စင်ကာပူမှာ တောင်ကိုရီးယား DJ တစ်ယောက်က ဘုန်းတော်ကြီးပုံစံ ဝတ်ဆင်ပြီး ရှိုးပွဲမှာ DJ တီးကာ ဖျော်ဖြေခဲ့ခြင်းကြောင့် အငြင်းပွားဖွယ်များဖြစ်နေ
11167
ရောင်နီ (NP News) - မေ ၂၁
စင်ကာပူမှာ ဘုန်းကြီးတစ်ပါးလို ဝတ်ဆင်ထားပြီး DJ တီးခဲ့တဲ့ ဖျော်ဖြေသူတစ်ယောက်ကြောင့် ဒေသခံ ဗုဒ္ဓဘာသာအဖွဲ့နဲ့ နိုက်ကလပ်အကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
အဆိုပါဖျော်ဖြေမှုကို ဇွန်လ ၁၉ ရက်နဲ့ ၂ဝ ရက်က ပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲတစ်ခုမှာ DJ NewJeansNim မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် Middle Road ရှိ နိုက်ကလပ်တစ်ခုဖြစ်တဲ့ Club Rich Singapore နဲ့ စင်္ကာပူ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာတော် ဆက်ခ်ကဝမ်ဖင်တို့ဟာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
Club ကလည်း ဘာသာရေးဆိုင်ရာမထီမဲ့မြင်ပြုဖို့ (သို့မဟုတ်) ဘာသာရေးနဲ့ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း စင်္ကာပူနိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က DJ NewJeanNims ဟာ ဘုန်းကြီး မဟုတ်တာကြောင့် ရဟန်းဝတ်တဲ့သင်္ကန်းဝတ်ဖို့ မသင့်ကြောင်း နဲ့ သံဃာစည်းကမ်းဥပဒေကိုလည်း ဆန့်ကျင်တယ်လို့ အသင်းရဲ့ Facebook page မှာ ပြောကြားခဲ့ပါတယ်။
ဘုန်းကြီးတစ်ပါးရဲ့သင်္ကန်းကို ဝတ်စုံအဖြစ် ဒါမှမဟုတ် စတိုင်တစ်ခုလို ဘယ်တော့မှ အသုံးမပြုသင့်ဘူးလို့လည်း ၎င်းက ဆက်ပြောခဲ့ပါတယ်။
DJ NewJeansNim ဟာ မေလအစောပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နိုက်ကလပ်မှာ ဖျော်ဖြေခဲ့ပေမယ့် ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုတဲ့အပြုအမူကြောင့် ယခုလနှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ DJ ဖျော်ဖြေပွဲတွေ ဖျက်သိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
ဗုဒ္ဓဘာသာဟာ စင်္ကာပူမှာ ကျင့်သုံးနေတဲ့ အဓိကဘာသာတွေထဲက တစ်ခုဖြစ်ပြီး စင်္ကာပူနေထိုင်သူ ၃၁.၁ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
ရောင်နီ (NP News) - မေ ၂၁