ပြည်မြို့တွင် ဓာတ်ပုံဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦး ကတ်ကြေးဖြင့် အချက်ပေါင်းများစွာထိုးသတ်ခံရပြီး ကျူးလွန်သူလွတ်မြောက်နေ

 2091

သန့်ဇင် (NP News) - မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဓာတ်ပုံဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦး ကတ်ကြေးဖြင့် အချက်ပေါင်းများစွာထိုးသတ်ခံရပြီး ပြစ်မှုကျူးလွန်သူမှာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၃ ရက်)၊ ည ၈ နာရီဝန်းကျင်အချိန်ခန့်က ပြည်မြို့၊ ရွှေတစ်ချောင်းလမ်း၊ ရွှေလက်လှလမ်းထိပ်ရှိ ဓာတ်ပုံဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့သိရတာတော့ ဓာတ်ပုံဆိုင်က ဝန်ထမ်းလေးလို့သိရတယ်။ သေဆုံးတဲ့ အမျိုးသားက ခြေထောက်အပေါ်ပိုင်းအကုန်လုံး ကတ်ကြေးနဲ့အထိုးခံထားရပြီး လည်ပင်းကိုအထိုးခံရတာက ပိုပြီးများတယ်။ တစ်ဆိုင်လုံးသွေးတွေအနှံ့ပဲ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သတ်ဖြတ်ခံထားရသည့် အမျိုးသားမှာ အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “အခုချိန်ထိတော့ သတ်သွားတဲ့လူကို မမိသေးဘူး။ ရဲတွေက တော့ လိုက်နေတုန်းပေါ့။ အရင်ကတော့ ပြည်မှာ လုယက်မှုတွေဖြစ်တယ်။ အခုနောက်ပိုင်းတော့ အေးသွားပြီး ပိုင်ရှင်မဲ့အလောင်းတွေတွေ့နေရတယ်။ မနေ့ကပဲ ပိုင်ရှင်မဲ့အလောင်း(၂)လောင်းတွေခဲ့တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ ဓာတ္ပုံဆိုင္ဝန္ထမ္းအမ်ိဳးသားတစ္ဦး ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာထိုးသတ္ခံရၿပီး က်ဴးလြန္သူလြတ္ေျမာက္ေန
သန႔္ဇင္ (NP News) - ေမ ၂၄

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ ဓာတ္ပုံဆိုင္ဝန္ထမ္းအမ်ိဳးသားတစ္ဦး ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာထိုးသတ္ခံရၿပီး ျပစ္မႈက်ဴးလြန္သူမွာ လက္ရွိအခ်ိန္ထိ လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၃ ရက္)၊ ည ၈ နာရီဝန္းက်င္အခ်ိန္ခန႔္က ျပည္ၿမိဳ႕၊ ေ႐ႊတစ္ေခ်ာင္းလမ္း၊ ေ႐ႊလက္လွလမ္းထိပ္ရွိ ဓာတ္ပုံဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔သိရတာေတာ့ ဓာတ္ပုံဆိုင္က ဝန္ထမ္းေလးလို႔သိရတယ္။ ေသဆုံးတဲ့ အမ်ိဳးသားက ေျခေထာက္အေပၚပိုင္းအကုန္လုံး ကတ္ေၾကးနဲ႔အထိုးခံထားရၿပီး လည္ပင္းကိုအထိုးခံရတာက ပိုၿပီးမ်ားတယ္။ တစ္ဆိုင္လုံးေသြးေတြအႏွံ႔ပဲ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

သတ္ျဖတ္ခံထားရသည့္ အမ်ိဳးသားမွာ အသက္(၂၅)ႏွစ္ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး ခႏၶာကိုယ္အႏွံ႔ ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ “အခုခ်ိန္ထိေတာ့ သတ္သြားတဲ့လူကို မမိေသးဘူး။ ရဲေတြက ေတာ့ လိုက္ေနတုန္းေပါ့။ အရင္ကေတာ့ ျပည္မွာ လုယက္မႈေတြျဖစ္တယ္။ အခုေနာက္ပိုင္းေတာ့ ေအးသြားၿပီး ပိုင္ရွင္မဲ့အေလာင္းေတြေတြ႕ေနရတယ္။ မေန႔ကပဲ ပိုင္ရွင္မဲ့အေလာင္း(၂)ေလာင္းေတြခဲ့တယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီက ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.