နစကလက်ထက်(၃)နှစ်ကျော်အတွင်း ဆောက်လုပ်ရေးလုပ်ငန်း (၄၀)ရာခိုင်နှုန်းနီးပါး ရပ်နားနေရ

 666

ယွန်း (NP News ) - မေ ၂၄

နိုင်ငံရေးအခင်းအကျင်းစတင်ဖြစ်ပွားပြီးနောက် လက်ရှိအချိန်အထိ (၃)နှစ်ကျော်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားခဲ့ရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ယခင်ထက် ၁၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်ခဲ့ပြီး လက်ရှိတွင်ပါမစ်အခက်အခဲကြောင့် ပစ္စည်းပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ထို့ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ရပ်နားခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှစ၍ လက်ရှိအချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။

“ရပ်ကွက်တွေဘာတွေမှာလိုက်ဆောက်တဲ့ လုပ်ငန်းအသေးတွေတော့ ရပ်နားလိုက်ကြတယ်။ အသေးလေးတွေနဲ့ ပုံမှန်တင်ဒါဆွဲပြီးလုပ်နေတဲ့ ကုမ္ပဏီလေးတွေတော့ သုံးနှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းလောက်တော့ ရပ်နားလိုက်ကြတယ်။ အဓိက အကြောင်းကတော့ ဆောက်လုပ်ရေးပစ္စည်းတွေ တရိပ်ရိပ်နဲ့ဈေးက တောက်လျှောက်တက်နေတာက ပြဿနာဖြစ်နေတာပေါ့။ ပစ္စည်းတွေကဝယ်ရတာ လည်းခက်လာကြတယ်” ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

သို့သော် တစ်ဖက်တွင်လည်း ကွန်ဒို၊ တိုက်ခန်းဝယ်ယူမှု မြင့်တက်လာသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အဆောက်အအုံများကို အသစ် ထပ်မံတည်ဆောက်နေကြသည့် လုပ်ငန်းရှင်ကြီးများလည်းရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။ “အသစ်ပြန်စတဲ့ လုပ်ငန်းကြီးတွေလည်းရှိတယ်။ အခန်းတွေကရောင်းထွက်လာကြတော့ လုပ်ငန်းကြီးတွေက ၂၀၂၂ လောက်မှာ တချို့ပြန်စကြတာတွေရှိတယ်။ ကုမ္ပဏီကြီးတွေကတော့ ဈေးကိုလည်းချိန်ပြီးတော့ ဆောက်ပြီးရောင်းမှာပဲ။ ဒါပေမဲ့ တချို့ကျတော့ အ ဆောက်အအုံတွေ လက်ခံထားပြီးသွားပြီ ဓာတ်လှေကားတွေ သွင်းမရလို့ ပြန်မအပ်နိုင်တဲ့ အဆောက်အအုံတွေလည်း အများကြီးပဲ။ အဲဒီလို ဟာမျိုးတွေလည်းရှိတယ် နည်းတော့နည်းတယ်။ ဒါပေမဲ့ ဓာတ်လှေကားတို့၊ လျှပ် စစ်ပစ္စည်းတို့သွင်း မရတဲ့အတွက် လက်စသတ်မယ့်အချိန်တော့ နောက် ဆုတ်ကုန်တာ အမှန်ပဲ”ဟု ၎င်းကဆိုသည်။

လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်နေသည့် အဆောက်အအုံများလည်း ရှိနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားလိုက်ရသည့်အတွက် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပါ ထိခိုက်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားသည်။ ဆောက်လုပ်ရေးကဏ္ဍသည် ပြည်တွင်းရှိ အလုပ်သမားများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးထားနိုင်သည့်ကဏ္ဍတစ်ခုဖြစ်ပြီး အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍ၏ (၂၀၁၈) ခုနှစ်တွင် တရားဝင်ကောက်ယူထားသော စစ်တမ်းများအရ လုပ်သားအင်အား (၁ ဒသမ ၂) သန်းရှိကြောင်း သိရသည်။

zawgyi version
နစကလက္ထက္(၃)ႏွစ္ေက်ာ္အတြင္း ေဆာက္လုပ္ေရးလုပ္ငန္း (၄၀ ) ရာခိုင္ႏႈန္းနီးပါး ရပ္နားေနရ
ယြန္း (NP News ) - ေမ ၂၄

ႏိုင္ငံေရးအခင္းအက်င္းစတင္ျဖစ္ပြားၿပီးေနာက္ လက္ရွိအခ်ိန္အထိ (၃)ႏွစ္ေက်ာ္ကာလအတြင္း ေဆာက္လုပ္ေရးလုပ္ငန္း ၄၀ ရာခိုင္ႏႈန္းနီးပါး ရပ္နားခဲ့ရေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။

ၿပီးခဲ့သည့္ မတ္လ၌ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား ယခင္ထက္ ၁၀ ရာခိုင္ႏႈန္းအထိ ေဈးျမင့္တက္ခဲ့ၿပီး လက္ရွိတြင္ပါမစ္အခက္အခဲေၾကာင့္ ပစၥည္းျပတ္လပ္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းအခ်ိဳ႕ရပ္နားခဲ့ရၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ ဝါရီလမွစ၍ လက္ရွိအခ်ိန္အထိ ေဆာက္လုပ္ေရးလုပ္ငန္း ၄၀ ရာခိုင္ႏႈန္းနီးပါး လုပ္ငန္းဆက္လက္လည္ပတ္ႏိုင္ျခင္း မရွိေတာ့ေၾကာင္းသိရသည္။

“ရပ္ကြက္ေတြဘာေတြမွာလိုက္ေဆာက္တဲ့ လုပ္ငန္းအေသးေတြေတာ့ ရပ္နားလိုက္ၾကတယ္။ အေသးေလးေတြနဲ႔ ပုံမွန္တင္ဒါဆြဲၿပီးလုပ္ေနတဲ့ ကုမၸဏီေလးေတြေတာ့ သုံးႏွစ္အတြင္းမွာ ၄၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ရပ္နားလိုက္ၾကတယ္။ အဓိက အေၾကာင္းကေတာ့ ေဆာက္လုပ္ေရးပစၥည္းေတြ တရိပ္ရိပ္နဲ႔ေဈးက ေတာက္ေလွ်ာက္တက္ေနတာက ျပႆနာျဖစ္ေနတာေပါ့။ ပစၥည္းေတြကဝယ္ရတာ လည္းခက္လာၾကတယ္” ဟု ေဆာက္ လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

သို႔ေသာ္ တစ္ဖက္တြင္လည္း ကြန္ဒို၊ တိုက္ခန္းဝယ္ယူမႈ ျမင့္တက္လာသည့္အတြက္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္မွစ၍ အေဆာက္အအုံမ်ားကို အသစ္ ထပ္မံတည္ေဆာက္ေနၾကသည့္ လုပ္ငန္းရွင္ႀကီးမ်ားလည္းရွိေနေၾကာင္း ၎ကဆက္လက္ေျပာသည္။ “အသစ္ျပန္စတဲ့ လုပ္ငန္းႀကီးေတြလည္းရွိတယ္။ အခန္းေတြကေရာင္းထြက္လာၾကေတာ့ လုပ္ငန္းႀကီးေတြက ၂၀၂၂ ေလာက္မွာ တခ်ိဳ႕ျပန္စၾကတာေတြရွိတယ္။ ကုမၸဏီႀကီးေတြကေတာ့ ေဈးကိုလည္းခ်ိန္ၿပီးေတာ့ ေဆာက္ၿပီးေရာင္းမွာပဲ။ ဒါေပမဲ့ တခ်ိဳ႕က်ေတာ့ အ ေဆာက္အအုံေတြ လက္ခံထားၿပီးသြားၿပီ ဓာတ္ေလွကားေတြ သြင္းမရလို႔ ျပန္မအပ္ႏိုင္တဲ့ အေဆာက္အအုံေတြလည္း အမ်ားႀကီးပဲ။ အဲဒီလို ဟာမ်ိဳးေတြလည္းရွိတယ္ နည္းေတာ့နည္းတယ္။ ဒါေပမဲ့ ဓာတ္ေလွကားတို႔၊ လွ်ပ္ စစ္ပစၥည္းတို႔သြင္း မရတဲ့အတြက္ လက္စသတ္မယ့္အခ်ိန္ေတာ့ ေနာက္ ဆုတ္ကုန္တာ အမွန္ပဲ”ဟု ၎ကဆိုသည္။

လက္ရွိ၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ တည္ေဆာက္ေနသည့္ အေဆာက္အအုံမ်ားလည္း ရွိေနေသာ္လည္း ေဆာက္လုပ္ေရးလုပ္ငန္းအခ်ိဳ႕ ရပ္နားလိုက္ရသည့္အတြက္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ားကိုပါ ထိခိုက္လ်က္ရွိေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ေျပာဆိုထားသည္။ ေဆာက္လုပ္ေရးက႑သည္ ျပည္တြင္းရွိ အလုပ္သမားမ်ားကို အလုပ္အကိုင္အခြင့္အလမ္း အမ်ားဆုံးေပးထားႏိုင္သည့္က႑တစ္ခုျဖစ္ၿပီး အိမ္ၿခံေျမေဆာက္လုပ္ေရးက႑၏ (၂၀၁၈) ခုႏွစ္တြင္ တရားဝင္ေကာက္ယူထားေသာ စစ္တမ္းမ်ားအရ လုပ္သားအင္အား (၁ ဒသမ ၂) သန္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.