NCA စာချုပ်ကို လက်မှတ်ရေးထိုးစဉ် အသိသက်သေပါဝင်ခဲ့သော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးရန် RCSS တောင်းဆို

 22378

မြူနစ် (NP News) - မေ ၂၁

NCA စာချုပ်ကို လက်မှတ်ရေးထိုးစဉ် အသိသက်သေပါဝင်ခဲ့သော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးရန် ရှမ်းလက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS က တောင်းဆိုလိုက်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS အဖွဲ့က ယနေ့(မေလ ၂၁ ရက်) တွင် ကျရောက်သော (၆၆)နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့အတွက် ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင် RCSS အနေ ဖြင့် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများကိုတွေ့ဆုံကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

ထို့ပြင် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေးကာ ကြိုးပမ်းသွားမည်ဟုလည်း RCSS က ဆိုသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် အသိသက်သေအဖြစ် ပါဝင်ခဲ့သော နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာ တွင် ပါဝင်ကူညီဖြေရှင်းပေးကြရန်လည်း RCSS က တောင်းဆိုထားသည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိသည့်အနက် (၃)ဖွဲ့သည် NCA လမ်းကြောင်းမှသွေဖယ်ကာ လက်ရှိအစိုးရအား တိုက်ခိုက်နေလျက်ရှိသည်။

zawgyi version
NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးစဥ္ အသိသက္ေသပါဝင္ခဲ့ေသာ ႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပႆနာကို ပါဝင္ကူညီေျဖရွင္းေပးရန္ RCSS ေတာင္းဆို

ျမဴနစ္ (NP News) - ေမ ၂၁

NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးစဥ္ အသိသက္ေသပါဝင္ခဲ့ေသာ ႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏ျပႆနာကို ပါဝင္ကူညီေျဖရွင္းေပးရန္ ရွမ္းလက္ နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ RCSS က ေတာင္းဆိုလိုက္သည္။

ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ဦးေဆာင္ေသာ RCSS အဖြဲ႕က ယေန႔(ေမလ ၂၁ ရက္) တြင္ က်ေရာက္ေသာ (၆၆)ႏွစ္ေျမာက္ ရွမ္းအမ်ိဳးသားေတာ္လွန္ေရးေန႔အတြက္ ေၾကညာခ်က္ထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေတာင္းဆိုလိုက္ျခင္းျဖစ္သည္။ ျပႆနာအရပ္ရပ္ကို ေျဖရွင္းရာတြင္ RCSS အေန ျဖင့္ ၿငိမ္းခ်မ္းေသာ ေတြ႕ဆုံေဆြးေႏြးျခင္းနည္းလမ္းျဖင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားကိုေတြ႕ဆုံကာ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း အသိေပးထား သည္။

ထို႔ျပင္ အုပ္ခ်ဳပ္ေရးစနစ္ကို ျပဳျပင္ေျပာင္းလဲကာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုျဖစ္ေပၚလာေရးအတြက္ အဖက္ဖက္ႏွင့္ ေတြ႕ဆုံေဆြးေႏြးကာ ႀကိဳးပမ္းသြားမည္ဟုလည္း RCSS က ဆိုသည္။ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)တြင္ အသိသက္ေသအျဖစ္ ပါဝင္ခဲ့ေသာ ႏိုင္ငံမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံ၏ ျပႆနာမ်ားကို ေျဖရွင္းရာ တြင္ ပါဝင္ကူညီေျဖရွင္းေပးၾကရန္လည္း RCSS က ေတာင္းဆိုထားသည္။

NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၁၀)ဖြဲ႕ရွိသည့္အနက္ (၃)ဖြဲ႕သည္ NCA လမ္းေၾကာင္းမွေသြဖယ္ကာ လက္ရွိအစိုးရအား တိုက္ခိုက္ေနလ်က္ရွိသည္။

Picture

My Mine

22/05/2024 08:07

နိုင်ငံတော်အလံလား...ဗမာအလံလားတောင်မသိတဲ့ ...ကိစ္စ ရှမ်းလက်နက်ကိုင်တွေ...နားလည်အောင် ဘယ်လို ရှင်းပြရပါ့မလဲ...အစွဲအလန်းတွေက မြင်နေရတုန်းပါ....ဗမာ..အလံဆိုတာ...မရှိပါဘူး ဒေါင်းတော့ဖြစ်နိုင်ပါတယ်

Related news

© 2021. All rights reserved.