အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘား အားကစားမယ် ဒေါက်ဂ်လက်စ် ဘားတန်းမှ ပြုတ်ကျပြီးနောက် US Classic မှ နုတ်ထွက်

 5587

ရောင်နီ (NP News) - မေ ၂ဝ

သုံးကြိမ်တိုင်တိုင် အိုလံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်ခဲ့သူ ကျွမ်းဘား အားကစားမယ် ဂါဘီဒေါက်ဂ်လက် ဟာ စနေနေ့ (မေလ ၁၈ ရက်) က US Classic ပွဲစဉ်မှာ အချိုးအစား မညီမျှတဲ့ ဘားတန်းတွေမှ နှစ်ကြိမ်တိုင်တိုင် ပြုတ်ကျခဲ့ပြီး ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဒေါက်ဂလပ်စ်ဟာ မေလ ၃၀ ရက်မှာ စတင်မယ့် ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ဖို့ အသနားခံခွင့် အရည်အချင်းမပြည့်မီဘူးလို့ အိုလံပစ်ဝက်ဘ်ဆိုက်က ပြောကြား ကြေညာခဲ့ပါတယ်။ ဒေါက်ဂ်လက် နှုတ်ထွက်သွားပြီးနောက် 2016 Rio Games မှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ ဆိုင်မွန်ဘီလက်စ်က ရမှတ် ၅၉,၅၀၀ နဲ့ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒုတိယနေရာကိုတော့ ရှီလက်ဂျုံးက ဆိုင်မွန်ဘီလက်စ်နဲ့ နှစ်မှတ်အကွာနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

အိုလံပစ်ရွှေတံဆိပ် ၃ ဆုရှင် ဒေါက်ဂလပ်စ်ကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာရှိတဲ့ လေ့ကျင့်ရေးစခန်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္ ကြၽမ္းဘား အားကစားမယ္ ေဒါက္ဂ္လက္စ္ ဘားတန္းမွ ျပဳတ္က်ၿပီးေနာက္ US Classic မွ ႏုတ္ထြက္
ေရာင္နီ (NP News) - ေမ ၂ဝ

သုံးႀကိမ္တိုင္တိုင္ အိုလံပစ္ ေ႐ႊတံဆိပ္ဆုရွင္ျဖစ္ခဲ့သူ ကြၽမ္းဘား အားကစားမယ္ ဂါဘီေဒါက္ဂ္လက္ ဟာ စေနေန႔ (ေမလ ၁၈ ရက္) က US Classic ပြဲစဥ္မွာ အခ်ိဳးအစား မညီမွ်တဲ့ ဘားတန္းေတြမွ ႏွစ္ႀကိမ္တိုင္တိုင္ ျပဳတ္က်ခဲ့ၿပီး ၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့ရပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ေဒါက္ဂလပ္စ္ဟာ ေမလ ၃၀ ရက္မွာ စတင္မယ့္ ၿပိဳင္ပြဲအတြက္ ယွဥ္ၿပိဳင္ဖို႔ အသနားခံခြင့္ အရည္အခ်င္းမျပည့္မီဘူးလို႔ အိုလံပစ္ဝက္ဘ္ဆိုက္က ေျပာၾကား ေၾကညာခဲ့ပါတယ္။ ေဒါက္ဂ္လက္ ႏႈတ္ထြက္သြားၿပီးေနာက္ 2016 Rio Games မွာ ေ႐ႊတံဆိပ္ရရွိခဲ့တဲ့ ဆိုင္မြန္ဘီလက္စ္က ရမွတ္ ၅၉,၅၀၀ နဲ႔ ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒုတိယေနရာကိုေတာ့ ရွီလက္ဂ်ဳံးက ဆိုင္မြန္ဘီလက္စ္နဲ႔ ႏွစ္မွတ္အကြာနဲ႔ ရရွိခဲ့တယ္လို႔ သိရပါတယ္။

အိုလံပစ္ေ႐ႊတံဆိပ္ ၃ ဆုရွင္ ေဒါက္ဂလပ္စ္ကေတာ့ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္မွာရွိတဲ့ ေလ့က်င့္ေရးစခန္းကို ျပန္လည္ေရာက္ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.