မြစ်ကြီးနားလေတပ်စခန်းအနီးရှိ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲ၍ အရပ်သား(၃)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ

 1461

Pearl (NP News) - မေ ၁၈

မြစ်ကြီးနားလေတပ်စခန်းအနီးရှိ ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်အဖွဲ့က ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများကျရောက် ပေါက်ကွဲမှုကြောင့် အရပ် သား(၃)ဦးသေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြစ်ကြီးနားမြို့ခံများက NP News ကို ပြောသည်။

ယနေ့(မေလ ၁၈ ရက်)၊ နံနက် (၈)နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေတပ်စခန်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါရှော့တိုက်ဒုံးများသည် မြစ်ကြီးနားလေတပ်စခန်းအနီး ပမ္မတီးရပ်ကွက် (၄) နှင့် (၅) တို့ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“လေတပ်စခန်းကို လာပစ်တာ။ ရှော့တိုက်ဒုံးနဲ့။ လာပစ်တဲ့အခါကျတော့ သူတို့ရှော့တိုက်ဒုံးက လေတပ်ကို မရောက်ဘဲ အိမ်တွေကို ထိတယ်။ လေတပ်စခန်းနားမှာ ရပ်ကွက်တွေရှိတယ်လေ။ ရပ်ကွက် (၄)မှာ (၁)လုံးကျတယ်။ ရပ်ကွက် (၅)မှာလည်းကျတယ်။ ဆုံးတာက (၃)ဦး၊ ထိခိုက်ဒဏ်ရာရတာက (၈)ဦး။ အိမ်တွေကတော့ အခုလောလောဆယ်တော့ (၃၊၄)လုံးလောက် ပျက်စီးသွားတယ်လို့ သိရတယ်”ဟု မြို့ခံတစ်ဦးက NP News ကိုပြော သည်။

ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၃)ဦး သေဆုံးကာ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၄)လုံးခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ၊ နံနက် (၄)နာရီခန့်မှစတင်၍ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို KIA အဖွဲ့က တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်ကြားတိုက်ပွဲများ ပြင်းထန်နေလျက်ရှိသည်။ ပြီးခဲ့သည့် မေလ (၉)ရက်ကလည်း မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးတွင် တပ်မတော် နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်ခဲ့ဖူးသည်။

zawgyi version
ျမစ္ႀကီးနားေလတပ္စခန္းအနီးရွိ ရပ္ကြက္မ်ားအတြင္းသို႔ ေရွာ့တိုက္ဒုံးမ်ားက်ေရာက္ေပါက္ကြဲ၍ အရပ္သား(၃)ဦးေသဆုံးကာ (၈)ဦးဒဏ္ရာရ
Pearl (NP News) - ေမ ၁၈

ျမစ္ႀကီးနားေလတပ္စခန္းအနီးရွိ ရပ္ကြက္မ်ားအတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က ပစ္ခတ္ခဲ့သည့္ ေရွာ့တိုက္ဒုံးမ်ားက်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အရပ္ သား(၃)ဦးေသဆုံးခဲ့ၿပီး (၈)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။

ယေန႔(ေမလ ၁၈ ရက္)၊ နံနက္ (၈)နာရီခန႔္တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ျမစ္ႀကီးနားေလတပ္စခန္းကို KIA ၊ PDF ပူးေပါင္းအဖြဲ႕က ေရွာ့တိုက္ဒုံးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အဆိုပါေရွာ့တိုက္ဒုံးမ်ားသည္ ျမစ္ႀကီးနားေလတပ္စခန္းအနီး ပမၼတီးရပ္ကြက္ (၄) ႏွင့္ (၅) တို႔ရွိ ေနအိမ္မ်ားေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

“ေလတပ္စခန္းကို လာပစ္တာ။ ေရွာ့တိုက္ဒုံးနဲ႔။ လာပစ္တဲ့အခါက်ေတာ့ သူတို႔ေရွာ့တိုက္ဒုံးက ေလတပ္ကို မေရာက္ဘဲ အိမ္ေတြကို ထိတယ္။ ေလတပ္စခန္းနားမွာ ရပ္ကြက္ေတြရွိတယ္ေလ။ ရပ္ကြက္ (၄)မွာ (၁)လုံးက်တယ္။ ရပ္ကြက္ (၅)မွာလည္းက်တယ္။ ဆုံးတာက (၃)ဦး၊ ထိခိုက္ဒဏ္ရာရတာက (၈)ဦး။ အိမ္ေတြကေတာ့ အခုေလာေလာဆယ္ေတာ့ (၃၊၄)လုံးေလာက္ ပ်က္စီးသြားတယ္လို႔ သိရတယ္”ဟု ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာ သည္။

ထိုသို႔ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သား(၃)ဦး ေသဆုံးကာ (၈)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေနအိမ္(၄)လုံးခန႔္ ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ယေန႔ ၊ နံနက္ (၄)နာရီခန႔္မွစတင္၍ ျမစ္ႀကီးနားခ႐ိုင္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို KIA အဖြဲ႕က တစ္ၿပိဳင္နက္ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဖက္ၾကားတိုက္ပြဲမ်ား ျပင္းထန္ေနလ်က္ရွိသည္။ ၿပီးခဲ့သည့္ ေမလ (၉)ရက္ကလည္း ျမစ္ႀကီးနားၿမိဳ႕၊ ဗလမင္းထင္တံတားအနီးတြင္ တပ္မေတာ္ ႏွင့္ KIA၊ PDF ပူးေပါင္းအဖြဲ႕တို႔ၾကားတိုက္ပြဲျပင္းထန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.