ထားဝယ်ဆိပ်ကမ်း မဟာဗျူဟာစီမံကိန်းအတွက် မြန်မာ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်အကြီးအကျယ်စိတ်ပျက်

13360

Htay Oung (NP News) - မေ ၁၈
မကြာသေးမီက မြန်မာနိုင်ငံဟာ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ရုရှားကို ရွေးချယ်လိုက် ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ တရုတ်နဲ့ တင်းမာမှုများ မြင့်တက်စေကြောင်း တွေ့ရှိရတဲ့အတွက် ပေကျင်း အ နေနဲ့ထားဝယ်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း သံယောဇဉ် မကုန်ကြောင်း ပြသခဲ့တယ်လို့ အိန္ဒိယ “ဆွာရာ့ဂျ်ယာ” အမျိုးသားရေးဂျာနယ်က မေလ ၁၅ ရက်မှာ ရေးသားပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံကမ်းရိုး တန်း အရှေ့ပိုင်းမှာ တည်ရှိပါတယ်။ ထိုင်းနဲ့မြန်မာအစိုးရတို့ ပူးပေါင်းပိုင် ဆိုင်တဲ့ နှစ်နိုင်ငံ စီးပွားရေးအကျိုးတူဆောင်ရွက်မှုစီမံကိန်းအဖြစ် ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ရုရှားတို့အကြား ဆွေးနွေးမှုများဟာ မော်စကိုနဲ့ ဆက်ဆံရေး အား ကောင်းစေခြင်းအားဖြင့် လောလောဆယ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် နေပြည်တော်ရဲ့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။
စီမံကိန်းအတွက် အဆိုပြုထားတဲ့ အစီအစဉ်များမှာ တန်ချိန် ၁၀ သန်းလက်ခံနိုင်တဲ့ ဆိပ်ကမ်းတစ်ခု တည် ဆောက်ခြင်းနဲ့ တစ်နေ့လျှင် စည်ပေါင်း ၁၀၀,၀၀၀ ထုတ်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ခြင်း လည်းပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ဆိပ်ကမ်းကဏ္ဍမှာ ရုရှားပါဝင်ပတ်သက်လာခြင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ သူ့အကောင်အ ထည်ဖော်နေတဲ့ စီမံကိန်းများကို ထိခိုက်စေနိုင်ပြီး ဒေသတွင်း နိုင်ငံတကာကုန် သွယ်ရေးအရှိန်အဟုန်အပေါ် ထိခိုက်လာမှာကို တရုတ်က စိုးရိမ်နေပါတယ်။
မော်စကိုနဲ့ ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေတဲ့ မြန်မာ နစကအစိုးရဟာ ဆိပ်ကမ်းစီမံကိန်းသာမကပဲ ရေနံချက်စက်ရုံအပါအဝင် အထူးစီးပွား ရေးဇုန်မှာ ရုရှားက ရင်းနှီးမြှုပ်နှံလာစေဖို့ စိတ်အားထက်သန်စွာ နည်း လမ်းရှာဖွေနေပါတယ်။ တရုတ်အနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို ယခင်က လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နယ်ခြားပိုင်ဆိုင်မှု အငြင်းပွား နယူးဒေလီက အိန္ဒိယအရှေ့မြောက်ဖျား ကုန်းတွင်းပိတ်ပြည်နယ် (၇)ခုနဲ့ ထောက်ပံပို့ဆောင်ရေး အဆင့်မြှင့်တင်ဖို့ ကြိုးစားနေချိန်တဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအတွက် အိန္ဒိယက တည် ဆောက်ထားတဲ့ (ကုလားတန်စီမံကိန်း) စစ်တွေဆိပ်ကမ်းအနီးရှိ ကျောက်ဖြူရေနက်ဆိပ် ကမ်းကိုသာ ပိုမိုစိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ မြန်မာရဲ့ ရုရှားဘက်ကို ချိန်ခွင်ညှာ အလှည့်အပြောင်းဟာ တရုတ်ကို ဒေါသထွက်စေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ထားဝယ်စီမံကိန်းမှာ မော်စကိုနဲ့ ပူးပေါင်းခြင်းအားဖြင့် သူ့ကို ဘေးချိတ်လိုက်သလို ပေကျင်းအနေနဲ့ ခံစားရစေနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
ကပ္ပလီပင်လယ်ပြင်တစ်လျှောက် မြန်မာ့ကမ်းရိုးတန်းအရှေ့ဘက် တနင်္သာရီ တိုင်းဒေသကြီးမှာ တည်ရှိတဲ့ ထားဝယ်ဆိပ်ကမ်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ အချက်အလက်များကို ဆုပ်ကိုင်ထားပါတယ်။ မဟာမဲခေါင်မြစ် ဝှမ်းဒေသငယ် (GMS) နိုင်ငံများအတွင်းပိုင်းရဲ့ ဝင်ထွက် ဂိတ်ပေါက်ဝသဖွယ် တည်ရှိနေပြီး ဘန်ကောက်မြို့ တော်နဲ့လည်း နီးကပ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ကွန်တိန်နာသင်္ဘောတင်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဆိပ်ကမ်း ဖြစ်လာနိုင်ချေရှိပါတယ်။ ဒီဆိပ်ကမ်းသာ ပြီးစီးသွားခဲ့ရင် ထားဝယ်ဟာ အရှေ့တောင်အာရှရဲ့ အရေးကြီးဆိပ်ကမ်းများအနက် တစ်ခု ဖြစ်လာပါလိမ့်မယ်။ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာ၊ အရှေ့အလယ်ပိုင်း ဒေသ၊ ဥရောပနဲ့ အာဖရိကနိုင်ငံများကို ချိတ်ဆက်ပေးနိုင်ပါတယ်။ နှစ်စဉ် ကုန်စည်စီးဆင်းမှု မက်ထရစ်တန် ၁၀၀ ကျော်ကို ကိုင်တွယ်နိုင်စွမ်းရှိပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုဟာ စီးပွားရေးနဲ့ ကာ ကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုတာထက် ဘောင်ကျော်လွန်နေပါတယ်။ နှစ်နိုင်ငံအကြား သန်းချီတန်ဖိုးရှိ သဘောတူညီချက်များနဲ့အတူ စစ်ရေးလေ့ ကျင့်မှုနဲ့ စက်ကိရိယာများ ထောက်ပံ့ပေးခြင်းအထိ တိုးချဲ့ဆောင်ရွက်ဖို့ ပါဝင်နေပါတယ်။ ရုရှားဟာ မြန်မာနိုင်ငံကို စနိုက်ပါနဲ့ ဒရုန်းလေ့ကျင့်ရေးအတွက် အကူအညီပေးထားပြီး အသေးစား နျူကလီယာမော်ဂျူလာ ဓာတ်ပေါင်းဖိုများကိုပင် ပေးအပ်ရန် စီစဉ်နေကြောင်း နယူးဒေလီအခြေစိုက် “အီကိုနောမစ်တိုင်းမ်” သတင်းစာက ဖော်ပြခဲ့ဖူးပါတယ်။
ဒါ့ပြင် မြန်မာနဲ့ ရုရှားတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ နျူကလီယာနည်းပညာဆိုင်ရာ သတင်းအ ချက်အလတ်စင်တာကိုလည်း ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားလိုက်ပါသေးတယ်။ ဒီဖြစ်စဉ်တွေဟာ အိန္ဒိယကိုလည်း ဂယက် ရိုက်ခတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အ အုံနဲ့ စွမ်းအင်စီမံကိန်းများမှာ နယူးဒေလီနဲ့ နယ်စပ်ပိုင်ဆိုင်မှု ထိပ်တိုက်တွေ့နေတဲ့ တရုတ်က လူတွင်ကျယ်ဖြစ် နေခြင်းကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ မော်စကိုနဲ့ နေပြည်တော်တို့ ဆက်ဆံရေးပိုမိုနီးကပ်လာခြင်းအပေါ် အိန္ဒိယအနေနဲ့ နှစ်သက်ဖွယ် ရှုမြင်နိုင်ပါတယ်။ မြန်မာနှင့် ရုရှားအကြား တိုးမြှင့်ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဘင်္ဂလားပင်လယ်အော်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ အိန္ဒိယရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီနေပါတယ်။ နိုင်ငံတကာသမိုင်းတလျောက် အိန္ဒိယသမုဒ္ဒရာ လုံခြုံရေး အခန်းကဏ္ဍမှာ နယူးဒေလီလည်း ပါဝင်နေပါတယ်။
(Swarajya., 16 May 2024,” China's Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို မှီငြမ်းသည်။)

zawgyi version
ထားဝယ္ဆိပ္ကမ္း မဟာဗ်ဴဟာစီမံကိန္းအတြက္ ျမန္မာ၏ ႐ုရွားႏွင့္ ပူး ေပါင္းေဆာင္႐ြက္မႈကို တ႐ုတ္အႀကီးအက်ယ္စိတ္ပ်က္
Htay Oung (NP News) - ေမ ၁၈
မၾကာေသးမီက ျမန္မာႏိုင္ငံဟာ ထားဝယ္ေရနက္ဆိပ္ကမ္း တည္ေဆာက္ေရးအတြက္ ႐ုရွားကို ေ႐ြးခ်ယ္လိုက္ ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္ဟာ တ႐ုတ္နဲ႔ တင္းမာမႈမ်ား ျမင့္တက္ေစေၾကာင္း ေတြ႕ရွိရတဲ့အတြက္ ေပက်င္း အ ေနနဲ႔ထားဝယ္ဆိပ္ကမ္း ဖြံ႕ၿဖိဳးတိုးတက္ေရးမွာလည္း သံေယာဇဥ္ မကုန္ေၾကာင္း ျပသခဲ့တယ္လို႔ အိႏၵိယ “ဆြာရာ့ဂ်္ယာ” အမ်ိဳးသားေရးဂ်ာနယ္က ေမလ ၁၅ ရက္မွာ ေရးသားပါတယ္။
ထားဝယ္ေရနက္ဆိပ္ကမ္းဟာ ထိုင္းႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ျမန္မာႏိုင္ငံကမ္း႐ိုး တန္း အေရွ႕ပိုင္းမွာ တည္ရွိပါတယ္။ ထိုင္းနဲ႔ျမန္မာအစိုးရတို႔ ပူးေပါင္းပိုင္ ဆိုင္တဲ့ ႏွစ္ႏိုင္ငံ စီးပြားေရးအက်ိဳးတူေဆာင္႐ြက္မႈစီမံကိန္းအျဖစ္ ၂၀၀၈ ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ ဆိပ္ကမ္း စီမံကိန္းနဲ႔ ပတ္သက္ၿပီး ျမန္မာနဲ႔ ႐ုရွားတို႔အၾကား ေဆြးေႏြးမႈမ်ားဟာ ေမာ္စကိုနဲ႔ ဆက္ဆံေရး အား ေကာင္းေစျခင္းအားျဖင့္ ေလာေလာဆယ္ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို ဟန္ခ်က္ညီေစရန္ ေနျပည္ေတာ္ရဲ႕ ႀကိဳးပမ္းမႈလည္းျဖစ္ပါတယ္။
စီမံကိန္းအတြက္ အဆိုျပဳထားတဲ့ အစီအစဥ္မ်ားမွာ တန္ခ်ိန္ ၁၀ သန္းလက္ခံႏိုင္တဲ့ ဆိပ္ကမ္းတစ္ခု တည္ ေဆာက္ျခင္းနဲ႔ တစ္ေန႔လွ်င္ စည္ေပါင္း ၁၀၀,၀၀၀ ထုတ္လုပ္ႏိုင္တဲ့ ေရနံခ်က္စက္႐ုံတစ္ခု တည္ေဆာက္ျခင္း လည္းပါဝင္ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံ ဆိပ္ကမ္းက႑မွာ ႐ုရွားပါဝင္ပတ္သက္လာျခင္းဟာ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ရွိ သူ႔အေကာင္အ ထည္ေဖာ္ေနတဲ့ စီမံကိန္းမ်ားကို ထိခိုက္ေစႏိုင္ၿပီး ေဒသတြင္း ႏိုင္ငံတကာကုန္ သြယ္ေရးအရွိန္အဟုန္အေပၚ ထိခိုက္လာမွာကို တ႐ုတ္က စိုးရိမ္ေနပါတယ္။
ေမာ္စကိုနဲ႔ ဆက္ဆံေရးကို ျမႇင့္တင္ရန္ ႀကိဳးပမ္းေနတဲ့ ျမန္မာ နစကအစိုးရဟာ ဆိပ္ကမ္းစီမံကိန္းသာမကပဲ ေရနံခ်က္စက္႐ုံအပါအဝင္ အထူးစီးပြား ေရးဇုန္မွာ ႐ုရွားက ရင္းႏွီးျမႇဳပ္ႏွံလာေစဖို႔ စိတ္အားထက္သန္စြာ နည္း လမ္းရွာေဖြေနပါတယ္။ တ႐ုတ္အေနနဲ႔ ထားဝယ္ေရနက္ဆိပ္ကမ္းအတြက္ ျဖစ္ႏိုင္ေျခေလ့လာမႈကို ယခင္က လုပ္ေဆာင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ နယ္ျခားပိုင္ဆိုင္မႈ အျငင္းပြား နယူးေဒလီက အိႏၵိယအေရွ႕ေျမာက္ဖ်ား ကုန္းတြင္းပိတ္ျပည္နယ္ (၇)ခုနဲ႔ ေထာက္ပံပို႔ေဆာင္ေရး အဆင့္ျမႇင့္တင္ဖို႔ ႀကိဳးစားေနခ်ိန္တဲ့ တိုက္ဆိုင္ေနပါတယ္။ ဒီအတြက္ အိႏၵိယက တည္ ေဆာက္ထားတဲ့ (ကုလားတန္စီမံကိန္း) စစ္ေတြဆိပ္ကမ္းအနီးရွိ ေက်ာက္ျဖဴေရနက္ဆိပ္ ကမ္းကိုသာ ပိုမိုစိတ္ဝင္စားေၾကာင္း ျပသခဲ့ပါတယ္။ ျမန္မာရဲ႕ ႐ုရွားဘက္ကို ခ်ိန္ခြင္ညႇာ အလွည့္အေျပာင္းဟာ တ႐ုတ္ကို ေဒါသထြက္ေစေၾကာင္း သတင္းမ်ား ထြက္ေပၚေနၿပီး ထားဝယ္စီမံကိန္းမွာ ေမာ္စကိုနဲ႔ ပူးေပါင္းျခင္းအားျဖင့္ သူ႔ကို ေဘးခ်ိတ္လိုက္သလို ေပက်င္းအေနနဲ႔ ခံစားရေစႏိုင္တယ္လို႔ ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကပါတယ္။
ကပၸလီပင္လယ္ျပင္တစ္ေလွ်ာက္ ျမန္မာ့ကမ္း႐ိုးတန္းအေရွ႕ဘက္ တနသၤာရီ တိုင္းေဒသႀကီးမွာ တည္ရွိတဲ့ ထားဝယ္ဆိပ္ကမ္းဟာ မဟာဗ်ဴဟာအရ အေရးပါတဲ့ အခ်က္အလက္မ်ားကို ဆုပ္ကိုင္ထားပါတယ္။ မဟာမဲေခါင္ျမစ္ ဝွမ္းေဒသငယ္ (GMS) ႏိုင္ငံမ်ားအတြင္းပိုင္းရဲ႕ ဝင္ထြက္ ဂိတ္ေပါက္ဝသဖြယ္ တည္ရွိေနၿပီး ဘန္ေကာက္ၿမိဳ႕ ေတာ္နဲ႔လည္း နီးကပ္တဲ့အတြက္ ထိုင္းႏိုင္ငံရဲ႕ ကြန္တိန္နာသေဘၤာတင္ကုန္သြယ္ေရးမွာ အေရးပါတဲ့ ဆိပ္ကမ္း ျဖစ္လာႏိုင္ေခ်ရွိပါတယ္။ ဒီဆိပ္ကမ္းသာ ၿပီးစီးသြားခဲ့ရင္ ထားဝယ္ဟာ အေရွ႕ေတာင္အာရွရဲ႕ အေရးႀကီးဆိပ္ကမ္းမ်ားအနက္ တစ္ခု ျဖစ္လာပါလိမ့္မယ္။ မလကၠာေရလက္ၾကားကို ျဖတ္သန္းစရာမလိုဘဲ အိႏၵိယသမုဒၵရာ၊ အေရွ႕အလယ္ပိုင္း ေဒသ၊ ဥေရာပနဲ႔ အာဖရိကႏိုင္ငံမ်ားကို ခ်ိတ္ဆက္ေပးႏိုင္ပါတယ္။ ႏွစ္စဥ္ ကုန္စည္စီးဆင္းမႈ မက္ထရစ္တန္ ၁၀၀ ေက်ာ္ကို ကိုင္တြယ္ႏိုင္စြမ္းရွိပါလိမ့္မယ္။ ျမန္မာႏိုင္ငံမွာ ႐ုရွားရဲ႕ ပါဝင္ပတ္သက္မႈဟာ စီးပြားေရးနဲ႔ ကာ ကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုတာထက္ ေဘာင္ေက်ာ္လြန္ေနပါတယ္။ ႏွစ္ႏိုင္ငံအၾကား သန္းခ်ီတန္ဖိုးရွိ သေဘာတူညီခ်က္မ်ားနဲ႔အတူ စစ္ေရးေလ့ က်င့္မႈနဲ႔ စက္ကိရိယာမ်ား ေထာက္ပံ့ေပးျခင္းအထိ တိုးခ်ဲ႕ေဆာင္႐ြက္ဖို႔ ပါဝင္ေနပါတယ္။ ႐ုရွားဟာ ျမန္မာႏိုင္ငံကို စႏိုက္ပါနဲ႔ ဒ႐ုန္းေလ့က်င့္ေရးအတြက္ အကူအညီေပးထားၿပီး အေသးစား န်ဴကလီယာေမာ္ဂ်ဴလာ ဓာတ္ေပါင္းဖိုမ်ားကိုပင္ ေပးအပ္ရန္ စီစဥ္ေနေၾကာင္း နယူးေဒလီအေျခစိုက္ “အီကိုေနာမစ္တိုင္းမ္” သတင္းစာက ေဖာ္ျပခဲ့ဖူးပါတယ္။
ဒါ့ျပင္ ျမန္မာနဲ႔ ႐ုရွားတို႔အၾကား ပူးေပါင္းေဆာင္႐ြက္တဲ့အေနနဲ႔ န်ဴကလီယာနည္းပညာဆိုင္ရာ သတင္းအ ခ်က္အလတ္စင္တာကိုလည္း ရန္ကုန္ၿမိဳ႕မွာ ဖြင့္လွစ္ထားလိုက္ပါေသးတယ္။ ဒီျဖစ္စဥ္ေတြဟာ အိႏၵိယကိုလည္း ဂယက္ ႐ိုက္ခတ္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံရဲ႕ အေျခခံအေဆာက္အ အုံနဲ႔ စြမ္းအင္စီမံကိန္းမ်ားမွာ နယူးေဒလီနဲ႔ နယ္စပ္ပိုင္ဆိုင္မႈ ထိပ္တိုက္ေတြ႕ေနတဲ့ တ႐ုတ္က လူတြင္က်ယ္ျဖစ္ ေနျခင္းကို ထည့္သြင္းစဥ္းစားရပါလိမ့္မယ္။ ေမာ္စကိုနဲ႔ ေနျပည္ေတာ္တို႔ ဆက္ဆံေရးပိုမိုနီးကပ္လာျခင္းအေပၚ အိႏၵိယအေနနဲ႔ ႏွစ္သက္ဖြယ္ ရႈျမင္ႏိုင္ပါတယ္။ ျမန္မာႏွင့္ ႐ုရွားအၾကား တိုးျမႇင့္ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ဘဂၤလားပင္လယ္ေအာ္ေဒသ တည္ၿငိမ္ေရးကို ထိန္းသိမ္းရာမွာ အိႏၵိယရဲ႕ အက်ိဳးစီးပြားနဲ႔ ကိုက္ညီေနပါတယ္။ ႏိုင္ငံတကာသမိုင္းတေလ်ာက္ အိႏၵိယသမုဒၵရာ လုံၿခဳံေရး အခန္းက႑မွာ နယူးေဒလီလည္း ပါဝင္ေနပါတယ္။
(Swarajya., 16 May 2024,” China's Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆို မွီျငမ္းသည္။)