ခြိမ်းခြောက်သံပေးခံထားရသော ရန်ကုန် - မန္တလေးအမြန်လမ်း၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးနေဟုဆို

 13474

Pearl (NP News) - မေ ၂ဝ

နေ့စဉ် ကားအစီးရေ သောင်းနှင့်ချီ ဖြတ်သန်းနေသော ရန်ကုန် - မန္တလေးအမြန်လမ်း၏ လုံခြုံရေး ကိုတိုးမြှင့် ဆောင်ရွက်ပေးနေကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့၏အရာရှိတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ရန်ကုန် - မန္တလေး အမြန်လမ်း၌ မေလ (၁၈)ရက်မှစ၍ မေလ (၂၀)ရက်အထိ ဖြန်သန်းသွားလာခြင်း လုံးဝမပြုရန် မန္တလေး PDF အဖွဲ့ ၊ နေပြည်တော် PDF အဖွဲ့ ၊ ပဲခူး PDF အဖွဲ့တို့က ခြိမ်းခြောက်ထားကြောင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။ ထိုသို့သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာ PDF အဖွဲ့အစည်းများက တရားဝင်စာဖြင့် ထုတ်ပြန်ကြေညာခြင်းမျိုးကို မတွေ့ရသေးပေ။

“နေ့တိုင်း အတတ်နိုင်ဆုံး လုံခြုံရေးကိုတော့ ကျွန်တော်တို့ တစ်ရက်ထက်တစ်ရက် ပိုပြီးတော့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်သွားလာနေတဲ့ပြည်သူတွေက မော်တော်ယာဉ်ဆို သောင်းနဲ့ချီပြီးရှိတယ်ဗျ။ ဒီလမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ခရီးသွား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုမရှိစေဖို့အတွက်လည်း ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးတော့ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပြီးဆောင်ရွက်နေတယ်။ သတင်းတွေ မတက်ခင်တည်းက နေ့တိုင်းတော့ ပြင်ဆင်ဆောင် ရွက်နေရပါတယ်။ သတင်းတက်ပြီးတဲ့ နောက်ပိုင်းတော့ ပိုပြီးပြင်ဆင်ရတာပေါ့” ဟု အမြန်လမ်းရဲတပ်ဖွဲ့၏ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အထက်ပါ သတင်းထွက်ပေါ်ပြီးနောက် အမြန်လမ်းရဲတပ်ဖွဲ့အနေဖြင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရန် အတွက် ကြိုးစားဆောင်ရွက်နေပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နေကြောင်း အထက်ပါ တာဝန်ရှိသူကဆိုသည်။

“ခရီးသွားပြည်သူတွေလည်း သူတို့အတွက် စိုးရိမ်စိတ်ကတော့ရှိမှာပဲ။ ဒီရက်မှာမှ တကယ့်တကယ် ကျန်းမာရေးကိစ္စကြောင့် သွားဖို့လိုလို့၊ အရေးပေါ်ကိစ္စသွားဖို့လိုလာရင် သူတို့မသွားနဲ့ဆိုလည်း သွားရမှာပဲလေ။ ခရီးသွားပြည်သူ တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကတော့ အတတ်နိုင်ဆုံးတော့ အန္တရာယ်ကင်းအောင်လို့ ကြိုးစားပြီး‌ ဆောင်ရွက် နေပါတယ်လို့ ပြောချင်ပါတယ်။ တတ်နိုင်သမျှ ဘာမှမဖြစ်အောင်လို့တော့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ လုပ်သင့်လုပ်ထိုက်တာကိုလည်း နေ့ရော ညရော မနားတမ်းဆောင်ရွက်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ၊ ဇူလိုင်လတွင်လည်း ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းတို့တွင် ည(၆)နာရီမှ နံနက်(၆)နာရီအချိန်အတွင်း သွားလာခြင်းမပြုလုပ်ရန် NUG လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ က ခြိမ်းခြောက်ထုတ်ပြန်ဖူးသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁၁၀)အနီး ဇဟားလုံခြုံ ရေး ရဲကင်းစခန်း ဝင်ရောက်စီးနင်းခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။

zawgyi version
ၿခိမ္းေျခာက္သံေပးခံထားရေသာ ရန္ကုန္ - မႏၲေလးအျမန္လမ္း၏ လုံၿခဳံေရးကို တိုးျမႇင့္ေဆာင္႐ြက္ေပးေနဟုဆို
Pearl (NP News) - ေမ ၂ဝ

ေန႔စဥ္ ကားအစီးေရ ေသာင္းႏွင့္ခ်ီ ျဖတ္သန္းေနေသာ ရန္ကုန္ - မႏၲေလးအျမန္လမ္း၏ လုံၿခဳံေရး ကိုတိုးျမႇင့္ ေဆာင္႐ြက္ေပးေနေၾကာင္း အျမန္လမ္းရဲ တပ္ဖြဲ႕၏အရာရွိတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ရန္ကုန္ - မႏၲေလး အျမန္လမ္း၌ ေမလ (၁၈)ရက္မွစ၍ ေမလ (၂၀)ရက္အထိ ျဖန္သန္းသြားလာျခင္း လုံးဝမျပဳရန္ မႏၲေလး PDF အဖြဲ႕ ၊ ေနျပည္ေတာ္ PDF အဖြဲ႕ ၊ ပဲခူး PDF အဖြဲ႕တို႔က ၿခိမ္းေျခာက္ထားေၾကာင္း သတင္းမ်ား ထြက္ေပၚေနလ်က္ရွိသည္။ ထိုသို႔သတင္းမ်ားထြက္ေပၚေနေသာ္လည္း သက္ဆိုင္ရာ PDF အဖြဲ႕အစည္းမ်ားက တရားဝင္စာျဖင့္ ထုတ္ျပန္ေၾကညာျခင္းမ်ိဳးကို မေတြ႕ရေသးေပ။

“ေန႔တိုင္း အတတ္ႏိုင္ဆုံး လုံၿခဳံေရးကိုေတာ့ ကြၽန္ေတာ္တို႔ တစ္ရက္ထက္တစ္ရက္ ပိုၿပီးေတာ့ ႀကိဳးစားၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ေန႔စဥ္သြားလာေနတဲ့ျပည္သူေတြက ေမာ္ေတာ္ယာဥ္ဆို ေသာင္းနဲ႔ခ်ီၿပီးရွိတယ္ဗ်။ ဒီလမ္းမႀကီးကို အသုံးျပဳသြားလာေနတဲ့ ခရီးသြား ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြ ထိခိုက္နစ္နာ ပ်က္စီးဆုံးရႈံးမႈမရွိေစဖို႔အတြက္လည္း ကြၽန္ေတာ္တို႔ဘက္က အတတ္ႏိုင္ဆုံးေတာ့ရွိတဲ့ တပ္ဖြဲ႕ဝင္ေတြနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ေတာ့ ႀကိဳးစားၿပီးေဆာင္႐ြက္ေနတယ္။ သတင္းေတြ မတက္ခင္တည္းက ေန႔တိုင္းေတာ့ ျပင္ဆင္ေဆာင္ ႐ြက္ေနရပါတယ္။ သတင္းတက္ၿပီးတဲ့ ေနာက္ပိုင္းေတာ့ ပိုၿပီးျပင္ဆင္ရတာေပါ့” ဟု အျမန္လမ္းရဲတပ္ဖြဲ႕၏ တာဝန္ရွိသူ တစ္ဦးကေျပာသည္။

အထက္ပါ သတင္းထြက္ေပၚၿပီးေနာက္ အျမန္လမ္းရဲတပ္ဖြဲ႕အေနျဖင့္ ခရီးသြားျပည္သူမ်ား အႏၲရာယ္ကင္းရန္ အတြက္ ႀကိဳးစားေဆာင္႐ြက္ေနၿပီး လုံၿခဳံေရးကိုလည္း တိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္း အထက္ပါ တာဝန္ရွိသူကဆိုသည္။

“ခရီးသြားျပည္သူေတြလည္း သူတို႔အတြက္ စိုးရိမ္စိတ္ကေတာ့ရွိမွာပဲ။ ဒီရက္မွာမွ တကယ့္တကယ္ က်န္းမာေရးကိစၥေၾကာင့္ သြားဖို႔လိုလို႔၊ အေရးေပၚကိစၥသြားဖို႔လိုလာရင္ သူတို႔မသြားနဲ႔ဆိုလည္း သြားရမွာပဲေလ။ ခရီးသြားျပည္သူ ေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ဘက္ကေတာ့ အတတ္ႏိုင္ဆုံးေတာ့ အႏၲရာယ္ကင္းေအာင္လို႔ ႀကိဳးစားၿပီး‌ ေဆာင္႐ြက္ ေနပါတယ္လို႔ ေျပာခ်င္ပါတယ္။ တတ္ႏိုင္သမွ် ဘာမွမျဖစ္ေအာင္လို႔ေတာ့ အစြမ္းကုန္ႀကိဳးစားသြားပါမယ္။ လုပ္သင့္လုပ္ထိုက္တာကိုလည္း ေန႔ေရာ ညေရာ မနားတမ္းေဆာင္႐ြက္ေနတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၃ခုႏွစ္ ၊ ဇူလိုင္လတြင္လည္း ရန္ကုန္-မႏၲေလးလမ္းေဟာင္းႏွင့္ အျမန္လမ္းတို႔တြင္ ည(၆)နာရီမွ နံနက္(၆)နာရီအခ်ိန္အတြင္း သြားလာျခင္းမျပဳလုပ္ရန္ NUG လက္ေအာက္ခံ ေတာင္ပိုင္းစစ္ေဒသ၊ အမွတ္(၂)စစ္ေဒသခြဲ က ၿခိမ္းေျခာက္ထုတ္ျပန္ဖူးသည္။ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလတြင္လည္း ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္ (၁၁၀)အနီး ဇဟားလုံၿခဳံ ေရး ရဲကင္းစခန္း ဝင္ေရာက္စီးနင္းခံရမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ (၅) ဦး ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားဖူးသည္။

Related news

© 2021. All rights reserved.