ရေစကြိုမြို့တွင် အသက်(၇၀)ဝန်းကျင်အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း(၂)ဦး နေအိမ်အတွင်း၌ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရ

 1386

Pearl (NP News) - မေ ၂ဝ

ရေစကြိုမြို့တွင် အသက်(၇၀)ဝန်းကျင်အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း (၂)ဦးနေအိမ်အတွင်း၌ အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရကြောင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ထိုသို့ သတ်ဖြတ်ခံထားရသည့်ရုပ်အလောင်းများကို ယမန်နေ့ မေလ(၁၉ ) ရက် ၊ နံနက် ၁၀နာရီအချိန်ခန့်က မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၇)ရပ် ကွက်၊ ငါးရာပြည့်ရပ်ရှိနေအိမ်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရပ်ကွက်တွင်နေထိုင်သော အငြိမ်းစားပညာရေးမှူး ဦးအောင်ခင်(၇၀)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ကြည်တင့် (၆၅) နှစ်တို့၏ နေ အိမ်သို့ ရပ်ကွက်နေကလေးများက စာသင်ကြားရန်အတွက် လာရောက်စဉ် ၎င်းတို့ (၂)ဦးကို သေဆုံးနေလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ခင်တွင် ဝဲ ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ ၇ ချက် နှင့် ဒေါ်ကြည်တင့်တွင် လည်ဂုတ်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာပုခုံးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာတံထောင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ ၉ ချက်တို့ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့သည် Grade-9၊ Grade-10 နှင့် Grade-11 ကျောင်းသူ/သားများကို ကျူရှင်ပြသပေးကာ အသက်မွေးဝမ်း ကျောင်းပြုနေသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ကို သတ်ဖြတ်သွားခဲ့သည့် အကြမ်းဖက်သမားများအားသက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

zawgyi version
ေရစႀကိဳၿမိဳ႕တြင္ အသက္(၇၀)ဝန္းက်င္အ႐ြယ္ အၿငိမ္းစားပညာေရးဝန္ထမ္း(၂)ဦး ေနအိမ္အတြင္း၌ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာထိုးသတ္ခံခဲ့ရ
Pearl (NP News) - ေမ ၂ဝ

ေရစႀကိဳၿမိဳ႕တြင္ အသက္(၇၀)ဝန္းက်င္အ႐ြယ္ အၿငိမ္းစားပညာေရးဝန္ထမ္း (၂)ဦးေနအိမ္အတြင္း၌ အခ်က္ေပါင္းမ်ားစြာထိုးသတ္ခံခဲ့ရေၾကာင္း လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ထိုသို႔ သတ္ျဖတ္ခံထားရသည့္႐ုပ္အေလာင္းမ်ားကို ယမန္ေန႔ ေမလ(၁၉ ) ရက္ ၊ နံနက္ ၁၀နာရီအခ်ိန္ခန္႔က မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕၊ အမွတ္(၇)ရပ္ ကြက္၊ ငါးရာျပည့္ရပ္ရွိေနအိမ္၌ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ အဆိုပါ ရပ္ကြက္တြင္ေနထိုင္ေသာ အၿငိမ္းစားပညာေရးမႉး ဦးေအာင္ခင္(၇၀)ႏွစ္ ႏွင့္ ၎၏ ဇနီးျဖစ္သူ အၿငိမ္းစား ေက်ာင္းဆရာမ ေဒၚၾကည္တင့္ (၆၅) ႏွစ္တို႔၏ ေန အိမ္သို႔ ရပ္ကြက္ေနကေလးမ်ားက စာသင္ၾကားရန္အတြက္ လာေရာက္စဥ္ ၎တို႔ (၂)ဦးကို ေသဆုံးေနလ်က္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးေအာင္ခင္တြင္ ဝဲ ရင္ဘတ္ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ေနာက္ေက်ာ ထိုးသြင္းဒဏ္ရာ ၇ ခ်က္ ႏွင့္ ေဒၚၾကည္တင့္တြင္ လည္ဂုတ္ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ယာပုခုံးထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ယာတံေထာင္ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ေနာက္ေက်ာ ထိုးသြင္းဒဏ္ရာ ၉ ခ်က္တို႔ရရွိကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ၎တို႔သည္ Grade-9၊ Grade-10 ႏွင့္ Grade-11 ေက်ာင္းသူ/သားမ်ားကို က်ဴရွင္ျပသေပးကာ အသက္ေမြးဝမ္း ေက်ာင္းျပဳေနသူမ်ားျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔ကို သတ္ျဖတ္သြားခဲ့သည့္ အၾကမ္းဖက္သမားမ်ားအားသက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.