ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရ

 3436

မြူနစ် (NP News) - မေ ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်အားလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်သည် ယမန် နေ့(မေလ ၁၇ ရက်) ညပိုင်းမှစတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနေအိမ်အားလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများနှင့်နီးစပ်သူအချို့က NP News ကိုပြောသည်။

“ကြားရတာတော့ လက်ကျန်တစ်မြို့လုံးနီးပါးလောက် လောင်သွားတယ်လို့ ကြားတယ်။ ရပ်ကွက်(၅)ခုလောက်ပဲ ဘူးသီးတောင်မှာရှိတာကို။ မောင်တောဘက်ခြမ်းကတောင် ဘူးသီးတောင်မှာ မီးလောင်နေတဲ့ မီးလျှံတွေကို မြင်ရတယ် ပြောကြတယ်”ဟု ဘူးသီးတောင်မြို့ခံများနှင့်နီးစပ်သူက ပြော သည်။

အဆိုပါမီးလောင်မှုမဖြစ်ခင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ အဖွဲ့ဝင်အချို့သည် မြို့နေလူထုအား ဘူးသီးတောင်မြို့ပေါ်မှ ထွက်ခွာသွားရန် သတိပေးပြောဆိုမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ဘူးသီးတောင်မှာ တိုက်အိမ်တွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ အဓိက ရခိုင်ဒေသမှာ အခြေခံက သစ်တွေ၊ ဝါးတွေ၊ ဓနိတွေကို အခြေခံကြတယ်။ ခြံစည်းရိုးတွေက အုတ်နံရံတွေအစား ဝါးနံရံတွေလေ။ ဆိုတော့ တစ်အိမ်ကို မီးလောင်ရင် တစ်အိမ်ကို ကူးမှာပေါ့။ သွပ်မိုးအိမ်တွေလည်း ကြားညှပ်ပါသွားနိုင်တာပဲလေ။ တစ်မြို့လုံးနီးပါး ကုန်သွားနိုင်တယ်”ဟု ဘူးသီးတောင်မြို့ခံများနှင့်နီးစပ်သူက ဆက်လက်ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်များကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းကဲ့သို့ မီးရှို့ခဲ့ပြီးနောက်ပိုင်းတွင် AA အဖွဲ့ဝင်များက မြို့အနှံ့အလံများဝှေ့ယမ်းကာ အောင်ပွဲခံခဲ့ကြကြောင်း ဒေသခံများနှင့်နီးစပ်သော အခြားသူတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။ ထိုသို့မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံများအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ခိုလှုံစရာအခက်အခဲများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။ အလားတူ ပြီးခဲ့သော ဧပြီလအတွင်း၌လည်း ဘူးသီးတောင်မြို့ပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

ဘူးသီးတောင်တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ နစကဘက်က တစ်စုံတစ်ရာထုတ် ပြန်ထုတ်ခြင်းမျိုး မရှိသေးသကဲ့ သို့ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ဘက်ကလည်း အသိပေးထုတ်ပြန်ခြင်းမျိုး မရှိသေးသည်ကို တွေ့ရှိရသည်။

zawgyi version
ရခိုင္ျပည္နယ္ရွိ ဘူးသီးေတာင္တစ္ၿမိဳ႕လုံးနီးပါး မီးရႈိ႕ဖ်က္ဆီးခံခဲ့ရ
ျမဴနစ္ (NP News) - ေမ ၁၈

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ေပၚရွိ လူေနအိမ္အားလုံးနီးပါး မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ဘူးသီးေတာင္ၿမိဳ႕ေပၚတြင္ ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈျဖစ္စဥ္သည္ ယမန္ ေန႔(ေမလ ၁၇ ရက္) ညပိုင္းမွစတင္ကာျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လူေနအိမ္အားလုံးနီးပါး မီးေလာင္ျပာက်ခဲ့ေၾကာင္း ေဒသခံမ်ားႏွင့္နီးစပ္သူအခ်ိဳ႕က NP News ကိုေျပာသည္။

“ၾကားရတာေတာ့ လက္က်န္တစ္ၿမိဳ႕လုံးနီးပါးေလာက္ ေလာင္သြားတယ္လို႔ ၾကားတယ္။ ရပ္ကြက္(၅)ခုေလာက္ပဲ ဘူးသီးေတာင္မွာရွိတာကို။ ေမာင္ေတာဘက္ျခမ္းကေတာင္ ဘူးသီးေတာင္မွာ မီးေလာင္ေနတဲ့ မီးလွ်ံေတြကို ျမင္ရတယ္ ေျပာၾကတယ္”ဟု ဘူးသီးေတာင္ၿမိဳ႕ခံမ်ားႏွင့္နီးစပ္သူက ေျပာ သည္။

အဆိုပါမီးေလာင္မႈမျဖစ္ခင္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ၏ အဖြဲ႕ဝင္အခ်ိဳ႕သည္ ၿမိဳ႕ေနလူထုအား ဘူးသီးေတာင္ၿမိဳ႕ေပၚမွ ထြက္ခြာသြားရန္ သတိေပးေျပာဆိုမႈမ်ားရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။ “ဘူးသီးေတာင္မွာ တိုက္အိမ္ေတြလည္း ရွိၾကပါတယ္။ ဒါေပမဲ့ အဓိက ရခိုင္ေဒသမွာ အေျခခံက သစ္ေတြ၊ ဝါးေတြ၊ ဓနိေတြကို အေျခခံၾကတယ္။ ၿခံစည္း႐ိုးေတြက အုတ္နံရံေတြအစား ဝါးနံရံေတြေလ။ ဆိုေတာ့ တစ္အိမ္ကို မီးေလာင္ရင္ တစ္အိမ္ကို ကူးမွာေပါ့။ သြပ္မိုးအိမ္ေတြလည္း ၾကားညႇပ္ပါသြားႏိုင္တာပဲေလ။ တစ္ၿမိဳ႕လုံးနီးပါး ကုန္သြားႏိုင္တယ္”ဟု ဘူးသီးေတာင္ၿမိဳ႕ခံမ်ားႏွင့္နီးစပ္သူက ဆက္လက္ေျပာသည္။

ဘူးသီးေတာင္ၿမိဳ႕ေပၚရွိ လူေနအိမ္မ်ားကို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ၿပီး ၎ကဲ့သို႔ မီးရႈိ႕ခဲ့ၿပီးေနာက္ပိုင္းတြင္ AA အဖြဲ႕ဝင္မ်ားက ၿမိဳ႕အႏွံ႔အလံမ်ားေဝွ႔ယမ္းကာ ေအာင္ပြဲခံခဲ့ၾကေၾကာင္း ေဒသခံမ်ားႏွင့္နီးစပ္ေသာ အျခားသူတစ္ဦးကလည္း ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္ကို ေတြ႕ရသည္။ ထိုသို႔မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ေဒသခံမ်ားအေနျဖင့္ အိုးမဲ့အိမ္မဲ့ျဖစ္ကာ ခိုလႈံစရာအခက္အခဲမ်ားလည္း ျဖစ္ေပၚေနေၾကာင္း သိရသည္။ အလားတူ ၿပီးခဲ့ေသာ ဧၿပီလအတြင္း၌လည္း ဘူးသီးေတာင္ၿမိဳ႕ေပၚ၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္တစ္ခ်ိဳ႕ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ဖူးသည္။

ဘူးသီးေတာင္တစ္ၿမိဳ႕လုံးနီးပါး မီးရႈိ႕ဖ်က္ဆီးခံရျခင္းႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္ထိ နစကဘက္က တစ္စုံတစ္ရာထုတ္ ျပန္ထုတ္ျခင္းမ်ိဳး မရွိေသးသကဲ့ သို႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA ဘက္ကလည္း အသိေပးထုတ္ျပန္ျခင္းမ်ိဳး မရွိေသးသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.