ပူတာအိုမြို့၊ ခလရ(၄၆)အနီးရှိ အရပ်သားနေအိမ်များကို မေလ(၂၅)ရက်နေ့ နောက်ဆုံးထားဖယ်ပေးရန် KIA က ခြိမ်းခြောက်နေဟုဆို

 1299

Pearl (NP News) - မေ ၂၀

ပူတာအိုမြို့၊ ခလရ (၄၆) အနီးရှိ အရပ်သားနေအိမ်များကို မေလ (၂၅)ရက်နေ့ နောက်ဆုံးထားဖယ်ပေးရန် KIA က ခြိမ်း‌ခြောက်စာကပ်ထားကြောင်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။

ကချင်ပြည်နယ် ၊ ပူတာအိုမြို့‌ ၊ ခလရ ၄၆ အနီး ပါအင်ကျေးရွာနှင့် လေယာဉ်ကွင်းရပ်ကွက်ရှိ အရပ်သားနေအိမ်များကို KIA ပူးပေါင်းအဖွဲ့က (၂၅)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ပေးရန်အတွက် ခြိမ်းခြောက်စာများ ကပ်ထားကြောင်း သိရသည်။

“စစ်တပ်နဲ့နီးတဲ့အိမ်တွေ၊ ရပ်ကွက်တွေကို KIA တွေကစာလိုက်ကပ်ထားတယ် ၂၅ ရက်နေ့ ဖယ်ပေးဖို့။ A4 နဲ့ ရိုးရိုးစာရိုက်ပြီး လာကပ်ထားတာ။ ဘယ်လိုပုံစံနဲ့ လာကပ်လဲတော့မသိဘူး။ ရွာသားတွေ ပြောလို့သိရတာ။ တပ်နားမှာ ပါအင်ကျေးရွာနဲ့ မြို့ထဲက လေယဥ်ကွင်းရပ်ကွက်ရှိတယ်။ အဲဒီရပ်ကွက်တွေဘဲ ကပ်တယ်လို့ သတင်းရတာ။ ကျန်တဲ့နေရာတွေတော့ ကပ်မကပ်မသိရသေးဘူး။ ဘယ်သူမှတော့ မဖယ်သေးပါဘူး”ဟု မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ စာကပ်လာသည့်အတွက် တပ်မတော် နှင့် KIA ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်များအတွင်း၌ အိမ်ခြေ (၅၀)ထက်မနည်းရှိပြီး ဒေသခံများအနေဖြင့် လက်ရှိအချိန်ထိ ဖယ်ရှားပေးခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။ ထို့ပြင် ပူတာအို - မြစ်ကြီးနား ကားလမ်း၌ တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် KIA ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေကာ ကုန်သွယ်ရေးလမ်းကြောင်းပြတ်တောက်နေပြီး ပူတာအိုမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းအဆမတန် မြင့်တက်နေကြောင်းလည်း သိရသည်။

“ဆန်က ရိုးရိုးဆန်တောင် တစ်အိတ်ကို ၂သိန်းကျော်။ ဆီ ၅၀သား တစ်ဗူး ၂၅၀၀၀။ ကြက်ဥ တစ်လုံး၂၀၀၀ အဲဒါတောင် ဆိုင်တိုင်း မရှိဘူး။ ရှိတဲ့ဆိုင်က အဲဒီစျေးရောင်းတယ်။ အိုင်အိုဒင်းစား တစ်ထုတ် ၅၀၀၀။ တချို့တွေဆို ထမင်းတောင်မစားနိုင်ဘဲ ဆန်တစ်ဗူးနှစ်ဗူးဝယ်ပြီး ဆန်ပြုတ်သောက်နေရတာတဲ့။ ဓာတ်ဆီက တစ်လုံး ၇၅၀၀၀။ ဒါတောင် 700ml။ လွန်ခဲ့တဲ့ရက်က ၆၀၀၀၀။ ဒါတောင် ဆိုင်တိုင်းမရောင်းဘူး။ ပန့်တွေက အကုန်ပိတ်ထားတာ မရောင်းဘူး။ ဆီဘောက်ဆာတွေမှ တက်မလာတာ။ ကြာပြီ ၃လ ၄လလောက်ရှိနေပြီ။ လမ်းတွေပိတ်ထားတာလေ။ မြစ်ကြီးနားက ဘယ်ကားမှတက် လို့မရဘူး။ မြစ်ကြီးနားနဲ့ပူတာအို ကားလမ်းမှာ တိုက်ပွဲဖြစ်နေလို့ ။ ပူတာအိုကို လေယဥ်လမ်းကြောင်းတစ်ခုဘဲရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ပူတာအိုမြို့၌ ရိုးရိုးဆန်တစ်အိတ်လျှင် (၂)သိန်း၊ ဆီ၅၀သား လျှင် (၂၅၀၀၀)ကျပ် နှင့် ကြက်ဥတစ်လုံးလျှင် (၂၀၀၀)ကျပ် တို့ထက်မနည်း စျေးမြင့်တတ်နေပြီး ဒေသခံအများအပြား ဒုက္ခများစွာဖြင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။

zawgyi version
ပူတာအိုၿမိဳ႕၊ ခလရ(၄၆)အနီးရွိ အရပ္သားေနအိမ္မ်ားကို ေမလ(၂၅)ရက္ေန႔ ေနာက္ဆုံးထားဖယ္ေပးရန္ KIA က ၿခိမ္းေျခာက္ေနဟုဆို
Pearl (NP News) - ေမ ၂၀

ပူတာအိုၿမိဳ႕၊ ခလရ (၄၆) အနီးရွိ အရပ္သားေနအိမ္မ်ားကို ေမလ (၂၅)ရက္ေန႔ ေနာက္ဆုံးထားဖယ္ေပးရန္ KIA က ၿခိမ္း‌ေျခာက္စာကပ္ထားေၾကာင္း သတင္းမ်ားထြက္ေပၚေနလ်က္ရွိသည္။

ကခ်င္ျပည္နယ္ ၊ ပူတာအိုၿမိဳ႕‌ ၊ ခလရ ၄၆ အနီး ပါအင္ေက်း႐ြာႏွင့္ ေလယာဥ္ကြင္းရပ္ကြက္ရွိ အရပ္သားေနအိမ္မ်ားကို KIA ပူးေပါင္းအဖြဲ႕က (၂၅)ရက္ေန႔ ေနာက္ဆုံးထား၍ ဖယ္ေပးရန္အတြက္ ၿခိမ္းေျခာက္စာမ်ား ကပ္ထားေၾကာင္း သိရသည္။

“စစ္တပ္နဲ႔နီးတဲ့အိမ္ေတြ၊ ရပ္ကြက္ေတြကို KIA ေတြကစာလိုက္ကပ္ထားတယ္ ၂၅ ရက္ေန႔ ဖယ္ေပးဖို႔။ A4 နဲ႔ ႐ိုး႐ိုးစာ႐ိုက္ၿပီး လာကပ္ထားတာ။ ဘယ္လိုပုံစံနဲ႔ လာကပ္လဲေတာ့မသိဘူး။ ႐ြာသားေတြ ေျပာလို႔သိရတာ။ တပ္နားမွာ ပါအင္ေက်း႐ြာနဲ႔ ၿမိဳ႕ထဲက ေလယဥ္ကြင္းရပ္ကြက္ရွိတယ္။ အဲဒီရပ္ကြက္ေတြဘဲ ကပ္တယ္လို႔ သတင္းရတာ။ က်န္တဲ့ေနရာေတြေတာ့ ကပ္မကပ္မသိရေသးဘူး။ ဘယ္သူမွေတာ့ မဖယ္ေသးပါဘူး”ဟု ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ စာကပ္လာသည့္အတြက္ တပ္မေတာ္ ႏွင့္ KIA ပူးေပါင္းအဖြဲ႕အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလာမည္ကို ေဒသခံျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။ အဆိုပါ ရပ္ကြက္မ်ားအတြင္း၌ အိမ္ေျခ (၅၀)ထက္မနည္းရွိၿပီး ေဒသခံမ်ားအေနျဖင့္ လက္ရွိအခ်ိန္ထိ ဖယ္ရွားေပးျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ပူတာအို - ျမစ္ႀကီးနား ကားလမ္း၌ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ ႏွင့္ KIA ပူးေပါင္းအဖြဲ႕အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနကာ ကုန္သြယ္ေရးလမ္းေၾကာင္းျပတ္ေတာက္ေနၿပီး ပူတာအိုၿမိဳ႕၌ အေျခခံစားေသာက္ကုန္မ်ား ေစ်းႏႈန္းအဆမတန္ ျမင့္တက္ေနေၾကာင္းလည္း သိရသည္။

“ဆန္က ႐ိုး႐ိုးဆန္ေတာင္ တစ္အိတ္ကို ၂သိန္းေက်ာ္။ ဆီ ၅၀သား တစ္ဗူး ၂၅၀၀၀။ ၾကက္ဥ တစ္လုံး၂၀၀၀ အဲဒါေတာင္ ဆိုင္တိုင္း မရွိဘူး။ ရွိတဲ့ဆိုင္က အဲဒီေစ်းေရာင္းတယ္။ အိုင္အိုဒင္းစား တစ္ထုတ္ ၅၀၀၀။ တခ်ိဳ႕ေတြဆို ထမင္းေတာင္မစားႏိုင္ဘဲ ဆန္တစ္ဗူးႏွစ္ဗူးဝယ္ၿပီး ဆန္ျပဳတ္ေသာက္ေနရတာတဲ့။ ဓာတ္ဆီက တစ္လုံး ၇၅၀၀၀။ ဒါေတာင္ 700ml။ လြန္ခဲ့တဲ့ရက္က ၆၀၀၀၀။ ဒါေတာင္ ဆိုင္တိုင္းမေရာင္းဘူး။ ပန္႔ေတြက အကုန္ပိတ္ထားတာ မေရာင္းဘူး။ ဆီေဘာက္ဆာေတြမွ တက္မလာတာ။ ၾကာၿပီ ၃လ ၄လေလာက္ရွိေနၿပီ။ လမ္းေတြပိတ္ထားတာေလ။ ျမစ္ႀကီးနားက ဘယ္ကားမွတက္ လို႔မရဘူး။ ျမစ္ႀကီးနားနဲ႔ပူတာအို ကားလမ္းမွာ တိုက္ပြဲျဖစ္ေနလို႔ ။ ပူတာအိုကို ေလယဥ္လမ္းေၾကာင္းတစ္ခုဘဲရတယ္” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ပူတာအိုၿမိဳ႕၌ ႐ိုး႐ိုးဆန္တစ္အိတ္လွ်င္ (၂)သိန္း၊ ဆီ၅၀သား လွ်င္ (၂၅၀၀၀)က်ပ္ ႏွင့္ ၾကက္ဥတစ္လုံးလွ်င္ (၂၀၀၀)က်ပ္ တို႔ထက္မနည္း ေစ်းျမင့္တတ္ေနၿပီး ေဒသခံအမ်ားအျပား ဒုကၡမ်ားစြာျဖင့္ ရင္ဆိုင္ေနရလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.