BTS အဆိုတော် ဂျီမင်နဲ့ သရုပ်ဆောင် မင်းသမီး ဆောင်ဒါအန်း date နေတယ်ဆိုတဲ့ ကောလဟာလများ ထွက်နေ

 1909

ရောင်နီ (NP News) - မေ ၂၁

BTS အဖွဲ့ဝင် အဆိုတော် ဂျီမင်နဲ့ တောင်ကိုရီးယား မင်းသမီး ဆောင်းဒါအန်းတို့ရဲ့ Dating သတင်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

အကြောင်းကတော့ မေလ ၁၆ ရက်က ဆိုရှယ်မီဒီယာမှာ ဆောင်းဒါအန်းတင်ခဲ့တဲ့ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကြောင့်ပဲဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံတွေကြောင့် သူတို့နှစ်ယောက်ဟာ တွဲနေကြတာဖြစ်မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။
ဓာတ်ပုံထဲမှာ အသက် ၃၂ နှစ်အရွယ် မင်းသမီး ဆောင်းဒါအန်းက ဆိပ်ခံတံတားတစ်လျှောက် လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးပုံ ဗီဒီယိုကို မျက်နှာ စတေကာအုပ်ကာ အင်စတာဂရမ်မှာ တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
အဆိုပါပုံဟာ BTS အဖွဲ့ဝင် ဂျီမင် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလက Youtube ချန်နယ်မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာ ရှိနေခဲ့တဲ့ ပင်လယ်ကမ်းစပ်နေရာနဲ့ တူညီတယ်လို့ အင်တာနက်အသုံးပြုသူတွေက ထင်ကြေးပေးခဲ့ကြပါတယ်။

ဒါအပြင် ဆောင်းက တရားဝင် BTS fandom "Army" ဆိုတဲ့အမည်ကို ရေးပြီး Jimin ရဲ့ အိမ်နဲ့ ဆင်တူတဲ့ဧည့်ခန်းကို ရိုက်ထားတဲ့ဗီဒီယို တင်ခဲ့ပါသေးတယ်။ ကောလဟာလတွေကြောင့် ဆောင်းဟာ သူမရဲ့ ပို့စ်တွေကို ပြန်ဖျက်လိုက်ရပြီး ပရိသတ်တွေရဲ့ဝေဖန်ခြင်းမှုတွေကို ခံနေရပါတယ်။

လက်ရှိတော့ BTS အဖွဲ့ဝင် ဂျီမင်ဟာ တောင်ကိုရီးယားစစ်တပ်မှာ စစ်မှုထမ်းနေဆဲဖြစ်ပြီး ၂ဝ၂၅ ခုနှစ် ဇွန်လမှာမှ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ်လို့ သိရပါတယ်။

Zawgyi Version;
BTS အဆိုေတာ္ ဂ်ီမင္နဲ႔ သ႐ုပ္ေဆာင္ မင္းသမီး ေဆာင္ဒါအန္း date ေနတယ္ဆိုတဲ့ ေကာလဟာလမ်ား ထြက္ေန
ေရာင္နီ (NP News) - ေမ ၂၁

BTS အဖြဲ႕ဝင္ အဆိုေတာ္ ဂ်ီမင္နဲ႔ ေတာင္ကိုရီးယား မင္းသမီး ေဆာင္းဒါအန္းတို႔ရဲ႕ Dating သတင္း ေကာလာဟလေတြ ထြက္ေပၚေနပါတယ္။

အေၾကာင္းကေတာ့ ေမလ ၁၆ ရက္က ဆိုရွယ္မီဒီယာမွာ ေဆာင္းဒါအန္းတင္ခဲ့တဲ့ဗီဒီယိုေတြနဲ႔ ဓာတ္ပုံေတြေၾကာင့္ပဲျဖစ္ပါတယ္။ အဆိုပါဓာတ္ပုံေတြေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ တြဲေနၾကတာျဖစ္မယ္လို႔ ထင္မွတ္ခဲ့ၾကတာပါ။
ဓာတ္ပုံထဲမွာ အသက္ ၃၂ ႏွစ္အ႐ြယ္ မင္းသမီး ေဆာင္းဒါအန္းက ဆိပ္ခံတံတားတစ္ေလွ်ာက္ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသားတစ္ဦးပုံ ဗီဒီယိုကို မ်က္ႏွာ စေတကာအုပ္ကာ အင္စတာဂရမ္မွာ တင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။
အဆိုပါပုံဟာ BTS အဖြဲ႕ဝင္ ဂ်ီမင္ ၂ဝ၂ဝ ျပည့္ႏွစ္ ဧၿပီလက Youtube ခ်န္နယ္မွာ တင္ခဲ့တဲ့ ဗီဒီယိုမွာ ရွိေနခဲ့တဲ့ ပင္လယ္ကမ္းစပ္ေနရာနဲ႔ တူညီတယ္လို႔ အင္တာနက္အသုံးျပဳသူေတြက ထင္ေၾကးေပးခဲ့ၾကပါတယ္။

ဒါအျပင္ ေဆာင္းက တရားဝင္ BTS fandom "Army" ဆိုတဲ့အမည္ကို ေရးၿပီး Jimin ရဲ႕ အိမ္နဲ႔ ဆင္တူတဲ့ဧည့္ခန္းကို ႐ိုက္ထားတဲ့ဗီဒီယို တင္ခဲ့ပါေသးတယ္။ ေကာလဟာလေတြေၾကာင့္ ေဆာင္းဟာ သူမရဲ႕ ပို႔စ္ေတြကို ျပန္ဖ်က္လိုက္ရၿပီး ပရိသတ္ေတြရဲ႕ေဝဖန္ျခင္းမႈေတြကို ခံေနရပါတယ္။

လက္ရွိေတာ့ BTS အဖြဲ႕ဝင္ ဂ်ီမင္ဟာ ေတာင္ကိုရီးယားစစ္တပ္မွာ စစ္မႈထမ္းေနဆဲျဖစ္ၿပီး ၂ဝ၂၅ ခုႏွစ္ ဇြန္လမွာမွ စစ္မႈထမ္းတာဝန္ၿပီးဆုံးမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.