စိုက်ပျိုးစရိတ်ချေးငွေ အကျေပေးဆပ်ပြီးသူများကို ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေ

 831

ယွန်း(NP News) - မေ ၂၃

စိုက်ပျိုးစရိတ်ချေးငွေ အကျေပေးဆပ်ပြီးသူများကို ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယနေ့ (မေလ ၂၃ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူဦးကြီးများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ်ထုတ်ချေးခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် ချေးငွေကင်းရှင်းမှသာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကို သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးများပါ အကျေဆပ်ပြီးသည့် တောင်သူများကို မိုးရာသီစိုက်ပျိုးချိန်အမီ ပြီးခဲ့သည့် မေလ(၂၀)ရက်နေ့မှစ၍ ယခင်အတိုင်း တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ယခင်ချေးငွေများကို အကျေဆပ်ပြီးသည့် တောင်သူလယ်သမားများအနေဖြင့် ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေး အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ရန် အသိပေးထားသည်။

zawgyi version
စိုက္ပ်ိဳးစရိတ္ေခ်းေငြ အေက်ေပးဆပ္ၿပီးသူမ်ားကို ၂၀၂၄ မိုးရာသီ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးေန
ယြန္း(NP News) - ေမ ၂၃

စိုက္ပ်ိဳးစရိတ္ေခ်းေငြ အေက်ေပးဆပ္ၿပီးသူမ်ားကို ၂၀၂၄ မိုးရာသီ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးေနေၾကာင္း ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္က ယေန႔ (ေမလ ၂၃ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္သည္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို စိုက္ပ်ိဳးရာသီအလိုက္ ထုတ္ေခ်းေပးလ်က္ရွိၿပီး ေတာင္သူဦးႀကီးမ်ားအေနျဖင့္ ယခင္ေႂကြးက်န္ကင္းရွင္းမွသာ ေခ်းေငြအသစ္ထုတ္ေခ်းခြင့္ရွိမည္ျဖစ္ေၾကာင္း သိရသည္။ ၎တို႔အေနျဖင့္ ေခ်းေငြကင္းရွင္းမွသာ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ထုတ္ေခ်းေသာ အျခားႏွစ္တို၊ ႏွစ္လတ္ေခ်းေငြမ်ားကို သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ထုတ္ေခ်းခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၂၀၂၄ မိုးရာသီ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားအား ယခင္ေခ်းေငြအရင္း၊ အတိုးမ်ားပါ အေက်ဆပ္ၿပီးသည့္ ေတာင္သူမ်ားကို မိုးရာသီစိုက္ပ်ိဳးခ်ိန္အမီ ၿပီးခဲ့သည့္ ေမလ(၂၀)ရက္ေန႔မွစ၍ ယခင္အတိုင္း တစ္ႏွစ္လွ်င္ အတိုးႏႈန္း ၅ ရာခိုင္ႏႈန္းျဖင့္ သက္ဆိုင္ရာခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ဘဏ္ခြဲမ်ားမွ တစ္ဆင့္ ထုတ္ေခ်းေပးေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သို႔ျဖစ္၍ ယခင္ေခ်းေငြမ်ားကို အေက်ဆပ္ၿပီးသည့္ ေတာင္သူလယ္သမားမ်ားအေနျဖင့္ ၂၀၂၄ မိုးရာသီ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား အခ်ိန္မီရရွိႏိုင္ေရး အတြက္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္၊ သက္ဆိုင္ရာခ႐ိုင္/ၿမိဳ႕နယ္ဘဏ္ခြဲမ်ားႏွင့္ ဆက္သြယ္ရန္ အသိေပးထားသည္။

Related news

© 2021. All rights reserved.