YBS ယာဉ်များပေါ်တွင် ခရီးစဉ်လမ်းကြောင်းပြ လမ်းညွှန်မြေပုံပါ စတစ်ကာများ ကပ်သွားမည်

2024

စော (NP News) - မေ ၁၉
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များပေါ်တွင် ခရီးစဉ်လမ်းကြောင်းပြ လမ်းညွှန်မြေပုံပါ စတစ်ကာများ ကပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ ဦးလျန်ကျင့်မာန်က ပြောသည်။
ဦးလျန်ကျင့်မာန်က (မေလ ၁၇ ရက်) တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ခရီးသွားလုပ်သားပြည်သူတွေ သွားလာဖို့အဆင်ပြေအောင် ကျွန်တော်တို့ ခရီးစဉ်လမ်းကြောင်းပြ YBS လမ်းညွှန် မြေပုံစတစ်ကာတွေကို YBS ယာဉ်ပေါ်မှာ ကပ်ပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြေပုံလမ်းညွှန်တွေ ကြည့်ခြင်းအားဖြင့် ခရီးသွားပြည်သူတွေ ကိုယ်ရောက်ရှိတဲ့မှတ်တိုင်ကနေ နောက်မှတ်တိုင်ဘယ်ရောက်မယ်။ ဘယ်လမ်းစုံရောက်ရင် အဲဒီလမ်းစုံမှာ အခြားဘယ်ယာဉ်လိုင်းတွေပြေးတယ်ဆိုတာကအစ စတစ်ကာကပ်ပြီးတော့ ကျွန်တော်တို့ YBS ကားပေါ်မှာ ကပ်ပေးလျက်ရှိပါတယ်” ဟု ဦးလျန်ကျင့်မာန်က ပြောသည်။
အဆိုပါ လမ်းညွှန်မြေပုံပါ စတစ်ကာများ ကပ်ပြီးသွားသောယာဉ်များမှာ YUPT ကုမ္ပဏီမှ ယာဉ်လိုင်း (၂၄)လိုင်း၊ YBPC ကုမ္ပဏီမှ ယာဉ်လိုင်း (၁၄)လိုင်း၊ ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်း (၉)လိုင်း နှင့် လူထုမိတ်ဆွေကုမ္ပဏီမှ ယာဉ်လိုင်း (၆)လိုင်းတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရွှေတောင်ပိုင်းကုမ္ပဏီမှ ယာဉ်လိုင်း (၆)လိုင်း၊ ကုန်းဘောင်ရန်ကုန် ကုမ္ပဏီမှ ယာဉ်လိုင်း (၂)လိုင်းနှင့် ပြည်စံသူကုမ္ပဏီမှ ယာဉ်လိုင်း(၁၀)လိုင်းတို့တွင် စတစ်ကာများ ကပ်ပြီးဖြစ်၍ ကျန်ရှိသည့် ယာဉ်များတွင်လည်း စတစ်ကာများ ကပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ခရီးစဉ်လမ်းကြောင်းပြ လမ်းညွှန်မြေပုံကို App တွင်လည်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ယာဉ်လိုင်းပေါင်း (၁၃၁)လိုင်း၊ ယာဉ်စီးရေ ၃၈၀၀ခန့်ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ သင်္ကြန်ကာလ နောက်ပိုင်း၌ ယာဉ်စီးရေ ၃၆၀၀ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ သို့သော် ရန်ကုန်မြို့တွင် မီးရရှိမှု အခြေအနေကြောင့် ယာဉ်စီးရေ လျော့နည်းသွားသည့်အချိန်တွင် အခေါက်ရေတိုးကာ ပြေးဆွဲပေးနေကြောင်း သိရသည်။

Zawgyi Version;
YBS ယာဥ္မ်ားေပၚတြင္ ခရီးစဥ္လမ္းေၾကာင္းျပ လမ္းၫႊန္ေျမပုံပါ စတစ္ကာမ်ား ကပ္သြားမည္
ေစာ (NP News) - ေမ ၁၉
ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ YBS ယာဥ္မ်ားေပၚတြင္ ခရီးစဥ္လမ္းေၾကာင္းျပ လမ္းၫႊန္ေျမပုံပါ စတစ္ကာမ်ား ကပ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) မွ ဦးလ်န္က်င့္မာန္က ေျပာသည္။
ဦးလ်န္က်င့္မာန္က (ေမလ ၁၇ ရက္) တြင္ YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ခရီးသြားလုပ္သားျပည္သူေတြ သြားလာဖို႔အဆင္ေျပေအာင္ ကြၽန္ေတာ္တို႔ ခရီးစဥ္လမ္းေၾကာင္းျပ YBS လမ္းၫႊန္ ေျမပုံစတစ္ကာေတြကို YBS ယာဥ္ေပၚမွာ ကပ္ၿပီးေတာ့ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ ေျမပုံလမ္းၫႊန္ေတြ ၾကည့္ျခင္းအားျဖင့္ ခရီးသြားျပည္သူေတြ ကိုယ္ေရာက္ရွိတဲ့မွတ္တိုင္ကေန ေနာက္မွတ္တိုင္ဘယ္ေရာက္မယ္။ ဘယ္လမ္းစုံေရာက္ရင္ အဲဒီလမ္းစုံမွာ အျခားဘယ္ယာဥ္လိုင္းေတြေျပးတယ္ဆိုတာကအစ စတစ္ကာကပ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ YBS ကားေပၚမွာ ကပ္ေပးလ်က္ရွိပါတယ္” ဟု ဦးလ်န္က်င့္မာန္က ေျပာသည္။
အဆိုပါ လမ္းၫႊန္ေျမပုံပါ စတစ္ကာမ်ား ကပ္ၿပီးသြားေသာယာဥ္မ်ားမွာ YUPT ကုမၸဏီမွ ယာဥ္လိုင္း (၂၄)လိုင္း၊ YBPC ကုမၸဏီမွ ယာဥ္လိုင္း (၁၄)လိုင္း၊ ဗႏၶဳလကုမၸဏီမွ ယာဥ္လိုင္း (၉)လိုင္း ႏွင့္ လူထုမိတ္ေဆြကုမၸဏီမွ ယာဥ္လိုင္း (၆)လိုင္းတို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေ႐ႊေတာင္ပိုင္းကုမၸဏီမွ ယာဥ္လိုင္း (၆)လိုင္း၊ ကုန္းေဘာင္ရန္ကုန္ ကုမၸဏီမွ ယာဥ္လိုင္း (၂)လိုင္းႏွင့္ ျပည္စံသူကုမၸဏီမွ ယာဥ္လိုင္း(၁၀)လိုင္းတို႔တြင္ စတစ္ကာမ်ား ကပ္ၿပီးျဖစ္၍ က်န္ရွိသည့္ ယာဥ္မ်ားတြင္လည္း စတစ္ကာမ်ား ကပ္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ခရီးစဥ္လမ္းေၾကာင္းျပ လမ္းၫႊန္ေျမပုံကို App တြင္လည္း အလြယ္တကူ ၾကည့္ရႈႏိုင္ေအာင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္က ယာဥ္လိုင္းေပါင္း (၁၃၁)လိုင္း၊ ယာဥ္စီးေရ ၃၈၀၀ခန႔္ျဖင့္ ေန႔စဥ္ေျပးဆြဲေပးလ်က္ရွိရာ သၾကၤန္ကာလ ေနာက္ပိုင္း၌ ယာဥ္စီးေရ ၃၆၀၀ေက်ာ္ျဖင့္ ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။ သို႔ေသာ္ ရန္ကုန္ၿမိဳ႕တြင္ မီးရရွိမႈ အေျခအေနေၾကာင့္ ယာဥ္စီးေရ ေလ်ာ့နည္းသြားသည့္အခ်ိန္တြင္ အေခါက္ေရတိုးကာ ေျပးဆြဲေပးေနေၾကာင္း သိရသည္။