မြန်မာပြည်တွင်း အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့က အိန္ဒိယ မီဇိုရမ်မှ စစ်သုံးပစ္စည်းများ ခိုးသွင်းနေ

 4686

Htay Oung (NP News) - မေ ၂၂

အိန္ဒိယဘက်မှ ကျည်ဆန်များ၊ ဝေါ်ကီတော်ကီလို စစ်သုံးပစ္စည်းတွေကို အသယ်အပို့ လုပ်နေတဲ့ကိစ္စဟာ မြန်မာပြည်တွင်း အခြေစိုက်အဖွဲ့ရဲ့ လက် ချက်ဖြစ်ကြောင်း၊ အဲဒီပစ္စည်းတွေဟာ မြန်မာနစကအစိုးရကို တိုက်ခိုက်ရာမှာ သူတို့တပ်က အသုံးပြုဖို့အတွက်ဖြစ်တယ်လို့ အိန္ဒိယတာဝန်ရှိသူများက ပြောဆိုကြောင်း နယူးဒေလီအခြေစိုက် ဟိန္ဒူစတန်တိုင်းမ် သတင်းအေဂျင်စီက ယနေ့ (မေလ ၂၂ ရက်)မှာ ရေးသားပါတယ်။

အိန္ဒိယ မီဇိုရမ်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ဟာ ကျည်ဆန်များ၊ ဝေါ်ကီတော်ကီအစုံလိုက်နဲ့ နည်းဗျူဟာသုံး စစ်ပစ္စည်းများ သယ်ပို့ပေးသူတစ်ဦးကို ဖမ်း ဆီးရမိကြောင်း၊ အဲဒီလူဟာ မြန်မာချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) အ တွက် ပစ္စည်းထောက်ပို့လုပ်ပေးနေတဲ့ သူပုန်အမာခံတစ်ဦးဖြစ်တာကို စစ်ဆေးတွေ့ရှိရကြောင်း၊ နေရပ် အမည် အတည်ပြုနိုင်ခြင်း မရှိသေးတဲ့ အဆိုပါ အမျိုးသားကို မေလ ၁၈ ရက် (စနေနေ့) ညပိုင်းမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ အိန္ဒိယအရာရှိများက အင်္ဂါနေ့(မေလ ၂၁ ရက်)မှာ ပြောဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်မှ စစ်အသုံးအဆောင်လို ပစ္စည်းမျိုးတွေကို သယ်ယူပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ မြန်မာအခြေစိုက်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်နေတာကြောင့် အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ ဒီကိစ္စဟာ မြန်မာပြည် တွင်းမှ လက်နက်ကိုင်အဖွဲ့က နယ်စပ်စည်းရိုး မရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ဥဒဟို ဝင်ထွက်သွားလာနေကြောင်း အထောက်အထားလည်းဖြစ်နေတယ်လို့ သိရှိရပါတယ်။

အဲဒီလို နယ်စပ်ဖြတ်ကျော်ပြီး သူတို့သုံးဖို့ စစ်ပစ္စည်းတွေ သယ်ပို့နေကြတာ CDF ချင်းတစ်အုပ်စုတည်း သို့မဟုတ် အခြားအုပ်စုမှ အမာခံများ ရှိ-မရှိ၊ အလားတူ အခြားဘာပစ္စည်းတွေ သယ်ထုတ်နေကြတယ်ဆိုတာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှစပြီး အဆိုပါ သူပုန်တပ်ဖွဲ့အသီးသီးတို့ဟာ နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်လာခဲ့ပြီး မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာချင်းပြည်နယ် ခရိုင်နယ်မြေများအပါ အဝင် ပြည်နယ်အတွင်း ဧရိယာအတော်များများကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှ လူပေါင်းတစ်သိန်းကျော်ဟာ မဏိပူရနဲ့ မီဇိုရမ်နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြပါတယ်။

မီဇိုရမ်ပြည်နယ် ဆီရာဟာခရိုင် တူပီအန်ရွာမှာ CDF အမာခံတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး သတင်းအတိအကျရရှိခဲ့ကြောင်း၊ ကုန်ကားကြီးတစ်စီးမှာ “ကန်နီဘို” မော်တော်ဆိုင်ကယ်နဲ့ လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် ရှာဖွေခဲ့ကြောင်း၊ ပြောင်းတို သေနတ်ကျည်တောင့် ၁၇၀၊ တရုတ်လုပ် “ဗြောင်ဖန်း” လက်ကိုင်ရေ ဒီယို ဆက်သွယ်ရေးစက် ၁၄-လုံး၊ ရေဒီယို အားသွင်းစက် ၁၄ လုံးနဲ့ နည်းဗျူဟာသုံး စစ်ပစ္စည်းအချို့ကို တစ်နေ ရာစီ တွေ့ရှိရကြောင်း၊ ကနဦး ဖော်ထုတ်ချက်အရ အဲဒီမြန်မာနိုင်ငံသားဟာ CDF အဖွဲ့ရဲ့ တက်ကြွတဲ့ အမာခံတစ်ဦးဖြစ်ကြောင်း၊ အိန္ဒိယမြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး စစ်သုံးပစ္စည်းတွေကို ပို့ဆောင်ပေးဖို့ တာဝန်ပေးအပ်ခံထားရသူဖြစ်ကြောင်း တွေ့ရှိရတယ်လို့ အသေးစိတ်အချက်အလက်များကို သိရှိထားသူ အရာရှိတစ်ဦးက ပြောပြပါတယ်။

ကန်နီဘိုဟာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ တရုတ်လုပ် မော်တော်ဆိုင်ကယ်ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် တောင်ပိုင်းရှိ ဆီဟာရာခရိုင်ဟာ မြန်မာနိုင်ငံနဲ့ချင်းပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှာ တည်ရှိနေပြီး ကုလားတန်မြစ်က ဖြတ်သန်းစီးဆင်းနေပါတယ်။ ၁၉၀၄ ခုနှစ်အထိ ဆီဟာရာခရိုင်ဟာ ကုလား တန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ် စစ်တွေ ပင်လယ်ဆိပ်ကမ်းမှတဆင့် မဏိပူရပြည်နယ်အတွက် ကုန်စည် ဝင်ပေါက်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။

CDF အပါအဝင် မြန်မာလက်နက်ကိုင် အဖွဲ့အသီးသီးတို့ဟာ ဆီဟာရာခရိုင်ကို ခြေကုပ်ယူပြီး မြန်မာစစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ကြတဲ့အတွက်ကြောင့် မြန်မာစစ်သား ၃၀ ကျော်တို့ဟာ နယ်ခြားကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအတွင်း ပြေးဝင်ခိုလှုံခဲ့ကြဖူးပါတယ်။ မှောင်ခိုပစ္စည်းများနဲ့အတူ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရန် ကြံစည်သူဟာ နယ်ခြားဘယ်နေရာကို အသုံးပြုလေ့ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ၁၀၂၀ မိုင် ရှည်လျားတဲ့ နယ်ခြားတစ်လျောက် စည်းရိုးကာရန် ဆုံးဖြတ်ထားကြောင်း နယူးဒေလီ ပြည်ထဲရေးဝန်ကြီးက လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။ စောင့်ကြပ်ကွပ်ကဲမှုတွေကို လွယ်ကူချောမွေ့စေဖို့ နယ်ခြားစည်းရိုးနဲ့အပြိုင် ကင်းလှည့်လမ်းကြောင်းများကို ဖောက်လုပ်ရန် စီစဉ်နေတယ်လို့ ဆိုပါတယ်။

လတ်တလောနှစ်များအတွင်း မြန်မာအခြေစိုက် သူပုန်အဖွဲ့တွေဟာ အိန္ဒိယနိုင်ငံတွင်း လူမှောင်ခိုလုပ်ငန်းများနဲ့ အကြမ်းဖက်မှုများအတွက် အိမ်နီးချင်းတိုင်းပြည်နယ်မြေကို အလွဲသုံးစားလုပ်နေကြတယ်လို့ လုံခြုံရေးအရာရှိ များက ပြောပါတယ်။

(Hindustan Times., 21 May 2024,” Myanmar insurgent transporting bullets, walkie talkies from India held in Mizoram” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)

zawgyi version
ျမန္မာျပည္တြင္း အေျခစိုက္ ခ်င္းလက္နက္ကိုင္အဖြဲ႕က အိႏၵိယ မီဇိုရမ္မွ စစ္သုံးပစၥည္းမ်ား ခိုးသြင္းေန
Htay Oung (NP News) - ေမ ၂၂

အိႏၵိယဘက္မွ က်ည္ဆန္မ်ား၊ ေဝၚကီေတာ္ကီလို စစ္သုံးပစၥည္းေတြကို အသယ္အပို႔ လုပ္ေနတဲ့ကိစၥဟာ ျမန္မာျပည္တြင္း အေျခစိုက္အဖြဲ႕ရဲ႕ လက္ ခ်က္ျဖစ္ေၾကာင္း၊ အဲဒီပစၥည္းေတြဟာ ျမန္မာနစကအစိုးရကို တိုက္ခိုက္ရာမွာ သူတို႔တပ္က အသုံးျပဳဖို႔အတြက္ျဖစ္တယ္လို႔ အိႏၵိယတာဝန္ရွိသူမ်ားက ေျပာဆိုေၾကာင္း နယူးေဒလီအေျခစိုက္ ဟိႏၵဴစတန္တိုင္းမ္ သတင္းေအဂ်င္စီက ယေန႔ (ေမလ ၂၂ ရက္)မွာ ေရးသားပါတယ္။

အိႏၵိယ မီဇိုရမ္ျပည္နယ္ လုံၿခဳံေရးတပ္ဖြဲ႕ဟာ က်ည္ဆန္မ်ား၊ ေဝၚကီေတာ္ကီအစုံလိုက္နဲ႔ နည္းဗ်ဴဟာသုံး စစ္ပစၥည္းမ်ား သယ္ပို႔ေပးသူတစ္ဦးကို ဖမ္း ဆီးရမိေၾကာင္း၊ အဲဒီလူဟာ ျမန္မာခ်င္းကာကြယ္ေရးတပ္ဖြဲ႕ (CDF) အ တြက္ ပစၥည္းေထာက္ပို႔လုပ္ေပးေနတဲ့ သူပုန္အမာခံတစ္ဦးျဖစ္တာကို စစ္ေဆးေတြ႕ရွိရေၾကာင္း၊ ေနရပ္ အမည္ အတည္ျပဳႏိုင္ျခင္း မရွိေသးတဲ့ အဆိုပါ အမ်ိဳးသားကို ေမလ ၁၈ ရက္ (စေနေန႔) ညပိုင္းမွာ အာသံ႐ိုင္ဖယ္တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္တယ္လို႔ အိႏၵိယအရာရွိမ်ားက အဂၤါေန႔(ေမလ ၂၁ ရက္)မွာ ေျပာဆိုပါတယ္။

မီဇိုရမ္ျပည္နယ္ဘက္မွ စစ္အသုံးအေဆာင္လို ပစၥည္းမ်ိဳးေတြကို သယ္ယူၿပီး ျမန္မာစစ္တပ္ကို တိုက္ခိုက္ရာမွာ အသုံးျပဳေနတဲ့ ျမန္မာအေျခစိုက္လက္နက္ကိုင္အဖြဲ႕ရဲ႕ လက္ခ်က္ျဖစ္ေနတာေၾကာင့္ အေသးစိတ္စစ္ေဆးေဖာ္ထုတ္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ေျပာပါတယ္။ ဒီကိစၥဟာ ျမန္မာျပည္ တြင္းမွ လက္နက္ကိုင္အဖြဲ႕က နယ္စပ္စည္း႐ိုး မရွိတဲ့ အိႏၵိယ-ျမန္မာနယ္စပ္တေလွ်ာက္ ဥဒဟို ဝင္ထြက္သြားလာေနေၾကာင္း အေထာက္အထားလည္းျဖစ္ေနတယ္လို႔ သိရွိရပါတယ္။

အဲဒီလို နယ္စပ္ျဖတ္ေက်ာ္ၿပီး သူတို႔သုံးဖို႔ စစ္ပစၥည္းေတြ သယ္ပို႔ေနၾကတာ CDF ခ်င္းတစ္အုပ္စုတည္း သို႔မဟုတ္ အျခားအုပ္စုမွ အမာခံမ်ား ရွိ-မရွိ၊ အလားတူ အျခားဘာပစၥည္းေတြ သယ္ထုတ္ေနၾကတယ္ဆိုတာ စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။ ၂၀၂၁ ခုႏွစ္မွစၿပီး အဆိုပါ သူပုန္တပ္ဖြဲ႕အသီးသီးတို႔ဟာ နစကအစိုးရကို ဆန႔္က်င္တိုက္ခိုက္လာခဲ့ၿပီး မီဇိုရမ္ျပည္နယ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ျမန္မာခ်င္းျပည္နယ္ ခ႐ိုင္နယ္ေျမမ်ားအပါ အဝင္ ျပည္နယ္အတြင္း ဧရိယာအေတာ္မ်ားမ်ားကိုလည္း သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္ ျမန္မာႏိုင္ငံမွ လူေပါင္းတစ္သိန္းေက်ာ္ဟာ မဏိပူရနဲ႔ မီဇိုရမ္နယ္စပ္မွတဆင့္ အိႏၵိယႏိုင္ငံအတြင္း ထြက္ေျပးသြားခဲ့ၾကပါတယ္။

မီဇိုရမ္ျပည္နယ္ ဆီရာဟာခ႐ိုင္ တူပီအန္႐ြာမွာ CDF အမာခံေတြရဲ႕ လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး သတင္းအတိအက်ရရွိခဲ့ေၾကာင္း၊ ကုန္ကားႀကီးတစ္စီးမွာ “ကန္နီဘို” ေမာ္ေတာ္ဆိုင္ကယ္နဲ႔ လူတစ္ဦးကို ဖမ္းဆီးရမိခဲ့ၿပီး အေသးစိတ္ ရွာေဖြခဲ့ေၾကာင္း၊ ေျပာင္းတို ေသနတ္က်ည္ေတာင့္ ၁၇၀၊ တ႐ုတ္လုပ္ “ေျဗာင္ဖန္း” လက္ကိုင္ေရ ဒီယို ဆက္သြယ္ေရးစက္ ၁၄-လုံး၊ ေရဒီယို အားသြင္းစက္ ၁၄ လုံးနဲ႔ နည္းဗ်ဴဟာသုံး စစ္ပစၥည္းအခ်ိဳ႕ကို တစ္ေန ရာစီ ေတြ႕ရွိရေၾကာင္း၊ ကနဦး ေဖာ္ထုတ္ခ်က္အရ အဲဒီျမန္မာႏိုင္ငံသားဟာ CDF အဖြဲ႕ရဲ႕ တက္ႂကြတဲ့ အမာခံတစ္ဦးျဖစ္ေၾကာင္း၊ အိႏၵိယျမန္မာနယ္စပ္ကို ျဖတ္ေက်ာ္ၿပီး စစ္သုံးပစၥည္းေတြကို ပို႔ေဆာင္ေပးဖို႔ တာဝန္ေပးအပ္ခံထားရသူျဖစ္ေၾကာင္း ေတြ႕ရွိရတယ္လို႔ အေသးစိတ္အခ်က္အလက္မ်ားကို သိရွိထားသူ အရာရွိတစ္ဦးက ေျပာျပပါတယ္။

ကန္နီဘိုဟာ ျမန္မာႏိုင္ငံမွာ လူသုံးမ်ားတဲ့ တ႐ုတ္လုပ္ ေမာ္ေတာ္ဆိုင္ကယ္ျဖစ္ပါတယ္။ မီဇိုရမ္ျပည္နယ္ ေတာင္ပိုင္းရွိ ဆီဟာရာခ႐ိုင္ဟာ ျမန္မာႏိုင္ငံနဲ႔ခ်င္းျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကားမွာ တည္ရွိေနၿပီး ကုလားတန္ျမစ္က ျဖတ္သန္းစီးဆင္းေနပါတယ္။ ၁၉၀၄ ခုႏွစ္အထိ ဆီဟာရာခ႐ိုင္ဟာ ကုလား တန္ျမစ္ေၾကာင္းအတိုင္း ရခိုင္ျပည္နယ္ စစ္ေတြ ပင္လယ္ဆိပ္ကမ္းမွတဆင့္ မဏိပူရျပည္နယ္အတြက္ ကုန္စည္ ဝင္ေပါက္တစ္ခု ျဖစ္ခဲ့ဖူးပါတယ္။

CDF အပါအဝင္ ျမန္မာလက္နက္ကိုင္ အဖြဲ႕အသီးသီးတို႔ဟာ ဆီဟာရာခ႐ိုင္ကို ေျခကုပ္ယူၿပီး ျမန္မာစစ္တပ္စခန္းမ်ားကို တိုက္ခိုက္ခဲ့ၾကတဲ့အတြက္ေၾကာင့္ ျမန္မာစစ္သား ၃၀ ေက်ာ္တို႔ဟာ နယ္ျခားကို ျဖတ္ေက်ာ္ၿပီး အိႏၵိယႏိုင္ငံအတြင္း ေျပးဝင္ခိုလႈံခဲ့ၾကဖူးပါတယ္။ ေမွာင္ခိုပစၥည္းမ်ားနဲ႔အတူ ျမန္မာႏိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္ရန္ ႀကံစည္သူဟာ နယ္ျခားဘယ္ေနရာကို အသုံးျပဳေလ့ရွိတယ္ဆိုတာကို ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္း အရာရွိက ေျပာပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ၁၀၂၀ မိုင္ ရွည္လ်ားတဲ့ နယ္ျခားတစ္ေလ်ာက္ စည္း႐ိုးကာရန္ ဆုံးျဖတ္ထားေၾကာင္း နယူးေဒလီ ျပည္ထဲေရးဝန္ႀကီးက လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ ေျပာပါတယ္။ ေစာင့္ၾကပ္ကြပ္ကဲမႈေတြကို လြယ္ကူေခ်ာေမြ႕ေစဖို႔ နယ္ျခားစည္း႐ိုးနဲ႔အၿပိဳင္ ကင္းလွည့္လမ္းေၾကာင္းမ်ားကို ေဖာက္လုပ္ရန္ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

လတ္တေလာႏွစ္မ်ားအတြင္း ျမန္မာအေျခစိုက္ သူပုန္အဖြဲ႕ေတြဟာ အိႏၵိယႏိုင္ငံတြင္း လူေမွာင္ခိုလုပ္ငန္းမ်ားနဲ႔ အၾကမ္းဖက္မႈမ်ားအတြက္ အိမ္နီးခ်င္းတိုင္းျပည္နယ္ေျမကို အလြဲသုံးစားလုပ္ေနၾကတယ္လို႔ လုံၿခဳံေရးအရာရွိ မ်ားက ေျပာပါတယ္။

(Hindustan Times., 21 May 2024,” Myanmar insurgent transporting bullets, walkie talkies from India held in Mizoram” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာ ျပန္ဆိုသည္။)

Picture

My Mine

22/05/2024 20:34

အိန္ဒိယကို သူပုန်ထနိုင်အောင် ကူညီနေသူဟာ...ဘယ်သူဖြစ်မလဲ?...တကယ်တော့ဗျာ...သူများမကောင်းကြံ..ကိုယ်ဘေးရန်ထိစေတော့မယ်

Related news

© 2021. All rights reserved.