KNDF နှင့် PDF အဖွဲ့ ဖောက်ခွဲဖျက်ဆီးခဲ့သော ထီးစဲခါးတံတားကို ပြုပြင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာနိုင်ပြီဟု နစကဆို

 4690

စော (NP News)- မေ ၂၂

KNDF နှင့် PDF အဖွဲ့ ဖောက်ခွဲဖျက်ဆီးခဲ့သော ထီးစဲခါးတံတားကို ပြုပြင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း နစကမှ မေလ ၂၁ ရက်ကသတင်းထုတ်ပြန်ထားသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် လွိုင်လင်လေးမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည်ပေ ၂၆၀၊ အကျယ်ပေ ၃၀ ရှိသော ထီးစဲခါးတံတားအား KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လုံခြုံရေးဆောင်ရွက်ခဲ့ပြီး ဆီဆိုင်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ပြီးခဲ့သည့် မေလ ၁၇ ရက်မှစတင်၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် တံတားပြုပြင်ခြင်းလုပ်ငန်းများ ပြုပြင်ပြီးစီးခဲ့ပြီဖြစ်၍ ယာဉ်ကြီး/ယာဉ်ငယ်များအနေဖြင့် ၁၃ တန်အထိ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

zawgyi version
KNDF ႏွင့္ PDF အဖြဲ႕ ေဖာက္ခြဲဖ်က္ဆီးခဲ့ေသာ ထီးစဲခါးတံတားကို ျပဳျပင္ၿပီးျဖစ္၍ ျဖတ္သန္းသြားလာႏိုင္ၿပီဟု နစကဆို

ေစာ (NP News)- ေမ ၂၂

KNDF ႏွင့္ PDF အဖြဲ႕ ေဖာက္ခြဲဖ်က္ဆီးခဲ့ေသာ ထီးစဲခါးတံတားကို ျပဳျပင္ၿပီးျဖစ္၍ ျဖတ္သန္းသြားလာႏိုင္ၿပီျဖစ္ေၾကာင္း နစကမွ ေမလ ၂၁ ရက္ကသတင္းထုတ္ျပန္ထားသည္။

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ လုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိေသာ တပ္ဖြဲ႕ဝင္မ်ားသည္ လြိဳင္လင္ေလးၿမိဳ႕၏ ေျမာက္ဘက္မီတာ ၂၅၀၀ ခန႔္အကြာရွိ အရွည္ေပ ၂၆၀၊ အက်ယ္ေပ ၃၀ ရွိေသာ ထီးစဲခါးတံတားအား KNDF အၾကမ္းဖက္အဖြဲ႕ႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက ေဖာက္ခြဲဖ်က္ဆီးထားသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အနီးကပ္လုံၿခဳံေရးေဆာင္႐ြက္ခဲ့ၿပီး ဆီဆိုင္ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ တာဝန္ရွိသူမ်ားအေနျဖင့္ ၿပီးခဲ့သည့္ ေမလ ၁၇ ရက္မွစတင္၍ ျပန္လည္ျပဳျပင္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ တံတားျပဳျပင္ျခင္းလုပ္ငန္းမ်ား ျပဳျပင္ၿပီးစီးခဲ့ၿပီျဖစ္၍ ယာဥ္ႀကီး/ယာဥ္ငယ္မ်ားအေနျဖင့္ ၁၃ တန္အထိ ျဖတ္သန္းသြားလာႏိုင္ၿပီျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.