ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဆိုင်ကယ်(၃)စီးချောင်းအတွင်းပြုတ်ကျကာ တစ်ဦးသေဆုံးခဲ့ရ

 6058

သန့်ဇင် (NP News) - မေ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဆိုင်ကယ်(၃)စီး ချောင်းအတွင်းသို့ ပြုတ်ကျကာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(မေလ ၂၃ ရက်)၊ နံနက် ၂နာရီ ၄၀မိနစ်အချိန်ခန့်က ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ တောင်ကလေးကျေးရွာအထွက်ရှိ မစောတံတားကို အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ “တံ တားကတော့ မိုင်းခွဲခံရတာပါ။ မနက်အစောပိုင်းလောက်က ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရပြီးတော့ တံတားကကျိုးကျ သွားတာပါ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ မစောတံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အလျား (၁၀၆)ပေ၊ အကျယ်(၂၄)ပေရှိ ကွန်ကရစ်တံတား၏ (၃)ပုံ(၂)ပုံခန့်မှာ ချောင်းအတွင်းသို့ ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် လူငယ်(၄)ဦးသည် မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျနေသော မစောတံတား၏ အခြေအနေကိုမသိရှိပဲ ဆိုင်ကယ် စီးနင်းမောင်းနှင်လာသည့်အတွက် ချောင်းအတွင်းသို့ပြုတ်ကျကာ အသက်(၂၀)ကျော်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သိရသည်။

“တံတားကျိုးကျပြီးတော့ ဘားအံဘက်ကနေဆင်းလာတဲ့ ဆိုင်ကယ်ဘီးကြီး(၃)စီးက တံတားကျိုးထားကိုမသိပဲ စွတ်မောင်းတော့ အောက်ကို ပြုတ်ကျသွားတာ။ အဲဒီမှာ လူ(၄)ယောက်ပါပြီး လင်မယား(၂)ယောက်စီးလာတဲ့ဆိုင်ကယ်က အမျိုးသားက ဆုံးသွားတယ်။ အမျိုးသား တစ်ယောက်က လက်(၂)ဖက်လုံးကျိုးသွားတယ်။ ကျန်တဲ့လူ(၂)ယောက်တော့ ပွန်းပဲ့လောက်ပဲ ရကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ လက်ရှိတွင် မစောတံတားကျိုးကျပျက်စီးသွားသည့်အတွက် ရန်ကုန်-မော်လမြိုင်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လျက်ရှိကာ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများကို ယခင်ကကျုံအိတ်တံတားကျိုးကျသည့်ဖြစ်စဉ်နောက်ပိုင်းအသုံးပြုခဲ့သည့် တောလမ်းကိုသာ ပြန်လည်အသုံးပြုနေရကြောင်း ဒေသခံများကဆိုသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်ခြမ်းပြိုကျပျက်စီးသွားခဲ့ပြီး တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျကာ ပြည်သူတစ်ဦးသေဆုံးခဲ့ဖူးသည်။

zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ မေစာတံတား မိုင္းခြဲဖ်က္ဆီးခံရၿပီးေနာက္ ဆိုင္ကယ္(၃)စီးေခ်ာင္းအတြင္းျပဳတ္က်ကာ တစ္ဦးေသဆုံးခဲ့ရ
သန႔္ဇင္ (NP News) - ေမ ၂၃

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ မေစာတံတား မိုင္းခြဲဖ်က္ဆီးခံရၿပီးေနာက္ ဆိုင္ကယ္(၃)စီး ေခ်ာင္းအတြင္းသို႔ ျပဳတ္က်ကာ တစ္ဦးေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယေန႔(ေမလ ၂၃ ရက္)၊ နံနက္ ၂နာရီ ၄၀မိနစ္အခ်ိန္ခန႔္က ဘီးလင္းၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း၊ ေတာင္ကေလးေက်း႐ြာအထြက္ရွိ မေစာတံတားကို အၾကမ္းဖက္အဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။ “တံ တားကေတာ့ မိုင္းခြဲခံရတာပါ။ မနက္အေစာပိုင္းေလာက္က ေပါက္ကြဲသံအက်ယ္ႀကီးၾကားလိုက္ရၿပီးေတာ့ တံတားကက်ိဳးက် သြားတာပါ”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ မေစာတံတားမိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ အလ်ား (၁၀၆)ေပ၊ အက်ယ္(၂၄)ေပရွိ ကြန္ကရစ္တံတား၏ (၃)ပုံ(၂)ပုံခန႔္မွာ ေခ်ာင္းအတြင္းသို႔ က်ိဳးက်ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ လူငယ္(၄)ဦးသည္ မိုင္းခြဲဖ်က္ဆီးခံရ၍ က်ိဳးက်ေနေသာ မေစာတံတား၏ အေျခအေနကိုမသိရွိပဲ ဆိုင္ကယ္ စီးနင္းေမာင္းႏွင္လာသည့္အတြက္ ေခ်ာင္းအတြင္းသို႔ျပဳတ္က်ကာ အသက္(၂၀)ေက်ာ္အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီးေသဆုံး သြားခဲ့ေၾကာင္း သိရသည္။

“တံတားက်ိဳးက်ၿပီးေတာ့ ဘားအံဘက္ကေနဆင္းလာတဲ့ ဆိုင္ကယ္ဘီးႀကီး(၃)စီးက တံတားက်ိဳးထားကိုမသိပဲ စြတ္ေမာင္းေတာ့ ေအာက္ကို ျပဳတ္က်သြားတာ။ အဲဒီမွာ လူ(၄)ေယာက္ပါၿပီး လင္မယား(၂)ေယာက္စီးလာတဲ့ဆိုင္ကယ္က အမ်ိဳးသားက ဆုံးသြားတယ္။ အမ်ိဳးသား တစ္ေယာက္က လက္(၂)ဖက္လုံးက်ိဳးသြားတယ္။ က်န္တဲ့လူ(၂)ေယာက္ေတာ့ ပြန္းပဲ့ေလာက္ပဲ ရၾကတယ္”ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ဘီးလင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။ လက္ရွိတြင္ မေစာတံတားက်ိဳးက်ပ်က္စီးသြားသည့္အတြက္ ရန္ကုန္-ေမာ္လၿမိဳင္လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္လ်က္ရွိကာ ကုန္စည္စီးဆင္းမႈႏွင့္ ခရီးသြားလာမႈမ်ားကို ယခင္ကက်ဳံအိတ္တံတားက်ိဳးက်သည့္ျဖစ္စဥ္ေနာက္ပိုင္းအသုံးျပဳခဲ့သည့္ ေတာလမ္းကိုသာ ျပန္လည္အသုံးျပဳေနရေၾကာင္း ေဒသခံမ်ားကဆိုသည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဇြန္လအတြင္းကလည္း ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚရွိ က်ဳံအိတ္တံတားကို KNU/PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ တံတားတစ္ျခမ္းၿပိဳက်ပ်က္စီးသြားခဲ့ၿပီး တံတားေပၚတြင္ ျဖတ္သန္းေမာင္းႏွင္ေနသည့္ ေမာ္ေတာ္ယာဥ္ ၃ စီးျပဳတ္က်ကာ ျပည္သူတစ္ဦးေသဆုံးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.