ထိုင်းနိုင်ငံမှာ ဆေးခြောက်အသုံးပြုမှု ပိတ်ပင်ဖို့ စီစဉ်နေ

 867

ရောင်နီ (NP News) - မေ ၂၄

ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံဟာ ယခုအခါမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းထဲ သွင်းဖို့ စီစဉ်နေပါတယ်။

၄င်းကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်နဲ့ သုတေသနပြုဖို့အတွက် စိုက်ပျိုးသူတွေအတွက်သာ အသုံးပြုဖို့ ခွင့်ပြု သွားမယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက်ခ်သယ်ဆူတင်က ဆိုရှယ်မီဒီယာမှာ မေလ ၂၃ ရက်က ပြောကြားခဲ့ပါတယ်။ အဓိကရည်ရွယ်တာကတော့ ဆေးခြောက်ကို အပန်းဖြေဖို့ အသုံးပြုသူတွေကို တားမြစ် ပိတ်ပင်သွားဖို့ ရည်ရွယ်တာဖြစ်ပြီး စိုက်ပျိုးသူ၊ တင်ပို့သူနဲ့ အခြားလက်ဝယ် ပိုင်ဆိုင်ထားသူတွေကတော့ လိုအပ်တဲ့ လိုင်စင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လိုင်စင်အတွက် လိုအပ်ချက်အသေးစိတ်ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲဒီထုတ်ပြန်စာကို ဆေးခြောက် ထောက်ခံသူအုပ်စုတွေက ဆန့်ကျင်ကန့်ကွက်ကြပြီး၊ ထောင်နဲ့ချီတဲ့ ဆေးခြောက်ကဖေးတွေနဲ့ ဆေးဆိုင်တွေရဲ့လုပ်ငန်းယုံကြည်ချက်ကို ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။

ထိုင်းနိုင်ငံမှာ နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့ ဆေးခြောက်ကို ရှေးကတည်းက တိုင်းရင်းဆေးနဲ့ ဟင်းချက်ရာမှာ ထည့်သွင်း အသုံးပြုကြကြလေ့ရှိပါတယ်။၂၀၁၈ ခုနှစ်မှာတော့ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို သုတေသနနဲ့ ဆေးဘက်ဆိုင်ရာအသုံးပြုမှုတွေအတွက် ပထမဆုံး တရားဝင် ခွင့်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်မှာတော့ ဆေးခြောက်ကို အမျိုးသား မူးယစ်ဆေး စာရင်းကနေ ပယ်ဖျက်ပြီး လွတ်လပ်စွာ သုံးစွဲစေခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ေဆးေျခာက္အသုံးျပဳမႈ ပိတ္ပင္ဖို႔ စီစဥ္ေန
ေရာင္နီ (NP News) - ေမ ၂၄

ေဆးေျခာက္ကို တရားဝင္ အသုံးျပဳခြင့္ေပးထားတဲ့ ထိုင္းႏိုင္ငံဟာ ယခုအခါမွာ ေဆးေျခာက္ကို မူးယစ္ေဆးဝါး စာရင္းထဲ သြင္းဖို႔ စီစဥ္ေနပါတယ္။

၄င္းကို ေဆးဘက္ဆိုင္ရာ ရည္႐ြယ္ခ်က္နဲ႔ သုေတသနျပဳဖို႔အတြက္ စိုက္ပ်ိဳးသူေတြအတြက္သာ အသုံးျပဳဖို႔ ခြင့္ျပဳ သြားမယ္လို႔ ျပည္သူ႔က်န္းမာေရးဝန္ႀကီး ဆြမ္ဆက္ခ္သယ္ဆူတင္က ဆိုရွယ္မီဒီယာမွာ ေမလ ၂၃ ရက္က ေျပာၾကားခဲ့ပါတယ္။ အဓိကရည္႐ြယ္တာကေတာ့ ေဆးေျခာက္ကို အပန္းေျဖဖို႔ အသုံးျပဳသူေတြကို တားျမစ္ ပိတ္ပင္သြားဖို႔ ရည္႐ြယ္တာျဖစ္ၿပီး စိုက္ပ်ိဳးသူ၊ တင္ပို႔သူနဲ႔ အျခားလက္ဝယ္ ပိုင္ဆိုင္ထားသူေတြကေတာ့ လိုအပ္တဲ့ လိုင္စင္လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။

လိုင္စင္အတြက္ လိုအပ္ခ်က္အေသးစိတ္ကိုလည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အဲဒီထုတ္ျပန္စာကို ေဆးေျခာက္ ေထာက္ခံသူအုပ္စုေတြက ဆန႔္က်င္ကန႔္ကြက္ၾကၿပီး၊ ေထာင္နဲ႔ခ်ီတဲ့ ေဆးေျခာက္ကေဖးေတြနဲ႔ ေဆးဆိုင္ေတြရဲ႕လုပ္ငန္းယုံၾကည္ခ်က္ကို ထိခိုက္ေစတယ္လို႔ ဆိုၾကပါတယ္။

ထိုင္းႏိုင္ငံမွာ နာက်င္မႈနဲ႔ ပင္ပန္းႏြမ္းနယ္မႈေတြ သက္သာေစဖို႔ ေဆးေျခာက္ကို ေရွးကတည္းက တိုင္းရင္းေဆးနဲ႔ ဟင္းခ်က္ရာမွာ ထည့္သြင္း အသုံးျပဳၾကၾကေလ့ရွိပါတယ္။၂၀၁၈ ခုႏွစ္မွာေတာ့ ထိုင္းႏိုင္ငံဟာ ေဆးေျခာက္ကို သုေတသနနဲ႔ ေဆးဘက္ဆိုင္ရာအသုံးျပဳမႈေတြအတြက္ ပထမဆုံး တရားဝင္ ခြင့္ျပဳခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂ ႏွစ္မွာေတာ့ ေဆးေျခာက္ကို အမ်ိဳးသား မူးယစ္ေဆး စာရင္းကေန ပယ္ဖ်က္ၿပီး လြတ္လပ္စြာ သုံးစြဲေစခဲ့တာျဖစ္ပါတယ္။

© 2021. All rights reserved.