ကျုံအိတ်တံတားကို မိုးမကျခင် သံဘေလီတံတားဖြင့် အစားထိုး တည်ဆောက်မည်

 2396

ယွန်း (NP News ) - မေ ၂ဝ

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားကို သံဘေလီတံတားဖြင့် အစားထိုးတည်ဆောက်ရန် ပြင်ဆင်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် ပြီးခဲ့သည့် မေလ(၁၁)ရက်နေ့တွင် မိုင်းထောင်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာနိုင်ရေးအတွက် မေလ(၁၆)ရက်နေ့မှစ၍ အဆိုပါ ကျုံအိတ်တံတားဘေးတွင် ယာယီမြေသားလမ်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြေသားလမ်းမှ မေလ(၁၇)ရက်နေ့ နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များအပါ အဝင် ဆီကားများကိုပါ တစ်လှည့်စီဖြတ် သန်းခွင့်ပြုထားပြီး လက်ရှိတွင် သံဘေလီတံတား အသစ်ကိုလည်း အမြန်ဆုံးတည်ဆောက်ပြီးစီးရန် ဆောင် ရွက်နေကြောင်း သိရသည်။

“မြေကြီးလမ်းလေးတော့ လုပ်ပေးထားပါတယ်။ ကားလေးတွေသွားနေပါတယ်။ ဆီကားတွေ ဘာတွေလည်း သွားလို့ရပါတယ်။ လုံခြုံရေးအဖွဲ့တွေလည်း ရှိပါတယ်။ တစ်ဖက်မှာလည်း သံဘေလီ တံတားအသစ် လုပ်ဖို့ပြင်နေပါတယ်။ မြေကြီးလမ်းကတော့ ယာယီအနေနဲ့ ပေးသွားနေပါတယ်။ ဆောက်လုပ်ရေးနဲ့ သံဘေလီတံတားလုပ်သွားမှာပေါ့။ မြန်တဲ့ဟာကို အရင်လုပ်မှာပေါ့။ အင်တိုက် အားတိုက်တော့လုပ်နေကြပါတယ်။ အမြန်ဆုံးတော့ ပြီးအောင်လုပ်နေကြပါတယ်။ မိုးမရွာခင် အပြီးလုပ်သွားမှာပါ။ မိုးရွာရင် အခုသွားနေတဲ့ မြေကြီးလမ်းက သွားလို့အဆင်မပြေတော့ဘူးလေ။ ကွန်ကရစ်တံတားကတော့ ပိတ်ပြီးတော့ လမ်းလွှဲတွေဘာတွေနဲ့ ဘေလီတံတားကို အရင်လုပ်မှာပေါ့။ လမ်းဦးစီးကလည်း လာပြီးကြီးကြပ်ပါတယ်” ဟု မွန်ပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း အဆိုပါကျုံအိတ်တံတားကို KNU/PDF ပူးပေါင်း အဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့ပြီး တံတားပေါ်တွင် ဖြတ်သန်း မောင်းနှင်နေသည့် မော်တော်ယာဉ် (၃)စီး ပြုတ်ကျကာ ပြည်သူတစ်ဦးသေဆုံးခဲ့ဖူးသည်။ အဆိုပါဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးစဉ် အကြမ်း ဖက်သမားများက Drop Bomb များဖြင့် ထပ်မံတိုက်ခိုက်မှုကြောင့် ပြည်သူ (၂)ဦးထပ်မံသေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့သည့်အပြင် တံတားပြုပြင်နေဆဲကာလများအတွင်း၌လည်း KNLA/ PDF ပူးပေါင်းအဖွဲ့က ဒရုန်းနှင့် (၄၀)မမ ဗုံးသီးများဖြင့် (၄)ကြိမ်ထက်မနည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ဖူးသည်။

ကျုံအိတ်တံတားသည် ယခင်က သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ဦ ဇွန်လတွင် KNU ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည့် အတွက် သံဘေလီတံတားဖြင့် အစားထိုးတည်ဆောက်ပေးခဲ့ သော်လည်း ယခု ၂၀၂၄ ခုနှစ်၊ မေလတွင် KNU ပူးပေါင်းအဖွဲ့ကပင် ထပ်မံ၍ ၎င်းဘေလီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

zawgyi version
က်ဳံအိတ္တံတားကို မိုးမက်ခင္ သံေဘလီတံတားျဖင့္ အစားထိုး တည္ ေဆာက္မည္
ယြန္း (NP News ) - ေမ ၂ဝ

မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရသည့္ က်ဳံအိတ္တံတားကို သံေဘလီတံတားျဖင့္ အစားထိုးတည္ေဆာက္ရန္ ျပင္ဆင္ေနေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္- ေမာ္လၿမိဳင္ကားလမ္းေပၚရွိ က်ဳံအိတ္တံတားသည္ ၿပီးခဲ့သည့္ ေမလ(၁၁)ရက္ေန႔တြင္ မိုင္းေထာင္ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ၿပီး ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ ေမလ(၁၆)ရက္ေန႔မွစ၍ အဆိုပါ က်ဳံအိတ္တံတားေဘးတြင္ ယာယီေျမသားလမ္းကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေျမသားလမ္းမွ ေမလ(၁၇)ရက္ေန႔ နံနက္ပိုင္းမွစ၍ ေမာ္ေတာ္ယာဥ္မ်ားအပါ အဝင္ ဆီကားမ်ားကိုပါ တစ္လွည့္စီျဖတ္ သန္းခြင့္ျပဳထားၿပီး လက္ရွိတြင္ သံေဘလီတံတား အသစ္ကိုလည္း အျမန္ဆုံးတည္ေဆာက္ၿပီးစီးရန္ ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။

“ေျမႀကီးလမ္းေလးေတာ့ လုပ္ေပးထားပါတယ္။ ကားေလးေတြသြားေနပါတယ္။ ဆီကားေတြ ဘာေတြလည္း သြားလို႔ရပါတယ္။ လုံၿခဳံေရးအဖြဲ႕ေတြလည္း ရွိပါတယ္။ တစ္ဖက္မွာလည္း သံေဘလီ တံတားအသစ္ လုပ္ဖို႔ျပင္ေနပါတယ္။ ေျမႀကီးလမ္းကေတာ့ ယာယီအေနနဲ႔ ေပးသြားေနပါတယ္။ ေဆာက္လုပ္ေရးနဲ႔ သံေဘလီတံတားလုပ္သြားမွာေပါ့။ ျမန္တဲ့ဟာကို အရင္လုပ္မွာေပါ့။ အင္တိုက္ အားတိုက္ေတာ့လုပ္ေနၾကပါတယ္။ အျမန္ဆုံးေတာ့ ၿပီးေအာင္လုပ္ေနၾကပါတယ္။ မိုးမ႐ြာခင္ အၿပီးလုပ္သြားမွာပါ။ မိုး႐ြာရင္ အခုသြားေနတဲ့ ေျမႀကီးလမ္းက သြားလို႔အဆင္မေျပေတာ့ဘူးေလ။ ကြန္ကရစ္တံတားကေတာ့ ပိတ္ၿပီးေတာ့ လမ္းလႊဲေတြဘာေတြနဲ႔ ေဘလီတံတားကို အရင္လုပ္မွာေပါ့။ လမ္းဦးစီးကလည္း လာၿပီးႀကီးၾကပ္ပါတယ္” ဟု မြန္ျပည္ နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဇြန္လအတြင္းကလည္း အဆိုပါက်ဳံအိတ္တံတားကို KNU/PDF ပူးေပါင္း အဖြဲ႕က မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ တံတားတစ္ျခမ္း ၿပိဳက်ပ်က္စီးသြားခဲ့ၿပီး တံတားေပၚတြင္ ျဖတ္သန္း ေမာင္းႏွင္ေနသည့္ ေမာ္ေတာ္ယာဥ္ (၃)စီး ျပဳတ္က်ကာ ျပည္သူတစ္ဦးေသဆုံးခဲ့ဖူးသည္။ အဆိုပါျဖစ္စဥ္ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ေပးစဥ္ အၾကမ္း ဖက္သမားမ်ားက Drop Bomb မ်ားျဖင့္ ထပ္မံတိုက္ခိုက္မႈေၾကာင့္ ျပည္သူ (၂)ဦးထပ္မံေသဆုံးခဲ့ၿပီး (၁၀)ဦးဒဏ္ရာရရွိခဲ့သည့္အျပင္ တံတားျပဳျပင္ေနဆဲကာလမ်ားအတြင္း၌လည္း KNLA/ PDF ပူးေပါင္းအဖြဲ႕က ဒ႐ုန္းႏွင့္ (၄၀)မမ ဗုံးသီးမ်ားျဖင့္ (၄)ႀကိမ္ထက္မနည္း အၾကမ္းဖက္ တိုက္ခိုက္ခဲ့ဖူးသည္။

က်ဳံအိတ္တံတားသည္ ယခင္က သံကူကြန္ကရစ္တံတားတစ္စင္းျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ဦ ဇြန္လတြင္ KNU ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့သည့္ အတြက္ သံေဘလီတံတားျဖင့္ အစားထိုးတည္ေဆာက္ေပးခဲ့ ေသာ္လည္း ယခု ၂၀၂၄ ခုႏွစ္၊ ေမလတြင္ KNU ပူးေပါင္းအဖြဲ႕ကပင္ ထပ္မံ၍ ၎ေဘလီတံတားကို မိုင္းခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.