စလင်းမြို့နယ်တွင် သံဃာတစ်ပါးကို PDF များက လူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားရာ သတင်းမရဖြစ်နေပြီး သံဃာတော်များ ဖမ်းဆီး၊ သတ်ဖြတ်ခံရမည်စိုး၍ တိမ်းရှောင်နေသည့် ဖြစ်စဉ်များရှိနေ

 2501

သုတကျော် (NP News) - မေ ၂၂

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် သံဃာတစ်ပါးကို PDF များက လူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားရာ သတင်းမရဖြစ်နေပြီး အဆိုပါ ဒေသဘက်တွင် သံဃာတော်များ ဖမ်းဆီး၊ သတ်ဖြတ်ခံရမည်စိုး၍ တိမ်းရှောင်နေသည့် ဖြစ်စဉ်များရှိနေကြောင်း ဖြစ်စဉ်ကိုသိရှိသူ သံဃာတစ်ပါးက NP News သို့ မိန့်ကြားသည်။

ဖမ်းဆီးခံရသည့် ဆရာတော်မှာ စလင်းမြို့နယ်၊ ပြတောက်ကျေးရွာအုပ်စု၊ ပြတောက်ကျေးရွာရှိ ဓမ္မမာမကကျောင်းမှ ဆရာတော် ဦးအင်္ကုရ ဖြစ်ကာ မေလ ၈ ရက် နံနက်ပိုင်း ဆွမ်းခံဝင်ချိန်တွင် လူဝတ်လဲ ဖမ်းဆီးသွားပြီးနောက်သတင်းအစအန ပျောက်သွားခြင်းဖြစ်ပြီး အဆိုပါကျေးရွာအနီးရှိ တောင်ကံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ မော်တော်ယာဉ်များကို ယူသွားသည့်ဖြစ်စဉ်လည်း အဆိုပါဖြစ်စဉ်နှင့်အတူ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါ သံဃာတော်က မိန့်ကြားသည်။ “ဆန္ဒမတူတာနဲ့၊ သူတို့ ဆန္ဒမလိုက်တာနဲ့ အေးအေးချမ်းချမ်းနေတာ ဖြစ်ပါလျက်နဲ့ ကျောင်းမှာလာပြီးတော့ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာပဲ။ ဘုန်းကြီးမရှိရင် ပစ္စည်းယူတာတွေလည်း ရှိတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

လည်စင်းခံနေရသည့် သံဃာတော်များ၏ အနေအထားကို နိုင်ငံတော် သံဃမဟာနာယက နှင့် နိုင်ငံတော်အစိုးရက သုံးသပ်ပေးရန်လိုသည်ဟု တိုက် တွန်းလိုကြောင်းလည်း အထက်ပါဆရာတော်က မိန့်သည်။ “အခုနယ်မြေအနေအထားအရ (တိမ်းရှောင်နေရတဲ့ သံဃာတော်အရေအတွက်က) စာရင်းပြုစုလို့ မရဘူး။ ဒါပေမဲ့ တော်တော်များများက စစ်တပ်ရှိလို့ တိမ်း ရှောင်ရတာထက် PDF တွေ ရပ်ရွာထဲဝင်လာပြီ၊ ရောက်လာပြီဆိုရင် တူညီတဲ့ ပြဿနာက ဘုန်းတော်ကြီးကို အဓိက ရန်ရှာတာ။ ဘုန်းတော်ကြီးတွေက ကျောင်းမှာဘုရားရှိခိုးတယ်၊ ပဌာန်းရွတ်တယ်၊ တရားဖွင့်တယ်ဆိုရင် ပြဿနာလုပ်ပြီ။ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုံးသတ်တဲ့အထိ ဖြစ်နေတာပေါ့”ဟု ဆရာတော်က ဆက်လက်မိန့်သည်။

ဆိပ်ဖြူမြို့နယ်က ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ပြီးခဲ့သည့်နှစ်က ကထိန်လုပ်နေစဉ် အလှူငွေများကို လာသိမ်းကာ ဘုန်းတော်ကြီးကိုလည်း ဖမ်းသွားရာတွင် ယခုထက်တိုင် သတင်းအစအန မရတော့ကြောင်း မိန့်ကြားသည်။ “စလင်း၊ ဆင်ဖြူကျွန်း ပုသိမ် - မုံရွာ လမ်းတလျှောက် အဓိကတော့ ချင်းပြည်နယ် နဲ့ နီးတဲ့ ဘက်အခြမ်းပေါ့။ မပြောရဲဘူး ကြောက်တာ။ ထင်တာနဲ့သတ်တာ။ ဆိုကြပါစို့ ရပ်ရွာထဲမှာ ဘုန်းကြီးတစ်ပါးရှိရင် အဲဒီ ကိုယ်တော်လုပ်တာနေမှာဆိုပြီး သတ်ချင်နေတာ။ ဦးအင်္ကုရကို လူဝတ်လဲတယ်ဆိုတာကလည်း သိက္ခာတင်ပြီး အင်္ဂါခြောက်ပါး နဲ့ ပြည့်မှ ဘုန်းတော်ကြီးက လူထွက်ချင်စိတ်ရှိမှ သိက္ခာကျတာ။ ဦးအင်္ကုရကို ခေါ်သွားတဲ့ အကြောင်းကလည်း ဦးအင်္ကုရကျောင်းမှာ စစ်ဘေးရှောင်တွေပေါ့နော် အကုန်လက်ခံထားတယ်။ လူပြည့်လို့ လူပြည့်နေပြီ ဒကာမတွေလည်း များနေတော့ ဒကာမတွေတော့ လက်မခံတော့ဘူး။ နောင်လူချောင်ရင် ဒကာတွေပဲ လက်ခံတော့မယ် အဲဒါလေး ပြောတာတဲ့။ အဲဒီအကြောင်းပြချက်ကလေးနဲ့ ရမယ်ရှာပြီး ဘုန်းတော်ကြီးကို သတ်တာ”ဟု အထက်ပါ သံဃာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ငါနှင့်မတူ ငါ့ရန်သူဆိုပြီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိနေရာ၌ သံဃာတော်များ နှင့် သီလရှင်များလည်း ပါဝင်နေပြီး နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ချိန်မှစတင်၍ ယနေ့အထိ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော် အရေအတွက်မှာ အပါး ၁၀၀ ဝန်းကျင်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

zawgyi version
စလင္းၿမိဳ႕နယ္တြင္ သံဃာတစ္ပါးကို PDF မ်ားက လူဝတ္လဲ ဖမ္းဆီးေခၚေဆာင္သြားရာ သတင္းမရျဖစ္ေနၿပီး သံဃာေတာ္မ်ား ဖမ္းဆီး၊ သတ္ျဖတ္ခံရမည္စိုး၍ တိမ္းေရွာင္ေနသည့္ ျဖစ္စဥ္မ်ားရွိေန
သုတေက်ာ္ (NP News) - ေမ ၂၂

မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္တြင္ သံဃာတစ္ပါးကို PDF မ်ားက လူဝတ္လဲ ဖမ္းဆီးေခၚေဆာင္သြားရာ သတင္းမရျဖစ္ေနၿပီး အဆိုပါ ေဒသဘက္တြင္ သံဃာေတာ္မ်ား ဖမ္းဆီး၊ သတ္ျဖတ္ခံရမည္စိုး၍ တိမ္းေရွာင္ေနသည့္ ျဖစ္စဥ္မ်ားရွိေနေၾကာင္း ျဖစ္စဥ္ကိုသိရွိသူ သံဃာတစ္ပါးက NP News သို႔ မိန႔္ၾကားသည္။

ဖမ္းဆီးခံရသည့္ ဆရာေတာ္မွာ စလင္းၿမိဳ႕နယ္၊ ျပေတာက္ေက်း႐ြာအုပ္စု၊ ျပေတာက္ေက်း႐ြာရွိ ဓမၼမာမကေက်ာင္းမွ ဆရာေတာ္ ဦးအကၤုရ ျဖစ္ကာ ေမလ ၈ ရက္ နံနက္ပိုင္း ဆြမ္းခံဝင္ခ်ိန္တြင္ လူဝတ္လဲ ဖမ္းဆီးသြားၿပီးေနာက္သတင္းအစအန ေပ်ာက္သြားျခင္းျဖစ္ၿပီး အဆိုပါေက်း႐ြာအနီးရွိ ေတာင္ကံကုန္းေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွ ေမာ္ေတာ္ယာဥ္မ်ားကို ယူသြားသည့္ျဖစ္စဥ္လည္း အဆိုပါျဖစ္စဥ္ႏွင့္အတူ ရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါ သံဃာေတာ္က မိန႔္ၾကားသည္။ “ဆႏၵမတူတာနဲ႔၊ သူတို႔ ဆႏၵမလိုက္တာနဲ႔ ေအးေအးခ်မ္းခ်မ္းေနတာ ျဖစ္ပါလ်က္နဲ႔ ေက်ာင္းမွာလာၿပီးေတာ့ နည္းအမ်ိဳးမ်ိဳးနဲ႔ ဒုကၡေပးေနတာပဲ။ ဘုန္းႀကီးမရွိရင္ ပစၥည္းယူတာေတြလည္း ရွိတယ္”ဟု ဆရာေတာ္က မိန႔္ၾကားသည္။

လည္စင္းခံေနရသည့္ သံဃာေတာ္မ်ား၏ အေနအထားကို ႏိုင္ငံေတာ္ သံဃမဟာနာယက ႏွင့္ ႏိုင္ငံေတာ္အစိုးရက သုံးသပ္ေပးရန္လိုသည္ဟု တိုက္ တြန္းလိုေၾကာင္းလည္း အထက္ပါဆရာေတာ္က မိန႔္သည္။ “အခုနယ္ေျမအေနအထားအရ (တိမ္းေရွာင္ေနရတဲ့ သံဃာေတာ္အေရအတြက္က) စာရင္းျပဳစုလို႔ မရဘူး။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားက စစ္တပ္ရွိလို႔ တိမ္း ေရွာင္ရတာထက္ PDF ေတြ ရပ္႐ြာထဲဝင္လာၿပီ၊ ေရာက္လာၿပီဆိုရင္ တူညီတဲ့ ျပႆနာက ဘုန္းေတာ္ႀကီးကို အဓိက ရန္ရွာတာ။ ဘုန္းေတာ္ႀကီးေတြက ေက်ာင္းမွာဘုရားရွိခိုးတယ္၊ ပဌာန္း႐ြတ္တယ္၊ တရားဖြင့္တယ္ဆိုရင္ ျပႆနာလုပ္ၿပီ။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေနာက္ဆုံးသတ္တဲ့အထိ ျဖစ္ေနတာေပါ့”ဟု ဆရာေတာ္က ဆက္လက္မိန႔္သည္။

ဆိပ္ျဖဴၿမိဳ႕နယ္က ဘုန္းေတာ္ႀကီး ေက်ာင္းတစ္ေက်ာင္းတြင္ ၿပီးခဲ့သည့္ႏွစ္က ကထိန္လုပ္ေနစဥ္ အလႉေငြမ်ားကို လာသိမ္းကာ ဘုန္းေတာ္ႀကီးကိုလည္း ဖမ္းသြားရာတြင္ ယခုထက္တိုင္ သတင္းအစအန မရေတာ့ေၾကာင္း မိန႔္ၾကားသည္။ “စလင္း၊ ဆင္ျဖဴကြၽန္း ပုသိမ္ - မုံ႐ြာ လမ္းတေလွ်ာက္ အဓိကေတာ့ ခ်င္းျပည္နယ္ နဲ႔ နီးတဲ့ ဘက္အျခမ္းေပါ့။ မေျပာရဲဘူး ေၾကာက္တာ။ ထင္တာနဲ႔သတ္တာ။ ဆိုၾကပါစို႔ ရပ္႐ြာထဲမွာ ဘုန္းႀကီးတစ္ပါးရွိရင္ အဲဒီ ကိုယ္ေတာ္လုပ္တာေနမွာဆိုၿပီး သတ္ခ်င္ေနတာ။ ဦးအကၤုရကို လူဝတ္လဲတယ္ဆိုတာကလည္း သိကၡာတင္ၿပီး အဂၤါေျခာက္ပါး နဲ႔ ျပည့္မွ ဘုန္းေတာ္ႀကီးက လူထြက္ခ်င္စိတ္ရွိမွ သိကၡာက်တာ။ ဦးအကၤုရကို ေခၚသြားတဲ့ အေၾကာင္းကလည္း ဦးအကၤုရေက်ာင္းမွာ စစ္ေဘးေရွာင္ေတြေပါ့ေနာ္ အကုန္လက္ခံထားတယ္။ လူျပည့္လို႔ လူျပည့္ေနၿပီ ဒကာမေတြလည္း မ်ားေနေတာ့ ဒကာမေတြေတာ့ လက္မခံေတာ့ဘူး။ ေနာင္လူေခ်ာင္ရင္ ဒကာေတြပဲ လက္ခံေတာ့မယ္ အဲဒါေလး ေျပာတာတဲ့။ အဲဒီအေၾကာင္းျပခ်က္ကေလးနဲ႔ ရမယ္ရွာၿပီး ဘုန္းေတာ္ႀကီးကို သတ္တာ”ဟု အထက္ပါ သံဃာေတာ္က မိန႔္ၾကားသည္။

ျမန္မာႏိုင္ငံတြင္ ငါႏွင့္မတူ ငါ့ရန္သူဆိုၿပီး သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားရွိေနရာ၌ သံဃာေတာ္မ်ား ႏွင့္ သီလရွင္မ်ားလည္း ပါဝင္ေနၿပီး ႏိုင္ငံေရး အေျပာင္းအလဲစတင္ျဖစ္ခ်ိန္မွစတင္၍ ယေန႔အထိ အၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္ျခင္းေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ရသည့္ သံဃာေတာ္ အေရအတြက္မွာ အပါး ၁၀၀ ဝန္းက်င္ရွိေနၿပီ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.