ဩစတြေးလျမှာ လူသားကို ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှု ပထမဆုံးအကြိမ် တွေ့လာရ

 433

ရောင်နီ (NP News) - မေ ၂၃

ဩစတြေးလျမှာ လူသားကို ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှု ပထမဆုံးအကြိမ် တွေ့လာရပြီဖြစ်ပါတယ်။
အဆိုပါ လူနာဟာ အိန္ဒိယမှ ခရီးသွားပြီး ပြန်ရောက်လာသူဖြစ်ပြီး ရောဂါကူးစက်ခံထားရပေမယ့် အခုအချိန်မှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ ကူးစက်မှုကို မေလ ၂၂ ရက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့အနီးရှိ ဥမွေးမြူရေးခြံတစ်ခုမှာလည်း မတူညီတဲ့ ကြက်ငှက်တုပ်ကွေး ပြင်းထန် မျိုးကွဲတစ်မျိုးလည်း တွေ့ရှိထားတယ်လို့ သိရပါတယ်။

ဓာတ်ခွဲစမ်းသပ်မှုအရ ၎င်းဟာ အမည်မသိ H7 အမျိုးအစား ဗိုင်းရပ်စ်လို့ အဖြေထွက်ခဲ့တာကြောင့် ကူးစက်မှု ပိုပျံ့နှံ့ခြင်းမရှိအောင် ခြံထဲက ကြက်တွေကို သုတ်သင်မယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

H5N1 ကြက်ငှက်တုပ်ကွေးရောဂါဟာ ကမ္ဘာတစ်ဝှမ်း မွေးမြူရေးနဲ့ တောရိုင်းငှက် သန်းပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ ကြောက်မက်ဖွယ်ရောဂါတစ်ခုဖြစ်ပါတယ်။

Zawgyi Version;
ဩစေၾတးလ်မွာ လူသားကို ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္မႈ ပထမဆုံးအႀကိမ္ ေတြ႕လာရ
ေရာင္နီ (NP News) - ေမ ၂၃

ဩစေၾတးလ်မွာ လူသားကို ၾကက္ငွက္တုပ္ေကြးေရာဂါကူးစက္မႈ ပထမဆုံးအႀကိမ္ ေတြ႕လာရၿပီျဖစ္ပါတယ္။
အဆိုပါ လူနာဟာ အိႏၵိယမွ ခရီးသြားၿပီး ျပန္ေရာက္လာသူျဖစ္ၿပီး ေရာဂါကူးစက္ခံထားရေပမယ့္ အခုအခ်ိန္မွာေတာ့ အျပည့္အဝ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္တယ္လို႔ အာဏာပိုင္ေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

အဆိုပါ ကူးစက္မႈကို ေမလ ၂၂ ရက္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဗစ္တိုးရီးယားျပည္နယ္ မဲလ္ဘုန္းၿမိဳ႕အနီးရွိ ဥေမြးျမဴေရးၿခံတစ္ခုမွာလည္း မတူညီတဲ့ ၾကက္ငွက္တုပ္ေကြး ျပင္းထန္ မ်ိဳးကြဲတစ္မ်ိဳးလည္း ေတြ႕ရွိထားတယ္လို႔ သိရပါတယ္။

ဓာတ္ခြဲစမ္းသပ္မႈအရ ၎ဟာ အမည္မသိ H7 အမ်ိဳးအစား ဗိုင္းရပ္စ္လို႔ အေျဖထြက္ခဲ့တာေၾကာင့္ ကူးစက္မႈ ပိုပ်ံ႕ႏွံ႔ျခင္းမရွိေအာင္ ၿခံထဲက ၾကက္ေတြကို သုတ္သင္မယ္လို႔ တာဝန္ရွိသူေတြက ဆိုပါတယ္။

H5N1 ၾကက္ငွက္တုပ္ေကြးေရာဂါဟာ ကမာၻတစ္ဝွမ္း ေမြးျမဴေရးနဲ႔ ေတာ႐ိုင္းငွက္ သန္းေပါင္းမ်ားစြာကို ေသဆုံးေစခဲ့တဲ့ ေၾကာက္မက္ဖြယ္ေရာဂါတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.