အာရှဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည် ထူးချွန်ဆုကို ဦးဇော်ဇော်ရရှိ

 1599

သန့်ဇင် (NP News) - မေ ၁၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၄)ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံ၌ အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ ဂုဏ် ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုတစ်ခုဖြစ်သည့် AFC Distinguished Service Award ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ရရှိခဲ့ကြောင်း သိရသည်။

(၃၄)ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံကို မေလ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ဂရက်ကို FIFA ဥက္ကဋ္ဌ Mr Gianni Infantino နှင့် AFC ဥက္ကဋ္ဌ Mr SHAIKH SALMAN BIN EBRAHIM AL KHALIFA ကိုယ်တိုင်တက်ရောက်ကာ ဆုတံဆိပ်များ ချီးမြင့်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆု(Distinguished Service Award)ကို ရရှိခဲ့ကြောင်း သိရသည်။

ဦးဇော်ဇော်အနေဖြင့် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး ထူးချွန်စွာဆောင် ရွက်ခဲ့မှုများအပြင် ဘောလုံးအားကစားနှင့် လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့မှုများကြောင့် အဆိုပါဆုကိုထိုက်တန်စွာရရှိခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟောင်ကောင်မှ ဒေါက်တာ Veronica Chan Yiu Kam၊ စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ဥက္ကဋ္ဌဟောင်းနှင့် AFC စည်းကမ်းနှင့် ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ Lim Kia Tong (postthumous) တို့ကလည်း AFC Lifetime Achievement Award နဲ့ Distinguished Service Award များကို အသီးသီးလက်ခံရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်၏ Senior Vice President အဖြစ်တာဝန်ယူဆောင်ရွက်နေပြီး AFC Social Responsibility ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ AFC Dream Asia Foundation ဘုတ်အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးဇော်ဇော်သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း ငွေကျပ်(၁ ဒသမ ၈)မီလျံ အိတ်စိုက်သုံးစွဲပေးခဲ့ပြီး မျိုးဆက်သစ်ကစားသမားကောင်းများပေါ်ထွက်ရေးအတွက်လည်း စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

zawgyi version
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ ဂုဏ္ထူးေဆာင္ စြမ္းေဆာင္ရည္ ထူးခြၽန္ဆုကို ဦးေဇာ္ေဇာ္ရရွိ
သန႔္ဇင္ (NP News) - ေမ ၁၈

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ေသာ (၃၄)ႀကိမ္ေျမာက္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ညီလာခံ၌ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ (AFC)၏ ဂုဏ္ ထူးေဆာင္ စြမ္းေဆာင္ရည္ထူးခြၽန္ဆုတစ္ခုျဖစ္သည့္ AFC Distinguished Service Award ကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္က ရရွိခဲ့ေၾကာင္း သိရသည္။

(၃၄)ႀကိမ္ေျမာက္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ညီလာခံကို ေမလ ၁၆ ရက္က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ အဆိုပါ ကြန္ဂရက္ကို FIFA ဥကၠ႒ Mr Gianni Infantino ႏွင့္ AFC ဥကၠ႒ Mr SHAIKH SALMAN BIN EBRAHIM AL KHALIFA ကိုယ္တိုင္တက္ေရာက္ကာ ဆုတံဆိပ္မ်ား ခ်ီးျမင့္ခဲ့ၿပီး ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ဂုဏ္ထူးေဆာင္ စြမ္းေဆာင္ရည္ထူးခြၽန္ဆု(Distinguished Service Award)ကို ရရွိခဲ့ေၾကာင္း သိရသည္။

ဦးေဇာ္ေဇာ္အေနျဖင့္ ကိုဗစ္ကပ္ေရာဂါကာလအတြင္း ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ အာရွေဒသ ေဘာလုံးအားကစား ဖြံ႕ၿဖိဳးတိုးတက္ေရး ထူးခြၽန္စြာေဆာင္ ႐ြက္ခဲ့မႈမ်ားအျပင္ ေဘာလုံးအားကစားႏွင့္ လူ႔အဖြဲ႕အစည္းေကာင္းက်ိဳးအတြက္ ထူးခြၽန္စြာေဆာင္႐ြက္ခဲ့မႈမ်ားေၾကာင့္ အဆိုပါဆုကိုထိုက္တန္စြာရရွိျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေဟာင္ေကာင္မွ ေဒါက္တာ Veronica Chan Yiu Kam၊ စင္ကာပူေဘာလုံးအဖြဲ႕ခ်ဳပ္ (FAS) ဥကၠ႒ေဟာင္းႏွင့္ AFC စည္းကမ္းႏွင့္ က်င့္ဝတ္ေကာ္မတီဥကၠ႒ Lim Kia Tong (postthumous) တို႔ကလည္း AFC Lifetime Achievement Award နဲ႔ Distinguished Service Award မ်ားကို အသီးသီးလက္ခံရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဦးေဇာ္ေဇာ္သည္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ Senior Vice President အျဖစ္တာဝန္ယူေဆာင္႐ြက္ေနၿပီး AFC Social Responsibility ေကာ္မတီ ဥကၠ႒အျဖစ္လည္းေကာင္း၊ AFC Dream Asia Foundation ဘုတ္အဖြဲ႕ဝင္ တစ္ဦးအျဖစ္လည္းေကာင္း အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ လူမႈေရးလုပ္ငန္းစဥ္မ်ားတြင္ တာဝန္ယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဦးေဇာ္ေဇာ္သည္ ျမန္မာ့ေဘာလုံးေလာက ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ တစ္ႏွစ္အတြင္း ေငြက်ပ္(၁ ဒသမ ၈)မီလ်ံ အိတ္စိုက္သုံးစြဲေပးခဲ့ၿပီး မ်ိဳးဆက္သစ္ကစားသမားေကာင္းမ်ားေပၚထြက္ေရးအတြက္လည္း စြမ္းစြမ္းတမံလုပ္ေဆာင္ခဲ့မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.