တောင်းဆိုချက်တွေကို ခွင့်မပြုဘူးဆိုရင် အစိုးရအဖွဲ့က နုတ်ထွက်မယ်လို့ အစ္စရေးဝန်ကြီးဖြစ်သူ ဘန်နီဂန့်ဇ် ခြိမ်းခြောက်
1352
ဂျန်ဇက် (NP News) - မေ ၂ဝ
အစ္စရေးအစိုးရအဖွဲ့ရဲ့ထိပ်တန်းဝန်ကြီးတစ်ဦးဖြစ်သူ ဘန်နီဂန့်ဇ်က အစ္စရေးအစိုးရအဖွဲ့အနေနဲ့ ဂါဇာစစ်ပွဲ ပတ်သက်ပြီး အစီအစဉ်အသစ်တွေကို ကတိပြုလက်ခံခြင်းမရှိဘူးဆိုရင် အစိုးရအဖွဲ့အတွင်းက နုတ်ထွက်သွား မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသအရေးနဲ့ပတ်သက်တဲ့အစီအစဉ်အသစ်ထဲမှာ ဟားမက်စ်အုပ်စုကို အုပ်ချုပ်ခွင့်ပေးမှုတွေကို အဆုံးသတ်ဖို့ အချက်တွေ အပါအဝင် အခြားအချက်တွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဝန်ကြီး ဘန်နီဂန့်ဇ်ရဲ့တင်ပြတောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ရာ အစ္စရေးအစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများဖြစ်လာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ရုတ်တရက်တိုက်ခိုက်လာခဲ့ပြီးနောက်ပိုင်း အဓိကနိုင်ငံရေးပါတီ တွေ ပူးပေါင်းပါဝင်မယ့် အစ္စရေးအစိုးရအဖွဲ့ကို အရေးပေါ်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ဂန့်ဇ်ဟာ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုရဲ့နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးဖြစ်သူ ဂန့်ဇ်က "ဂါဇာအရေးနဲ့ပတ်သက်ပြီး မဟာဗျူဟာမြောက်ရည်မှန်းချက်တွေ ပါဝင်တဲ့အချက် ခြောက် ချက်ကို အစ္စရေးအစိုးရ ခွင့်ပြုပေးရမယ်။ အဲဒီအချက်တွေထဲမှာ ဟားမက်စ်အုပ်ချုပ်မှုကို ဖြတ်ချဖို့၊ ပြန်ပေးဆွဲ ခံရ သူတွေကို မိခင်အိမ်ကို ပြန်ခေါ်ယူဖို့အချက်တွေလည်း ပါဝင်နေပါတယ်။ ဝန်ကြီးချုပ်နေတန်ရာဟုဟာ အဲဒီ အချက်ခြောက်ချက်ကို ခွင့်မပြုဘူးဆိုရင်တော့ အစိုးရအဖွဲ့အတွင်းက နုတ်ထွက်သွားမယ်" လို့ ပြောပါတယ်။
ဂန့်ဇ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးတောင်းဆို လာခြင်းဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီး ဘန်နီဂန့်ဇ်၊ ဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ကာကွယ်ရေးဝန်ကြီး တို့ကို လက်ရှိအချိန်မှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး three-person war cabinet လို့ တင်းစားပြောဆိုခံနေရပါတယ်။
Zawgyi Version;
ေတာင္းဆိုခ်က္ေတြကို ခြင့္မျပဳဘူးဆိုရင္ အစိုးရအဖြဲ႕က ႏုတ္ထြက္မယ္လို႔ အစၥေရးဝန္ႀကီးျဖစ္သူ ဘန္နီဂန႔္ဇ္ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) - ေမ ၂ဝ
အစၥေရးအစိုးရအဖြဲ႕ရဲ႕ထိပ္တန္းဝန္ႀကီးတစ္ဦးျဖစ္သူ ဘန္နီဂန႔္ဇ္က အစၥေရးအစိုးရအဖြဲ႕အေနနဲ႔ ဂါဇာစစ္ပြဲ ပတ္သက္ၿပီး အစီအစဥ္အသစ္ေတြကို ကတိျပဳလက္ခံျခင္းမရွိဘူးဆိုရင္ အစိုးရအဖြဲ႕အတြင္းက ႏုတ္ထြက္သြား မယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဂါဇာေဒသအေရးနဲ႔ပတ္သက္တဲ့အစီအစဥ္အသစ္ထဲမွာ ဟားမက္စ္အုပ္စုကို အုပ္ခ်ဳပ္ခြင့္ေပးမႈေတြကို အဆုံးသတ္ဖို႔ အခ်က္ေတြ အပါအဝင္ အျခားအခ်က္ေတြလည္း ပါဝင္ေနပါတယ္။ ဒါေပမယ့္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ဝန္ႀကီး ဘန္နီဂန႔္ဇ္ရဲ႕တင္ျပေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ရာ အစၥေရးအစိုးရအဖြဲ႕အတြင္း သေဘာထား ကြဲလြဲမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။
အစၥေရးႏိုင္ငံကို ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က ႐ုတ္တရက္တိုက္ခိုက္လာခဲ့ၿပီးေနာက္ပိုင္း အဓိကႏိုင္ငံေရးပါတီ ေတြ ပူးေပါင္းပါဝင္မယ့္ အစၥေရးအစိုးရအဖြဲ႕ကို အေရးေပၚဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။ ဂန႔္ဇ္ဟာ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕ႏိုင္ငံေရးၿပိဳင္ဘက္တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။
ဝန္ႀကီးျဖစ္သူ ဂန႔္ဇ္က "ဂါဇာအေရးနဲ႔ပတ္သက္ၿပီး မဟာဗ်ဴဟာေျမာက္ရည္မွန္းခ်က္ေတြ ပါဝင္တဲ့အခ်က္ ေျခာက္ ခ်က္ကို အစၥေရးအစိုးရ ခြင့္ျပဳေပးရမယ္။ အဲဒီအခ်က္ေတြထဲမွာ ဟားမက္စ္အုပ္ခ်ဳပ္မႈကို ျဖတ္ခ်ဖို႔၊ ျပန္ေပးဆြဲ ခံရ သူေတြကို မိခင္အိမ္ကို ျပန္ေခၚယူဖို႔အခ်က္ေတြလည္း ပါဝင္ေနပါတယ္။ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အဲဒီ အခ်က္ေျခာက္ခ်က္ကို ခြင့္မျပဳဘူးဆိုရင္ေတာ့ အစိုးရအဖြဲ႕အတြင္းက ႏုတ္ထြက္သြားမယ္" လို႔ ေျပာပါတယ္။
ဂန႔္ဇ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးကာကြယ္ေရးဝန္ႀကီးနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အခုလိုမ်ိဳးေတာင္းဆို လာျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အစၥေရးဝန္ႀကီး ဘန္နီဂန႔္ဇ္၊ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ကာကြယ္ေရးဝန္ႀကီး တို႔ကို လက္ရွိအခ်ိန္မွာ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး three-person war cabinet လို႔ တင္းစားေျပာဆိုခံေနရပါတယ္။