MNL ကစားသမားများအနေဖြင့် လုပ်ပွဲကစားပါက ရာသက်ပန်ထုတ်ပယ်သည်အထိအရေးယူခံမည့်အပြင် လောင်းကစားဥပဒေဖြင့်ပါ အရေးယူခံရမည်

 1026

သန့်ဇင် (NP News) - မေ ၂၃

မြန်မာနယ်ရှင်နယ်လိဂ်(MNL)ပြိုင်ပွဲတွင် ကစားသမားများအနေဖြင့် လုပ်ပွဲကစားပါက ရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူခံရမည့်အပြင် လောင်းကစားဥပဒေဖြင့်ပါ အရေးယူခံရနိုင်ကြောင်း မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က NP News ကို ထုတ်ဖော်အသိပေးပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ်(MNL)ပြိုင်ပွဲများကို လာမည့် ဇူလိုင်လ ၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လုပ်ပွဲကစားမှုများနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့်နှစ်ကပင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။ “မနှစ်ကတော့ MNL(1)ပြိုင်ပွဲမှာ (၁၂၃)ပွဲရှိတဲ့အထဲက (၇)ပွဲကို သံသယရှိစရာကောင်းတယ်ဆိုတာကြောင့် စုံစမ်းစိစစ်ရေး အဖွဲ့ကိုဖွဲ့လိုက်တယ်။ အဲဒီထဲမှာ အဖွဲ့ဝင်(၅)ဦးပါဝင်ပြီးတော့ သံသယရှိစရာကောင်းတဲ့ (၇)သင်းကို အပြန်ပြန်အလှန်လှန်စစ်ဆေးခဲ့တယ်ပေါ့နော်။ စစ်ဆေးခဲ့တော့ သက်သေနဲ့ဖော်ပြခဲ့လို့ရပြီးတော့ အရေးယူလို့ရတဲ့အချက်တော့မတွေ့ဘူး။ အဲဒါတော့ ပြီးခဲ့တဲ့နှစ်ကတော့ သက်သေလည်း အတိအကျမရှိဘူး။ လွဲချော်တာလေးတွေရှိတော့ သက်ဆိုင်ရာကစားသမားတွေကို ခေါ်ယူပြီးတော့ နောက်တစ်ခါ ဒီလိုမျိုးမဖြစ်အောင် ပြောဆိုကြီးကြပ်ထိန်းသိမ်းပြီး နောက်ဆုံးကြိမ်သတိပေးခဲ့ပါတယ်။ ပြီးတော့အသင်းလိုက်ခေါ်ယူပြီး လုပ်ပွဲကစားရင် ဥပဒေအရဘယ်လိုထိထိရောက်ရောက်အရေးခံရနိုင်တယ်ဆိုတာမျိုးတွေပြောခဲ့တာရှိပါတယ်”ဟု ဦးစိုးမိုးကျော်က ပြောသည်။

ထို့ပြင်လုပ်ပွဲကစားသည့် သက်ဆိုင်ရာကစားသမားအနေဖြင့် ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် လောင်းကစားဥပဒေဖြင့်ပါ ထည့်သွင်းအရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ “ပြစ်မှုတစ်ခုခုက သူကျူးလွန်တဲ့အပေါ်မူတည်ပြီးတော့ ပွဲတစ်ခုလုံးကို ရုပ်ဆိုးအကျည်းတန်သွားစေတဲ့ပွဲမျိုးတို့၊ နာမည်ဆိုးနဲ့ အဆိပ် အတောက် ဖြစ်စေတယ်ဆိုရင်တော့ သေချာတယ် သူသည်အမြင့်ဆုံးက ရာသက်ပန်ပွဲပယ်ခံရမှာဖြစ်သလို နိုင်ငံ တော်က သတ်မှတ်ထားတဲ့ လောင်းကစားဥပဒေနဲ့လည်း အရေးယူခံရမယ်ပေါ့။ ဥပဒေ(၂)ခုနဲ့ အရေးယူခံရမှာပေါ့။ ဒီဘက်မှာဘောလုံးနဲ့ပတ်သက်ရင်တော့ သူ့ကိုမည်သည့်နေရာမှပါဝင်ခြင်းမရှိစေရ။ ဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပတဲ့ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက်ကစားခွင့်မရှိဘူး။ နောက်ပြီး အဲဒီလိုကစားသမား တစ်ဦးမကဘူး(၂)ဦး(၃)ဦးလောက်က လက်ရွေးစင်ကစားဆိုရင်လည်း လက်ရွေးစင်အသင်းကနေ ရာသက်ပန်အပယ်ခံရမှာဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မေလ ၁၄ ရက်က ကျင်းပခဲ့သော မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးတွင် ဘောလုံးလောကတစ်ခုလုံး ထိခိုက်ပျက်စီးသွားနိုင်သည့် လုပ်ပွဲကစားမှု (Match Fixing) ပြုလုပ်ကစားခြင်းတို့ကို ကြိုတင်အသိပေးကာကွယ်မှုများ ပြုလုပ်သွားရန်နှင့် ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားရန် တိုက်တွန်းပြောဆိုခဲ့ဖူးသည်။

zawgyi version
MNL ကစားသမားမ်ားအေနျဖင့္ လုပ္ပြဲကစားပါက ရာသက္ပန္ထုတ္ပယ္ သည္အထိအေရးယူခံမည့္အျပင္ ေလာင္းကစားဥပေဒျဖင့္ပါ အေရးယူခံရမည္
သန႔္ဇင္ (NP News) - ေမ ၂၃

ျမန္မာနယ္ရွင္နယ္လိဂ္(MNL)ၿပိဳင္ပြဲတြင္ ကစားသမားမ်ားအေနျဖင့္ လုပ္ပြဲကစားပါက ရာသက္ပန္ထုတ္ပယ္သည္အထိ အေရးယူခံရမည့္အျပင္ ေလာင္းကစားဥပေဒျဖင့္ပါ အေရးယူခံရႏိုင္ေၾကာင္း ျမန္မာေနရွင္နယ္လိဂ္အမႈေဆာင္အရာရွိခ်ဳပ္ ဦးစိုးမိုးေက်ာ္က NP News ကို ထုတ္ေဖာ္အသိေပးေျပာၾကားသည္။

ျမန္မာေနရွင္နယ္လိဂ္(MNL)ၿပိဳင္ပြဲမ်ားကို လာမည့္ ဇူလိုင္လ ၇ ရက္တြင္ စတင္က်င္းပမည္ျဖစ္ၿပီး လုပ္ပြဲကစားမႈမ်ားႏွင့္ပတ္သက္၍လည္း ၿပီးခဲ့သည့္ႏွစ္ကပင္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း သိရသည္။ “မႏွစ္ကေတာ့ MNL(1)ၿပိဳင္ပြဲမွာ (၁၂၃)ပြဲရွိတဲ့အထဲက (၇)ပြဲကို သံသယရွိစရာေကာင္းတယ္ဆိုတာေၾကာင့္ စုံစမ္းစိစစ္ေရး အဖြဲ႕ကိုဖြဲ႕လိုက္တယ္။ အဲဒီထဲမွာ အဖြဲ႕ဝင္(၅)ဦးပါဝင္ၿပီးေတာ့ သံသယရွိစရာေကာင္းတဲ့ (၇)သင္းကို အျပန္ျပန္အလွန္လွန္စစ္ေဆးခဲ့တယ္ေပါ့ေနာ္။ စစ္ေဆးခဲ့ေတာ့ သက္ေသနဲ႔ေဖာ္ျပခဲ့လို႔ရၿပီးေတာ့ အေရးယူလို႔ရတဲ့အခ်က္ေတာ့မေတြ႕ဘူး။ အဲဒါေတာ့ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ သက္ေသလည္း အတိအက်မရွိဘူး။ လြဲေခ်ာ္တာေလးေတြရွိေတာ့ သက္ဆိုင္ရာကစားသမားေတြကို ေခၚယူၿပီးေတာ့ ေနာက္တစ္ခါ ဒီလိုမ်ိဳးမျဖစ္ေအာင္ ေျပာဆိုႀကီးၾကပ္ထိန္းသိမ္းၿပီး ေနာက္ဆုံးႀကိမ္သတိေပးခဲ့ပါတယ္။ ၿပီးေတာ့အသင္းလိုက္ေခၚယူၿပီး လုပ္ပြဲကစားရင္ ဥပေဒအရဘယ္လိုထိထိေရာက္ေရာက္အေရးခံရႏိုင္တယ္ဆိုတာမ်ိဳးေတြေျပာခဲ့တာရွိပါတယ္”ဟု ဦးစိုးမိုးေက်ာ္က ေျပာသည္။

ထို႔ျပင္လုပ္ပြဲကစားသည့္ သက္ဆိုင္ရာကစားသမားအေနျဖင့္ ရာသက္ပန္ပြဲပယ္ျပစ္ဒဏ္အျပင္ ႏိုင္ငံေတာ္ကခ်မွတ္ထားသည့္ ေလာင္းကစားဥပေဒျဖင့္ပါ ထည့္သြင္းအေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။ “ျပစ္မႈတစ္ခုခုက သူက်ဴးလြန္တဲ့အေပၚမူတည္ၿပီးေတာ့ ပြဲတစ္ခုလုံးကို ႐ုပ္ဆိုးအက်ည္းတန္သြားေစတဲ့ပြဲမ်ိဳးတို႔၊ နာမည္ဆိုးနဲ႔ အဆိပ္ အေတာက္ ျဖစ္ေစတယ္ဆိုရင္ေတာ့ ေသခ်ာတယ္ သူသည္အျမင့္ဆုံးက ရာသက္ပန္ပြဲပယ္ခံရမွာျဖစ္သလို ႏိုင္ငံ ေတာ္က သတ္မွတ္ထားတဲ့ ေလာင္းကစားဥပေဒနဲ႔လည္း အေရးယူခံရမယ္ေပါ့။ ဥပေဒ(၂)ခုနဲ႔ အေရးယူခံရမွာေပါ့။ ဒီဘက္မွာေဘာလုံးနဲ႔ပတ္သက္ရင္ေတာ့ သူ႔ကိုမည္သည့္ေနရာမွပါဝင္ျခင္းမရွိေစရ။ ေဘာလုံးအဖြဲ႕ခ်ဳပ္ကႀကီးမႉးက်င္းပတဲ့ဘယ္ၿပိဳင္ပြဲမွာမွ ဝင္ေရာက္ကစားခြင့္မရွိဘူး။ ေနာက္ၿပီး အဲဒီလိုကစားသမား တစ္ဦးမကဘူး(၂)ဦး(၃)ဦးေလာက္က လက္ေ႐ြးစင္ကစားဆိုရင္လည္း လက္ေ႐ြးစင္အသင္းကေန ရာသက္ပန္အပယ္ခံရမွာျဖစ္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါ လုပ္ပြဲကစားမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္ကလည္း ေမလ ၁၄ ရက္က က်င္းပခဲ့ေသာ ျမန္မာေနရွင္နယ္လိဂ္ေကာ္မတီအစည္းအေဝးတြင္ ေဘာလုံးေလာကတစ္ခုလုံး ထိခိုက္ပ်က္စီးသြားႏိုင္သည့္ လုပ္ပြဲကစားမႈ (Match Fixing) ျပဳလုပ္ကစားျခင္းတို႔ကို ႀကိဳတင္အသိေပးကာကြယ္မႈမ်ား ျပဳလုပ္သြားရန္ႏွင့္ ျဖစ္ေပၚလာပါက ခ်က္ျခင္းအေရးယူေဆာင္႐ြက္သြားရန္ တိုက္တြန္းေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.