တရုတ်နိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေ့ရှိလာ

574

ရောင်နီ (NP News) - မေ ၂ဝ
အမေရိကန်မှာ ကျွဲနွားတွေမှာပါ ကြက်ငှက်တုတ်ကွေး ကူးစက်ဖြစ်ပွားမှုတွေ တွေ့လာရလို့ ကာကွယ်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်နေရချိန်မှာ တရုတ်နိုင်ငံ အနောက်ပိုင်းမှာလည်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။
တောရိုင်း ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို မွေးမြူရေးဝန်ကြီးဌာနက စနေနေ့(မေလ ၁၈ ရက်) က အတည်ပြု ပြောကြားခဲ့တာပါ။ ချင်ဟိုင်ပြည်နယ်ရှိ ခရိုင်နှစ်ခုမှာ သေဆုံးနေတဲ့ စင်ရော်နဲ့ အခြား တောရိုင်းငှက်တွေအကြား H5 တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၇၅ ခုကို အတည်ပြုခဲ့တယ်လို့ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ သတိပေးချက်နဲ့အတူ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
China Animal Disease Control Center မှ ရောဂါဖြစ်ပွားမှုဆိုင်ရာ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် အမျိုးသားကြက်ငှက်တုပ်ကွေး ရည်ညွှန်းဓာတ်ခွဲခန်းမှ တွေ့ရှိချက်ကို အတည်ပြုခဲ့ခြင်းဖြစ်တယ်လို့ အဆိုပါ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာတော့ မတ်လ နှောင်းပိုင်းကစ ပြည်နယ်ကိုးခုမှာ နို့စားနွားတွေကြား H5N1 ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လူသားကို ကူးစက်မှုဖြစ်လာနိုင်တဲ့စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်က ကပ်ရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ နီးပါး သုံးစွဲမယ်လို့ မေလ ၁၁ ရက်က ကြေညာခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာလည္း ၾကက္ငွက္တုပ္ေကြး ျဖစ္ပြားမႈ ေတြ႕ရွိလာ
ေရာင္နီ (NP News) - ေမ ၂ဝ
အေမရိကန္မွာ ကြၽဲႏြားေတြမွာပါ ၾကက္ငွက္တုတ္ေကြး ကူးစက္ျဖစ္ပြားမႈေတြ ေတြ႕လာရလို႔ ကာကြယ္ေရးေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ေနရခ်ိန္မွာ တ႐ုတ္ႏိုင္ငံ အေနာက္ပိုင္းမွာလည္း ၾကက္ငွက္တုပ္ေကြး ျဖစ္ပြားမႈေတြ႕ရွိခဲ့ တယ္လို႔ သိရပါတယ္။
ေတာ႐ိုင္း ငွက္တုပ္ေကြးေရာဂါျဖစ္ပြားမႈကို ေမြးျမဴေရးဝန္ႀကီးဌာနက စေနေန႔(ေမလ ၁၈ ရက္) က အတည္ျပဳ ေျပာၾကားခဲ့တာပါ။ ခ်င္ဟိုင္ျပည္နယ္ရွိ ခ႐ိုင္ႏွစ္ခုမွာ ေသဆုံးေနတဲ့ စင္ေရာ္နဲ႔ အျခား ေတာ႐ိုင္းငွက္ေတြအၾကား H5 တုပ္ေကြးေရာဂါျဖစ္ပြားမႈ ၂၇၅ ခုကို အတည္ျပဳခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံ စိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေရးရာ ဝန္ႀကီးဌာနက ၎ရဲ႕ဝက္ဘ္ဆိုက္မွာ သတိေပးခ်က္နဲ႔အတူ ထုတ္ျပန္ေဖာ္ျပခဲ့ပါတယ္။
China Animal Disease Control Center မွ ေရာဂါျဖစ္ပြားမႈဆိုင္ရာ အစီရင္ခံစာကို လက္ခံရရွိၿပီးေနာက္ အမ်ိဳးသားၾကက္ငွက္တုပ္ေကြး ရည္ၫႊန္းဓာတ္ခြဲခန္းမွ ေတြ႕ရွိခ်က္ကို အတည္ျပဳခဲ့ျခင္းျဖစ္တယ္လို႔ အဆိုပါ အသိေပးခ်က္မွာ ေဖာ္ျပထားပါတယ္။
အေမရိကန္ႏိုင္ငံမွာေတာ့ မတ္လ ေႏွာင္းပိုင္းကစ ျပည္နယ္ကိုးခုမွာ ႏို႔စားႏြားေတြၾကား H5N1 ျဖစ္ပြားမႈေတြ ရွိခဲ့ၿပီး လူသားကို ကူးစက္မႈျဖစ္လာႏိုင္တဲ့စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္က ကပ္ေရာဂါ ျဖစ္ပြားမႈကို တိုက္ဖ်က္ဖို႔အတြက္ အေမရိကန္ ေဒၚလာ သန္း ၂၀၀ နီးပါး သုံးစြဲမယ္လို႔ ေမလ ၁၁ ရက္က ေၾကညာခဲ့ပါတယ္။