ခရီးသွားများကြောင့် စိတ်ပျက်နေသည့် ဒေသခံများက ဖူဂျီတောင်မြင်ကွင်းကို ပိတ်ဆို့

 1154

ALynn (NP News) - မေ ၂၁

ဂျပန်နိုင်ငံရှိ မြို့တစ်မြို့သည် ကမ္ဘာလှည့်ခရီးသည်များ ဓာတ်ပုံရိုက်ခြင်းကို ဟန့်တားရန်အတွက် အင်္ဂါနေ့ (မေလ ၂၁ ရက်) တွင် ဖူဂျီတောင်၏ ထင်ရှားသော မြင်ကွင်းတစ်ခုရှေ့၌ ကြီးမားသော ပိုက်ကွန်တစ်ခုကို စတင်တပ်ဆင်ခဲ့သည်။

ယခင်က ဂျပန်နိုင်ငံ၏ အကျော်ကြားဆုံး ဖူဂျီတောင် မြင်ကွင်းကို မိုင်အကွာအဝေးအတော်များများကပင် မြင်တွေ့နိုင်သော်လည်း စည်းကမ်းမရှိသော နိုင်ငံခြားဧည့်သည်များကြောင့် Fujikawaguchiko ဒေသခံအများစုက ထိုကဲ့သို့ တပ်ဆင်ပြီး စိတ်ပျက်အောင် ဖန်တီးခြင်းလည်းဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံတင်ရန်အတွက် ရှုခင်းကောင်းများကို လိုက်လံရှာဖွေတတ်သည့် နိုင်ငံခြားဧည့်သည်များ၏ အမှိုက်ပစ်ခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းနှင့် ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်း အလေ့အထတို့ကြောင့် Fujikawaguchiko ဒေသခံများက စိတ်ပျက်နေကြသည်။

ခရီးသွားများသည် တရားမဝင် ကားပါကင်ထိုးခြင်းနှင့် ဆေးလိပ်သောက်ခြင်း တားမြစ်ချက်များကို လျစ်လျူရှုကာ နှင်းများဖုံးလွှမ်းနေသော တောင်ကြီးကို ရိုက်ကူးရန်အတွက်သာ အာရုံစိုက်နေကြပြီး လူသွားလမ်းများကိုပါ ပိတ်ဆို့တတ်ကြကြောင်း ဒေသခံများက ပြောသည်။ အလုပ်သမားများသည် အင်္ဂါနေ့တွင် ၂ ဒသမ ၅ မီတာ နှင့် မီတာ ၂၀ ရှိသည့် အနက်ရောင်ပိုက်ကွန်ကို စတင်ချထားခဲ့ပြီး မွန်းလွဲပိုင်းလောက်တွင် တပ်ဆင်ပြီးစီးနေပြီဖြစ် ကြောင်း AFP သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတို့တွင် လစဉ်လာရောက်လည်ပတ်သူ သုံးသန်းကျော်ရှိရာ ယင်းမှာ ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများ စံချိန်တင်ဝင်ရောက်လာခြင်း ဖြစ်ကြောင်းသိရသည်။

နွေရာသီတွင် ဖူဂျီတောင်သို့ တက်ရန် ရေပန်းအစားဆုံး လမ်းကြောင်းကို အသုံးပြုသည့် တောင်တက်သမားများအား တစ်ဦးလျှင် ယန်း ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃) ကောက်ခံမည်ဖြစ်ပြီး လမ်းကြောပိတ်ဆို့မှုကို လျော့ပါးသက်သာစေရန် အလွန်ဆုံး ၄,၀၀၀ ခန့်သာ တက်ရောက်ရန် သတ်မှတ်ထားသည်။ Fuji Dream Bridge အပါအဝင် ဒေသတွင်းရှိ အခြားနာမည်ကြီး နေရာများအနီး နေထိုင်သူများသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ခရီးသွားအလွန် အမင်းလာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ စောဒကတက်ခဲ့ကြောင်း သိရသည်။

zawgyi version
ခရီးသြားမ်ားေၾကာင့္ စိတ္ပ်က္ေနသည့္ ေဒသခံမ်ားက ဖူဂ်ီေတာင္ျမင္ကြင္းကို ပိတ္ဆို႔
ALynn (NP News) - ေမ ၂၁

ဂ်ပန္ႏိုင္ငံရွိ ၿမိဳ႕တစ္ၿမိဳ႕သည္ ကမာၻလွည့္ခရီးသည္မ်ား ဓာတ္ပုံ႐ိုက္ျခင္းကို ဟန႔္တားရန္အတြက္ အဂၤါေန႔ (ေမလ ၂၁ ရက္) တြင္ ဖူဂ်ီေတာင္၏ ထင္ရွားေသာ ျမင္ကြင္းတစ္ခုေရွ႕၌ ႀကီးမားေသာ ပိုက္ကြန္တစ္ခုကို စတင္တပ္ဆင္ခဲ့သည္။

ယခင္က ဂ်ပန္ႏိုင္ငံ၏ အေက်ာ္ၾကားဆုံး ဖူဂ်ီေတာင္ ျမင္ကြင္းကို မိုင္အကြာအေဝးအေတာ္မ်ားမ်ားကပင္ ျမင္ေတြ႕ႏိုင္ေသာ္လည္း စည္းကမ္းမရွိေသာ ႏိုင္ငံျခားဧည့္သည္မ်ားေၾကာင့္ Fujikawaguchiko ေဒသခံအမ်ားစုက ထိုကဲ့သို႔ တပ္ဆင္ၿပီး စိတ္ပ်က္ေအာင္ ဖန္တီးျခင္းလည္းျဖစ္သည္။ ဆိုရွယ္မီဒီယာတြင္ ဓာတ္ပုံတင္ရန္အတြက္ ရႈခင္းေကာင္းမ်ားကို လိုက္လံရွာေဖြတတ္သည့္ ႏိုင္ငံျခားဧည့္သည္မ်ား၏ အမႈိက္ပစ္ျခင္း၊ စည္းကမ္းေဖာက္ဖ်က္ျခင္းႏွင့္ ယာဥ္စည္းကမ္းေဖာက္ဖ်က္ျခင္း အေလ့အထတို႔ေၾကာင့္ Fujikawaguchiko ေဒသခံမ်ားက စိတ္ပ်က္ေနၾကသည္။

ခရီးသြားမ်ားသည္ တရားမဝင္ ကားပါကင္ထိုးျခင္းႏွင့္ ေဆးလိပ္ေသာက္ျခင္း တားျမစ္ခ်က္မ်ားကို လ်စ္လ်ဴရႈကာ ႏွင္းမ်ားဖုံးလႊမ္းေနေသာ ေတာင္ႀကီးကို ႐ိုက္ကူးရန္အတြက္သာ အာ႐ုံစိုက္ေနၾကၿပီး လူသြားလမ္းမ်ားကိုပါ ပိတ္ဆို႔တတ္ၾကေၾကာင္း ေဒသခံမ်ားက ေျပာသည္။ အလုပ္သမားမ်ားသည္ အဂၤါေန႔တြင္ ၂ ဒသမ ၅ မီတာ ႏွင့္ မီတာ ၂၀ ရွိသည့္ အနက္ေရာင္ပိုက္ကြန္ကို စတင္ခ်ထားခဲ့ၿပီး မြန္းလြဲပိုင္းေလာက္တြင္ တပ္ဆင္ၿပီးစီးေနၿပီျဖစ္ ေၾကာင္း AFP သတင္းေထာက္ တစ္ဦးက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ မတ္လႏွင့္ ဧၿပီလတို႔တြင္ လစဥ္လာေရာက္လည္ပတ္သူ သုံးသန္းေက်ာ္ရွိရာ ယင္းမွာ ဂ်ပန္ႏိုင္ငံသို႔ ျပည္ပခရီးသြားမ်ား စံခ်ိန္တင္ဝင္ေရာက္လာျခင္း ျဖစ္ေၾကာင္းသိရသည္။

ေႏြရာသီတြင္ ဖူဂ်ီေတာင္သို႔ တက္ရန္ ေရပန္းအစားဆုံး လမ္းေၾကာင္းကို အသုံးျပဳသည့္ ေတာင္တက္သမားမ်ားအား တစ္ဦးလွ်င္ ယန္း ၂,၀၀၀ (အေမရိကန္ေဒၚလာ ၁၃) ေကာက္ခံမည္ျဖစ္ၿပီး လမ္းေၾကာပိတ္ဆို႔မႈကို ေလ်ာ့ပါးသက္သာေစရန္ အလြန္ဆုံး ၄,၀၀၀ ခန႔္သာ တက္ေရာက္ရန္ သတ္မွတ္ထားသည္။ Fuji Dream Bridge အပါအဝင္ ေဒသတြင္းရွိ အျခားနာမည္ႀကီး ေနရာမ်ားအနီး ေနထိုင္သူမ်ားသည္ မၾကာေသးမီရက္သတၱပတ္မ်ားအတြင္း ခရီးသြားအလြန္ အမင္းလာေရာက္လည္ပတ္မႈႏွင့္ပတ္သက္၍ ေစာဒကတက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.