ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသည့် ဆွေတော်မျိုးတော်များ (ဆောင်းပါး)

 7421

ဇင်ကြီး (NP News) - မေ ၂၁

ငြိမ်းချမ်းရေး အသီးအပွင့်များ ဝေဆာစွာ ဖူးပွင့်နေသည့် ကချင်အထူးဒေသ(၁)၏ ကြမ္မာဆိုး (သို့မဟုတ်) အိပ်မက်ဆိုးဟု သတ်မှတ်ရမည့် ငြိမ်းချမ်းရေးကိုဖျက်ဆီးမည့် စစ်မုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်လာပြီဖြစ်သည်။ မုန်တိုင်းဟု သုံးနှုန်းရသည့်သဘောမှာ မုန်တိုင်းဆိုသည်မှာ ဆွေမျိုးသားချင်း မရှိ၊ တိုင်းရင်းသား လူမျိုးအချင်းချင်း မသိ တိုက်ခတ်သမျှ လမ်းကြောင်းမှာရှိသည့် အကုန်လုံးကို ဝါးမျိုတတ်သောသဘောရှိသည့်အတွက် မုန်တိုင်းဟု သတ်မှတ်ရခြင်းဖြစ်သည်။ လက်ရှိဒီမုန်တိုင်းကတော့ သဘာဝအလျောက်ဖြစ်ပေါ်လာသော မုန်တိုင်း မဟုတ်သလို တစ်ဦးတစ် ယောက် ဖန်တီးခဲ့သော မုန်တိုင်းလည်းမဟုတ်ပေ။ အဖွဲ့အစည်းတစ်ခုမှ ရည်ရွယ်ချက်ရှိရှိ တိုင်းရင်းသား လူမျိုး အချင်းချင်း လူမျိုးကြီးဝါဒကျင့်သုံးကာ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် စစ်ပွဲအသွင်ဖော်ဆောင်ကာ နယ်မြေလု ကိုယ်ကျိုး ရှာသော မုန်တိုင်းတစ်ခုဖြစ်သည်။ ထိုမုန်တိုင်းကို ဖန်တီးခဲ့သည့် အဖွဲ့အစည်းကတော့ ကချင်လွတ်မြောက်ရေးဟု ကြွေးကြော်ကာ ကချင်လူမျိုးအချင်းချင်း သတ်ဖြတ်မှုများ လုပ်ဆောင် နေသည့် KIO / KIA လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

KIA၊ PDF ပူးပေါင်းအဖွဲ့သည် ကချင် အထူးဒေသ(၁) နယ်မြေအတွင်း ဝင်ရောက်လာကာ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်စခန်းများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ထာဝရငြိမ်းချမ်းရေးရယူထားသော ဒေသအတွင်း ငြိမ်းချမ်းရေးကို ပျက်စီးစေမည့် စစ်ရေးအသွင်ဖော်ဆောင်ကာ စစ်ဘက်ရေး ရာပဋိပက္ခများကို သယ်ဆောင်လာခြင်းမှာ ငြိမ်းချမ်းရေးကိုသာလိုလားသည့် ဒေသခံများအတွက် စိုးရိမ်ပူပန်မှုများ တိုးပွားစေသကဲ့သို့ အကျည်းတန်လှသော လုပ်ရပ်တစ်ခုအဖြစ် ဒေသခံပြည်သူများက ရှုမြင်လာခဲ့သည်။

ကချင်အထူးဒေသ(၁)သည် လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်မှစစ်ပွဲများကြောင့် ဒေသခံ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍများတွင် အဘက်ဘက်မှ နိမ့်ကျခဲ့ရသည့်အတွက် ကချင်အထူး ဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန် တိန့်ယိန်းဦးဆောင်ပြီး ဒေသအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး တို့ကို ရှေးရှု၍ တစ်စိုက်မတ်မတ် ဖော်ဆောင်လာခဲ့သော ဒေသတစ်ခုလည်းဖြစ်သည်။ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အကောင် အထည်ဖော် ဆောင်ရွက်နေသော ဒေသတစ်ခုတွင် ယခုကဲ့သို့ KIO / KIA လက်နက်ကိုင် အဖွဲ့အစည်းက စစ်ရေးအသွင် ဖော် ဆောင်လာခြင်းမှာ ကချင်အထူးဒေသ(၁) အတွင်းရှိ ကချင်တိုင်းရင်းသားလူမျိုးများကို အဘက်ဘက်မှ နိမ့်ကျခဲ့ရသော အခြေအနေတစ်ခုသို့ ပြန်လည်ရောက်ရှိစေရန် ဖော်ဆောင်နေသလားဆိုသည်ကို မေးခွန်းထုတ်စရာ တစ်ခု ဖြစ်လာပါသည်။

ကချင်အထူးဒေသ(၁)၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါကလည်း ကချင်အထူးဒေသ(၁) ထာဝရ ငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် နယ်ခြားစောင့်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီ သစ်တပ်မတော် (ကချင်) (NDA-K) လက်နက် ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဝိုင်းမော်၊ ချီဖွေနှင့် ဆော့လော်မြို့နယ်တွေပါဝင်သည့် ကချင်ပြည် နယ်၊ အထူးဒေသ(၁) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ဒီမိုကရေစီ ပါတီသစ် (ကချင်) N.D.P (K) ကို ၂၀၁၉ ခုနှစ်တွင် ထူထောင်ခဲ့ပြီး နာယကအဖြစ် တာဝန်ယူနေသည်။ တရုတ် - မြန်မာ နယ်စပ်ရှိ ကချင်ပြည်နယ် အထူးဒေသ(၁)သည် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း၊ လီဆူ နှင့် အခြားသော ကချင်မျိုးနွယ်စုဝင်များ အခြေချနေ ထိုင်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် ကချင် မျိုးနွယ်စုတစ်ခုဖြစ်သည့် လာချိဒ် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၌လည်း ၁၉၆၃ ခုနှစ် အောက်တိုဘာလမှ ၁၉၆၇ ခုနှစ်အထိ တပ်မှူး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တပ်မတော်အစိုးရ၊ အခြားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တိုက်ပွဲ ဆင်နွှဲခဲ့ဖူးသူဖြစ်သည်။ KIA လက်နက်ကိုင်အဖွဲ့အတွင်း ငွေ၊ လက်နက်၊ လူအင်အား စုဆောင်းပေးခဲ့သည့်အပြင် ကျရာတာဝန်များ ကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်။ အခြားတစ်ဖက်တွင်မူ KIA အဖွဲ့၏ သီးခြားဝမ်ပေါင် တည်ထောင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလာမှုများကြောင့် တိုင်းရင်းသားညီအစ်ကိုများ သတ်ဖြတ်ကြ သည်အထိ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ တိုင်းရင်းသား ညီအစ်ကိုများကို အကြောင်းမဲ့သတ် ဖြတ်ခြင်း၊ တရားမျှတမှုမရှိ ပြုလုပ်လာခြင်းများအတွက် KIA အဖွဲ့မှ ဦးဇခုန်တိန့် ယိန်းဦးဆောင်သည့်အဖွဲ့မှာ ခွဲထွက်လာခဲ့ခြင်း ဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် KIA အဖွဲ့မှ ခွဲထွက်ပြီး ကချင်ကွန်မြူနစ်ပါတီကိုထူထောင်ရန် တရုတ်နိုင်ငံ ဂိုခုံးဒေသသို့ ၎င်း၏ တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့သည်။ တရုတ်အစိုးရက ၎င်းကို ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ) နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့၍ ဗကပ တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစ၍ ဦးဇခုန်တိန့်ယိန်းသည် တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်၊ ပန်ဝါ၊ ကံပိုင်တည်ဒေသတို့ကို ဗကပ (၁၀၁) စစ်ဒေသအဖြစ်ခြေကုပ်ယူကာ မြန်မာ့တပ်မတော် အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်နှစ်၌ တပ်မတော်အစိုးရနှင့် ထာဝရ ငြိမ်းချမ်းရေးယူကာ ဗကပ (၁၀၁) စစ်ဒေသကို ကချင်ပြည် နယ် အထူးဒေသ(၁)အဖြစ် သတ်မှတ် ကြေညာခဲ့သည်။ ထို့နောက် ဦးဇခုန် တိန့်ယိန်းသည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်ဖြင့် အထူးဒေသ(၁)တွင် လှုပ်ရှားသည့် လက်နက် ကိုင်တပ်ဖွဲ့ကို ထူထောင်ခဲ့သည်။ တပ်မတော်အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းရေးအစီအစဉ်ကို ဦးဇခုန်တိန့်ယိန်းက ၂၀ဝ၈ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် စတင်ဖော်ဆောင်ခဲ့ပြီး (NDA-K) ကို နယ်ခြားစောင့် တပ်ရင်း (၃) ခုအဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့သည်။

ဦးဇခုန်တိန့်ယိန်းသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန် မြို့နယ် များပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရခဲ့သည်။ ၎င်းဦးဆောင်သော N.D.P ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခု မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ကချင် အထူး ဒေသ(၁) နယ်မြေများအတွင်းသို့ KIA တို့သည် အဘက်ဘက်မှ စိမ့်ဝင်လာခဲ့ကာ ငြိမ်းချမ်းရေး နယ်မြေအတွင်း စစ်ပွဲများဖော် ဆောင်ရန် ကြိုးစားလာ ခဲ့ကြသည်။

KIA/ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် လပိုင်းအတွင်း အမှတ်(၁၀ဝ၁)ဂန်ခွင်း နယ်ခြား စောင့်တပ်ထိန်းချုပ်ရာ လန်းယန်၊ ဆော့လော်၊ မျှောဂျောင်စသည့် ဒေသဘက်တို့တွင် တိုက်ပွဲဖော် ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ အိမ်ထောင်စု (၁၀ဝ) ကျော် ချန်းမောခုန်း ဒေသဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လက်ရှိတွင်လည်း မေလ ၆ ရက်နေ့က ချီဖွေခရိုင် ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီး ဇုတ်လန်ချောင်းဖျားတွင်ရှိသော အမှတ် (၁၀ဝ၂) နယ်ခြားစောင့် တပ်စခန်းကို KIA/ PDF ပူးပေါင်းအဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပန်ဝါမြို့ ဇုတ်လန်ရွာ နှင့် (၃)မိုင်ခန့်အကွာ ဇုတ်လန်ချောင်းဖျားတွင်တည်ရှိသော အမှတ် (၁၀ဝ၂) နယ်ခြားစောင့်တပ်စခန်းကို KIA/ PDF ပူးပေါင်းအဖွဲ့က ယခုကဲ့သို့ ဝင်ရောက် တိုက်ခိုက်လာသည့်အတွက် နယ်ခြားစောင့်တပ်၊ ဒေသပြည်သူ့စစ်တပ်ဖွဲ့နှင့် တပ်မတော်တို့စုပေါင်းပြီး ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်ခဲ့ရာ ဒေသခံများ စိုးရိမ်ကြောက်လန့် နေရသည့် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ကချင်အထူးဒေသ (၁) ပြည်သူများက KIO / KIA ဗဟိုဌာနချုပ်သို့ ဒေသခံ များ၏ သဘောဆန္ဒများကို လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြသော်လည်း KIA က တိုင်းရင်းသား အချင်းချင်းကို ပစ်မှတ်ထား တိုက်ခိုက်လာသည့်အတွက် ကချင်တိုင်းရင်းသားများ အချင်းချင်းအပေါ် လူမျိုးကြီးဝါဒကိုကျင့်သုံးရန် ဖော်ဆောင်လာ ခြင်း သာဖြစ်သည်။ ယခုလက်ရှိတွင်လည်း KIA တို့၏ စစ်ရေးဖော်ဆောင် အနိုင်ကျင့်ခဲ့သော ဆော့လော်မြို့နယ်၊ မျှောမော၊ မျောဂျောင်၊ ငါ့မော်ဇွပ်၊ လန် ယန်၊ ပေါ့တော့၊ ထော့ဂေါ့ ဒေသအသီးသီးတို့ရှိ ဒေသ ခံပြည်သူများသည် မိမိတို့၏ နေရပ်အိုးအိမ်တို့ကိုစွန့်ခွာ ပြီး စစ်ဘေးဒုက္ခကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်းကုန်းများကိုလည်း KIA / PDF ပူးပေါင်းအဖွဲ့တို့မှ လူအင်အား၊ လက်နက်အင်အား အလုံးအရင်းအသုံးပြုကာ ဝိုင်းမော်မြို့နယ် ဆွမ်ပရာ ဘွမ်မြို့နယ်အတွင်းရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ် စခန်းများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
KIO / KIA လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့ စစ်ရေးအသွင် ဖော်ဆောင်ခြင်းများအပြင် ဘိုးဘွားပိုင် မြေများ၊ လူသားအရင်းအမြစ်များ၊ သဘာဝအရင်းအမြစ်များကိုလည်း ပျက်စီးရာ၊ ပျက်စီးကြောင်း ဖော်ဆောင်လာခဲ့ သည်။ ဘိုးဘွားပိုင် လယ်ယာဥယျာဉ် ခြံမြေများ၊ သဘာဝ တောတောင်မြစ်ချောင်း အင်းအိုင်များတွင် ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ အတင်းအဓမ္မ လက်နက်ပြ ခြိမ်းခြောက်ကာ စက်ယန္တရားကြီးများအသုံးပြု၍ သယံဇာတ တူးဖော်မှုများကို အင်တိုက်အားတိုက် ပြုလုပ်လာခဲ့သည်။

ချီဖွေမြို့နှင့် ငါးမိုင်ခန့်အကွာ နလော့ ကျေးရွာနှင့် ဇန်နောင်ကျေးရွာအနီး မေခမြစ်ကမ်း ဘေးတစ်လျှောက်တွင် KIO / KIA လက်နက်ကိုင် အဖွဲ့အစည်းကဦးစီးကာ နေ့၊ ညမပြတ် စက်ယန္တရား ကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှုများကို ပြီးခဲ့သည့် ဧပြီလအတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းကြောင့် မြစ်၊ ချောင်းတစ်လျှောက် ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး၊ မိုးရာသီတွင် မြစ်၊ ချောင်းတစ်လျှောက် ကျေးရွာများ တစ်ပူပေါ် တစ်ပူဆင့် ဆိုသလို ဒုက္ခ ရောက်မည့်အရေး စိုးရိမ်ပူပန်မှုများ ကြုံတွေ့လာရသည်။

အလားတူ ဖားကန့်မြို့နယ်၊ တာမခံကျေး ရွာကိုလည်း KIO / KIA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားပြီး၊ မီးလောင်ပျက်စီးသွားသော ဒေသခံပြည်သူများ၏ နေအိမ်ခြံမြေနေရာများကို လုပ်ငန်းရှင်တချို့က ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူခြင်း မရှိဘဲ ၎င်းတို့သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ဝယ်ယူ၍ ကျောက်စိမ်းတူးဖော်ရန် KIO / KIA အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လာခဲ့သည်။ တာမခံကျေးရွာသည် ပြီးခဲ့သည့်လပိုင်းအတွင်းက တပ်မတော်နှင့် KIA / PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခြေ ၈၀ဝ ကျော်ရှိ သည့်အနက် အိမ်ခြေ ၄၀ဝ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး၊ မီးလောင်ပျက်စီးသွားသော အိမ်ခြံမြေများကို လုပ်ငန်းရှင်တချို့က ဈေးနှိမ်ဝယ်ကာ ကျောက်တူး ရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

တာမခံကျေးရွာသည် ဟောင်ပါး၊ ဆယ် ဇင်းကျေးရွာများထက် ကျောက်စိမ်းအရည်အသွေး ကောင်းမွန်ပြီး ကျောက်ကောင်းထွက်ရှိခြင်းကြောင့် ပုံမှန်အားဖြင့် ပေ ၈၀၊ ပေ ၁၂၀ ကျယ်သော အိမ်ခြံ တစ်ကွက်ပေါက်ဈေးမှာ ငွေကျပ် သိန်း ၅၀ဝ၀ မှ သိန်း ၈၀ဝ၀ ကြားရှိသည့် နေရာကို လုပ်ငန်းရှင်များက ကျပ်သိန်း ၃၀ဝ မှ ကျပ်သိန်း ၈၀ဝ အထိသာပေး၍ ကျောက်စိမ်းတူးဖော်ရန် ဆောင်ရွက်နေခြင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
အင်ဂျန်းယန်မြို့နယ်အတွင်းရှိ တပ်မ တော်စခန်းများမှာလည်း KIO / KIA လက်နက် ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောက်ဆုတ် ပေးခဲ့သည့်အတွက် လက်ရှိအချိန်တွင် KIO / KIA အဖွဲ့မှ ၎င်းတို့၏ နယ်မြေအဖြစ်သတ်မှတ်ကာ ဒေသခံပြည်သူများ‌ကို လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများကို ပြုလုပ်လာကြသည်။ ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ကံပိုင်တည်၊ ချီဖွေ၊ ဖီမော်၊ ဆော့လော်၊ ဖရဲ စသည့် ဒေသတို့တွင်လည်း တပ်စခန်းချ၍ ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း ကဏ္ဍများကို လည်း ယခုနှစ်ပိုင်းအတွင်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြသည်။ ဒေသတွင်း အဓိကသွားလာ နေသည့် ကားလမ်းပိုင်းများကိုလည်း ၎င်းတို့က ကြားဖြတ်ဝင်ရောက်ကာ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းတို့ပြု လုပ်လာပြီး အချို့နေရာ တို့တွင် စခန်းများအထိုင်ချကာ လမ်းကိုဖြတ်သန်း သွားလာခွင့် မပြုလုပ်စေဘဲ ပိတ်ပင်ခြင်းများ ပြုလုပ် လာခဲ့သည်။

ယခုကဲ့သို့ပြုလုပ်နေခြင်းသည် ကချင်အထူးဒေသ(၁)အတွင်းရှိ လူသားအရင်းအမြစ် များဖြစ်သော လူငယ် လူရွယ်များ၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်သည်။ လူငယ်များ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအစုံကို ပိတ်ပင်တားဆီးလိုက်ခြင်းပင်ဖြစ်သည်။ ယခုလို လုပ်ရပ်မှာလည်း ကချင်တိုင်းရင်းသားများ အပေါ် ဖိနှိပ်ချုပ်ခြယ်ချင်သော အကြမ်းဖက်လုပ်ရပ် များပင်ဖြစ်သည်။

ထို့ပြင် အင်ဂျန်းယန်မြို့နယ်အတွင်း စစ်သင်တန်းကျောင်းကိုလည်း ဖွင့်လှစ်သင်ကြားပြီး၊ ၎င်းတို့၏ တပ်မဟာစခန်း (ဒုတိယလိုင်ဇာ) အဖြစ် အထိုင်ချရန်စီစဉ်နေခြင်းသည် ကချင်တိုင်းရင်း သားများအပေါ် လူမျိုးကြီးဝါဒကျင့်သုံးဖိနှိပ်၍ နယ်မြေချဲ့ထွင်နေခြင်းသာ ဖြစ်သည်။ သယံဇာတ တူးဖော်မှုမှ ရရှိသောငွေများ၊ ဆက်ကြေးကောက်ခံရာ မှ ရရှိသောငွေများဖြင့် လူအင်အား၊ လက်နက်ခဲယမ်း စုဆောင်းကာ KIO / KIA အစိုးရပိုင်နယ်မြေပုံစံ ပုံဖော်လုပ်ဆောင်လာခြင်းသာဖြစ်သည်။ ယခုလို အင်ဂျန်းယန်မြို့နယ်အတွင်း လုပ်ဆောင်နေမှု များကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက တင်းတင်း ကြပ်ကြပ် ကန့်ကွက်တားမြစ်ခြင်းမျိုးမပြုလုပ်ပါက KIO / KIA လက်နက်ကိုင်အဖွဲ့သည် ချီဖွေ-မြစ်ကြီး နားသွားလမ်းကို ထိန်းချုပ်လာနိုင်ဖွယ်ရှိပြီး၊ လက်ရှိ အစိုးရ ယန္တရား လည်ပတ်မှုလုပ်ငန်းကိစ္စရပ်များကို အဖျက်အမှောက် ကြီးကြီးမားမား ပြုလုပ်လာနိုင်ဖွယ်ရှိပါသည်။

ကချင်အထူးဒေသ(၁)အတွင်း ငြိမ်းချမ်း ရေးကိုသာ လိုလားကြသည့် ဒေသခံတိုင်းရင်းသားများ အားလုံးက ကန့်ကွက်ကြောင်း၊ မကြိုဆို မထောက်ခံ ကြောင်း စာထုတ်၊ လက်မှတ်များရေးထိုးကာ KIO / KIA ဗဟိုရုံးသို့ ပေးပို့ခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။ ထိုသို့ ပြုလုပ်နေခဲ့သည့်ကြားက KIO / KIA တို့သည် ၎င်းတို့ကိုမကြိုဆို၊ မထောက်ခံဘဲ ငြိမ်းချမ်းရေးကိုသာ လိုလားကြသည့် ဒေသခံ မိဘပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်ကာ တိုက်ပွဲများ ဖော်ဆောင်လာခဲ့ပြီဖြစ်သည်။ ၎င်းတို့၏ တိုက်ပွဲများ ဖော်ဆောင်လာမှုကြောင့် လန်းယန်ရွာမှ အသက် (၁၄)နှစ်အရွယ် အပြစ်မဲ့ပြည်သူ ယောကျာ်းလေးတစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီဖြစ်သည်။

မိမိတို့ ကချင်အထူးဒေသ(၁)တွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားတို့သည် ကချင်မျိုး နွယ်စုများဖြစ်သည့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်း၊ လီဆူမျိုးနွယ်စုများဖြစ်ကြသော်လည်း KIA တို့သည် မိမိတို့ ကချင်တိုင်းရင်းသားအချင်းချင်း ငဲ့ညှာထောက် ထားခြင်းမရှိ၊ စာနာမှုမရှိဘဲ လက်နက်အားကိုးကာ လူမျိုးကြီးဝါဒ ကျင့်သုံးရန် ကြိုးပမ်းလာနေကြသည်မှာ သိသာထင်ရှားနေပြီဖြစ်သည်။

ကချင်လူမျိုးများ လွတ်မြောက်ရေး အတွက်ဟုကြွေးကြော်ကာ တော်လှန်နေကြသည့် KIO / KIA လက်နက်ကိုင် အဖွဲ့သည် ကချင်တိုင်း ရင်းသားလူမျိုးများ တိုးတက်ရေးအတွက် ငြိမ်းချမ်း ရေးကို ဖော်ဆောင်ကာ ကြိုပမ်းနေသော ကချင်လူမျိုး အချင်းချင်း ကူညီပေးရမည့်အစား ကချင်တိုင်းရင်း သားများ၏ ဒေသများအတွင်းသို့ စစ်ရေးဖော်ဆောင် ကာ အတင်းအဓမ္မ သိမ်းပိုက်ခြင်း၊ ဘိုးဘွားပိုင်မြေများ ကွယ်ပျောက်သွားနိုင်သည့် သယံဇာတများ တူးဖော်ခြင်း၊ လူငယ်များ၏ အနာဂတ် ပျက်စီးစေမည့် လူသစ်စုဆောင်ခြင်းတို့ကို ပြုလုပ်နေခြင်းသည် ကချင် တိုင်းရင်းသားလူမျိုး အချင်းချင်း လူမျိုးကြီးဝါဒ ကျင့်သုံးကာ ဒေသခံ ကချင်လူမျိုးတို့၏ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသော ဆွေတော်မျိုးတော်များဟုသာ ခေါ်ဆိုချင်ပါသည်။

zawgyi version
ၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးေနသည့္ ေဆြေတာ္မ်ိဳးေတာ္မ်ား (ေဆာင္းပါး)
ဇင္ႀကီး (NP News) - ေမ ၂၁

ၿငိမ္းခ်မ္းေရး အသီးအပြင့္မ်ား ေဝဆာစြာ ဖူးပြင့္ေနသည့္ ကခ်င္အထူးေဒသ(၁)၏ ၾကမၼာဆိုး (သို႔မဟုတ္) အိပ္မက္ဆိုးဟု သတ္မွတ္ရမည့္ ၿငိမ္းခ်မ္းေရးကိုဖ်က္ဆီးမည့္ စစ္မုန္တိုင္းတစ္ခု ဝင္ေရာက္ တိုက္ခတ္လာၿပီျဖစ္သည္။ မုန္တိုင္းဟု သုံးႏႈန္းရသည့္သေဘာမွာ မုန္တိုင္းဆိုသည္မွာ ေဆြမ်ိဳးသားခ်င္း မရွိ၊ တိုင္းရင္းသား လူမ်ိဳးအခ်င္းခ်င္း မသိ တိုက္ခတ္သမွ် လမ္းေၾကာင္းမွာရွိသည့္ အကုန္လုံးကို ဝါးမ်ိဳတတ္ေသာသေဘာရွိသည့္အတြက္ မုန္တိုင္းဟု သတ္မွတ္ရျခင္းျဖစ္သည္။ လက္ရွိဒီမုန္တိုင္းကေတာ့ သဘာဝအေလ်ာက္ျဖစ္ေပၚလာေသာ မုန္တိုင္း မဟုတ္သလို တစ္ဦးတစ္ ေယာက္ ဖန္တီးခဲ့ေသာ မုန္တိုင္းလည္းမဟုတ္ေပ။ အဖြဲ႕အစည္းတစ္ခုမွ ရည္႐ြယ္ခ်က္ရွိရွိ တိုင္းရင္းသား လူမ်ိဳး အခ်င္းခ်င္း လူမ်ိဳးႀကီးဝါဒက်င့္သုံးကာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ရန္ စစ္ပြဲအသြင္ေဖာ္ေဆာင္ကာ နယ္ေျမလု ကိုယ္က်ိဳး ရွာေသာ မုန္တိုင္းတစ္ခုျဖစ္သည္။ ထိုမုန္တိုင္းကို ဖန္တီးခဲ့သည့္ အဖြဲ႕အစည္းကေတာ့ ကခ်င္လြတ္ေျမာက္ေရးဟု ေႂကြးေၾကာ္ကာ ကခ်င္လူမ်ိဳးအခ်င္းခ်င္း သတ္ျဖတ္မႈမ်ား လုပ္ေဆာင္ ေနသည့္ KIO / KIA လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္သည္။

KIA၊ PDF ပူးေပါင္းအဖြဲ႕သည္ ကခ်င္ အထူးေဒသ(၁) နယ္ေျမအတြင္း ဝင္ေရာက္လာကာ နယ္ျခားေစာင့္တပ္ႏွင့္ ျပည္သူ႔စစ္စခန္းမ်ားကို စစ္ေရးပစ္မွတ္အျဖစ္သတ္မွတ္ကာ တိုက္ခိုက္မႈမ်ားကို ဆက္တိုက္ျပဳလုပ္လာခဲ့သည္။ ထာဝရၿငိမ္းခ်မ္းေရးရယူထားေသာ ေဒသအတြင္း ၿငိမ္းခ်မ္းေရးကို ပ်က္စီးေစမည့္ စစ္ေရးအသြင္ေဖာ္ေဆာင္ကာ စစ္ဘက္ေရး ရာပဋိပကၡမ်ားကို သယ္ေဆာင္လာျခင္းမွာ ၿငိမ္းခ်မ္းေရးကိုသာလိုလားသည့္ ေဒသခံမ်ားအတြက္ စိုးရိမ္ပူပန္မႈမ်ား တိုးပြားေစသကဲ့သို႔ အက်ည္းတန္လွေသာ လုပ္ရပ္တစ္ခုအျဖစ္ ေဒသခံျပည္သူမ်ားက ရႈျမင္လာခဲ့သည္။

ကခ်င္အထူးေဒသ(၁)သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း(၅၀)ေက်ာ္မွစစ္ပြဲမ်ားေၾကာင့္ ေဒသခံ ျပည္သူမ်ား ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးအစရွိသည့္ က႑မ်ားတြင္ အဘက္ဘက္မွ နိမ့္က်ခဲ့ရသည့္အတြက္ ကခ်င္အထူး ေဒသ(၁) ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးဇခုန္ တိန႔္ယိန္းဦးေဆာင္ၿပီး ေဒသအတြင္း ၿငိမ္းခ်မ္းေရး၊ ဖြံ႕ၿဖိဳးေရး တို႔ကို ေရွးရႈ၍ တစ္စိုက္မတ္မတ္ ေဖာ္ေဆာင္လာခဲ့ေသာ ေဒသတစ္ခုလည္းျဖစ္သည္။ ဘက္စုံဖြံ႕ၿဖိဳး တိုးတက္ေစရန္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ေနေသာ ေဒသတစ္ခုတြင္ ယခုကဲ့သို႔ KIO / KIA လက္နက္ကိုင္ အဖြဲ႕အစည္းက စစ္ေရးအသြင္ ေဖာ္ ေဆာင္လာျခင္းမွာ ကခ်င္အထူးေဒသ(၁) အတြင္းရွိ ကခ်င္တိုင္းရင္းသားလူမ်ိဳးမ်ားကို အဘက္ဘက္မွ နိမ့္က်ခဲ့ရေသာ အေျခအေနတစ္ခုသို႔ ျပန္လည္ေရာက္ရွိေစရန္ ေဖာ္ေဆာင္ေနသလားဆိုသည္ကို ေမးခြန္းထုတ္စရာ တစ္ခု ျဖစ္လာပါသည္။

ကခ်င္အထူးေဒသ(၁)၏ သမိုင္းေၾကာင္းကို ျပန္ၾကည့္ပါကလည္း ကခ်င္အထူးေဒသ(၁) ထာဝရ ၿငိမ္းခ်မ္းေရး အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးဇခုန္တိန႔္ယိန္းသည္ နယ္ျခားေစာင့္တပ္ဖြဲ႕တစ္ခုျဖစ္သည့္ ဒီမိုကေရစီ သစ္တပ္မေတာ္ (ကခ်င္) (NDA-K) လက္နက္ ကိုင္အဖြဲ႕၏ ေခါင္းေဆာင္ျဖစ္ကာ ဝိုင္းေမာ္၊ ခ်ီေဖြႏွင့္ ေဆာ့ေလာ္ၿမိဳ႕နယ္ေတြပါဝင္သည့္ ကခ်င္ျပည္ နယ္၊ အထူးေဒသ(၁) ၏ ဥကၠ႒လည္းျဖစ္သည္။ ဒီမိုကေရစီ ပါတီသစ္ (ကခ်င္) N.D.P (K) ကို ၂၀၁၉ ခုႏွစ္တြင္ ထူေထာင္ခဲ့ၿပီး နာယကအျဖစ္ တာဝန္ယူေနသည္။ တ႐ုတ္ - ျမန္မာ နယ္စပ္ရွိ ကခ်င္ျပည္နယ္ အထူးေဒသ(၁)သည္ ေလာ္ေဝၚ၊ လာခ်ိဒ္၊ ေငါ့ခ်မ္း၊ လီဆူ ႏွင့္ အျခားေသာ ကခ်င္မ်ိဳးႏြယ္စုဝင္မ်ား အေျခခ်ေန ထိုင္သည့္ ေဒသတစ္ခုလည္း ျဖစ္သည္။

ဥကၠ႒ ဦးဇခုန္တိန႔္ယိန္းသည္ ကခ်င္ မ်ိဳးႏြယ္စုတစ္ခုျဖစ္သည့္ လာခ်ိဒ္ တိုင္းရင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ကခ်င္လြတ္လပ္ေရး တပ္မေတာ္ (KIA) ၌လည္း ၁၉၆၃ ခုႏွစ္ ေအာက္တိုဘာလမွ ၁၉၆၇ ခုႏွစ္အထိ တပ္မႉး တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။ တပ္မေတာ္အစိုးရ၊ အျခားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားႏွင့္ တိုက္ပြဲ ဆင္ႏႊဲခဲ့ဖူးသူျဖစ္သည္။ KIA လက္နက္ကိုင္အဖြဲ႕အတြင္း ေငြ၊ လက္နက္၊ လူအင္အား စုေဆာင္းေပးခဲ့သည့္အျပင္ က်ရာတာဝန္မ်ား ကိုလည္း ေက်ပြန္စြာထမ္းေဆာင္ခဲ့သူျဖစ္သည္။ အျခားတစ္ဖက္တြင္မူ KIA အဖြဲ႕၏ သီးျခားဝမ္ေပါင္ တည္ေထာင္ရန္ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ တိုင္းရင္းသားညီအစ္ကိုမ်ား သတ္ျဖတ္ၾက သည္အထိ ျဖစ္လာခဲ့သည္။ ထိုကဲ့သို႔ တိုင္းရင္းသား ညီအစ္ကိုမ်ားကို အေၾကာင္းမဲ့သတ္ ျဖတ္ျခင္း၊ တရားမွ်တမႈမရွိ ျပဳလုပ္လာျခင္းမ်ားအတြက္ KIA အဖြဲ႕မွ ဦးဇခုန္တိန႔္ ယိန္းဦးေဆာင္သည့္အဖြဲ႕မွာ ခြဲထြက္လာခဲ့ျခင္း ျဖစ္သည္။

၁၉၆၈ ခုႏွစ္တြင္ KIA အဖြဲ႕မွ ခြဲထြက္ၿပီး ကခ်င္ကြန္ျမဴနစ္ပါတီကိုထူေထာင္ရန္ တ႐ုတ္ႏိုင္ငံ ဂိုခုံးေဒသသို႔ ၎၏ တပ္ဖြဲ႕ဝင္မ်ားျဖင့္ သြားေရာက္ခဲ့သည္။ တ႐ုတ္အစိုးရက ၎ကို ဗမာျပည္ကြန္ျမဴနစ္ ပါတီ (ဗကပ) ႏွင့္ ပူးေပါင္းရန္ တိုက္တြန္းခဲ့၍ ဗကပ တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့သည္။ ထိုအခ်ိန္မွစ၍ ဦးဇခုန္တိန႔္ယိန္းသည္ တ႐ုတ္-ျမန္မာနယ္စပ္ရွိ ဖီေမာ္၊ ပန္ဝါ၊ ကံပိုင္တည္ေဒသတို႔ကို ဗကပ (၁၀၁) စစ္ေဒသအျဖစ္ေျခကုပ္ယူကာ ျမန္မာ့တပ္မေတာ္ အစိုးရကို ေတာ္လွန္တိုက္ခိုက္ခဲ့သည္။

၁၉၈၉ ခုႏွစ္တြင္ ဗကပ ၿပိဳကြဲၿပီးေနာက္ ၁၉၉၀ ျပည့္ႏွစ္၌ တပ္မေတာ္အစိုးရႏွင့္ ထာဝရ ၿငိမ္းခ်မ္းေရးယူကာ ဗကပ (၁၀၁) စစ္ေဒသကို ကခ်င္ျပည္ နယ္ အထူးေဒသ(၁)အျဖစ္ သတ္မွတ္ ေၾကညာခဲ့သည္။ ထို႔ေနာက္ ဦးဇခုန္ တိန႔္ယိန္းသည္ ဒီမိုကေရစီသစ္တပ္မေတာ္-ကခ်င္ (NDA-K) အမည္ျဖင့္ အထူးေဒသ(၁)တြင္ လႈပ္ရွားသည့္ လက္နက္ ကိုင္တပ္ဖြဲ႕ကို ထူေထာင္ခဲ့သည္။ တပ္မေတာ္အစိုးရ၏ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားကို နယ္ျခားေစာင့္တပ္ အျဖစ္ ဖြဲ႕စည္းေရးအစီအစဥ္ကို ဦးဇခုန္တိန႔္ယိန္းက ၂၀ဝ၈ ခုႏွစ္ စက္တင္ဘာ ၁၀ ရက္တြင္ စတင္ေဖာ္ေဆာင္ခဲ့ၿပီး (NDA-K) ကို နယ္ျခားေစာင့္ တပ္ရင္း (၃) ခုအျဖစ္ ေျပာင္းလဲဖြဲ႕ စည္းခဲ့သည္။

ဦးဇခုန္တိန႔္ယိန္းသည္ ၂၀၁၀ ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲမ်ားတြင္ ခ်ီေဖြ၊ ေဆာ့ေလာ္၊ အင္ဂ်န္း ယန္ ၿမိဳ႕နယ္ မ်ားပါဝင္သည့္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၅)၌ တစ္သီးပုဂၢလ ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ ၿပီး အႏိုင္ရခဲ့သည္။ ၎ဦးေဆာင္ေသာ N.D.P ပါတီသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ ယခု ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား စတင္ျဖစ္ပြားခဲ့သည့္ ၂၀၂၁ ခုႏွစ္မွစ၍ ကခ်င္ အထူး ေဒသ(၁) နယ္ေျမမ်ားအတြင္းသို႔ KIA တို႔သည္ အဘက္ဘက္မွ စိမ့္ဝင္လာခဲ့ကာ ၿငိမ္းခ်မ္းေရး နယ္ေျမအတြင္း စစ္ပြဲမ်ားေဖာ္ ေဆာင္ရန္ ႀကိဳးစားလာ ခဲ့ၾကသည္။

KIA/ PDF ပူးေပါင္းအဖြဲ႕က ၿပီးခဲ့သည့္ လပိုင္းအတြင္း အမွတ္(၁၀ဝ၁)ဂန္ခြင္း နယ္ျခား ေစာင့္တပ္ထိန္းခ်ဳပ္ရာ လန္းယန္၊ ေဆာ့ေလာ္၊ ေမွ်ာေဂ်ာင္စသည့္ ေဒသဘက္တို႔တြင္ တိုက္ပြဲေဖာ္ ေဆာင္ခဲ့ျခင္းေၾကာင့္ ေဒသခံျပည္သူ အိမ္ေထာင္စု (၁၀ဝ) ေက်ာ္ ခ်န္းေမာခုန္း ေဒသဘက္သို႔ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရသည္။ လက္ရွိတြင္လည္း ေမလ ၆ ရက္ေန႔က ခ်ီေဖြခ႐ိုင္ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါၿမိဳ႕အနီး ဇုတ္လန္ေခ်ာင္းဖ်ားတြင္ရွိေသာ အမွတ္ (၁၀ဝ၂) နယ္ျခားေစာင့္ တပ္စခန္းကို KIA/ PDF ပူးေပါင္းအဖြဲ႕တို႔က အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ပန္ဝါၿမိဳ႕ ဇုတ္လန္႐ြာ ႏွင့္ (၃)မိုင္ခန႔္အကြာ ဇုတ္လန္ေခ်ာင္းဖ်ားတြင္တည္ရွိေသာ အမွတ္ (၁၀ဝ၂) နယ္ျခားေစာင့္တပ္စခန္းကို KIA/ PDF ပူးေပါင္းအဖြဲ႕က ယခုကဲ့သို႔ ဝင္ေရာက္ တိုက္ခိုက္လာသည့္အတြက္ နယ္ျခားေစာင့္တပ္၊ ေဒသျပည္သူ႔စစ္တပ္ဖြဲ႕ႏွင့္ တပ္မေတာ္တို႔စုေပါင္းၿပီး ျပန္လည္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ တိုက္ပြဲျပင္းထန္ခဲ့ရာ ေဒသခံမ်ား စိုးရိမ္ေၾကာက္လန႔္ ေနရသည့္ အျဖစ္သို႔ ေရာက္ရွိခဲ့ရသည္။ ကခ်င္အထူးေဒသ (၁) ျပည္သူမ်ားက KIO / KIA ဗဟိုဌာနခ်ဳပ္သို႔ ေဒသခံ မ်ား၏ သေဘာဆႏၵမ်ားကို လက္မွတ္ေရးထိုး ေပးပို႔ခဲ့ၾကေသာ္လည္း KIA က တိုင္းရင္းသား အခ်င္းခ်င္းကို ပစ္မွတ္ထား တိုက္ခိုက္လာသည့္အတြက္ ကခ်င္တိုင္းရင္းသားမ်ား အခ်င္းခ်င္းအေပၚ လူမ်ိဳးႀကီးဝါဒကိုက်င့္သုံးရန္ ေဖာ္ေဆာင္လာ ျခင္း သာျဖစ္သည္။ ယခုလက္ရွိတြင္လည္း KIA တို႔၏ စစ္ေရးေဖာ္ေဆာင္ အႏိုင္က်င့္ခဲ့ေသာ ေဆာ့ေလာ္ၿမိဳ႕နယ္၊ ေမွ်ာေမာ၊ ေမ်ာေဂ်ာင္၊ ငါ့ေမာ္ဇြပ္၊ လန္ ယန္၊ ေပါ့ေတာ့၊ ေထာ့ေဂါ့ ေဒသအသီးသီးတို႔ရွိ ေဒသ ခံျပည္သူမ်ားသည္ မိမိတို႔၏ ေနရပ္အိုးအိမ္တို႔ကိုစြန႔္ခြာ ၿပီး စစ္ေဘးဒုကၡကို ရင္ဆိုင္ႀကဳံေတြ႕ေနၾကရသည္။

ထို႔ျပင္ ကခ်င္ျပည္နယ္အတြင္းရွိ တပ္မေတာ္စခန္းကုန္းမ်ားကိုလည္း KIA / PDF ပူးေပါင္းအဖြဲ႕တို႔မွ လူအင္အား၊ လက္နက္အင္အား အလုံးအရင္းအသုံးျပဳကာ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆြမ္ပရာ ဘြမ္ၿမိဳ႕နယ္အတြင္းရွိ တပ္မေတာ္စခန္း၊ ျပည္သူ႔စစ္ စခန္းမ်ားကိုလည္း တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။
KIO / KIA လက္နက္ကိုင္အဖြဲ႕အစည္းအေနျဖင့္ ယခုကဲ့သို႔ စစ္ေရးအသြင္ ေဖာ္ေဆာင္ျခင္းမ်ားအျပင္ ဘိုးဘြားပိုင္ ေျမမ်ား၊ လူသားအရင္းအျမစ္မ်ား၊ သဘာဝအရင္းအျမစ္မ်ားကိုလည္း ပ်က္စီးရာ၊ ပ်က္စီးေၾကာင္း ေဖာ္ေဆာင္လာခဲ့ သည္။ ဘိုးဘြားပိုင္ လယ္ယာဥယ်ာဥ္ ၿခံေျမမ်ား၊ သဘာဝ ေတာေတာင္ျမစ္ေခ်ာင္း အင္းအိုင္မ်ားတြင္ ေဒသခံမ်ား ကန႔္ကြက္ေနသည့္ၾကားမွ အတင္းအဓမၼ လက္နက္ျပ ၿခိမ္းေျခာက္ကာ စက္ယႏၲရားႀကီးမ်ားအသုံးျပဳ၍ သယံဇာတ တူးေဖာ္မႈမ်ားကို အင္တိုက္အားတိုက္ ျပဳလုပ္လာခဲ့သည္။

ခ်ီေဖြၿမိဳ႕ႏွင့္ ငါးမိုင္ခန႔္အကြာ နေလာ့ ေက်း႐ြာႏွင့္ ဇန္ေနာင္ေက်း႐ြာအနီး ေမချမစ္ကမ္း ေဘးတစ္ေလွ်ာက္တြင္ KIO / KIA လက္နက္ကိုင္ အဖြဲ႕အစည္းကဦးစီးကာ ေန႔၊ ညမျပတ္ စက္ယႏၲရား ႀကီးမ်ားျဖင့္ အႀကီးစား ေ႐ႊတူးေဖာ္မႈမ်ားကို ၿပီးခဲ့သည့္ ဧၿပီလအတြင္းက စတင္လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ျမစ္၊ ေခ်ာင္းတစ္ေလွ်ာက္ ပ်က္စီးမႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရၿပီး၊ မိုးရာသီတြင္ ျမစ္၊ ေခ်ာင္းတစ္ေလွ်ာက္ ေက်း႐ြာမ်ား တစ္ပူေပၚ တစ္ပူဆင့္ ဆိုသလို ဒုကၡ ေရာက္မည့္အေရး စိုးရိမ္ပူပန္မႈမ်ား ႀကဳံေတြ႕လာရသည္။

အလားတူ ဖားကန႔္ၿမိဳ႕နယ္၊ တာမခံေက်း ႐ြာကိုလည္း KIO / KIA လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားၿပီး၊ မီးေလာင္ပ်က္စီးသြားေသာ ေဒသခံျပည္သူမ်ား၏ ေနအိမ္ၿခံေျမေနရာမ်ားကို လုပ္ငန္းရွင္တခ်ိဳ႕က ေပါက္ေဈးႏႈန္းျဖင့္ ဝယ္ယူျခင္း မရွိဘဲ ၎တို႔သတ္မွတ္ထားသည့္ ေဈးႏႈန္းျဖင့္ ဝယ္ယူ၍ ေက်ာက္စိမ္းတူးေဖာ္ရန္ KIO / KIA အဖြဲ႕ႏွင့္ ပူးေပါင္းလုပ္ေဆာင္လာခဲ့သည္။ တာမခံေက်း႐ြာသည္ ၿပီးခဲ့သည့္လပိုင္းအတြင္းက တပ္မေတာ္ႏွင့္ KIA / PDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့ျခင္းေၾကာင့္ အိမ္ေျခ ၈၀ဝ ေက်ာ္ရွိ သည့္အနက္ အိမ္ေျခ ၄၀ဝ နီးပါး မီးေလာင္ပ်က္စီးခဲ့ၿပီး၊ မီးေလာင္ပ်က္စီးသြားေသာ အိမ္ၿခံေျမမ်ားကို လုပ္ငန္းရွင္တခ်ိဳ႕က ေဈးႏွိမ္ဝယ္ကာ ေက်ာက္တူး ရန္ လုပ္ေဆာင္လာခဲ့ျခင္းျဖစ္သည္။

တာမခံေက်း႐ြာသည္ ေဟာင္ပါး၊ ဆယ္ ဇင္းေက်း႐ြာမ်ားထက္ ေက်ာက္စိမ္းအရည္အေသြး ေကာင္းမြန္ၿပီး ေက်ာက္ေကာင္းထြက္ရွိျခင္းေၾကာင့္ ပုံမွန္အားျဖင့္ ေပ ၈၀၊ ေပ ၁၂၀ က်ယ္ေသာ အိမ္ၿခံ တစ္ကြက္ေပါက္ေဈးမွာ ေငြက်ပ္ သိန္း ၅၀ဝ၀ မွ သိန္း ၈၀ဝ၀ ၾကားရွိသည့္ ေနရာကို လုပ္ငန္းရွင္မ်ားက က်ပ္သိန္း ၃၀ဝ မွ က်ပ္သိန္း ၈၀ဝ အထိသာေပး၍ ေက်ာက္စိမ္းတူးေဖာ္ရန္ ေဆာင္႐ြက္ေနျခင္းႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။
အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္းရွိ တပ္မ ေတာ္စခန္းမ်ားမွာလည္း KIO / KIA လက္နက္ ကိုင္အဖြဲ႕ႏွင့္ တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ေနာက္ဆုတ္ ေပးခဲ့သည့္အတြက္ လက္ရွိအခ်ိန္တြင္ KIO / KIA အဖြဲ႕မွ ၎တို႔၏ နယ္ေျမအျဖစ္သတ္မွတ္ကာ ေဒသခံျပည္သူမ်ား‌ကို လူသစ္စုေဆာင္းျခင္း၊ ဆက္ေၾကးေကာက္ခံျခင္းမ်ားကို ျပဳလုပ္လာၾကသည္။ ကခ်င္အထူးေဒသ(၁) နယ္ေျမမ်ားျဖစ္သည့္ ကံပိုင္တည္၊ ခ်ီေဖြ၊ ဖီေမာ္၊ ေဆာ့ေလာ္၊ ဖရဲ စသည့္ ေဒသတို႔တြင္လည္း တပ္စခန္းခ်၍ ဆက္ေၾကး ေကာက္ခံျခင္း၊ လူသစ္စုေဆာင္းျခင္း က႑မ်ားကို လည္း ယခုႏွစ္ပိုင္းအတြင္း တြင္တြင္က်ယ္က်ယ္ လုပ္ေဆာင္လာၾကသည္။ ေဒသတြင္း အဓိကသြားလာ ေနသည့္ ကားလမ္းပိုင္းမ်ားကိုလည္း ၎တို႔က ၾကားျဖတ္ဝင္ေရာက္ကာ ဆက္ေၾကးေကာက္ျခင္း၊ လူသစ္စုေဆာင္းျခင္းတို႔ျပဳ လုပ္လာၿပီး အခ်ိဳ႕ေနရာ တို႔တြင္ စခန္းမ်ားအထိုင္ခ်ကာ လမ္းကိုျဖတ္သန္း သြားလာခြင့္ မျပဳလုပ္ေစဘဲ ပိတ္ပင္ျခင္းမ်ား ျပဳလုပ္ လာခဲ့သည္။

ယခုကဲ့သို႔ျပဳလုပ္ေနျခင္းသည္ ကခ်င္အထူးေဒသ(၁)အတြင္းရွိ လူသားအရင္းအျမစ္ မ်ားျဖစ္ေသာ လူငယ္ လူ႐ြယ္မ်ား၏ အနာဂတ္ကို ဖ်က္ဆီးလိုက္ျခင္းပင္ျဖစ္သည္။ လူငယ္မ်ား၏ ပညာေရး၊ စီးပြားေရး၊ က်န္းမာေရး၊ လူမႈေရးက႑အစုံကို ပိတ္ပင္တားဆီးလိုက္ျခင္းပင္ျဖစ္သည္။ ယခုလို လုပ္ရပ္မွာလည္း ကခ်င္တိုင္းရင္းသားမ်ား အေပၚ ဖိႏွိပ္ခ်ဳပ္ျခယ္ခ်င္ေသာ အၾကမ္းဖက္လုပ္ရပ္ မ်ားပင္ျဖစ္သည္။

ထို႔ျပင္ အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း စစ္သင္တန္းေက်ာင္းကိုလည္း ဖြင့္လွစ္သင္ၾကားၿပီး၊ ၎တို႔၏ တပ္မဟာစခန္း (ဒုတိယလိုင္ဇာ) အျဖစ္ အထိုင္ခ်ရန္စီစဥ္ေနျခင္းသည္ ကခ်င္တိုင္းရင္း သားမ်ားအေပၚ လူမ်ိဳးႀကီးဝါဒက်င့္သုံးဖိႏွိပ္၍ နယ္ေျမခ်ဲ႕ထြင္ေနျခင္းသာ ျဖစ္သည္။ သယံဇာတ တူးေဖာ္မႈမွ ရရွိေသာေငြမ်ား၊ ဆက္ေၾကးေကာက္ခံရာ မွ ရရွိေသာေငြမ်ားျဖင့္ လူအင္အား၊ လက္နက္ခဲယမ္း စုေဆာင္းကာ KIO / KIA အစိုးရပိုင္နယ္ေျမပုံစံ ပုံေဖာ္လုပ္ေဆာင္လာျခင္းသာျဖစ္သည္။ ယခုလို အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း လုပ္ေဆာင္ေနမႈ မ်ားကို သက္ဆိုင္ရာ တာဝန္ရွိအဖြဲ႕အစည္းမ်ားက တင္းတင္း ၾကပ္ၾကပ္ ကန႔္ကြက္တားျမစ္ျခင္းမ်ိဳးမျပဳလုပ္ပါက KIO / KIA လက္နက္ကိုင္အဖြဲ႕သည္ ခ်ီေဖြ-ျမစ္ႀကီး နားသြားလမ္းကို ထိန္းခ်ဳပ္လာႏိုင္ဖြယ္ရွိၿပီး၊ လက္ရွိ အစိုးရ ယႏၲရား လည္ပတ္မႈလုပ္ငန္းကိစၥရပ္မ်ားကို အဖ်က္အေမွာက္ ႀကီးႀကီးမားမား ျပဳလုပ္လာႏိုင္ဖြယ္ရွိပါသည္။

ကခ်င္အထူးေဒသ(၁)အတြင္း ၿငိမ္းခ်မ္း ေရးကိုသာ လိုလားၾကသည့္ ေဒသခံတိုင္းရင္းသားမ်ား အားလုံးက ကန႔္ကြက္ေၾကာင္း၊ မႀကိဳဆို မေထာက္ခံ ေၾကာင္း စာထုတ္၊ လက္မွတ္မ်ားေရးထိုးကာ KIO / KIA ဗဟို႐ုံးသို႔ ေပးပို႔ျခင္းတို႔ ျပဳလုပ္လာခဲ့ၾကသည္။ ထိုသို႔ ျပဳလုပ္ေနခဲ့သည့္ၾကားက KIO / KIA တို႔သည္ ၎တို႔ကိုမႀကိဳဆို၊ မေထာက္ခံဘဲ ၿငိမ္းခ်မ္းေရးကိုသာ လိုလားၾကသည့္ ေဒသခံ မိဘျပည္သူမ်ားအေပၚ လက္နက္အားကိုးျဖင့္ အတင္းအဓမၼဝင္ေရာက္ကာ တိုက္ပြဲမ်ား ေဖာ္ေဆာင္လာခဲ့ၿပီျဖစ္သည္။ ၎တို႔၏ တိုက္ပြဲမ်ား ေဖာ္ေဆာင္လာမႈေၾကာင့္ လန္းယန္႐ြာမွ အသက္ (၁၄)ႏွစ္အ႐ြယ္ အျပစ္မဲ့ျပည္သူ ေယာက်ာ္းေလးတစ္ဦး ထိခိုက္ေသဆုံးခဲ့ရၿပီျဖစ္သည္။

မိမိတို႔ ကခ်င္အထူးေဒသ(၁)တြင္ ေနထိုင္ၾကေသာ ေဒသခံတိုင္းရင္းသားတို႔သည္ ကခ်င္မ်ိဳး ႏြယ္စုမ်ားျဖစ္သည့္ ေလာ္ေဝၚ၊ လာခ်ိဒ္၊ ေငါ့ခ်န္း၊ လီဆူမ်ိဳးႏြယ္စုမ်ားျဖစ္ၾကေသာ္လည္း KIA တို႔သည္ မိမိတို႔ ကခ်င္တိုင္းရင္းသားအခ်င္းခ်င္း ငဲ့ညႇာေထာက္ ထားျခင္းမရွိ၊ စာနာမႈမရွိဘဲ လက္နက္အားကိုးကာ လူမ်ိဳးႀကီးဝါဒ က်င့္သုံးရန္ ႀကိဳးပမ္းလာေနၾကသည္မွာ သိသာထင္ရွားေနၿပီျဖစ္သည္။

ကခ်င္လူမ်ိဳးမ်ား လြတ္ေျမာက္ေရး အတြက္ဟုေႂကြးေၾကာ္ကာ ေတာ္လွန္ေနၾကသည့္ KIO / KIA လက္နက္ကိုင္ အဖြဲ႕သည္ ကခ်င္တိုင္း ရင္းသားလူမ်ိဳးမ်ား တိုးတက္ေရးအတြက္ ၿငိမ္းခ်မ္း ေရးကို ေဖာ္ေဆာင္ကာ ႀကိဳပမ္းေနေသာ ကခ်င္လူမ်ိဳး အခ်င္းခ်င္း ကူညီေပးရမည့္အစား ကခ်င္တိုင္းရင္း သားမ်ား၏ ေဒသမ်ားအတြင္းသို႔ စစ္ေရးေဖာ္ေဆာင္ ကာ အတင္းအဓမၼ သိမ္းပိုက္ျခင္း၊ ဘိုးဘြားပိုင္ေျမမ်ား ကြယ္ေပ်ာက္သြားႏိုင္သည့္ သယံဇာတမ်ား တူးေဖာ္ျခင္း၊ လူငယ္မ်ား၏ အနာဂတ္ ပ်က္စီးေစမည့္ လူသစ္စုေဆာင္ျခင္းတို႔ကို ျပဳလုပ္ေနျခင္းသည္ ကခ်င္ တိုင္းရင္းသားလူမ်ိဳး အခ်င္းခ်င္း လူမ်ိဳးႀကီးဝါဒ က်င့္သုံးကာ ေဒသခံ ကခ်င္လူမ်ိဳးတို႔၏ ၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးေနေသာ ေဆြေတာ္မ်ိဳးေတာ္မ်ားဟုသာ ေခၚဆိုခ်င္ပါသည္။

Related news

© 2021. All rights reserved.