အမျိုးသမီးက ဓားဒဏ်ရာကြီး(၂)ချက်နဲ့တော်တော်များတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်အခုတ်ခံရသည့် အသက်(၄၀)နှစ်အရွယ် အမျိုး သမီးဖြစ်သူ၏ ဘယ်ဘက်လက်မောင်းနှင့် ဘယ်ဘက်ခြေထောက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ “အမျိုးသမီးက ဓားဒဏ်ရာတွေက နက်တော့ စိုးရိမ်ရတာပေါ့။ သွေးထွက်ကလဲလွန်နေတာ။ အမျိုးသားကတော့ ဓားနဲ့ခုတ်ပြီးထွက်ပြေးသွားတယ်။ အခုတော့ရဲက လိုက်နေတုန်းပဲ။ အရင်ကလည်း ဓားခုတ်မှုတွေရှိတယ်။ အခုနောက်ပိုင်းတော့သိပ်မဖြစ်ဘူးပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ဓားဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးကို မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့ ပရဟိပါရမီက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ လင္မယား(၂)ဦးစကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသားက ဇနီးျဖစ္သူကို ဓားျဖင့္ခုတ္ကာထြက္ေျပး
သန႔္ဇင္ (NP News) - ေမ ၁၆
ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕တြင္ လင္မယား(၂)ဦးစကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသားက ဇနီးျဖစ္သူကို ဓားျဖင့္ခုတ္ကာထြက္ေျပးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေမ ၁၆ ရက္)၊ နံနက္ ၉နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕နယ္၊ မီးေက်ာင္းရဲနယ္ေျမ၊ ခ်င္း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ေရာက္ေတာ့အမ်ိဳးသမီးကို ဓားဒဏ္ရာေတြနဲ႔ေတြ႕ရတာ။ သိရတာေတာ့ လင္မယား(၂)ေယာက္စကားမ်ားၿပီး ေယာက္်ားက မိန္းမကိုဓားနဲ႔ခုတ္တာေပါ့။ အမ်ိဳးသမီးက ဓားဒဏ္ရာႀကီး(၂)ခ်က္နဲ႔ေတာ္ေတာ္မ်ားတယ္” ဟု ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္တြင္ ဓားျဖင့္အခုတ္ခံရသည့္ အသက္(၄၀)ႏွစ္အ႐ြယ္ အမ်ိဳး သမီးျဖစ္သူ၏ ဘယ္ဘက္လက္ေမာင္းႏွင့္ ဘယ္ဘက္ေျခေထာက္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ “အမ်ိဳးသမီးက ဓားဒဏ္ရာေတြက နက္ေတာ့ စိုးရိမ္ရတာေပါ့။ ေသြးထြက္ကလဲလြန္ေနတာ။ အမ်ိဳးသားကေတာ့ ဓားနဲ႔ခုတ္ၿပီးထြက္ေျပးသြားတယ္။ အခုေတာ့ရဲက လိုက္ေနတုန္းပဲ။ အရင္ကလည္း ဓားခုတ္မႈေတြရွိတယ္။ အခုေနာက္ပိုင္းေတာ့သိပ္မျဖစ္ဘူးေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ဓားဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳးသမီးကို ျမန္မာႏိုင္ငံလူမႈကယ္ ဆယ္ေရးအဖြဲ႕ ပရဟိပါရမီက ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။