လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့တွင် မိုးကြီးနိုင်

 6949

စော (NP News) - မေ၂၂

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ (မေလ ၂၂ ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလ၏တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အ လယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက် ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လာမည့် (မေလ ၂၄ ရက်)တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထား သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် အချို့နေရာများတွင် ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန် အသိပေးထုတ်ပြန်ထားသည်။ထို့ပြင် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလက ထပ်မံအသိပေးထားသည်။

zawgyi version
ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္ နယ္အခ်ိဳ႕တြင္ မိုးႀကီးႏိုင္
ေစာ (NP News) - ေမ၂၂

ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္ နယ္အခ်ိဳ႕တြင္ မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီး ဌာနက ယေန႔ (ေမလ ၂၂ ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မိုးဇလ၏တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေတာင္ပိုင္းႏွင့္ ၎ႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေနာက္အ လယ္ပိုင္း၊ အိႏၵိယႏိုင္ငံ၊ တမီးလ္နာဒူးေျမာက္ပိုင္းကမ္းလြန္-အင္ဒရာပရာေဒ့ရွ္ေတာင္ပိုင္းကမ္းေျခတို႔တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနေၾကာင္း သိရသည္။ အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ အေရွ႕ေျမာက္ ဘက္သို႔ေ႐ြ႕လ်ားႏိုင္ၿပီး ပိုမိုအားေကာင္းလာႏိုင္ကာ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္း၌ လာမည့္ (ေမလ ၂၄ ရက္)တြင္ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ၿပီး ဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ အားေကာင္းလာႏိုင္ေၾကာင္း မိုးဇလက ခန္႔မွန္းထား သည္။ အဆိုပါ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ေမလ ၂၃ ရက္မွ ၂၇ ရက္အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ အခ်ိဳ႕ေနရာမ်ားတြင္ ေဒသအလိုက္ ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚ ႏိုင္ေၾကာင္း သိရသည္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ေၾကာင္း သိရသည္။

သို႔ျဖစ္ပါ၍ ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ မိုးသည္းထန္စြာ ႐ြာ သြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္း စသည့္သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္ မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳရန္ အသိေပးထုတ္ျပန္ထားသည္။ထို႔ျပင္ ျပည္တြင္း ေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳရန္ မိုးဇလက ထပ္မံအသိေပးထားသည္။

Related news

© 2021. All rights reserved.