အကြမ်းဖက်သမားများ သောင်းကျန်းနေတဲ့ ဟေတီနိုင်ငံမှာ ကျန်းမာရေးစနစ် ပြိုလဲလုနီးဖြစ်ဟု ကုလသမဂ္ဂ သတိပေး

 681

Htay Oung (NP News) - မေ ၂၅

ဟေတီနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ပြိုလဲလုနီးပါးအခြေအနေ ဆိုက်ရောက်နေပြီဖြစ်ကြောင်း၊ နိုင်ငံအတွင်း ဆေးရုံ ၁ဝ ရုံ ရှိတဲ့အနက် ၆ ရုံတို့မှာ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့သလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးငယ်များဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်တဲ့ ယူနီဆက်ဖ်က သတိပေးလိုက်ကြောင်း BBC ၂ဝ၂၄ ခုနှစ် မေလ ၁၃ ရက်က ရေးသားခဲ့ပါတယ်။

အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခံရမှု၊ အန္တရာယ်များတဲ့ကူးစက်ရောဂါများနဲ့ အာဟာရချို့တဲ့မှု တိုးပွားလာတဲ့ကိစ္စဟာ ဟေတီနိုင်ငံရဲ့ကျန်းမာရေးစနစ်ကို ထိခိုက်စေကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများသာ အချိန်မီ မရရှိခဲ့ရင် စနစ်ကြီးတစ်ခုလုံးကို ဖြိုလှဲလိုက်သလိုဖြစ်သွားနိုင်တယ်လို့ ဟေတီနိုင်ငံဆိုင်ရာ ယူနီဆက်ဖ် ကိုယ်စားလှယ်က ပြောပါတယ်။

ဟေတီဟာ တောင်နဲ့မြောက် အမေရိကန်တိုက်နှစ်ခုအကြား ကာရေဘီယန်ပင်လယ် ဂရိတ်တား_အင်တီ လက်ဇ်ကျွန်းရဲ့အနောက်ခြမ်းမှာတည်ရှိပြီး အရှေ့ခြမ်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ဘာသာ စကားပြော လူဦးရေ ၁၁ သန်းရှိတဲ့အတွက် ကာရေဗီယန်ဒေသမှာ လူနေအများဆုံးတိုင်းပြည်လို့ ဆိုနိုင်ပါတယ်။ အတိတ်ကာလ စပိန်ကိုလိုနီဖြစ်ခဲ့ဖူးပေမယ့် ၁၈ ရာစု ပြင်သစ်တို့လက်ထက် ကြံစိုက်ပျိုးရန် အာဖရိက လူမည်းများ ကို ကျွန်အဖြစ် အများအပြား ခေါ်သွင်းခဲ့ရာမှ လူဖြူများ၊ မူလတောင်အမေရိကနွယ်ဖွားဌာနေတိုင်း ရင်းသားများ ထက် လူမည်းများဦးရေက ၁ဝ ဆကျော် ပိုမိုများပြားသွားခဲ့ပါတယ်။

ဟေတီဟာ ပါလီမန်ဒီမိုကရေစီတိုင်းပြည်ဖြစ်ပေမယ့် ပြန်ပေးဆွဲခြင်း၊ ရာဇဝတ်မှုခင်း ထူပြောခြင်း၊ ရပ်ရွာမငြိမ် သက်မှုများအပြင် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက် နိုင်ငံကို အများဆုံးအကူအညီပေးနေတဲ့ အ မေရိကန်ကိုယ်တိုင်ပင်လျှင် မဖြစ်မနေကိစ္စရပ်မှတပါး မလိုအပ်ပဲ ခရီးမသွားသင့်တဲ့ တိုင်းပြည်အဖြစ် စာရင်းသွင်း ထားခြင်း ခံရပါတယ်။ မကြာခဏ မုန်တိုင်းဒဏ်သင့်ခြင်း၊ ရေကြီးခြင်း မိုးခေါင်ခြင်းတို့ဟာ တစ်လှည့်စီ ခြိမ်းခြောက် နေပြီး ကာရေဘီယန် ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပါတယ်။

ဟေတီရဲ့လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှုဟာ ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်း ဟေတီအာဏာရှင် ဖန်ဆွာ_ဒူဗယ်လီယေ လက်ထက်အတိုက်အခံများကို နှိမ်နင်းဖို့ နိုင်ငံဝန်ထမ်း မဟုတ်သူများကို ခါးပိုက်ဆောင် တပ်အဖြစ် ဖွဲ့စည်းရာမှ စတင်ခဲ့ပါတယ်။ နောက်ပိုင်း သြဇာကြီးထွားလာသူတို့က လက်နက်ဖြုတ်သိမ်းမခံပဲ လက်ယာစွန်းကာကွယ်ရေးအဖွဲ့များအဖြစ် ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ ဒီမိုကရေစီတစ်ပိုင်းတိုင်းပြည်ရဲ့ နိုင်ငံရေးသမားအသီးသီးတို့ ကလည်း မိမိတို့ အကျိုးစီးပွားကို ကာကွယ်ရန်၊ ရွေးကောက်ပွဲများကို ခြယ်လှယ်ဖို့ နဲ့ လူထုမငြိမ်သက်မှုများကို နှိမ်နင်းရန်အကြောင်း ပြပြီး လက်နက်ကိုင်အဖွဲ့များကို ဆက်လက်အသုံးပြုနေခဲ့ပါတယ်။ အဲ့ဒီအဖွဲ့များဟာ နောက်ပိုင်းမှာ ရဲနဲ့ စစ်တပ်ကိုပင် ဂရုမစိုက်တဲ့ စစ်သွေးကြွရာဇဝတ်ဂိုဏ်းများဖြစ်သွားကြပါ တယ်။ ရာဇဝတ်အဖွဲ့ပေါင်း တစ်ဒါဇင်ကျော် ပူးပေါင်းထားတဲ့ G9 ခေါ် FRG9 ဂိုဏ်းခေါင်းဆောင် ဂျင်မီချာဇီယာဟာ အလွန် သြဇာကြီးထွားလာပါတယ်။

ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ချာဇီယာဟာ လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုယ် သူ ရည်ညွှန်းနေပေမယ့် မူးယစ်ဆေးကုန်ကူးခြင်း၊ အရပ်သားများအပေါ် ကြုံရာကျဘမ်းသတ်ဖြတ်ခြင်း၊ စနစ်တ ကျ မုဒိန်းကျင့်ခြင်းနဲ့ ကျေးရွာများကို မီးရှို့ခြင်း၊ ဆက်ကြေးတောင်း လုယက်ခြင်း၊ နိုင်ငံရေးပြိုၤင် ဘက်များ ပြန် ပေးဆွဲ သတ်ဖြတ်နေသူအဖြစ် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပါတယ်။ လူကို အရှင်လတ်လတ် မီးကင်ပြီး သတ်ဖြတ် လေ့ရှိတဲ့အတွက် အသားကင် “ဘာဘီကျူး” လို့လည်း နာမည်ကြီးပါတယ်။ အသက် ၄၇ နှစ်အရွယ် ချာဇီယာ ကတော့ ဒီသတင်းတွေဟာ မဟုတ်မမှန်ကြောင်း ငြင်းဆိုပါတယ်။
ဟေတီဟာ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုများ၊ ရာဇဝတ်ဂိုဏ်းအချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းနဲ့ ပရမ်းပတာ ဖြစ်နေခဲ့ပါတယ်။ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အဝေးမှနေပြီး အကြံဉာဏ်များ ပေးအပ်နေပေမယ့် အဂတိ လိုက်စားမှု ကမ္ဘာ့အမြင့်ဆုံးတိုင်းပြည်ရဲ့အစိုးရဌာနအသီးသီးတို့ဟာ ဘာအပြောင်းအလဲမှ ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဟေတီတစ်နိုင်ငံလုံးရဲ့ ဒေသအသီးသီးမှာ တော်လှန်ရေးအမည်ခံ ရာဇဝတ်ဂိုဏ်းပေါင်း ၂ဝဝ ခန့် ရှိမှာ ဖြစ်ပြီး ဂိုဏ်းအုပ်စုကြီးှနှစ်ခုကလည်း မြို့တော်မှာ ဗိုလ်လုနေကြပါသေးတယ်။ ဟေတီသမ္မတ ဂျိုဗန်နိုင်မွိုင် ဆက်စ်ဟာ ချာဇီယာရဲ့မဟာမိတ်ဖြစ်တယ်လို့ စွပ်စွဲခြင်းခံရပြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဟာလည်း ငြိမ်းချမ်း ရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးတရားစွဲဆို မခံရဘဲ လွတ်မြောက်နေခဲ့ပါတယ်။

၂၀၂၁-ခုနှစ် သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက်စ်ဟာ အမည်မသိသေနတ်သမားများလက်ချက်နဲ့ လုပ်ကြံခံရပြီးနောက် အသက် ၇၄ နှစ်အရွယ် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီး အေရီယယ် ဟင်နရီက ခေတ္တဝန်ကြီးချုပ် ဖြစ်လာတဲ့အခါ ချာဇီယာဟာ ပိုပြီးကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းလာခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးမှာ လည်း ဂိုဏ်းအုပ်စုအသီးသီးတို့က နယ်မြေအစိတ်အပိုင်းများကို ပိုမိုထိန်းချုပ်လာကြပါတယ်။

၂၀၂၃ ခုနှစ် ပို့အောပရင်စ်မြို့တော် ၉၀ ရာခိုင်နှုန်းကျော်ကို G9 နဲ့ G-pep (ခေါ်) ဂိုဏ်းအုပ်စုကြီး ၂ ခုက ထိန်းချုပ်တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ကင်ညာနိုင်ငံဦးဆောင်တဲ့ အင်အား ၁၀၀၀ ကျော် ပါ နိုင်ငံတကာလုံခြုံရေးနဲ့ ထောက်ပံ့ကူညီရေးတပ်ဖွဲ့ကိုလည်း စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစီ အစဉ်ဟာ နှစ်နိုင်ငံအကြား သဘောတူစာချုပ်မရှိခြင်းကြောင့် တရားမဝင်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်တဲ့အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြန် လည်ရုတ်သိမ်းသွားရပါတယ်။ အမေရိကန်က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ခဲ့တဲ့ အစီအစဉ်ကလည်း ကာလရှည် စီးပွားရေးချွတ်ခြုံကျနေပြီး လက်နက်ကိုင်ယဉ်ကျေးမှု အမြစ်တွယ်နေတဲ့ တိုင်းပြည်မှာ တစ်ခဏလောက်သာ တည်ငြိမ်မှုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ သမ္မတ အေရီယယ်ဟင်နရီ ကင်ညာနိုင်ငံကို သွားရောက်နေခိုက် ဟေတီ အကျဉ်းထောင် ၂ ခုမှာ ထောင်ဖောက်မှုဖြစ်ပေါ်ပြီး ရာဇဝတ်အကျဉ်းသား ၄၀၀၀ ကျော် လွတ်မြောက်သွားပါတယ်။ ပြေးလွတ် အဲ့ဒီနောက် ပို့အောပရင့်စ်မြို့မှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုများဆက်တိုက်ဖြစ်ပွားပြီး ဆက်သွယ်ရေးစနစ်များ ပျက်စီးကုန်ပါ တယ်။ ဒီအတွက် ဟေတီမှာ နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာလိုက်ရပါတယ်။ သမ္မတ ဟင်နရီကို ဖြုတ်ချ မယ်လို့ ကြုံးဝါးနေတဲ့ ချာဇီယာက ထောင်ဖောက်မှုဟာ သူ့ရဲ့လက်ချက်ဖြစ်ကြောင်း ကြေညာပါတယ်။ အဲ့ဒီအချိန် ပြည်ပရောက်ရှိနေတဲ့ သမ္မတဟင်နရီဟာ ဟေတီကို ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ စေလွှတ်ရန် ကင်ညာ ခေါင်းဆောင်နဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးကြောင်း သတင်းများလည်း ထွက်ပေါ်ခိုက်ဖြစ်ပါတယ်။

ချာဇီယာကတော့ သမ္မတဟင်နရီ နှုတ်ထွက်ပေးရန်နဲ့ မိမိတို့အပေါ် လူမျိုးတုန်းသတ်ဖြတ်မယ့် ကင်ညာနိုင်ငံနဲ့ အစီအစဉ်ကို လက်မခံကြဖို့ ဟေတီပြည်သူများကို တောင်းဆိုခဲ့ပါတယ်။ ဟေတီရဲစခန်းများနဲ့ နိုင်ငံတကာလေ ဆိပ်ကို စီးနင်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး မြို့တော်နေရာအနှံ့မှာလည်း ရာဇဝတ်ဂိုဏ်ကြီး ၂ ဂိုဏ်းအကြား ဗိုလ်လု စစ်ခင်းနေကြပါတယ်။ သမ္မတဟင်နရီ ရာထူးမှ နှုတ်ထွက်သွားတဲ့အတွက် ဟေတီအသွင်ကူးပြောင်းရေး ကောင်စီက ဖရစ်ဇ်ဘီလစ်ဇိုင်ယာကို နိုင်ငံ့ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်လိုက်ကြပါတယ်။

လက်နက်ကိုင်ဂိုဏ်းများဟာ မြို့တော် ပို့အော်ပရင့်စ်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားနေဆဲဖြစ်ပြီး ကလေး ငယ်သန်းပေါင်းများစွာတို့မှာ ရောဂါဘယနဲ့ အာဟာရချို့တဲ့မှုအန္တရာယ်ရှိနေတယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံအတွင်း လူပေါင်း ၄.၄ သန်းအတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေပြီး လူ ၁.၆ သန်းတို့ဟာ ကလေးသူငယ်ပြုန်းတီးမှုနဲ့ အာဟာရချို့တဲ့မှုအန္တရာယ်ကို ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။
သုံးလနီးပါးပိတ်ထားခဲ့ရတဲ့ ပို့အောအရင့်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယခုသီတင်းပတ်အစောပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် မြို့တော်ရဲ့လုံခြုံရေးအခြေအနေဟာ အလွန်ဆိုးရွားပြီး အထူးသဖြင့် သိုလှောင်ရုံများနှင့် ဆေးဆိုင်မျိုးတို့မှာ အရေးကြီးပစ္စည်းများသိုလှောင်ထားတဲ့ ကွန်တိန်နာများကို လက်နက်ပြ သိမ်းပိုက်ခြင်း (သို့မဟုတ်) လုယက်ခြင်းခံနေရတယ်လို့ ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။
မြို့တော်ဝင်ထွက်ပေါက် လမ်းမကြီးများကို ဂိုဏ်းအုပ်စုများက ထိန်းချုပ်ထားတဲ့အတွက် ကျန်းမာရေးစောင့်ရှောက် မှုဝန်ထမ်းများနဲ့ လူနာသယ်ယူပို့ဆောင်ရေးအပါအဝင် ထောက်ပံ့ရေးကွင်းဆက်အပေါ် ပြင်းထန်စွာ ထိခိုက်စေပါ တယ်။ မကြာခဏဆိုသလို အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုနဲ့ သတ်ဖြတ်ခံရတဲ့အထိဖြစ်နေတာကြောင့် ဆေးရုံ များမှာ လူနာဝန် ပိနေပါတယ်။ ကလေးငယ်အများအပြားအပါအဝင် လူပေါင်း ၃၆၀,၀၀၀ ကျော်တို့ဟာ အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အသွင်ကူးပြောင်းရေးကောင်စီရဲ့တည်ငြိမ်မှုအချို့ပြန်လည်တည်ဆောက်ရေးအကူအညီပေးဖို့ ကင်ညာနိုင်ငံ ဦးစီးတဲ့ နိုင်ငံတကာအလုပ်အဖွဲ့ ရဲတပ်ဖွဲ့များကို ဟေတီနိုင်ငံမှာ ချထားဖို့စီစဉ်နေပါတယ်။ ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော် မှာ ဒီကိစ္စအတွက် သမ္မတဂျိုးဘိုင်ဒင်နဲ့ ကင်ညာသမ္မတတို့က သဘောတူခဲ့ကြပါတယ်။

ဟေတီနိုင်ငံဟာ စတုရန်းမိုင် တစ်သောင်းကျော်သာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ်နီးနီးလောက်သာ ရှိပါတယ်။ မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကာလကြာရှည် မတည်မငြိမ်မှုများ၊ အာဏာရှင်အစိုးရများနဲ့ သဘာဝဘေးအန္တရာယ်များကြောင့် ဟေတီဟာ အမေရိကတိုက်မှာ အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။၂၀၁၀- ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၂၀၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး တိုင်းပြည်ရဲ့အခြေခံ အဆောက်အအုံနဲ့ စီးပွားရေးကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပါတယ်။ နိုင်ငံကို တည်ငြိမ်အေးချမ်းစေရေးအတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စတင်စေလွှတ်ခဲ့ဖူးပေမယ့် ၂၀၁၇ ခုနှစ်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဟေတီအာဏာရှင် ဖန်ဆွာ_ဒူဗယ်လီယေ ပို့ပောပရင့်စ်မြို့တော် ဂျင်မီချာဇီယာ
(BBC., 23 May 2024,” Haiti health system on verge of collapse, UN says” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အၾကမ္းဖက္သမားမ်ား ေသာင္းက်န္းေနတဲ့ ေဟတီႏိုင္ငံမွာ က်န္းမာေရးစနစ္ ၿပိဳလဲလုနီးျဖစ္ဟု ကုလသမဂၢ သတိေပး
Htay Oung (NP News) - ေမ ၂၅

ေဟတီႏိုင္ငံရဲ႕ က်န္းမာေရးစနစ္ဟာ ၿပိဳလဲလုနီးပါးအေျခအေန ဆိုက္ေရာက္ေနၿပီျဖစ္ေၾကာင္း၊ ႏိုင္ငံအတြင္း ေဆး႐ုံ ၁ဝ ႐ုံ ရွိတဲ့အနက္ ၆ ႐ုံတို႔မွာ လုပ္ငန္းလည္ပတ္ႏိုင္ျခင္း မရွိေတာ့သေလာက္ျဖစ္ေနတယ္လို႔ ကုလသမဂၢ ကေလးငယ္မ်ားဆိုင္ရာ ေအဂ်င္စီတစ္ခုျဖစ္တဲ့ ယူနီဆက္ဖ္က သတိေပးလိုက္ေၾကာင္း BBC ၂ဝ၂၄ ခုႏွစ္ ေမလ ၁၃ ရက္က ေရးသားခဲ့ပါတယ္။

အၾကမ္းဖက္မႈ၊ အစုလိုက္အၿပဳံလိုက္ေ႐ႊ႕ေျပာင္းခံရမႈ၊ အႏၲရာယ္မ်ားတဲ့ကူးစက္ေရာဂါမ်ားနဲ႔ အာဟာရခ်ိဳ႕တဲ့မႈ တိုးပြားလာတဲ့ကိစၥဟာ ေဟတီႏိုင္ငံရဲ႕က်န္းမာေရးစနစ္ကို ထိခိုက္ေစေၾကာင္း၊ ေထာက္ပံ့ေရးပစၥည္းမ်ားသာ အခ်ိန္မီ မရရွိခဲ့ရင္ စနစ္ႀကီးတစ္ခုလုံးကို ၿဖိဳလွဲလိုက္သလိုျဖစ္သြားႏိုင္တယ္လို႔ ေဟတီႏိုင္ငံဆိုင္ရာ ယူနီဆက္ဖ္ ကိုယ္စားလွယ္က ေျပာပါတယ္။

ေဟတီဟာ ေတာင္နဲ႔ေျမာက္ အေမရိကန္တိုက္ႏွစ္ခုအၾကား ကာေရဘီယန္ပင္လယ္ ဂရိတ္တား_အင္တီ လက္ဇ္ကြၽန္းရဲ႕အေနာက္ျခမ္းမွာတည္ရွိၿပီး အေရွ႕ျခမ္းဟာ ဒိုမီနီကန္သမၼတႏိုင္ငံျဖစ္ပါတယ္။ ျပင္သစ္ဘာသာ စကားေျပာ လူဦးေရ ၁၁ သန္းရွိတဲ့အတြက္ ကာေရဗီယန္ေဒသမွာ လူေနအမ်ားဆုံးတိုင္းျပည္လို႔ ဆိုႏိုင္ပါတယ္။ အတိတ္ကာလ စပိန္ကိုလိုနီျဖစ္ခဲ့ဖူးေပမယ့္ ၁၈ ရာစု ျပင္သစ္တို႔လက္ထက္ ႀကံစိုက္ပ်ိဳးရန္ အာဖရိက လူမည္းမ်ား ကို ကြၽန္အျဖစ္ အမ်ားအျပား ေခၚသြင္းခဲ့ရာမွ လူျဖဴမ်ား၊ မူလေတာင္အေမရိကႏြယ္ဖြားဌာေနတိုင္း ရင္းသားမ်ား ထက္ လူမည္းမ်ားဦးေရက ၁ဝ ဆေက်ာ္ ပိုမိုမ်ားျပားသြားခဲ့ပါတယ္။

ေဟတီဟာ ပါလီမန္ဒီမိုကေရစီတိုင္းျပည္ျဖစ္ေပမယ့္ ျပန္ေပးဆြဲျခင္း၊ ရာဇဝတ္မႈခင္း ထူေျပာျခင္း၊ ရပ္႐ြာမၿငိမ္ သက္မႈမ်ားအျပင္ က်န္းမာေရးေစာင့္ေရွာက္မႈ ညံ့ဖ်င္းတဲ့အတြက္ ႏိုင္ငံကို အမ်ားဆုံးအကူအညီေပးေနတဲ့ အ ေမရိကန္ကိုယ္တိုင္ပင္လွ်င္ မျဖစ္မေနကိစၥရပ္မွတပါး မလိုအပ္ပဲ ခရီးမသြားသင့္တဲ့ တိုင္းျပည္အျဖစ္ စာရင္းသြင္း ထားျခင္း ခံရပါတယ္။ မၾကာခဏ မုန္တိုင္းဒဏ္သင့္ျခင္း၊ ေရႀကီးျခင္း မိုးေခါင္ျခင္းတို႔ဟာ တစ္လွည့္စီ ၿခိမ္းေျခာက္ ေနၿပီး ကာေရဘီယန္ ေဒသအတြင္း အဆင္းရဲဆုံးႏိုင္ငံျဖစ္ေနရပါတယ္။

ေဟတီရဲ႕လက္နက္ကိုင္အၾကမ္းဖက္ယဥ္ေက်းမႈဟာ ၁၉၅ဝ ျပည့္လြန္ႏွစ္မ်ားအတြင္း ေဟတီအာဏာရွင္ ဖန္ဆြာ_ဒူဗယ္လီေယ လက္ထက္အတိုက္အခံမ်ားကို ႏွိမ္နင္းဖို႔ ႏိုင္ငံဝန္ထမ္း မဟုတ္သူမ်ားကို ခါးပိုက္ေဆာင္ တပ္အျဖစ္ ဖြဲ႕စည္းရာမွ စတင္ခဲ့ပါတယ္။ ေနာက္ပိုင္း ၾသဇာႀကီးထြားလာသူတို႔က လက္နက္ျဖဳတ္သိမ္းမခံပဲ လက္ယာစြန္းကာကြယ္ေရးအဖြဲ႕မ်ားအျဖစ္ ဆက္လက္ရွင္သန္ေနခဲ့ပါတယ္။ ဒီမိုကေရစီတစ္ပိုင္းတိုင္းျပည္ရဲ႕ ႏိုင္ငံေရးသမားအသီးသီးတို႔ ကလည္း မိမိတို႔ အက်ိဳးစီးပြားကို ကာကြယ္ရန္၊ ေ႐ြးေကာက္ပြဲမ်ားကို ျခယ္လွယ္ဖို႔ နဲ႔ လူထုမၿငိမ္သက္မႈမ်ားကို ႏွိမ္နင္းရန္အေၾကာင္း ျပၿပီး လက္နက္ကိုင္အဖြဲ႕မ်ားကို ဆက္လက္အသုံးျပဳေနခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕မ်ားဟာ ေနာက္ပိုင္းမွာ ရဲနဲ႔ စစ္တပ္ကိုပင္ ဂ႐ုမစိုက္တဲ့ စစ္ေသြးႂကြရာဇဝတ္ဂိုဏ္းမ်ားျဖစ္သြားၾကပါ တယ္။ ရာဇဝတ္အဖြဲ႕ေပါင္း တစ္ဒါဇင္ေက်ာ္ ပူးေပါင္းထားတဲ့ G9 ေခၚ FRG9 ဂိုဏ္းေခါင္းေဆာင္ ဂ်င္မီခ်ာဇီယာဟာ အလြန္ ၾသဇာႀကီးထြားလာပါတယ္။

ရဲအရာရွိေဟာင္းတစ္ဦးျဖစ္သူ ခ်ာဇီယာဟာ လက္နက္ကိုင္ေတာ္လွန္ေရး ေခါင္းေဆာင္တစ္ဦးအျဖစ္ သူ႔ကိုယ္ သူ ရည္ၫႊန္းေနေပမယ့္ မူးယစ္ေဆးကုန္ကူးျခင္း၊ အရပ္သားမ်ားအေပၚ ႀကဳံရာက်ဘမ္းသတ္ျဖတ္ျခင္း၊ စနစ္တ က် မုဒိန္းက်င့္ျခင္းနဲ႔ ေက်း႐ြာမ်ားကို မီးရႈိ႕ျခင္း၊ ဆက္ေၾကးေတာင္း လုယက္ျခင္း၊ ႏိုင္ငံေရးၿပိဳငၤ္ ဘက္မ်ား ျပန္ ေပးဆြဲ သတ္ျဖတ္ေနသူအျဖစ္ လူ႔အခြင့္အေရးအဖြဲ႕မ်ားက စြပ္စြဲပါတယ္။ လူကို အရွင္လတ္လတ္ မီးကင္ၿပီး သတ္ျဖတ္ ေလ့ရွိတဲ့အတြက္ အသားကင္ “ဘာဘီက်ဴး” လို႔လည္း နာမည္ႀကီးပါတယ္။ အသက္ ၄၇ ႏွစ္အ႐ြယ္ ခ်ာဇီယာ ကေတာ့ ဒီသတင္းေတြဟာ မဟုတ္မမွန္ေၾကာင္း ျငင္းဆိုပါတယ္။
ေဟတီဟာ ႏိုင္ငံေရးလုပ္ႀကံသတ္ျဖတ္မႈမ်ား၊ ရာဇဝတ္ဂိုဏ္းအခ်င္းခ်င္း ယွဥ္ၿပိဳင္တိုက္ခိုက္ျခင္းနဲ႔ ပရမ္းပတာ ျဖစ္ေနခဲ့ပါတယ္။ အေမရိကန္နဲ႔ ကုလသမဂၢတို႔က အေဝးမွေနၿပီး အႀကံဉာဏ္မ်ား ေပးအပ္ေနေပမယ့္ အဂတိ လိုက္စားမႈ ကမာၻ႔အျမင့္ဆုံးတိုင္းျပည္ရဲ႕အစိုးရဌာနအသီးသီးတို႔ဟာ ဘာအေျပာင္းအလဲမွ ေဖာ္ေဆာင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ေဟတီတစ္ႏိုင္ငံလုံးရဲ႕ ေဒသအသီးသီးမွာ ေတာ္လွန္ေရးအမည္ခံ ရာဇဝတ္ဂိုဏ္းေပါင္း ၂ဝဝ ခန႔္ ရွိမွာ ျဖစ္ၿပီး ဂိုဏ္းအုပ္စုႀကီးွႏွစ္ခုကလည္း ၿမိဳ႕ေတာ္မွာ ဗိုလ္လုေနၾကပါေသးတယ္။ ေဟတီသမၼတ ဂ်ိဳဗန္ႏိုင္မြိဳင္ ဆက္စ္ဟာ ခ်ာဇီယာရဲ႕မဟာမိတ္ျဖစ္တယ္လို႔ စြပ္စြဲျခင္းခံရၿပီး ရာဇဝတ္ဂိုဏ္းေခါင္းေဆာင္ဟာလည္း ၿငိမ္းခ်မ္း ေရး အေၾကာင္းျပခ်က္နဲ႔ ဖမ္းဆီးတရားစြဲဆို မခံရဘဲ လြတ္ေျမာက္ေနခဲ့ပါတယ္။

၂၀၂၁-ခုႏွစ္ သမၼတ ဂ်ိဳဗန္ႏိုင္မြိဳင္ဆက္စ္ဟာ အမည္မသိေသနတ္သမားမ်ားလက္ခ်က္နဲ႔ လုပ္ႀကံခံရၿပီးေနာက္ အသက္ ၇၄ ႏွစ္အ႐ြယ္ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာခြဲစိတ္ကုဆရာဝန္ႀကီး ေအရီယယ္ ဟင္နရီက ေခတၱဝန္ႀကီးခ်ဳပ္ ျဖစ္လာတဲ့အခါ ခ်ာဇီယာဟာ ပိုၿပီးၾကမ္းခ်င္တိုင္းၾကမ္း ရမ္းခ်င္တိုင္း ရမ္းလာခဲ့ပါတယ္။ တစ္တိုင္းျပည္လုံးမွာ လည္း ဂိုဏ္းအုပ္စုအသီးသီးတို႔က နယ္ေျမအစိတ္အပိုင္းမ်ားကို ပိုမိုထိန္းခ်ဳပ္လာၾကပါတယ္။

၂၀၂၃ ခုႏွစ္ ပို႔ေအာပရင္စ္ၿမိဳ႕ေတာ္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ကို G9 နဲ႔ G-pep (ေခၚ) ဂိုဏ္းအုပ္စုႀကီး ၂ ခုက ထိန္းခ်ဳပ္တဲ့ အထိ ျဖစ္လာခဲ့ပါတယ္။ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အရ ကင္ညာႏိုင္ငံဦးေဆာင္တဲ့ အင္အား ၁၀၀၀ ေက်ာ္ ပါ ႏိုင္ငံတကာလုံၿခဳံေရးနဲ႔ ေထာက္ပံ့ကူညီေရးတပ္ဖြဲ႕ကိုလည္း ေစလႊတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအစီ အစဥ္ဟာ ႏွစ္ႏိုင္ငံအၾကား သေဘာတူစာခ်ဳပ္မရွိျခင္းေၾကာင့္ တရားမဝင္ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္တဲ့အတြက္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလမွာ ျပန္ လည္႐ုတ္သိမ္းသြားရပါတယ္။ အေမရိကန္က ေဒၚလာ သန္း ၁၀၀ ေထာက္ပံ့ခဲ့တဲ့ အစီအစဥ္ကလည္း ကာလရွည္ စီးပြားေရးခြၽတ္ၿခဳံက်ေနၿပီး လက္နက္ကိုင္ယဥ္ေက်းမႈ အျမစ္တြယ္ေနတဲ့ တိုင္းျပည္မွာ တစ္ခဏေလာက္သာ တည္ၿငိမ္မႈကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

၂၀၂၄ ခုႏွစ္ မတ္လ သမၼတ ေအရီယယ္ဟင္နရီ ကင္ညာႏိုင္ငံကို သြားေရာက္ေနခိုက္ ေဟတီ အက်ဥ္းေထာင္ ၂ ခုမွာ ေထာင္ေဖာက္မႈျဖစ္ေပၚၿပီး ရာဇဝတ္အက်ဥ္းသား ၄၀၀၀ ေက်ာ္ လြတ္ေျမာက္သြားပါတယ္။ ေျပးလြတ္ အဲ့ဒီေနာက္ ပို႔ေအာပရင့္စ္ၿမိဳ႕မွာ ျပင္းထန္တဲ့ အၾကမ္းဖက္မႈမ်ားဆက္တိုက္ျဖစ္ပြားၿပီး ဆက္သြယ္ေရးစနစ္မ်ား ပ်က္စီးကုန္ပါ တယ္။ ဒီအတြက္ ေဟတီမွာ ႏိုင္ငံေတာ္ အေရးေပၚအေျခအေနေၾကညာလိုက္ရပါတယ္။ သမၼတ ဟင္နရီကို ျဖဳတ္ခ် မယ္လို႔ ႀကဳံးဝါးေနတဲ့ ခ်ာဇီယာက ေထာင္ေဖာက္မႈဟာ သူ႔ရဲ႕လက္ခ်က္ျဖစ္ေၾကာင္း ေၾကညာပါတယ္။ အဲ့ဒီအခ်ိန္ ျပည္ပေရာက္ရွိေနတဲ့ သမၼတဟင္နရီဟာ ေဟတီကို ရဲတပ္ဖြဲ႕ဝင္ အင္အား ၁၀၀၀ ေစလႊတ္ရန္ ကင္ညာ ေခါင္းေဆာင္နဲ႔ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚခိုက္ျဖစ္ပါတယ္။

ခ်ာဇီယာကေတာ့ သမၼတဟင္နရီ ႏႈတ္ထြက္ေပးရန္နဲ႔ မိမိတို႔အေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မယ့္ ကင္ညာႏိုင္ငံနဲ႔ အစီအစဥ္ကို လက္မခံၾကဖို႔ ေဟတီျပည္သူမ်ားကို ေတာင္းဆိုခဲ့ပါတယ္။ ေဟတီရဲစခန္းမ်ားနဲ႔ ႏိုင္ငံတကာေလ ဆိပ္ကို စီးနင္းတိုက္ခိုက္မႈျဖစ္ေပၚခဲ့ၿပီး ၿမိဳ႕ေတာ္ေနရာအႏွံ႔မွာလည္း ရာဇဝတ္ဂိုဏ္ႀကီး ၂ ဂိုဏ္းအၾကား ဗိုလ္လု စစ္ခင္းေနၾကပါတယ္။ သမၼတဟင္နရီ ရာထူးမွ ႏႈတ္ထြက္သြားတဲ့အတြက္ ေဟတီအသြင္ကူးေျပာင္းေရး ေကာင္စီက ဖရစ္ဇ္ဘီလစ္ဇိုင္ယာကို ႏိုင္ငံ့ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ တင္ေျမႇာက္လိုက္ၾကပါတယ္။

လက္နက္ကိုင္ဂိုဏ္းမ်ားဟာ ၿမိဳ႕ေတာ္ ပို႔ေအာ္ပရင့္စ္ရဲ႕ နယ္ေျမအမ်ားစုကို ထိန္းခ်ဳပ္ထားေနဆဲျဖစ္ၿပီး ကေလး ငယ္သန္းေပါင္းမ်ားစြာတို႔မွာ ေရာဂါဘယနဲ႔ အာဟာရခ်ိဳ႕တဲ့မႈအႏၲရာယ္ရွိေနတယ္လို႔ ယူနီဆက္ဖ္က ဆိုပါတယ္။ ေယဘုယ်အားျဖင့္ ႏိုင္ငံအတြင္း လူေပါင္း ၄.၄ သန္းအတြက္ စားနပ္ရိကၡာအကူအညီ အေရးေပၚလိုအပ္ေနၿပီး လူ ၁.၆ သန္းတို႔ဟာ ကေလးသူငယ္ျပဳန္းတီးမႈနဲ႔ အာဟာရခ်ိဳ႕တဲ့မႈအႏၲရာယ္ကို ႀကဳံေတြ႕ေနရေၾကာင္း သိရွိရပါတယ္။
သုံးလနီးပါးပိတ္ထားခဲ့ရတဲ့ ပို႔ေအာအရင့္စ္ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ယခုသီတင္းပတ္အေစာပိုင္းမွာ ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၿမိဳ႕ေတာ္ရဲ႕လုံၿခဳံေရးအေျခအေနဟာ အလြန္ဆိုး႐ြားၿပီး အထူးသျဖင့္ သိုေလွာင္႐ုံမ်ားႏွင့္ ေဆးဆိုင္မ်ိဳးတို႔မွာ အေရးႀကီးပစၥည္းမ်ားသိုေလွာင္ထားတဲ့ ကြန္တိန္နာမ်ားကို လက္နက္ျပ သိမ္းပိုက္ျခင္း (သို႔မဟုတ္) လုယက္ျခင္းခံေနရတယ္လို႔ ကုလသမဂၢေအဂ်င္စီက ေျပာပါတယ္။
ၿမိဳ႕ေတာ္ဝင္ထြက္ေပါက္ လမ္းမႀကီးမ်ားကို ဂိုဏ္းအုပ္စုမ်ားက ထိန္းခ်ဳပ္ထားတဲ့အတြက္ က်န္းမာေရးေစာင့္ေရွာက္ မႈဝန္ထမ္းမ်ားနဲ႔ လူနာသယ္ယူပို႔ေဆာင္ေရးအပါအဝင္ ေထာက္ပံ့ေရးကြင္းဆက္အေပၚ ျပင္းထန္စြာ ထိခိုက္ေစပါ တယ္။ မၾကာခဏဆိုသလို အၾကမ္းဖက္မႈ၊ ျပန္ေပးဆြဲမႈ၊ မုဒိမ္းမႈနဲ႔ သတ္ျဖတ္ခံရတဲ့အထိျဖစ္ေနတာေၾကာင့္ ေဆး႐ုံ မ်ားမွာ လူနာဝန္ ပိေနပါတယ္။ ကေလးငယ္အမ်ားအျပားအပါအဝင္ လူေပါင္း ၃၆၀,၀၀၀ ေက်ာ္တို႔ဟာ အၾကမ္းဖက္မႈေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရပါတယ္။
အသြင္ကူးေျပာင္းေရးေကာင္စီရဲ႕တည္ၿငိမ္မႈအခ်ိဳ႕ျပန္လည္တည္ေဆာက္ေရးအကူအညီေပးဖို႔ ကင္ညာႏိုင္ငံ ဦးစီးတဲ့ ႏိုင္ငံတကာအလုပ္အဖြဲ႕ ရဲတပ္ဖြဲ႕မ်ားကို ေဟတီႏိုင္ငံမွာ ခ်ထားဖို႔စီစဥ္ေနပါတယ္။ ဗုဒၶဟူးေန႔ အိမ္ျဖဴေတာ္ မွာ ဒီကိစၥအတြက္ သမၼတဂ်ိဳးဘိုင္ဒင္နဲ႔ ကင္ညာသမၼတတို႔က သေဘာတူခဲ့ၾကပါတယ္။

ေဟတီႏိုင္ငံဟာ စတုရန္းမိုင္ တစ္ေသာင္းေက်ာ္သာ က်ယ္ဝန္းၿပီး ျမန္မာႏိုင္ငံ ကရင္ျပည္နယ္နီးနီးေလာက္သာ ရွိပါတယ္။ မၾကာေသးမီ ဆယ္စုႏွစ္မ်ားအတြင္း ကာလၾကာရွည္ မတည္မၿငိမ္မႈမ်ား၊ အာဏာရွင္အစိုးရမ်ားနဲ႔ သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ေဟတီဟာ အေမရိကတိုက္မွာ အဆင္းရဲဆုံးႏိုင္ငံျဖစ္လာခဲ့ပါတယ္။၂၀၁၀- ခုႏွစ္မွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ႀကီးေၾကာင့္ လူေပါင္း ၂၀၀,၀၀၀ ထက္မနည္း ေသဆုံးခဲ့ၿပီး တိုင္းျပည္ရဲ႕အေျခခံ အေဆာက္အအုံနဲ႔ စီးပြားေရးကို ဆိုး႐ြားစြာ ပ်က္စီးေစခဲ့ပါတယ္။ ႏိုင္ငံကို တည္ၿငိမ္ေအးခ်မ္းေစေရးအတြက္ ကုလသမဂၢ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈတပ္ဖြဲ႕ကို ၂၀၀၄ ခုႏွစ္တြင္ စတင္ေစလႊတ္ခဲ့ဖူးေပမယ့္ ၂၀၁၇ ခုႏွစ္မွာ ျပန္လည္႐ုပ္သိမ္းခဲ့ပါတယ္။
ေဟတီအာဏာရွင္ ဖန္ဆြာ_ဒူဗယ္လီေယ ပို႔ေပာပရင့္စ္ၿမိဳ႕ေတာ္ ဂ်င္မီခ်ာဇီယာ
(BBC., 23 May 2024,” Haiti health system on verge of collapse, UN says” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

nyi lay

25/05/2024 03:20

ငသာ့ညဪြည့ကဝညတစ်ြြ့့့ဘာသာြဘုံဋဘညဋကဘ

Picture

nyi lay

25/05/2024 03:20

ငသာ့ညဪြည့ကဝညတစ်ြြ့့့ဘာသာြဘုံဋဘညဋကဘော

Related news

© 2021. All rights reserved.