အမေရိကန်နိုင်ငံမှာ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ(၅)ဦးသေဆုံးကာ အခြားလူ(၃၅)ဦးထိခိုက်ဒဏ်ရာရရှိ

 876

Pika (NP News) - မေ ၂၃

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဂရင်းဖီးလ်မြို့ကို လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပြီးနောက် အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အိုင်အိုဝါအာဏာပိုင်တွေက မေလ(၂၂)ရက်နေ့မှာပြောကြားခဲ့ပါတယ်။

Des Moines မြို့ အနောက်တောင်ဘက် မိုင်(၆၀)အကွာမှာရှိတဲ့ ဂရင်းဖီးလ်မြို့ကို လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုတွေကို အာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ အိုင်အိုဝါပြည်နယ် ကင်းလှည့်တပ်ကြပ်ကြီး အဲလက်စ်ဒင်ကလာက 'လေဆင် နှာမောင်းတိုက်ခတ်မှုအတွင်း နေအိမ်အများအပြား ပျက်စီးသွားခဲ့တာမလို့ အသေအပျောက်တွေကို ထပ်မံစစ်ဆေးနေတုန်းပါပဲ'လို့ ပြောဆိုခဲ့ပါတယ်။သို့သော်လည်း ပျောက်ဆုံးနေဆဲလူရှိ/မရှိ ဒါမှမဟုတ် သေဆုံးသူတွေကို ရှာဖွေနေဆဲ ရှိ/မရှိဆိုတဲ့ အချက်တွေကို ကယ်ဆယ်ရေးအေဂျင်စီတွေက ထုတ်ပြန်ပြောကြားတာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် လေဆင် နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသွားတဲ့လူ(၅)ဦးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၃၅)ဦးအနက် အနည်းဆုံး(၁၄)ဦးကို ဆေးကုသမှုတွေ လုပ်ဆောင်ဖို့အတွက် ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်က ယခုထုတ်ပြန်ထားတဲ့ အရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့လည်း တာဝန်ရှိသူတွေကထပ်မံပြောကြားခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဓါတ်ပုံတွေမှာ ပျက်စီးနေတဲ့နေအိမ်တွေ၊လဲကျနေတဲ့ သစ်ပင်တွေနဲ့ လွင့်စင်သွားပြီး ပျက်စီးသွားတဲ့ ကားတွေကို တွေ့မြင်ခဲ့ရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ဂရင်းဖီးလ်မြို့အပြင်ဘက်မှာရှိတဲ့ လေအားလျှပ်စစ် တာဘိုင်ကြီးနှစ်ခုလည်း ပြုတ်ကျနေတာကို အဆိုပါ ဓါတ်ပုံတွေထဲမှာ တွေ့မြင်ခဲ့ရပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံမွာ ေလဆင္ႏွာေမာင္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ အနည္းဆုံး လူ(၅)ဦးေသဆုံးကာ အျခားလူ(၃၅)ဦးထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ေမ ၂၃

အေမရိကန္ႏိုင္ငံ အိုင္အိုဝါျပည္နယ္ ဂရင္းဖီးလ္ၿမိဳ႕ကို ေလဆင္ႏွာေမာင္းတစ္ခု ဝင္ေရာက္တိုက္ခတ္ၿပီးေနာက္ အနည္းဆုံးလူ(၅)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အိုင္အိုဝါအာဏာပိုင္ေတြက ေမလ(၂၂)ရက္ေန႔မွာေျပာၾကားခဲ့ပါတယ္။

Des Moines ၿမိဳ႕ အေနာက္ေတာင္ဘက္ မိုင္(၆၀)အကြာမွာရွိတဲ့ ဂရင္းဖီးလ္ၿမိဳ႕ကို ေလဆင္ႏွာေမာင္းဝင္ေရာက္တိုက္ခတ္ၿပီးေနာက္ ပ်က္စီးဆုံးရႈံးမႈေတြကို အာဏာပိုင္ေတြက စစ္ေဆးေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ အိုင္အိုဝါျပည္နယ္ ကင္းလွည့္တပ္ၾကပ္ႀကီး အဲလက္စ္ဒင္ကလာက 'ေလဆင္ ႏွာေမာင္းတိုက္ခတ္မႈအတြင္း ေနအိမ္အမ်ားအျပား ပ်က္စီးသြားခဲ့တာမလို႔ အေသအေပ်ာက္ေတြကို ထပ္မံစစ္ေဆးေနတုန္းပါပဲ'လို႔ ေျပာဆိုခဲ့ပါတယ္။သို႔ေသာ္လည္း ေပ်ာက္ဆုံးေနဆဲလူရွိ/မရွိ ဒါမွမဟုတ္ ေသဆုံးသူေတြကို ရွာေဖြေနဆဲ ရွိ/မရွိဆိုတဲ့ အခ်က္ေတြကို ကယ္ဆယ္ေရးေအဂ်င္စီေတြက ထုတ္ျပန္ေျပာၾကားတာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေလဆင္ ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေသဆုံးသြားတဲ့လူ(၅)ဦးနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ထားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ(၃၅)ဦးအနက္ အနည္းဆုံး(၁၄)ဦးကို ေဆးကုသမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေဆး႐ုံကို ေခၚေဆာင္သြားခဲ့တယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ထိခိုက္ဒဏ္ရာရရွိသူအေရအတြက္က ယခုထုတ္ျပန္ထားတဲ့ အေရအတြက္ထက္ ပိုမိုမ်ားျပားႏိုင္တယ္လို႔လည္း တာဝန္ရွိသူေတြကထပ္မံေျပာၾကားခဲ့ပါတယ္။ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ ဓါတ္ပုံေတြမွာ ပ်က္စီးေနတဲ့ေနအိမ္ေတြ၊လဲက်ေနတဲ့ သစ္ပင္ေတြနဲ႔ လြင့္စင္သြားၿပီး ပ်က္စီးသြားတဲ့ ကားေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ ဂရင္းဖီးလ္ၿမိဳ႕အျပင္ဘက္မွာရွိတဲ့ ေလအားလွ်ပ္စစ္ တာဘိုင္ႀကီးႏွစ္ခုလည္း ျပဳတ္က်ေနတာကို အဆိုပါ ဓါတ္ပုံေတြထဲမွာ ေတြ႕ျမင္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.